【 နိုင်ငံတကာဆောင်းပါး 】တရုတ်တွေ့ရှိခဲ့သော ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက် ၁၀ ခု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်တွေ့ရှိခဲ့သော ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက် ၁၀ ခု

တရုတ်ဟာ ၂၀၂၀ တွင် တွေ့ရှိခဲ့သော ထိပ်ဆုံးသုတေသန ၁၀ ခုအကြောင်းကို အင်္ဂါနေ့တွင် ထုတ်ပြန်ထားပါတယ်၊ အဲဒီထဲမှာ သက်တမ်းနှစ်ပေါင်း ၈၀၀၀ ကျော်ရှိသော တောင်ပို့၊ သက်တမ်းနှစ်ပေါင်း ၄၀၀၀ ကျော်ရှိသော စပါးကျီများနှင့် ၆ ရာစုတုန်းက အုတ်ဂူလည်းပါဝင်ပါတယ်။

ပညာရှင်ပေါင်း ၂၁ ဦးနှင့် ရှေးဟောင်းသုတေသနပညာရှင်များဟာ အဆိုပြုထားသော အသစ်တွေ့ ရှိထားသော နိုင်ငံတစ်ဝန်းက နေရာ ၁၀ခုကို ရွေးချယ်ခဲ့ကြပါတယ်။ 

 ဒီနှစ်စဉ်ပြုလုပ်သော ရွေးချယ်မှုကို National Heritage Administration က ကြေညာခဲ့တာဖြစ်ပြီး သမိုင်းဝင်နေရာသစ်နှင့် ယဉ်ကျေးမှုအသစ်ကို အများပြည်သူများထဲ ချပြပေးရန် မျှော်လင့်ထားပါတယ်။

ကျောက်ကိုလိုဏ်ဂူ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိသော ကွေ့ကျိုးပြည်နယ်ရှိ ကျောက်ကိုလိုဏ်ဂူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ နှင့် ၄၅၀၀၀ ခန့်က ဆောက်လုပ်ခဲ့သော ဂူကြီးတစ်ခုဖြစ်ပါတယ်။ ကျန်ရှိနေသေးသော အပျက်အစီးများဟာ ယဉ်ကျေးမှုအနုပညာများစွာကို ချန်ထားခဲ့ပြီး အသုံးအဆောင်ပစ္စည်းပေါင်း ၅၁ ခုလည်း ပါဝင်ခဲ့ပါတယ်။ အုတ်ဂူနှစ်ခု၊ ကျောက်ဖြင့်ပြုလုပ်ထားသော ပန်းပု၊ ထိန်းသိမ်းထားသော အရိုးစုများနှင့် အပင်များ နှင့် တိရစ္ဆာန်များရဲ့ ရုပ်ကြွင်းများကိုလည်း တွေ့ရှိခဲ့ပါတယ်။

ထိုတွေ့ရှိချက်များဟာ အနောက်တောင်ပိုင်း တရုတ်နိုင်ငံအတွင်းက လူနေမှုပုံစံအကြောင်းကို လေ့လာရာတွင် အလွန်တန်ဖိုးရှိသော တွေ့ရှိချက်များဖြစ်ပြီး ရှေးခေတ်ကတည်းက မီးကို အသုံးပြုခဲ့သော သက်သေအထောက်အထားများကိုလည်း တွေ့ရှိခဲ့ပါတယ်။

ကျင်ထိုစန်းတောင်ပို့

ကျင်ထိုစန်းတောင်ပို့ ဟာနှစ်ပေါင်း ၈၀၀၀ ခန့် သက်တမ်းရှိသော တောင်ပို့တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းတွင်တည်ရှိသော ကျဲ့ကျန်းပြည်နယ်တွင် ၂၀၁၃ ခုနှစ်တုန်းက ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြေအိုးပေါင်း ၄၀၀ ကျော်နှင့် အရိုးအသုံးပြုပြုလုပ်ထားသော အိုးထည်ပစ္စည်းများစွာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ထို့နောက် အခြားတိရစ္ဆာန်အခွံများနှင့် သစ်သားများကိုလည်း တူးဖော်နိုင်ခဲ့ပါတယ်။

ရှေးဟောင်းအပျက်အစီးများဟာ ကီလိုမီတာ ၂၀၀၀၀ စတုရန်းမီတာတွင် တည်ရှိပြီး တရုတ်နိုင်ငံတွင် တူးဖော်ရရှိသော ရှေးဟောင်းနေရာ အကြီးဆုံးနှင့် ရှေးအကျဆုံးသော နေရာတစ်ခုတွင် အပါအဝင်ဖြစ်ပါတယ်။

ချုံးဟွိုင်ချူးရှေးဟောင်းနေရာ

၂၀၁၃ ကနေ ၂၀၂၀ ခုနှစ် အကြား တရုတ်နိုင်ငံဟာ ချုံးဟွိုင်ချူးနေရာတွင် ရှေးဟောင်းပစ္စည်းတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဒါကတော့ ဟေနန်ပြည်နယ်အလယ်ပိုင်းတွင် တည်ရှိပါတယ်။ နှစ်ပေါင်း ၅၀၀၀ ကနေ ၇၀၀၀ အကြားရှိသော ယန်ချိုယဉ်ကျေးမှုခေတ်တုန်းက ရှေးဟောင်းပစ္စည်းတချို့ကို တူးဖော်ရရှိခဲ့ကြပါတယ်။ ထို့ကြောင့် တရုတ်လူမှုယဉ်ကျေးမှုဟာ အနည်းဆုံး နှစ်ပေါင်း ၅၀၀၀ ခန့်ရှိပြီဟု ခန့်မှန်းခဲ့ကြပါတယ်။

ဧရိယာစတုရန်းမီတာ ၁.၁၇ သန်း မီတာခန့်ကျယ်ဝန်းသောချုံဟွိုင်ချူးဟာ ကွန်ရီမြို့နယ်၊ ဟေလျူမြို့က Yellow River ကမ်းစပ်တွင် တည်ရှိပါတယ်။ ဒီနေရာကို ဟေလျူနိုင်ငံတော်ဟု နာမည် ပြောင်းလဲသတ်မှတ်ရန် အဆိုပြုကြပါတယ်။

 စစ်ကျွမ်းရှေးဟောင်းနေရာ

ဘီစီ ၂၀၀၀ ကနေ ၁၇၀၀ ခန့်ရှိသော စစ်ကျွမ်းရှေးဟောင်းနေရာဟာ တရုတ်နိုင်ငံအလယ်ပိုင်းက ဟေနန်ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံတွင် ခံတပ်များတည်ဆောက်ထားသော ပထမဆုံး စပါးကျီမြို့အဖြစ်သတ်မှတ်ကြပါတယ်။ ရှေးခေတ်တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာကို ဘယ်လိုစီမံခန့်ခွဲခဲ့ကြသလဲဆိုတာကို လေ့လာရာတွင် အများဆုံး အသုံးပြုကြသော ရှေးခေတ်မြို့တစ်ခု ဖြစ်ပါတယ်။

ရှေးဟောင်းသုတေသီများကတော့ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၀၀၀၀၀ ကျော်ရှိသော နေရာတွင် နှစ်ပေါင်း ၄၀၀၀ ခန့် သက်တမ်းရှိသော စပါးကျီများကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီစပါးကျီများဟာ နိုင်ငံတွင် သက်တမ်းအရင့်ဆုံးသော စပါးကျီအဖြစ် သတ်မှတ်ကြပါတယ်။

 ယုယန်းသုသာန်

တရုတ်နိုင်ငံအလယ်ပိုင်းက ဟေနန်ပြည်နယ်တွင် လူယန်းတွင် တည်ရှိသော ယုယန်း သုသာန်ဟာ ရှေးခေတ် ရုန်းရွှေ့ပြောင်းသူများရဲ့ အုတ်ဂူတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ရုန်းလူမျိုးစုများရဲ့ ရုပ် ကြွင်းကို တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာတွင် လေ့လာခြင်းအားဖြင့် ရှေးခေတ်တရုတ်နိုင်ငံအနောက်ပိုင်းတွင် ယဉ်ကျေးမှုအမျိုးမျိုးနှင့် အခြားသော တိုင်းရင်သားလူမျိုးများလည်း နေထိုင်ခဲ့ကြောင်းကို ထင်ရှားစေပါတယ်။

တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အုတ်ဂူပေါင်း ၁၅၀ ခန့်ကို တူးဖော်ထားပြီး ထိုထဲတွင် ကြီးမားသော အုတ်ဂူနှင့် အလယ်အလတ်ရှိသော အုတ်ဂူ ၁၂ ခုကိုလည်း တူးဖော်ခဲ့ကြပါတယ်။

 ဆန်ဒါးလုံဂိုသုသာန်နေရာ

ဆန်ဒါးလုံဂိုသုသာန်နေရာကို ၂၀၁၇ ခုနှစ်တွင် စတင်တူးဖော်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဗက်ဒေသက ငရီးတွင်ရှိပြီး အရှည်ကတော့ မီတာပေါင်း ၂၀၀၀ ခန့်နှင့် အကျယ်ကတော့ ၅၀၀ မီတာ ခန့်ရှိပါတယ်။ 

ဒီနေရာမှာ ကျောက်ဖြင့် လုပ်ထားသော အုတ်ဂူတစ်ခုရှိပြီး နောက်ထပ် လိုဏ်ဂူသုသာန် ၅၂ ခုကိုလည်း တွေ့ရှိခဲ့ပါတယ်၊ ပြီးတော့ တိဗက်အနုပညာလက်ရာများစွာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိချက်များဟာ တိဗက်ရဲ့ ရှေးခေတ်အစောပိုင်းအကြောင်းကို နားလည်စေခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး မကြာခဏ ပြုလုပ်ခဲ့ကြောင်းကိုလည်း နားလည်စေပါတယ်။

 တူရှန်းအုတ်ဂူ ၂ 

တရုတ်နိုင်ငံ အရှေ့ပိုင်းက ကျန်းစုပြည်နယ်  ရွှီကျိုးတွင် တည်ရှိသော တူရှန်းအုတ်ဂူတွင် အလွန်ကြီးမားသော အုတ်ဂူကြီး ၃ ခု ရှိပါတယ်။ ထိုထဲတွင် No.2 လို့ခေါ်တဲ့ တွင်းတွင် အလွန်ကြီးမားပြီး ရှုပ်ထွေးသော တည်ဆောက်မှုများကိုလည်း တွေ့ရှိခဲ့ပါတယ်။

တုံးဟန်ခေတ် (၂၅-၂၂၀) အတွင်း ဆောက်လုပ်ခဲ့သော အုတ်ဂူဟာ အလုပ်သမားပေါင်း ၁၈၀ က ဆောက်လုပ်ခဲ့တာဖြစ်ပြီး အပိုင်းအစပေါင်း ၄၂၀၀ နှင့် ကျောက်ပေါင်း ကုဗမီတာ ၁၀၀၀ ခန့် အသုံးပြုခဲ့ပါတယ်။ဒီအုတ်ဂူကို ဝမ်လျိုယင်းရဲ့ အုတ်ဂူဖြစ်နိုင်ကြောင်း ယုံကြည်နေကြပြီး ချူခေတ်ရဲ့ ဒုတိယမျိုးဆက်သစ် ဘုရင်တစ်ပါးပဲ ဖြစ်ပါတယ်။

ရှောင်လင်ယွမ်ရှေးဟောင်းနေရာ အုတ်ဂူ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်ရှိသော ရှောင်လင်ယွမ်ရှေးဟောင်းအုတ်ဂူနေရာဟာ ရှီးအန်းတွင် တည်ရှိပြီး အကြီးအကဲများဟာ မြှုပ်နှံခဲ့ကြသော အုတ်ဂူဖြစ်ပါတယ်၊ ဒီအုတ်ဂူကို ၁၆ ကြိမ်မြောက် ဘုရင်ခေတ် ၃၀၄-၄၀၉ ကာလတွင် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အုတ်ဂူနဲ့ဆိုင်သော ပစ္စည်းပေါင်း ၂၇၈ ခုခန့်ကို တွေ့ရှိခဲ့ပြီး အိုးများ၊ အိမ်ဆောက်လုပ်အသုံးပြုပစ္စည်းများနှင့် နံရံဆေးရေးပန်းချီတို့ကို ထိုနေရာမှာပဲတွေ့ရှိခဲ့ပါတယ်။ ဒါတွေအားလုံး တရုတ်နိုင်ငံက ကြီးမားပြီး အဆင့်မြင့်ဆုံးသော အုတ်ဂူများကို လေ့လာရာတွင် အလွန်အရေးပါပါတယ်။

 လွဲ့ဆွေအုတ်ဂူနေရာ

ထန်ခေတ် (၆၁၈-၉၀၇) ခေတ်ကတည်းက တည်ရှိလာခဲ့သော လွဲ့ဆွေအုတ်ဂူများဟာ တိုးလန်ကောင်တီတွင် အုတ်ဂူပေါင်း ၃၀၀ ခန့်ရှိသော နေရာတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချင်းဟိုင်ပြည်နယ်တွင် တည်ရှိပါတယ်။ ချွဲဝေ No.1 လို့ခေါ်တဲ့ အရေးပါသောအုတ်ဂူကိုလည်း ဒီနေရာမှာပဲတွေ့ရှိခဲ့ပြီး ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်တွင် တူးဖော်ရရှိခဲ့သော ရှေးဟောင်းအုတ်ဂူများအကြား အပြည့်စုံဆုံးသော အုတ်ဂူ တစ်ခုဖြစ်ပါတယ်။

အဖိုးတန်ကျောက်များဖြင့် ပြုလုပ်ထားသော ယွန်းထည်များ နှင့် ဘာသာရေးတွင် အသုံးပြုသော ပစ္စည်းများကိုလည်း တူးဖော်ရရှိခဲ့ပါတယ်၊ ဒီနေရာဟာ ထန်နှင့် အခြားသော ဟန်မဟုတ်သော လူမျိုးစုအကြား ယဉ်ကျေးမှု နှီးနှောဖလှယ်မှု ရှိခဲ့ကြောင်းကို ဖော်ပြနေပါတယ်။

မိုပန်ချွန်မြို့ဟောင်း

၁၃ ရာစုခေတ်က မြို့ဟောင်းကြီးတစ်ခုဖြစ်တဲ့ ထူမန်က မိုပန်ချွန်မြို့ဟောင်းဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ကျီလင်ပြည်နယ်တွင် တည်ရှိနေပြီး တုံးရှခေတ်တွင် မြို့တော်ဖြစ်နိုင်ခဲ့ကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ ကျင်းခေတ်ဟာ (၁၁၁၅-၁၂၃၄) ကနေ ယွမ်ခေတ်ဟာ (၁၂၇၁-၁၃၆၈) အထိ ရှိခဲ့သော ခေတ်တစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အမွေတော်များ ၅၀၀၀ ကျော်နှင့် အနုပညာလက်ရာများစွာကိုလည်း မြို့အဝင်ဂိတ် ၇ ခုတွင် တူးဖော်ရရှိခဲ့ပါတယ်။

Naing

Ref:CMG| China unveils top 10 archaeological discoveries of 2020