【 ဆောင်းပါး 】တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်စီးပွားရေးအဖွံ့ဖြိုးဆုံးဒေသ

【 ဆောင်းပါး 】တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်စီးပွားရေးအဖွံ့ဖြိုးဆုံးဒေသ

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အရှေ့အာရှရဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါအပြင် လူဦးရေသန်းပေါင်း ၁၄၀၀ကျော်ရှိတဲ့အတွက်  လူဦးရေအများဆုံးနေထိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ  ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု၊  မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု နဲ့ အထူးအုပ်ချုပ်ရေးဒေသ (၂)ခု ရှိပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခုက‌တော့‌ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်ရှီးကျွမ်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နင်ရှဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှင်းကျန်းဝေဝူအယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဖြစ်ပါတယ်။

အဲဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခုထဲမှာပါဝင်တဲ့ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ  တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်စီးပွားရေးအဖွံ့ဖြိုးဆုံးဖြစ်တယ်လို့သိရပါတယ်။

အတွင်းမွန်ဂိုလီးယားဒေသဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် နယ်စပ်တစ်လျှောက်မှာတော့  မွန်ဂိုလီးယားနိုင်ငံ၊  တရုတ်နိုင်ငံတို့နဲ့  နယ်နိမိတ်ချင်းအရှည်စွာထိစပ်နေပါတယ်။ အတွင်းမွန်ဂိုလီးယားဟာ  ရုရှားနိုင်ငံနဲ့  တရုတ်နိုင်ငံတို့ရဲ့ နယ်စပ်မြို့လည်းဖြစ်ပါတယ်။

အတွင်းမွန်ဂိုလီးယားရဲ့ မြို့တော်မှာ Hohhotဖြစ်ပြီး အခြားမြို့ကြီးတွေဖြစ်တဲ့  Baotou၊ Chifeng၊ Tongliao နဲ့ Ordos တို့လည်းပါဝင်နေပါတယ်။အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၁၉၄၇  ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အရင်တရုတ်သမ္မတနိုင်ငံမှာပါဝင်တဲ့  မြောက်ပိုင်းဒေသတွေကိုပေါင်းပြီး ဖွဲ့ စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းကီလိုမီတာ  ၁၂၀၀၀၀၀ကျယ်ဝန်ပြီး  တရုတ်နိုင်ငံ စုစုပေါင်းမြေဧရိယာရဲ့  ၁၂ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ တတိယအကြီးဆုံး တရုတ်အုပ်ချုပ်ရေးဌာနခွဲဖြစ်တယ်လို့သိရပါတယ်။

အရှေ့မှ အနောက်သို့ ရှည်လျားတာကြောင့် အတွင်းမွန်ဂိုလီးယားကို ပထဝီဝင်အနေအထားအရ အရှေ့ ဘက်နဲ့ အနောက်ပိုင်းဆိုပြီး  ပိုင်းခြားထားပါတယ်။ အရှေ့ဘက်ပိုင်းဟာ တရုတ်အရှေ့ မြောက်ပိုင်း (Dongbei) မှာ ပါဝင်ပြီး Tongliao၊ Chifeng၊ Hailar နဲ့ Ulanhot အပါအဝင် အဓိကမြို့ကြီးတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ အနောက်ဘက်ပိုင်းကတော့  တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပါဝင်ပြီး အဓိကမြို့ကြီးတွေ ဖြစ်တဲ့ Baotou နဲ့ Hohhot တို့ပါဝင်ပါတယ်။

 ၂၀၁၀ပြည့်နှစ် သန်းခေါင်စာရင်းအရ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူဦးရေသန်းပေါင်း ၂၄၀ကျော်ရှိပြီး  တရုတ်ပြည်မကြီးရှိ စုစုပေါင်းလူဦးရေရဲ့  ၁.၈၄ ရာခိုင်နှုန်းရှိတယ် လို့ဆိုပါတယ်။အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံရဲ့ ၂၃ ခုမြောက် လူဦးရေအများဆုံးဖြစ်ပါတယ်။ လူဦးရေအများစုကတော့  ဟန်တရုတ်တွေဖြစ်ပြီး၊  မွန်ဂိုလူမျိုးအနည်းငယ်နေထိုင်ပါတယ်။ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကမ္ဘာမှာ မွန်ဂိုလီးယားလူဦးရေအများဆုံး နေထိုင်တဲ့ မွန်ဂိုလီးယားနိုင်ငံထက် ပိုကြီးတယ်လို့ဆိုပါတယ်။

အတွင်းမွန်ဂိုလီးယားရဲ့ အနောက်တောင်ဘက်စွန်းမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့  အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့  တိဗက်ကုန်းပြင်မြင့်အစွန်း၊ ဟေလန်တောင်တန်းတွေတည်ရှိနေပါတယ်။ အတွင်းမွန်ဂိုလီးယား အများစုဟာ  အမြင့်ပေ 1,200 မီတာ ဝန်းကျင်ရှိတဲ့ ကုန်းပြင်မြင့်တွေရှိပြီး ကျယ်ပြန့်တဲ့သဲသောင်တွေ ဖုံးအုပ်ထားပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ တောင်တန်းတွေပေါများပြီး  ပိုမိုအေးမြတဲ့ရာသီဥတုကြောင့် သစ်တောတွေ  ပိုမိုထူထပ်စွာပေါက်ရောက်နေပါတယ်။

အတွင်းမွန်ဂိုလီးယားသည် ကျောက်မီးသွေး၊ သံရိုင်းနဲ့ သတ္တုတွင်းထွက်အမြောက်အမြားပိုင်ဆိုင်ထားတဲ့အတွက် ယနေ့ခေတ်မှာတော့  အဓိကစက်မှုနယ်မြေဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ စက်မှုလုပ်ငန်းတွေထွန်းကားတာကြောင့်  စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေများစွာရှိတယ်လို့ဆိုပါတယ်။

အတွင်းမွန်ဂိုလီးယားသည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အဖွံ့ဖြိုးဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ်တစ်ဦးချင်း GDP ဝင်ငွေက  ၂၀၁၉ခုနှစ်စာရင်းအရ အမေရိကန်ဒေါ်လာ  ၁၃,၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။ နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးမှုအဆင့် သတ်မှတ်ချက်အနေနဲ့  အဆင့် (၅) မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ကရင်လေး(အိမ်မဲ)