【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာငြိမ်းချမ်းရေးမှာ နေရာယူလာသည့် တရုတ်၏အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာငြိမ်းချမ်းရေးမှာ နေရာယူလာသည့် တရုတ်၏အခန်းကဏ္ဍ

စေ့စပ်ဆွေးနွေးရေးဖြင့် ယူကရိန်းအရေးတွင် တရုတ်က ဝင်လာခဲ့သည့်အခါ အကျပ်အတည်းဖြစ်နေသည့် ယူကရိန်းအရေးတွင် အပစ်ခတ်ရပ်စဲရေးအတွက် လမ်းစမြင်လာရသည်။ ယခုနှစ်အတွင်း ကမ္ဘာ့အကျပ်အတည်း များနှင့် နိုင်ငံများ၏ သံတမန်အကျပ်အတည်းများတွင် တရုတ်နိုင်ငံ၏စွမ်းဆောင်နိုင်ခဲ့မှုများက ကမ္ဘာအတွက် သတိပြုမိစရာဖြစ်လောက်အောင် အောင်မြင်မှုရှိခဲ့လေသည်။
ပြီးခဲ့သော  မတ်လက အရှေ့အလယ်ပိုင်းဒေသရှိ  ရန် ဘက်နှစ်နိုင်ငံဖြစ်သော အီရန်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ သံတမန်ဆက်ဆံရေးပြန်ထားရန် ကြေညာခဲ့မှုမှာ ကမ္ဘာကို အံဩမင်သက်မိစေခဲ့သည်။ ထိုအခင်းအကျင်းနောက်ကွယ်တွင် အဓိက အခန်းကဏ္ဍမှ တရုတ်နိုင်ငံပါဝင်နေသလို အဓိကကျသည့် ဆွေးနွေးပွဲများကို ကမ ကထပြုခဲ့သည်။ နိုင်ငံတကာမီဒီယာများဖော်ပြချက်အရဆိုလျှင် အဆိုပါရန်ဘက်နှစ်နိုင်ငံအကြား သံတမန် ဆက် ဆံရေးပြန်စနိုင်ရန်အတွက် အစောပိုင်းကတည်းက တရုတ်က ချဥ်းကပ်ကာ စေ့စပ်ဆွေးနွေးနေခြင်း ဟုဆိုသည်။
၂၀၂၃ ခုနှစ် မတ်လတွင် အီရန်နှင့် ဆော်ဒီအာရေဗျတို့ သည် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးပွဲကို တရုတ်က အိမ်ရှင်အဖြစ် တာဝန်ယူခဲ့သည်။ ယင်းက မူဝါဒချမှတ်သူများနှင့် ပညာရှင်အသိုင်းအဝိုင်းကြားတွင် အတော်အတန်ဆွေးနွေးမှုကို ဖြစ်ပေါ်စေခဲ့သည်။ အချို့က ကုန်သွယ် ရေးဆိုင်ရာ ဆက်ဆံရေးကို အဓိကအာရုံစိုက်ထားသည့် အရှေ့အလယ်ပိုင်းသို့ တရုတ်၏ချဉ်းကပ်မှုတွင် ပြောင်း လဲမှုအသစ်ကို ညွှန်ပြသည်ဟု အချို့က ယုံကြည်ကြသည်။ ထိုညွှန်ပြမှုမှာ မတည်ငြိမ်သည့် ကမ္ဘာအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်လာစေရန်  တရုတ်က အာရုံစိုက်နေသည်ဆိုသည့်  ပြောင်းလဲမှုဖြစ် သည်။
မတ်လ ၃၁ ရက်က ဘိုအောညီလာခံတက်ရောက်လာသည့် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်၊  မလေးရှားဝန်ကြီးချုပ် ဒါတွတ်စရီ အန်နဝါအီဘရာဟင်နှင့် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းတို့ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံခဲ့သည်။ထိုသီးခြားစီတွေ့ဆုံသည့် ထိုအစည်း အဝေးများတွင် ရှီက မကြာသေးမီက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ သံတမန်ရေးအရ လုပ်ဆောင်မှုများနှင့်အတူ တရုတ်နိုင် ငံ၏ ကတိကဝတ်ပြုကြောင်းကို ပြောခဲ့ပြီးအပြောင်းအ လဲများနှင့် တုန်လှုပ်ချောက်ချားနေသည့် ကမ္ဘာကြီးသို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်လာအောင် သေချာစွာလုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ 
ကမ္ဘာ့တစ်ဝန်းတည်ငြိမ်ရေးကို ဦးတည်ကြိုးပမ်းနေသည့် တရုတ်နိုင်ငံမှာ အစောပိုင်းကတည်းက ဒေသတွင်းပဋိ ပက္ခများတွင် စေ့စပ်သည့်စီမံခန့်ခွဲမှုတွင် ပါဝင်ဆောင် ရွက်ခဲ့မှုများရှိခဲ့သည်။ ၂၀၀၄-၀၇ ခုနှစ်အတွင်း ဒါဖာ အကျပ်အတည်းအတွင်း နိုင်ငံတကာအသိုက်အဝန်းနှင့် ဆူဒန်အစိုးရကြား ကွာဟချက်ကို ပေါင်းကူးရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် ပေကျင်းသည် ၂၀၁၃-၁၅ ခုနှစ် အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အနောက် အုပ်စုနှင့် အီရန်တို့ကြား အလားတူလုပ်ဆောင်ပေးခဲ့ပြီး ပူးတွဲဘက်စုံလုပ်ဆောင်မှုအစီအစဉ်တွင် အဆုံးအဖြတ်ပေးခဲ့သည်။ အဆိုပါကိစ္စရပ်နှစ်ခုစလုံးတွင် တရုတ်၏ ပါဝင်ပတ်သက်မှုသည်အကြိုညှိနှိုင်းဆွေးနွေးမှုမူဘောင် တစ်ခုနှင့် ပေကျင်းပါဝင်ရန် နှစ်ဖက်စလုံး၏ဆန္ဒဖြင့် ကူညီပေးခဲ့ခြင်းဖြစ်သည်။ 
ပင်လယ်ကွေ့ဒေသတွင် ဆော်ဒီ-အီရန် ပဋိပက္ခကြားဝင်သူအဖြစ် တရုတ်၏ အခန်းကဏ္ဍ ပိုမိုထင်ရှားလာပြီးနောက် အရှေ့အလယ်ပိုင်းတွင် ထူးခြားသော အကျိုးသက်ရောက်မှုများကို တရုတ်၏အောင်မြင်သော စေ့စပ်ဆွေးနွေးရေးကြောင့် တွေ့လာရသည်။ ကာလကြာရှည်ပြည်တွင်းစစ်ဖြစ်နေသည့် ယီမင်တွင် ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် အလားအလာများဖြစ်ပေါ်လာပြီး နှစ်ဖက်အကျဉ်းသားလဲလှယ်မှုများ ဖြစ်လာခဲ့သည်။ ထို့ နောက် အီဂျစ်နှင့် အီရန်ကြား သံတမန်ဆိုင်ရာ ဆွေးနွေးမှုဖြစ်လာခဲ့သည်။ 
ဆော်ဒီ-အီရန် သဘောတူညီချက်တွင် တရုတ်သည် ပြိုင်ဘက်နှစ်ရပ်ကြား ဆက်ဆံရေးကို မည်သို့ အာမခံကာ သံတမန်ဆက်ဆံရေးကို ပြန်စနိုင်အောင်လုပ်ခဲ့သလဲဆိုသည်မှာ ကြားဝင်ဆောင်ရွက်နိုင်သူ ရှားပါးနေသည့် ယူကရိန်းအကျပ်အတည်းအတွက် အဖြေဖြစ်ခဲ့သည်။ ပေကျင်းတွင် ရှီနှင့်တွေ့ဆုံစဉ် စပိန်ဝန်ကြီးချုပ်က ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်သည့် မတ်လက ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် စာတမ်းတွင်  တရုတ်နိုင်ငံ၏အပြုသဘောဆောင်သည့်  အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 
မလေးရှားဝန်ကြီးချုပ်အန်ဝါကလည်း ရှီကို  တရုတ်သည် ပေကျင်းတွင် ဆော်ဒီအာရေးဗီးယား-အီရန် ဆွေး နွေးပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်း သည် ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို တစ်ဖန်ပြန် လည် သရုပ်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ အန်ဝါက သမ္မတရှီသည် တရုတ်နိုင်ငံ၏ သမိုင်းဝင်လမ်းစဉ်ကို ပြောင်းလဲစေရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မျှော်လင့်ချက်ကိုလည်း ယူ ဆောင်လာခဲ့ကြောင်း ဆိုသည်။ 
ထိုသို့သော အခင်းအကျင်းများကြောင့် လက်ရှိယူကရိန်းအကျပ်အတည်းတွင် တရုတ်၏အခန်းကဏ္ဍအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုမှာ ပိုများလာခဲ့သည်။ ရုရှားနှင့် ယူကရိန်းကြား ကြားဝင်ဖျန်ဖြေရာတွင် တရုတ်နိုင်ငံက ပိုမိုတက်ကြွစွာ ပါဝင်လာမည်ဟု အနောက်နိုင်ငံခေါင်း ဆောင်များက မျှော်လင့်ကြသည်။ တရုတ် အစိုးရက ထုတ်ပြန်သည့် စာတမ်းတွင် ရှီကျင့်ဖျင်က “နိုင်ငံအား လုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရမည်၊ နိုင်ငံအားလုံး၏ တရားဝင်လုံခြုံရေးကို အလေးအနက်ထားရမည်၊ ကြိုးပမ်းအားထုတ်မှုအားလုံးကို အလေးအနက်ထားရမည်” ဟု ဆိုထားသည်။ လက်ရှိတွင် ယူကရိန်း-ရုရှားစစ်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့်  ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေ နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကြိုးစားနေကြသည်။ နှစ်ဘက်စလုံးသည် ယခုအချိန်အထိ သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သော်လည်း ယင်းဆွေးနွေးပွဲများမှ မည်သည့်ရလဒ်များ ထွက်ပေါ်မလာခဲ့ပေ။ 
ထို့ကြောင့် တရုတ်နိုင်ငံက ကြားဝင်လာမည့်‌စေ့စပ်ဆွေး နွေးရေးမှာ အရေးပါလာသည်။တရုတ်သည် နိုင်ငံတကာပဋိပက္ခများတွင် ကုလလက်အောက်မှနေ၍ ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်ရာတွင် ကောင်းမွန်သော မှတ် တမ်းများရှိခဲ့သည်။ ၂၀၁၉ခုနှစ်က ထုတ်ပြန်ခဲ့သော စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံသည် အဓိက နိုင်ငံ တစ်ခု၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံတကာတာဝန်များကို ဖြည့်ဆည်းပေးပြီး ခေတ်သစ်တွင် နိုင်ငံတကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု ကတိပြုထားသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိ ညာဉ် စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာရန်နှင့် နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး၊ လက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတွင် ပါဝင်ဆောင်ရွက်ရာတွင် ပြတ်သားစွာ ရပ်တည်ခဲ့ကြောင်း ဖော်ပြခဲ့သည်။   
လွန်ခဲ့သည့် ၃၁ နှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်ရှိ UNPKO အဖွဲ့ ၃၀ နီးပါးထံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ၅၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်။ တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၂၅ ဦးမှာ အဆိုပါကာလအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ဆောင်နေစဉ် အသက်ဆုံးရှုံးခဲ့ရသည်။ ကုလလုံခြုံ ရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံအနက် ငြိမ်း ချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် တပ်ဖွဲ့ဝင်အင် အား အကြီးဆုံးနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အကဲဖြတ်မှုတွင် ဒုတိယအများဆုံး ပါဝင်သည့် နိုင်ငံဖြစ်ရာ တရုတ်နိုင်ငံ၏ ကမ္ဘာ့ငြိမ်းချမ်းရေးတွင် ပါဝင်နေရာယူလာမှုမှာ ယခင်ကတည်းကပင် ဖြစ်နေ သည်ကိုတွေ့ရသည်။ 
တရုတ်နိုင်ငံသည် လွန်ခဲ့သော သုံးဆယ့်တစ်နှစ်က ကုလသမဂ္ဂ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂ အသွင်ကူးပြောင်းရေး အာ ဏာပိုင်အဖွဲ့ (UNTAC) သို့ အင်ဂျင်နီယာ ယူနစ်တစ်ခုကို စေလွှတ်ခဲ့ပြီး ယင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံမှ ဖွဲ့စည်းထားသော Blue Helmets တပ်ဖွဲ့ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ တရုတ်ငြိမ်းချမ်းရေးတပ်ဖွဲ့စလွှတ်ခဲ့သည့် ကမ္ဘောဒီးယားမှာ ထိုစဉ်ကထက် များစွာကွာခြားခဲ့ပြီဖြစ်သည်။
မကြာသေးမီက တရုတ်ဘက်က ယူကရိန်း အကျပ်အ တည်းအတွက် ယူကရိန်းအပါအဝင် နိုင်ငံ ၅ နိုင်ငံသို့ ဥရောပနှင့်အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်လီဟွေး သွားရောက်မည်ဟု ကြေညာခဲ့သည်။ မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်အစိုးရ၏ ဥရောပအာရှရေးရာအထူးကိုယ်စားလှယ် လီဟွေးသည် ယူကရိန်းသို့ သွားရောက်ကာ ယူကရိန်းသမ္မတ ဇလန်းစကီး ၊ယူကရိန်းသမ္မတရုံး ဥက္ကဋ္ဌ ယယ်မားခ်၊ နိုင်ငံခြားရေးဝန်ကြီး နှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံများနှင့် တွေ့ဆုံကာ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထိုခရီးစဉ်ကို အနောက်နိုင်ငံများက အပြုသဘောဖြင့် ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့ကလည်း စောင့်ကြည့်ခဲ့သည်။ 
ဆော်ဒီ-အီရန်နိုင်ငံတကာအကျပ်အတည်းတွင် အောင် မြင်သည့် အရွေ့တစ်ခုကို တရုတ်ကလုပ်ဆောင်နိုင်ခဲ့ရာ ယူကရိန်းအကျပ်အတည်းတွင် သိသာသည့် အရွေ့တစ်ခုဖြစ်လာမည်လားဟု နိုင်ငံတကာက မျှော်လင့်ထားကြသည်။ သို့ဖြစ်ရာ ယူကရိန်းအကျပ်အတည်းအတွက် လီဟွေး၏ နိုင်ငံ ၅ နိုင်ငံခရီးစဉ်က ကမ္ဘာ့ငြိမ်းချမ်းရေး တွင် တရုတ်က မည်သည့်အခန်းကဏ္ဍတွင် ရှိနေသည်ကို မြင်ရတော့မည် ဖြစ်ပေသည်။   
 
လင်းသစ်အောင်