【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုံမန်ကျောက်လိုဏ်ဂူ

【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုံမန်ကျောက်လိုဏ်ဂူ

နှစ်ပေါင်း ၄၀၀၀ ကျော် သက်တမ်းရှိတဲ့ လော့ယန်မြို့ဟာ တရုတ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သော လော့ယန်မြို့မှာ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုအမွေနှစ်တွေ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒီမြို့ဟာ နှစ်ပေါင်း ၄,၀၀၀ ကျော် သက်တမ်းနှင့်အတူ ယခင်ကတရုတ်မင်းဆက် ၁၃ ဆက်ရဲ့ မြို့တော်အဖြစ် တည်ရှိခဲ့တယ်လို့လည်း မှတ်တမ်းတွေ မှာ ဖော်ပြထားပါတယ်။

လော့ယန်မြို့ဟာ ပန်းတွေနဲ့ ပြည့်နှက်နေပြီး Peony ပန်းလေးတွေရဲ့ အပြိုင်အဆိုင်လှပမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လော့ယန်ကို "Peony ပန်းမြို့တော်" လို့ တင်စားခေါ်ဝေါ်ကြပါတယ် ။ လော့ယန် မြို့ရဲ့ Peony ဟာ တရုတ်နိုင်ငံအဆင့် အသိအမှတ်ပြုပန်းဖြစ်ပါတယ်။

ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ယနေ့ခေတ်လော့ယန်မြို့မှာတော့ မြို့တော် ၅မြို့ရဲ့ အမွေအနှစ်များ၊ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာ ၆ ခု၊ နိုင်ငံနှင့်ပြည်နယ်အဆင့် ကာကွယ်ထိန်းသိမ်းမှုအောက်ရှိ ယဉ် ကျေးမှုအမွေအနှစ် ယူနစ် ၁၉၇ ခု ၊ မရွှေ့မပြောင်းနိုင်သောယဉ်ကျေးမှုအမွေအနှစ် ၉,၀၀၀ ခုနှင့် ပြတိုက် ၁၀၂ ခု တည် ရှိပါတယ်။ ဒီထဲမှာ ဟိုနန်ပြည်နယ် လော့ယန်မြို့မှာရှိတဲ့ လုံမန်(Longmen) ကျောက်လိုဏ်ဂူဟာလည်း UNESCO ၏ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။

လုံမန်(Longmen) ကျောက်လိုဏ်ဂူဟာ လော့ယန်မြို့ တောင်ပိုင်းဆင်ခြေဖုံးတွင်တည်ရှိပြီး နှစ်ပေါင်း ၁၅၀၀ ကျော် သမိုင်းရှိပါတယ်။ လုံမန်ကျောက်လိုဏ်ဂူမှာရှိတဲ့ လက်ရာမြောက်သော ကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်များကလည်း ခရီးသည်များစွာတို့အား ဆွဲဆောင်လျက်ရှိပါတယ်။

ဒီကျောက်လိုဏ်ဂူတစ်လျှောက်နံရံတွေမှာ ကျောက်တုံးရုပ်ကြွတွေ ထွင်းထုထားတာကို တွေ့ရမှာဖြစ်ပြီး ကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော် သောင်းနဲ့ချီရှိပြီး ရှိပါတယ်။ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုံမန် ကျောက်လိုဏ်ဂူရှိ ဗုဒ္ဓရုပ်ပွားတော်များပေါ်မှာ ရွှေ ၊ငွေသတ္တုများ နှင့် အရောင်အသွေးစုံသည့် ဖန်သတ္တုများကို ရှေးဟောင်းသုတေသီများက တွေ့ရှိခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသနဆိုင်ရာနှင့် သိပ္ပံနည်းကျ အောင်မြင်မှုများအဖြစ် အဆိုပါ တွေ့ရှိမှုများဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစတင်ခဲ့သည့် လုံမန်လိုဏ်ဂူရှိ ဖုန့်ရှန်းဘုရားကျောင်းရဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းမှာ တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း လုံမန်လိုဏ်ဂူများသုတေသနပြုလုပ်ရေးအင်စတီကျူ့က ပြောဆိုထားပါတယ်။

ခေတ်မီနည်းပညာများကိုအခြေခံကာ လေ့လာမှုပြုလုပ်ရာတွင် ရှေးဟောင်းသုတေသီများဟာ ထန်မင်းဆက် (၆၁၈-၉၀၇)တွင် တည်ထားခဲ့တဲ့ ဧရာမရုပ်ပွားတော်ကြီးဖြစ်သည့် Vairocana ဗုဒ္ဓရုပ်ပွားတော်ရဲ့မျက်နှာတော်တွင် ရွှေရောင်နှင့်ငွေရောင်သတ္တုများကို တွေ့ရှိခဲ့ကြခြင်းဖြစ်ပါတယ်။

Vairocana ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်၊ အနီရောင်နှင့်အနက်ရောင်စသည့် ရောင်စုံဆေးရောင်ကြွင်းကျန်ရစ်မှုများကို ရှေးဟောင်းသုတေသီများကတွေ့ရှိရာ ၎င်းရဲ့လက်ရာမှာ ထန်မင်းဆက် ခေတ်တွင် သင်္ကန်းအဖြစ် ဆေးခြယ်တည်ထားကိုးကွယ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။

Vairocana ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားစဉ်က ရွှေသင်္ကန်းကပ်တဲ့ အနုလက်ရာကို သုံးခဲ့ဟန်ရှိတယ်လို့လည်း သုံးသပ်မှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် Vairocana ဗုဒ္ဓရုပ်ပွားတော်အား ဝန်းရံထားသော လက်ယာဘက်ရှိ ဘုရားလောင်းရုပ်တုတော်၏ မျက်လုံးတွင်လည်း ဆီလီကာနှင့် ခဲပါဝင်သော ရှေးဟောင်းဖန်လုံး သဏ္ဍာန် စဉ့်သားဖြင့် ပြုလုပ်ထားသော မျက်ဆံတော်ကို တွေ့ရှိရပြီး မျဉ်းကွေးသဏ္ဍာန်ရှိသော မျက်ဆံတော်ရဲ့ အထူကတော့ ၀.၅ စင်တီမီတာခန့် ရှိပါတယ်။

ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းခြင်းကို အားကောင်းစွာဆောင်ရွက်လျက်ရှိသော လော့ယန်မြို့တွင် မကြာသေးမီနှစ်များအတွင်း တီထွင်ဆန်းသစ်မှုရှိသော အသွင်ပြောင်းလဲမှုကို လေ့လာဖော်ထုတ်ကာ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ရတနာများကို အားအင်သစ်ဖြည့်တင်းပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် “အနုပညာပုံစံတစ်ခု၏ ပြီးပြည့်စုံသောတီထွင်ဖန်တီးမှုတစ်ခု”အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခြင်းခံခဲ့ရတဲ့ ဒီဒေသဟာဆိုရင် ယဉ်ကျေးမှု အမွေနှစ်တွေနဲ့အတူ သဘာဝအလှတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ဒေသတစ်ခုဖြစ်လာပါတော့တယ်။

ခန့်မောင်