ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ လုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ကြိုးပမ်း

ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ လုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ကြိုးပမ်း

ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ပြဿနာ ပြေလည်စေရေးအတွက် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၂၄ ရက်တွင် တောင်းဆိုလိုက်ပြီး လာမည့် သီတင်းပတ် တွင် သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ခွဲထွက်ရေးအစီအစဉ်အား ဆောင်ရွက်နိုင်တော့မည် မဟုတ်ဟု ပထမဆုံးအကြိမ်အဖြစ် ဝန်ခံလိုက်ပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘီသို့ ပေးပို့သည့် စာတစ်စောင်တွင် ဥရောပမှ ခွဲထွက်ရေး အတွက် သဘောတူညီရန် ပါလီမန်ကို အချိန်ပိုပေးမည်ဖြစ်သော်လည်း လွှတ်တော်အမတ်များက ဒီဇင်ဘာ ရွေး ကောက်ပွဲကို ထောက်ခံပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းအစီအစဉ်ဟာ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးအတွက် ဂျွန်ဆင်၏ တတိယမြောက် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

မည်သည့် နည်းလမ်းကို ဆက်လက်လုပ်ဆောင်မည်ဟု အောက်တိုဘာ ၂၈ ၌ မိမိတို့က မဲခွဲမဆုံးဖြတ်မီ အီးယူက ခွဲထွက်ရေးအတွက် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း ကော်ဘီက ပြောကြားပါတယ်။ အီးယူမှသဘောတူညီချက်မယူဘဲ ခွဲထွက်ရသဖြင့် ဂျွန်ဆင် အနေဖြင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရသည့် အခါမှသာ ရွေးကောက်ပွဲကို ထောက်ခံနိုင်မည်ဖြစ်ကြောင်း ကော်ဘီက ထပ်မံ ပြောကြားပါတယ်။
အခြားအတိုက်အခံပါတီများက ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ကို ကန့်ကွက်ထားကြပြီး ဂျွန်ဆင်အနေဖြင့် ၎င်း၏ အစီအစဉ်များကို ထပ်ကာ တလဲလဲ ဟန့်တားနေသည့် ပါလီမန်အား အစားထိုးလဲလှယ်ရေး ကြိုးပမ်းမှုသည်လည်း အောင်မြင်နိုင်မည့် အလားအလာ နည်းပါးလျက် ရှိပါတယ်။

ဗြိတိန်အနေဖြင့် အီးယူမှ ခွဲထွက်ရမည့် ရက်သတ္တပတ် တစ်ပတ်ခန့်အလိုတွင် အစဉ်အား ဆိုင်းငံထားပေးရန် ဥရောပသမဂ္ဂက စဉ်းစားထားဖွယ် ရှိပါတယ်။ ဂျွန်ဆင်က ယင်းကဲ့သို့ သက်တမ်းမတိုးလိုသော်လည်း ပါလီမန်က ယင်းကဲ့သို့ လုပ်ဆောင်ရန် ဖိအားပေးလျှက်ရှိပါတယ်။
ခွဲထွက်ရေးပြဿနာ အဆင်ပြေစေရန် ရွေးကောက်ပွဲ ကျင်းပခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည် ဟု ဂျွန်ဆင်၏ အစိုးရအဖွဲ့က သုံးသပ်ထားပါတယ်။ ဂျွန်ဆင်၏ ညှိနှိုင်းချက်ကို  ပါလီမန်က ပထမအဆင့်၌ သဘောတူခဲ့သော်လည်း ခွဲထွက်ရေးကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား လုပ်ဆောင်ရန် သတ်မှတ် ချက်အား မိနစ်အနည်းငယ်အကြာတွင် ကန့်ကွက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ရရန် အမတ် ၆၅၀ အနက်မှ ၃ ပုံ ၂ ပုံ၏ ထောက်ခံချက် လိုသော်လည်း ဂျွန်ဆင် အနေဖြင့် ကြိုးပမ်းခဲ့သည့် နှစ်ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။ “ပါလီမန်အနေနဲ့ ဆုံးဖြတ်ချက်တွေချဖို့ ငြင်းဆိုခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ပါလီမန် အသစ်နဲ့ အစားထိုးလဲလှယ်ခွင့်ရှိပါတယ်” ဟု ကော်ဘီသို့ ရေးသားသည့်စာတွင် ဂျွန်ဆင်က ဖော်ပြထားပါတယ်။

Linko
Ref: ejinsight.com
လန်ဒန်၊အောက်တိုဘာ ၂၅

(  Zawgyi  )

 ဥေရာပသမဂၢမွ ခြဲထြက္ေရး ျပႆနာ ေျပလည္ေစေရးအတြက္ အေထြေထြ ေ႐ြးေကာက္ပြဲ တစ္ရပ္ကို က်င္းပရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ေအာက္တိုဘာ ၂၄ ရက္တြင္ ေတာင္းဆိုလိုက္ၿပီး လာမည့္ သီတင္းပတ္ တြင္ သေဘာတူညီခ်က္ ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ခြဲထြက္ေရးအစီအစဥ္အား ေဆာင္႐ြက္ႏိုင္ေတာ့မည္ မဟုတ္ဟု ပထမဆုံးအႀကိမ္အျဖစ္ ဝန္ခံလိုက္ပါတယ္။

အတိုက္အခံ ေလဘာပါတီေခါင္းေဆာင္ ဂ်ရမီေကာ္ဘီသို႔ ေပးပို႔သည့္ စာတစ္ေစာင္တြင္ ဥေရာပမွ ခြဲထြက္ေရး အတြက္ သေဘာတူညီရန္ ပါလီမန္ကို အခ်ိန္ပိုေပးမည္ျဖစ္ေသာ္လည္း လႊတ္ေတာ္အမတ္မ်ားက ဒီဇင္ဘာ ေ႐ြး ေကာက္ပြဲကို ေထာက္ခံေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ယင္းအစီအစဥ္ဟာ ေ႐ြးေကာက္ပြဲ တစ္ရပ္ က်င္းပႏိုင္ေရးအတြက္ ဂြၽန္ဆင္၏ တတိယေျမာက္ ႀကိဳးပမ္းမႈလည္း ျဖစ္ပါတယ္။

မည္သည့္ နည္းလမ္းကို ဆက္လက္လုပ္ေဆာင္မည္ဟု ေအာက္တိုဘာ ၂၈ ၌ မိမိတို႔က မဲခြဲမဆုံးျဖတ္မီ အီးယူက ခြဲထြက္ေရးအတြက္ မည္ကဲ့သို႔ ဆုံးျဖတ္မည္ကို ေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း ေကာ္ဘီက ေျပာၾကားပါတယ္။ အီးယူမွသေဘာတူညီခ်က္မယူဘဲ ခြဲထြက္ရသျဖင့္ ဂြၽန္ဆင္ အေနျဖင့္ စိန္ေခၚမႈမ်ားျဖင့္ ရင္ဆိုင္ရသည့္ အခါမွသာ ေ႐ြးေကာက္ပြဲကို ေထာက္ခံႏိုင္မည္ျဖစ္ေၾကာင္း ေကာ္ဘီက ထပ္မံ ေျပာၾကားပါတယ္။
အျခားအတိုက္အခံပါတီမ်ားက ေ႐ြးေကာက္ပြဲ က်င္းပရန္ အစီအစဥ္ကို ကန႔္ကြက္ထားၾကၿပီး ဂြၽန္ဆင္အေနျဖင့္ ၎၏ အစီအစဥ္မ်ားကို ထပ္ကာ တလဲလဲ ဟန႔္တားေနသည့္ ပါလီမန္အား အစားထိုးလဲလွယ္ေရး ႀကိဳးပမ္းမႈသည္လည္း ေအာင္ျမင္ႏိုင္မည့္ အလားအလာ နည္းပါးလ်က္ ရွိပါတယ္။

ၿဗိတိန္အေနျဖင့္ အီးယူမွ ခြဲထြက္ရမည့္ ရက္သတၱပတ္ တစ္ပတ္ခန႔္အလိုတြင္ အစဥ္အား ဆိုင္းငံထားေပးရန္ ဥေရာပသမဂၢက စဥ္းစားထားဖြယ္ ရွိပါတယ္။ ဂြၽန္ဆင္က ယင္းကဲ့သို႔ သက္တမ္းမတိုးလိုေသာ္လည္း ပါလီမန္က ယင္းကဲ့သို႔ လုပ္ေဆာင္ရန္ ဖိအားေပးလွ်က္ရွိပါတယ္။
ခြဲထြက္ေရးျပႆနာ အဆင္ေျပေစရန္ ေ႐ြးေကာက္ပြဲ က်င္းပျခင္းသည္သာ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သည္ ဟု ဂြၽန္ဆင္၏ အစိုးရအဖြဲ႕က သုံးသပ္ထားပါတယ္။ ဂြၽန္ဆင္၏ ညႇိႏႈိင္းခ်က္ကို  ပါလီမန္က ပထမအဆင့္၌ သေဘာတူခဲ့ေသာ္လည္း ခြဲထြက္ေရးကို ေအာက္တိုဘာ ၃၁ ရက္ ေနာက္ဆုံးထား လုပ္ေဆာင္ရန္ သတ္မွတ္ ခ်က္အား မိနစ္အနည္းငယ္အၾကာတြင္ ကန႔္ကြက္ခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပခြင့္ရရန္ အမတ္ ၆၅၀ အနက္မွ ၃ ပုံ ၂ ပုံ၏ ေထာက္ခံခ်က္ လိုေသာ္လည္း ဂြၽန္ဆင္ အေနျဖင့္ ႀကိဳးပမ္းခဲ့သည့္ ႏွစ္ႀကိမ္စလုံးမွာ ရႈံးနိမ့္ခဲ့ပါတယ္။ “ပါလီမန္အေနနဲ႔ ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ ျငင္းဆိုခဲ့ပါတယ္။ ျပည္သူေတြအေနနဲ႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့ ပါလီမန္ အသစ္နဲ႔ အစားထိုးလဲလွယ္ခြင့္ရွိပါတယ္” ဟု ေကာ္ဘီသို႔ ေရးသားသည့္စာတြင္ ဂြၽန္ဆင္က ေဖာ္ျပထားပါတယ္။

Linko
Ref: ejinsight.com
လန္ဒန္၊ေအာက္တိုဘာ ၂၅