【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏တရုတ်သဘာ၀ထိန်းသိမ်းရေးခရီးစဉ်

【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏တရုတ်သဘာ၀ထိန်းသိမ်းရေးခရီးစဉ်

“ရှီကျင့်ဖျင်ရဲ့ တရုတ်နိုင်ငံကို အုပ်ချုပ်မှု ၃ ကြိမ်မြောက် သက်တမ်း” တွင် တရုတ်သမ္မတကြီးဟာ ပတ်ဝန်းကျင်ပြုစုထိန်းသိမ်းရေးအတွက် အခြေခံစည်းမျဉ်းစည်းကမ်းများကို ချမှတ်ခဲ့ပါတယ်။ လူသားများနှင့် သဘာဝအကြား အတူတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ဟာ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ဟာ အားလုံးပါဝင်မှုရှိသော အကောင်းဆုံးပြည်သူ့ကျန်းမာရေးဖွဲ့စည်းမှုဖြစ်ကြောင်းဆိုပါတယ်။ ရှီကျင့်ဖျင်က ဇီဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လိုအပ်ပုံကို အလေးထားပြောကြားခဲ့ပြီး နိုင်ငံတကာတွင် ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းမှုရှိသော ယဉ်ကျေးမှုထွန်းကားလာရေးအတွက် အတင်းကျပ်ဆုံးသော စည်းကမ်းများနှင့် ဥပဒေများ လိုအပ်ကြောင်း ပြောပါတယ်။

ဒီရည်မှန်းချက်များနဲ့အတူ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံဟာ ၂၀၃၀ မတိုင်ခင် ကာဗွန်ထုတ်လွှတ်မှုကို နှစ်စဉ်လျှော့ချရေးအကောင်အထည်ဖော်မည်ဟု ကတိပေးခဲ့ပြီး လာမယ့် ၂၀၆၀ တွင် ကာဗွန်ထုတ် လွှတ်မှုမရှိသော နိုင်ငံဖြစ်လာရန် ရည်မှန်းထားပါတယ်။

ကမ္ဘာကြီးကို ပေးထားသောကတိနှင့် ကမ္ဘာကြီးပေါ်တွင်နေထိုင်ကြသော လူသားများကို ကတိပေးခြင်းဟာ ဆယ်စုနှစ်အတွင်းက ရရှိခဲ့သော တိုးတက်မှုကြောင့် ကျောက်မီးသွေးအပေါ် မှီခိုမှု လျှော့ချလာစေနိုင်ပြီး အခြားသော စွမ်းအင်အရင်းအမြစ် အစားထိုးအသုံးပြုခွင့်ပေးထားပြီး သစ်တောနှင့် ဇီဝမျိုးကွဲများကို ကာကွယ်ခြင်း နှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် စီမံချက်များစွာကို လုပ်လာစေနိုင်ခဲ့ပါတယ်။

အရေးကြီးဆုံးကတော့ တရုတ်နိုင်ငံ၏ ၂၀၂၀ တွင် ကာဗွန်ထုတ်လွှတ်မှု ၂၀၁၅ ခုနှစ်တုန်းကထက် ၁၈.၈ ရာခိုင်နှုန်း လျှော့နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တုန်းကထက် ၄၈.၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။  ထို့ကြောင့် တရုတ်နိုင်ငံဟာ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းများထက် ကာဗွန်ထုတ်လွှတ်မှု ပိုမိုအကောင်အထည်ဖော်နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု ၄၀ ကနေ ၄၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

Naing

Ref:CMG|The Numbers of a Decade: China's environmental journey