【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ဥရောပအကြား ရထားခရီးစဉ်ပြေးဆွဲမှု စံချိန်သစ်တင်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ဥရောပအကြား ရထားခရီးစဉ်ပြေးဆွဲမှု စံချိန်သစ်တင်

ဥရောပ-အာရှရထားလမ်းတိုးတက်မှုကတော့ ၂၀၂၁ ခုနှစ်အထိလည်း ဆက်ပြီးတိုးတက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာပဲ တရုတ်-ဥရောပရထားတံတားဟာ တည်ငြိမ်ပြီး ယုံကြည်ရန်ကောင်းပြီး ကုန်စည်တင်ပို့မှု အလွန်အားကောင်းသော ဝန်ဆောင်မှုကို စံချိန်တင် ခရီးစဉ်ဖြင့် ပို့ဆောင်နိုင်ခဲ့ပြီး နိုင်ငံတကာကုန်စည်တင်ပို့မှုအတွက် အားထားရသော လမ်းကြောင်းဖြစ်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဝမ်ဝင်ဘင်က ပေကျင်းတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ တရုတ်-ဥရောပရထားလမ်းစနစ်ဟာ အပြန်အလှန်ကုန်စည်ပံ့ပိုးမှုနှင့် အခြားသောအကျိုးအမြတ်များအတွက် ဝယ်လိုအားအတွက်လည်း တံခါးဖွင့်ပေးပြီဖြစ်ကြောင်း သူကပြောပါတယ်။

China Railway က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသော အချက်အလက်များအရ  ၂၀၂၁ ခုနှစ်အတွင်း တရုတ်-ဥရောပတွင် ပြုလုပ်ခဲ့သော ရထားခရီးစဉ်ဟာ နှစ်စဉ်တိုးတက်မှု ၂၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၁၅၀၀၀ အထိရှိလာကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆောင်းပါးကို ရေးသားနေချိန်တွင် ကုန်တင်ရထားဟာ တန်ချိန် ၁.၄၆ သန်း TEU ရှိသော ကုန်စည်များကို သယ် ဆောင်ခဲ့ပြီဖြစ်ကာ လွန်ခဲ့တဲ့နှစ်တုန်းကထက် ၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ အခြေခံအားဖြင့် အရေးကြီးသောအရာကတော့ ဥရောပနိုင်ငံဘက်ကို ဝင်ရောက်သွားသော တရုတ်နိုင်ငံ အနောက်ပိုင်းက ကုန်စည်များဟာ ဥရောပနိုင်ငံကို ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်တာပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တွင် TEU ကွန်တိန်နာပေါင်း ၅၇၀၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၅၇.၇ ရာခိုင်နှုန်း ပိုများလာတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ရထားလမ်းဟာ မြို့ပေါင်း ၈၉ မြို့ကို ဆက်သွယ်ထားပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံနှင့် ဥရောပက မြို့ပေါင်း ၁၇၅ မြို့နဲ့ ချိတ်ဆက်ထားသော ရထားလမ်းတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ကုန်စည်စီးဆင်းမှု အနှောင့်အယှက်များ ဖြစ်ပေါ်လာချိန်တွင် တရုတ်-ဥရောပကုန်တင် ရထားလမ်းဟာ ဒေသအတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ကုန်စည်စီးဆင်းမှုအတွက်လည်း အရေးကြီးသောရထားလမ်း ဖြစ်လာခဲ့ပါတယ်။

လန်ဒန်မြို့အခြေစိုက် Drewry Shipping ကုမ္ပဏီရဲ့ ဇန်နဝါရီလတွင် ပြောဆိုချက်အရ တရုတ်နှင့် ဥရောပအကြားက အသုံးပြုမှုများသော လမ်းကြောင်း ၈ ခုကနေ ပေ ၄၀ ရှိသော ကွန်တိန်နာတစ်ခု ပို့ဆောင်ခဟာ ဒေါ်လာ ၉၄၀၈ ခန့်ရှိပြီး ကပ်ရောဂါမတိုင်ခင်တုန်းက ပမာဏထက် ၅ ဆ ပိုများလာကြောင်း ဆိုပါတယ်။

ဒါကို နှိုင်းယှဉ်ကြည့်ပါက တရုတ်ကနေ ပါရီမြို့ကို ရထားဖြင့် ကွန်တိန်နာ တစ်ခုပို့ဆောင်ခြင်းဟာ ဒေါ်လာ ၈၀၀၀ ခန့်ရှိကြောင်း တရုတ်-ဥရောပကုန်တင်ရထားဖြင့် ပြင်သစ်အစိုးရအောက်က SNCF တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဇာဗီယာဝန်ဒါပီပန်က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဥရောပကနေ ပြန်လာသော ရထားကနေတစ်ဆင့် ကွန်တိန်နာ တင်ပို့ပါက ဒေါ်လာ ၂၀၀၀ အထိ သာ ပို့ ဆောင်ခပေးရပြီး တရုတ်အစိုးရကတော့ ဒီစျေးနှုန်း လျှော့ပေးခြင်းဖြင့် ဥရောပကုမ္ပဏီများကို တရုတ်နိုင်ငံသို့ ပစ္စည်းတင်ပို့ရန်အတွက် ရထားအသုံးပြုစေလိုသော ကြောင့် လည်းဖြစ်ပါတယ်။

ဒီလို အကြောင်းအရာများကြောင့်ပဲ ဥရောပကနေ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုပမာဏကလည်း ကြီးထွားလာခဲ့တာ ဖြစ်နိုင်ပါတယ်။ ဥပမာတစ်ခုအဖြစ် China Railways က ထုတ်ပြန်ထားသော အချက်အလက်များအရ ပြီးခဲ့တဲ့နှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံကို ဝင်ရောက်လာသောကုန်စည်များဟာ တရုတ်နိုင်ငံကနေ ထွက်ခွာခဲ့သော ကုန်စည်ထက် ၈၁ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ဆိုပါတယ်။

တရုတ်နှင့် ဥရောပအကြားက ကွန်တိန်နာတင်ပို့မှုဟာ ရက်ပေါင်း ၂၀ သာ အချိန်ယူပြီး ရေကြောင်းကနေ တင်ပို့ပါက ရက်ပေါင်း ၇၀ အထိ ကြာမြင့်နိုင်ပါတယ်၊ ရထားဟာ ကုန်ကျစရိတ်နည်းပါးပြီး ပိုမိုလျင်မြန်သော ကုန်စည်ပို့ဆောင်ရေး နောက်ထပ်နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ နိုင်ငံတကာရထားလမ်းဆောက်လုပ်မှုအပေါ်မှာလည်း ထောက်ခံသူများလာကြောင်းကို မကြာသေးခင်က ပိုမိုထင်ရှားလာပါတယ်။ တရုတ်ဟာ ပြည်တွင်းနှင့် ပြည်ပ ရထားလမ်းဆောက်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ China Development Bank ရဲ့ ပြောဆိုချက်အရ ကုန်းတွင်းပိုင်းတွင် ဆိပ်ကမ်းဆောက်လုပ်မှုကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်မှု အမျိုးမျိုးအတွက် အသုံးပြုမည့် စီမံကိန်းများကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည် အားကောင်းလာစေရန်အတွက် နည်းပညာအသစ်များကိုလည်း ငွေကြေးအရ ကူညီထောက်ပံ့ပေးမှုများလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း China Development Bank က ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် တရုတ်ဟာ နိုင်ငံခြားဘူတာရုံဆောက်လုပ်မှုများစွာကို ပံ့ပိုးပေးခဲ့ပြီး ထိုထဲတွင် ရုရှားနိုင်ငံက Kaliningrad ဘူတာရုံလည်း ပါဝင်ပါတယ်။

“ရထားအတွက် စျေးကွက်ဝယ်လိုအားဟာ ရန်ပုံငွေထက် ပိုပြီးကြီးမားပါတယ်။ ဥပမာအားဖြင့် ပေ ၄၀ ခန့်ရှိတဲ့ ကွန်တိန်နာတစ်ခုအတွက် ပို့ဆောင်ခဟာ ဒေါ်လာ ၁၀၀၀၀ ခန့်ရှိပါတယ်။ ဒါပေမယ့်ခုတော့ ဒေါ် လာ ၂၀၀၀၀ အထိကို မြင့်တက်လာပြီ။ ထောက်ပံ့ကြေးငွေဟာ ဒေါ်လာထောင်ဂဏန်းအနည်းငယ်ပဲ ရှိတယ်” ဟု China Logistics and Procurement Federation တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ကန်ချူခြွန်က ပြောပါတယ်။

New Silk Road International တွင် စီအီးအိုအဖြစ် အလုပ်လုပ်နေသော ဂျက်ကီးယန်းကလည်း တာဝန်ရှိသူများဟာ မူလကတော့ ထောက်ပံ့ကြေးငွေကို ၂၀၂၂ နှစ်ကုန်တွင် အစားထိုးရန် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ ကြောင့် ထိုအစားထိုးမယ့်ရက်ကို တစ်နှစ်ထပ်တိုးခဲ့ကြောင်း ဆိုပါတယ်။ အမြင့်ဆုံးအချိန်တွင် ကွန်တိန်နာတစ်ခုအတွက် ထောက်ပံ့ကြေးငွေဟာ ဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ အကြားတွင်ရှိပြီး ခုတော့ ဒေါ်လာ ၁၀၀၀ အထိကျဆင်းလာပြီဖြစ်ပါတယ်။ အကယ်၍ ထောက်ပံ့ကြေးများကိုလည်း ဖယ်ရှားပါက တန်ဖိုးမြင့်မားသော ကုန်စည်များဟာ ရထားဖြင့်ပို့ဆောင်ခြင်းကလည်း အကျိုးအမြတ်များစွာ ကျန်ရှိအုံးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကုန်ကျစရိတ်နည်းပါးသော ကုန်စည်များဟာ ရေကြောင်းကနေ ပို့ဆောင်နိုင်ခြေကလည်း ပိုများပါတယ်။

ဥရောပနှင့် တရုတ်အကြားက ရထားလမ်းဖြင့် ဆက်သွယ်ခြင်းကို ၁၀ နှစ်တာ လေ့လာမှုပြုလုပ်ပြီးနောက် ရရှိလာသော အတည်ပြုချက်ကတော့ အကျိုးအမြတ်မြင့်မားခြင်းနှင့် ကြီးမားသော ကတိပဲ ဖြစ်ပါတယ်။ ဥရောပအပြင် အခြားအကျိုးအမြတ်ရရှိနိုင်သော ဒေသများကတော့ တရုတ်နိုင်ငံ အနောက်ဘက်ဖြစ်ပြီး အာရှတိုက် အလယ်ပိုင်းကလည်း အကျိုးအမြတ်များစွာ ရရှိစေမှာ ဖြစ်ပါတယ်။

Naing

Ref:CMG| A new record set in rail transportation on the China-Europe route