【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-မြန်မာ နယ်စပ်က အစိမ်းစား ပြောင်းဖူးတို့ရဲ့ ဇာတိမြေ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-မြန်မာ နယ်စပ်က အစိမ်းစား ပြောင်းဖူးတို့ရဲ့ ဇာတိမြေ

ဆောင်းရာသီမြင်ကွင်းတွေထဲ ကျယ်ပြောလှတဲ့ စိမ်းစိမ်းစိုစို၊ ဝါဝါဝင်းဝင်း လယ်ယာစိုက်ခင်း မြင်ကွင်းက စိတ်ကြည်နူးစရာဖြစ်ပါတယ်။
 
ဒီလိုဆောင်းရဲ့အငွေ့အသက်တွေထဲ တရုတ်-မြန်မာ နယ်စပ် ကုန်းပြင်မြင့်ဒေသတစ်ခုမှာတော့ လူ့အရပ်နီးပါးအမြင့်နဲ့ ကျယ်ဝန်းလှတဲ့ အစိမ်းရောင် ပြောင်းခင်းကြီးတွေကလည်း ပတ်ဝန်းကျင်ကို ဖမ်းစားလျက်ရှိပါတယ်။
 
တောင်တန်းနောက်ခံနဲ့အတူ ကောင်းကင်ပြာပြာအောက်က ဒီပြောင်းခင်းတွေက ဒေသခံတောင်သူတွေရဲ့ အောင်မြင်မှုကို ကိုယ်စားပြုနေသလို အံ့ဩပျော်ရွှင်ဖွယ်ခံစားမှုကို မြင်ရသူတွေအတွက် ပေးစွမ်းနိုင်ပါတယ်။
 
ဒီလိုမြင်ကွင်းတွေရဲ့ တည်နေရာကတော့ တရုတ်-မြန်မာ နယ်စပ် ကုန်းပြင်မြင့်ဒေသဖြစ်တဲ့ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲမှာ ဖြစ်ထွန်းအောင်မြင်နေတဲ့ အစိမ်းစား ပြောင်းဖူးခင်းတွေရဲ့ မြင်းကွင်းပါ။ဖြစ်ထွန်းအောင်မြင်မှုအနေနဲ့ ဒီဒေသက တရုတ်နိုင်ငံ အသီးအနှံများ ပျံ့နှံ့လည်ပတ်ရေးအသင်းက ပေးအပ်တဲ့ “တရုတ် နိုင်ငံ ဆောင်းရာသီ အစိမ်းစား ပြောင်းဖူးတို့၏ ဇာတိမြေ” ဆိုတဲ့ ဂုဏ်ပုဒ်ကို ပူပူနွေးနွေးရရှိထားတာလည်းဖြစ်ပါတယ်။
 
၂၀၂၃ ခုနှစ်မှာဆိုရင် တယ်ဟုန်ပြည်နယ်ခွဲ အစိမ်းစား ပြောင်းဖူးထုတ်လုပ်ရေး မျက်နှာပြင်ဧရိယာအနေနဲ့ တရုတ်ဧက ၂.၃၀၈ သိန်းရှိပြီး အထွက်နှုန်း စုစုပေါင်းက တန်ချိန် ၂.၆ သိန်းအထိရှိနေပြီး ထုတ်ကုန်တန်ဖိုးက တရုတ်ယွမ် သန်း ၁၀၀၀ ကျော် ရှိနေပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ယူနန် (တယ်ဟုန်) အစိမ်းစာပြောင်းဖူး ရောင်းချ ချိတ်ဆက်ရေးပွဲတော်ကြီးကို တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့မှာ ကျင်းပရာမှာတော့ တယ်ဟုန်ပြည်နယ်ခွဲအနေနဲ့ ဒီဂုဏ်ပုဒ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
 
ဒေသဂုဏ်ပုဒ်တွေရှိလာတဲ့ တယ်ဟုန်ဒေသအတွက် ၂၀၂၃ ခုနှစ် ယူနန် (တယ်ဟုန်) အစိမ်းစား ပြောင်းဖူး ရောင်းချ ချိတ်ဆက်ရေးပွဲတော်ကြီးနှင့် အစိမ်းစား ပြောင်းဖူးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကနေ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ငန်းဆောင်ရွက်နေသူတွေကလည်း အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ဒီအချက်တွေထဲမှာတော့ ကုန်ထုတ်မှု၊ ပညာရပ်ဆိုင်ရာ၊ သုတေသနပြုမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနည်းပညာ စွမ်းဆောင်မှုတို့ကို အဓိကထားဖို့ဆိုတာတွေပါဝင်ခဲ့ပြီး တယ်ဟုန် အစိမ်းစား  ပြောင်းဖူး အမှတ်တံဆိပ် တည်ဆောက်ရေးနဲ့ ကုန်ထုတ်လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။
 
“တယ်ဟုန်ရဲ့ အစိမ်းစား ပြောင်းဖူးက ဒီမြေပေါ်က အစိမ်းရောင်ရွှေတွေဖြစ်ပါတယ်။ဆောင်းရာသီ၊ နွေဦးရာသီမှာ လယ်တွေထဲကနေ အထွက်ကောင်းခြင်းရဲ့ အပျော်တွေ ပျံ့လွင့်နေပြီး တောင်သူလယ်သမားတွေရဲ့ အပြုံးမျက်နှာတွေက ဒီဆောင်းရာသီရဲ့ အလှပဆုံးသော ရှုမျှော်ခင်းတစ်ခုဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံ မျိုးစေ့အ သင်း အစိမ်းစား ပြောင်းဖူးအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ကျာကျွင့်က ဆိုပါတယ်။
 
ဒုတိယဥက္ကဋ္ဌရဲ့ အဆိုအရ တယ်ဟုန် အစိမ်းစား ပြောင်းဖူးက ရိုးရာစိုက်ပျိုုးရေးပုံစံကို အသုံးပြုထားတဲ့အတွက် ရွက်တဲကြီးများ မလိုအပ်ဘဲ သဘာဝနေရောင်ခြည်နဲ့  မြူနှင်းကို လက်ခံရယူနိုင်တယ်လို့ ဆိုပါတယ်။ဒါဟာ အခြားသောဒေသတွေက အရည်အသွေးမြင့် လယ်ယာထွက်ကုန်တွေနဲ့ ကွဲပြားချက်လို့လည်း ပြောပါတယ်။
 
ဆက်လက်ပြီး တယ်ဟုန်ဒေသအတွက် ဈေးကွက်တိုးချဲ့ပြီး ထိပ်တန်းကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့နဲ့ အစိမ်းစား ပြောင်းဖူးရဲ့ လတ်ဆတ်မှုထိန်းသိမ်းဖို့၊ အအေးခန်းပြုလုပ်တာ၊ အချောကိုင် (ရေခဲရိုက်တာ၊ အလုံပိတ်တာနဲ့ ပြောင်းဖူးစေ့ အသုံးချတာ) စတဲ့ အပိုင်းတွေမှာ တိုးတက်ထိုးဖောက်မှုရရှိစေဖို့ ယူဆတယ်လို့ လည်း ဒုတိယဥက္ကဋ္ဌက ဆက်ပြောပါတယ်။
 
တယ်ဟုန် အစိမ်းစား ပြောင်းဖူး ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အသွင်သဏ္ဍာန်၊ ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်၊ သေချာတိကျစွာ နေရာသတ်မှတ်ချက်၊ ဈေးနှုန်းစနစ်တွေမှာ အားစိုက်မှု၊ သိပ္ပံနည်းပညာ ရင်းနှီးမြှုပ်နှံမှုမှာ စီမံချက်ချဆောင်ရွက်ရေး အားပေးဖို့နဲ့ သိပ္ပံနည်းပညာနဲ့ အခက်အခဲတွေကို ပူးတွဲဖြေရှင်းကာ မျိုးစိတ်သစ် ပျိုးထောင်ပြီး အရည်အသွေးမြင့်မားတဲ့ အထူးပြောင်းဖူးမျိုးစိတ်တွေကို ပြန့်ပွားစေဖို့ ဆောင်ရွက်သင့်တယ်လို့ ရှန်ဟိုင်းမြို့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ စိုက်ပျိုးရေးအသီးအနှံဌာန ဒုတိယညွှန်ကြားရေးမှူး ကျန့်ဟုန်ကျန့်က ဆိုပါတယ်။
 
“အစိမ်းစား ပြောင်းဖူးက အရသာကောင်းတဲ့ ကျန်းမာရေးအစားအစာတစ်မျိုးအဖြစ် ပိုမိုများပြားတဲ့ စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိလာပါတယ်။ယခုနှစ်ပိုင်းမှာ စားသုံးမှုနှုန်းထား မြင့်မားလာတာ၊ စားသုံးမှုအနေအထား မျိုး စုံလင်လာတာ၊ စားသုံးမှုပုံစံ သီးခြားဖြစ်လာတာတွေအပါအဝင် စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ၆၀% သော စားသုံးသူတွေက လစဉ်လတိုင်း အစိမ်းစား ပြောင်းဖူး ဝယ်ယူသုံးစွဲကြပါတယ်” လို့ ရှန်ဟိုင်းမြို့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ စိုက်ပျိုးရေးအသီးအနှံဌာန ဒုတိယညွှန်ကြားရေးမှူး ကျန့်ဟုန်ကျန့်က ထောက်ပြခဲ့ပါတယ်။
 
ဒါ့အပြင် သဘာဝအားသာချက်ကို အသုံးချပြီး ကုန်းပြင်မြင့် အထူးဝိသေသ ဂေဟစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်စေကာ အော်ဂဲနစ် စိမ်းလန်းအမှတ်တံဆိပ်ကို တည်ဆောက်သင့်တယ်လို့လည်း ကျန့်ဟုန်ကျန့် က အကြံပေးခဲ့ပါတယ်။
 
လက်ရှိမှာ တယ်ဟုန်ပြည်နယ်ခွဲအနေနဲ့ တရုတ်နိုင်ငံအတွက် အစိမ်းစား ပြောင်းဖူး အဓိကထုတ်လုပ်တဲ့ ဒေသတွေထဲမှ တစ်ခုဖြစ်နေပြီး အစိမ်းစား ပြောင်းဖူး အထွက်နှုန်းက တရုတ်နိုင်ငံ ဆောင်းရာသီ အဝါရောင်၊ အဖြူရောင် အစေ့ အစိမ်းစား ပြောင်းဖူးဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်း အထက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
 
မိုးသား