【 နိုင်ငံတကာဆောင်းပါး 】လူသားမျိုးနွယ်အတွက် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး

【 နိုင်ငံတကာဆောင်းပါး 】လူသားမျိုးနွယ်အတွက် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး

“ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးဆုံးသော ရည်မှန်းချက်ကတော့ ပြည်သူများကို လွတ်လပ်ပြီး ကဏ္ဍစုံလင်ဖွံ့ဖြိုးတိုးတက်ခြင်းပဲဖြစ်ပါတယ်” ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သော CPC with Dialogue with World Political Parties High-Level Meeting တွင် ပြောကြားခဲ့ပါတယ်။

“ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ ကျွန်တော်တို့ရဲ့ ပေါင်ပေါ်ကို မတော်တဆကျလာတာမဟုတ်ပါဘူး။ ဒါ ဟာ ခိုင်မာသော သမိုင်းစီမံချက်များနဲ့အတူ ကြိုးပမ်းမှုရဲ့ ရလဒ်ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး နိုင်ငံ တကာရှိ နိုင်ငံရေးပါတီများအနေနဲ့လည်း အမျိုးသားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရန်အတွက် စည်းလုံးမှုရှိရန် လိုအပ်ကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရှီကျင့်ဖျင်ဟာ Global Civilization Initiative စီမံချက်ကိုလည်း အဆိုပြုခဲ့ပြီး သည်းခံနိုင်မှုရှိခြင်း၊ အတူတူယှဉ်တွဲနေထိုင်ခြင်း၊ နှီးနှောဖလှယ်ခြင်းနှင့် ခြားနားသော ယဉ်ကျေးမှုအကြားက သင်ယူလေ့လာခြင်းဟာ လူသားများရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် အစားထိုးလို့မရသော ကဏ္ဍကနေ ပါဝင်နေကြောင်း ရှင်းပြခဲ့ပါတယ်။

နိုင်ငံတကာလေ့လာသူများရဲ့ ပြောဆိုချက်အရ ရှီကျင့်ဖျင်၏ လူသားများတိုးတက်မှုအတွက် နိုင်ငံရေး ခေါင်းဆောင်များတွင် တာဝန်ရှိကြောင်း အလေးထားပြောဆိုနေခြင်းဟာ ကမ္ဘာကြီးအတွက် ပုံဥပမာကောင်းဖြစ် သော တရုတ်နိုင်ငံ၏ ခေတ်မီရေးဟာ လူသားများရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသစ်သော ပညာများနှင့် လမ်းများကို ဖွင့်ပေးနေကြောင်းကို ဖော်ပြလိုကြောင်း ဆိုကြပါတယ်။

တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တည်းတွင် တည်ဆောက်ခဲ့တာမဟုတ်ပါ

တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ သဘာဝပတ်ဝန်းကျင်းနဲ့ လိုက်လျှောညီထွေမှုရှိသော ဖွံ့ဖြိုး တိုးတက်မှုကို မျှတအောင်ဖန်တီးရင်း ကမ္ဘာကြီးအတွက်လည်း ဥပမာကောင်းတစ်ခုအဖြစ် တည်ရှိနေကြောင်း Patriotic Party of Turkiye ဥက္ကဌဖြစ်တဲ့ ဒိုကူပဲရင်ဆစ်က ပြောပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ခေတ်မီအောင်ဆောင်ရွက်ခြင်းဟာ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကိုလက် ခံထားသော လမ်းစဉ်ကို ရွေးချယ်ထားပြီး၊ လူများရဲ့ စိတ်ပိုင်းဆိုင်ရာကြီးထွားမှုအတွက်လည်း အလွန်အရေးကြီး သော အရာများလည်းပါဝင်ပါတယ်” ဟု သူက ဆက်ပြောပါတယ်။ လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ခြင်းဟာ တရုတ်ဆိုရှယ်လစ်ဝါဒကြောင့် ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ခေတ်မီရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရေးကြီးသော သူ့ရဲ့ ဆိုပြုချက်များကိုလည်း ရှင်းပြခဲ့ပါတယ်။ ထိုထဲတွင် Global North-South Gap လို့ခေါ်တဲ့ နိုင်ငံတကာတွင် ဆင်းရဲသူများနှင့် ချမ်းသာ သူ များအကြားက ကြီးမားသော ကွာဟမှုကိုလျှော့ချခြင်းနှင့် မျှတခြင်း၊ တရားမျှတမှုရှိသော၊ အားလုံးပါဝင်သော၊ မျှ ဝေသောအကျိုးအမြတ်များရှိသော လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လိုအပ်ကြောင်း International Relations Departments of the Colombian Communist Party တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော အင်ဒရေအဲလ်ဗာရတ်စ်က ပြောပါတယ်။

တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ ညတွင်းချင်း ဖောဆောင်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ခိုင်မာ သော ခေါင်းဆောင်မှုလိုအပ်ပြီး၊ နိုင်ငံရေးပါတီ၏ မျိုးကျသော မူဝါဒရေးဆွဲမှုလည်း လိုအပ်ကြောင့် ဂါနာ-တရုတ် ချစ်ကြည်ရေးအသင်းတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဘင်ဂျမင်အန်ရာကရီက ပြောပါတယ်။

အသစ်သောနိုင်ငံတကာဆက်ဆံရေး

သူ့ရဲ့ မိန့်ခွန်းတွင် သမ္မတရှီကျင့်ဖျင်ဟာ နိုင်ငံတကာ ဆက်ဆံရေး နှင့် နိုင်ငံတကာတွင် မိတ်ဖက်ကာ ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံရေပါတီများနဲ့အတူ ပါတီချင်းဆက်ဆံရေးကိုလည်း တိုးမြင့်တည်ဆောက်ရန် လည်း ဆော်ဩခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံက နိုင်ငံရေးပါတီများကတော့ ဒီလိုဆော်ဩမှုကို ကြိုဆိုနေပြီး ဒါဟာ ပြည်သူများအကြား နှီးနှောဖလှယ်မှုကို အားပေးနေကြောင်း Jamaat-e-Islami Party တွင် နိုင်ငံခြားရေးဌာနမှာ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသော အာဆစ်လူခ်မန်ကွာဇီက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံအတွင် အင်အားကြီး ပါတီတစ်ခုဖြစ်သော Jamaat-e-Islami Party ဟာ CPC နဲ့ ဆွေးနွေးခြင်း၊ လူငယ်များအဖွဲ့အစည်း၊ အမျိုးသမီးများ အဖွဲ့အစည်း နှင့် အခြားသော နည်းလမ်းများဖြင့် နှီးနှောဖလှယ်မှုများ ပြုလုပ်နိုင်ရန် မျှော်လင့်နေပါတယ်။

CPC ဟာ နိုင်ငံတကာတွင် မျှတမှု၊ တရားမျှတမှုရှိရေးအတွက် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး နိုင်ငံတ ကာတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းကာ နိုင်ငံပေါင်းစုံပါဝင်မှုရှိသော၊ နိုင်ငံတကာစနစ်ကို ကာကွယ်မှုကိုလည်း အားပေးမည်ဖြစ်ကြောင်း ကင်ညာနိုင်ငံအခြေစိုက် နိုင်ငံတကာဆက်ဆံရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ကာဗင့်စ်အက်ဟဲက ပြောပါတယ်။

 “ငြိမ်းချမ်းရေးမရှိပဲ ဘယ်နိုင်ငံမှာ တိုးတက်လို့ မရဘူး။ အခြားနိုင်ငံများတွင် နိုင်ငံရေးပါတီများနဲ့ ငြိမ်း ချမ်းသော ဆက်ဆံရေး ထားရှိခြင်းဟာ ကောင်းမွန်သော ဥပမာတစ်ခုဖြစ်ပါတယ်” ဟုသူက ပြောပါတယ်။

အသစ်သောစီမံချက်များဟာ ခေတ်ခါရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေး

ရှီကျင့်ဖျင် အဆိုပြုခဲ့သော Global Civilization Initiative ဟာ ခြားနားသော ယဉ်ကျေးမှုများကို လေး စားကြောင်း Lao People’s Revolutionary Party Central Committee တွင် ဝါဒနှင့်သင်တန်း ဘုတ်အဖွဲ့ဌာန တွင် ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော ဗန်ဇေတာဗီယန်က ပြောပါတယ်။

ဒီစီမံချက်များဟာ ခေတ်ကာလရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေပြီး ခြားနားသော ယဉ်ကျေးမှု အတူ တူနေထိုင်ရန် ကူညီပေးပြီး အချင်းချင်းအကြား သင်ယူလေ့လာရန် ကူညီပေးနေကြောင်း ဆိုပါတယ်။

အေသင့်တက္ကသိုလ် က ရှေးဟောင်းဂရိတ် သမိုင်းနှင့်ယဉ်ကျေးမှုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်နေသော အီလယ်နီကာရာမာလန်ကိုက တရုတ်ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုများအကြား နှစ်ဘက် အပြန် အလှန် သင်ယူလေ့လာမှုအတွက် အားပေးခြင်းဟာ အရေးကြီးသော အရာဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံများဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါတယ်၊ ပြီးတော့ ယဉ်ကျေးမှုတိုင်းဟာ အချင်းချင်း လေးစားမှုရှိရန် လိုအပ်ပါတယ်။ Global Civilization Initiative ဟာ ကမ္ဘာကြီးကို လက်ရှိ နိုင်ငံတကာ ရင်ဆိုင် နေရသော စိန်ခေါ်မှုများ၊ ပဋိပက္ခများလျှော့ချရေး နှင့် အတူတူယှဉ်တွဲနေထိုင်ရေးအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဟု Cyprus’s Progressive Party of Working People တွင် အထွေထွေ အတွင်း ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော စတီဖင်နိုစ်စတီဖာနိုက ပြောပါတယ်။

Naing

Ref:CMG| World Insights: China's modernization drive offers new prospects for humanity