【 ပြည်တွင်း 】၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉ လအတွင်း တရုတ်နိုင်ငံမှ သွင်းကုန်ကန်ဒေါ်လာသန်း ၄၂၀၀ ကျော်ဖိုး တင်သွင်းထား

【 ပြည်တွင်း 】၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉ လအတွင်း တရုတ်နိုင်ငံမှ သွင်းကုန်ကန်ဒေါ်လာသန်း ၄၂၀၀ ကျော်ဖိုး တင်သွင်းထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉လအတွင်း မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၄၂၀၀ ကျော်ဖိုး တင်သွင်းထားတယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

၂၀၂၂ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉လ တာကာလအတွင်းမှာ မြန်မာမှတရုတ်သို့ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၂၆၄၀ ကျော်သာရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၄၂၈၀ကျော်ရှိခဲ့တာကြောင့်  ကုန်သွယ်မှု တန်ဖိုးကွာခြားချက်က ကန်ဒေါ်လာသန်း ၁၆၄၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလတွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ ၂၀၀၈.၂၂၇သန်းနဲ့ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၂၂၉၇.၆၁၅သန်း ရှိခဲ့ကာ ကုန်သွယ်မှုတန်ဖိုးကွာခြားချက်က ကန်ဒေါ်လာသန်း ၂၈၀ကျော်သာရှိခဲ့ပြီး၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်လည်း ပို့ကုန်တန်ဖိုးကန်ဒေါ်လာ  ၅၁၇၉.၇၃၃ သန်းနဲ့ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၄၆၄၆ . ၂၁၄ သန်းရှိခဲ့ကာ ကုန်သွယ်မှုတန်ဖိုးကွာခြားချက်က ကန်ဒေါ်လာသန်း ၅၀၀ ကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉လအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံအသီးသီးနဲ့ ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံနဲ့ကုန်သွယ်မှု အများဆုံးပြုလုပ်ထားတာ တွေ့ရပါတယ်။

၀၀၂

ရန်ကုန်၊ ဧပြီ ၁