ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ၉၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ၉၄ ဦးသေဆုံး

ရေကြီးရေလွှမ်းမိုးမှုကြောင့် ပြီးခဲ့တဲ့ ၁၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း အနည်းဆုံး လူ ၁၀၀ ခန့် သေဆုံးကာ တစ်သောင်းကျော် ရေဘေးဒဏ်ကို ခံနေရတယ်လို့ အမျိုးသားကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ဆိုပါတယ်။

သေဆုံးသူ ၉၄ ဦးထဲက ခုနှစ်ဆယ်ခန့်မှာ ရေနစ်ခြင်း၊ မြွေကိုက်ခြင်း၊ မိုးကြိုးပစ်ခံရခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်တဲ့ အခြားအကြောင်းအရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဝန်ဘကီးဌာနက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ရေကြီးမှုနဲ့ ပတ်သက်ပြီး ရေကြီးရေလွှမ်းမှုဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းနဲ့ သတိပေးစင်တာ အဆိုအရ တစ်နိုင်ငံလုံး ဆက်လက်ရေကြီးနေဦးမယ်လို့ ဆိုပါတယ်။မိုးရေချိန်ကြောင့် နိုင်ငံမြောက်ပိုင်း အချို့ဒေသတွေမှာ ရေကြီးမှုက မပြောင်းမလဲ ဆက်လက်ရှိနေဦးမှာဖြစ်ပေမယ့် နိုင်ငံရဲ့ အဓိကမြစ်တွေဖြစ်တဲ့ ဂျမူးနာနဲ့ ဗြမပုတ္တမမြစ်တွေမှာ ရေကျဆင်းဖွယ် ရှိနေပါတယ်။

အခြေအနေတွေ တိုးတက်လာရင် လာမယ့်သြဂုတ်လမှာ ရေကြီးမှု ထပ်မံကြုံတွေ့ရမှာ မဟုတ်ဘူးလို့ အဆိုပါစင်တာက ဆိုပါတယ်။တခြားတစ်ဖက်မှာတော့ ဒေသတွင်းမီဒီယာတွေက ရေမြင့်တက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ့် မြောက်ပိုင်းမှာ ရေကြီးမှုက ပိုဆိုးရွားလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

အစိုးရ မိုးလေဝသဌာနကတော့ လာမည့် ၄၈ နာရီအတွင်း ကုန်းမြင့်ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ကြေငြာထားပါတယ်။

ရေကြီးရေလွှမ်းမှုတွေကြောင့် အိမ်ခြေ ၆၆၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၄ သန်း အစားအစာ မလုံလောက်မှုနဲ့ ရောဂါဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ICRC က အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဧရိယာ ၄၂ ရာခိုင်နူန်းထိ ရေကြီးရေလွှမ်းမှုဖြစ်ခဲ့ကာ လူသန်းပေါင်းများစွာ ထိခိုက်ခံစားခဲ့ရပါတယ်။

Linko
Ref : aa.com
ဒါကာ၊ ဇူလိုင် - ၂၄

( Zawgyi )

ေရႀကီးေရလႊမ္းမိုးမႈေၾကာင့္ ၿပီးခဲ့တဲ့ ၁၃ ရက္အတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝန္း အနည္းဆုံး လူ ၁၀၀ ခန႔္ ေသဆုံးကာ တစ္ေသာင္းေက်ာ္ ေရေဘးဒဏ္ကို ခံေနရတယ္လို႔ အမ်ိဳးသားက်န္းမာေရးဝန္ႀကီးဌာနက အဂၤါေန႔က ဆိုပါတယ္။

ေသဆုံးသူ ၉၄ ဦးထဲက ခုႏွစ္ဆယ္ခန႔္မွာ ေရနစ္ျခင္း၊ ေႁမြကိုက္ျခင္း၊ မိုးႀကိဳးပစ္ခံရျခင္းနဲ႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါကူးစက္တဲ့ အျခားအေၾကာင္းအရာေတြနဲ႔ ေသဆုံးခဲ့တယ္လို႔ ဝန္ဘကီးဌာနက ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

ေရႀကီးမႈနဲ႔ ပတ္သက္ၿပီး ေရႀကီးေရလႊမ္းမႈဆိုင္ရာ ႀကိဳတင္ခန႔္မွန္းျခင္းနဲ႔ သတိေပးစင္တာ အဆိုအရ တစ္ႏိုင္ငံလုံး ဆက္လက္ေရႀကီးေနဦးမယ္လို႔ ဆိုပါတယ္။မိုးေရခ်ိန္ေၾကာင့္ ႏိုင္ငံေျမာက္ပိုင္း အခ်ိဳ႕ေဒသေတြမွာ ေရႀကီးမႈက မေျပာင္းမလဲ ဆက္လက္ရွိေနဦးမွာျဖစ္ေပမယ့္ ႏိုင္ငံရဲ႕ အဓိကျမစ္ေတြျဖစ္တဲ့ ဂ်မူးနာနဲ႔ ျဗမပုတၱမျမစ္ေတြမွာ ေရက်ဆင္းဖြယ္ ရွိေနပါတယ္။

အေျခအေနေတြ တိုးတက္လာရင္ လာမယ့္ၾသဂုတ္လမွာ ေရႀကီးမႈ ထပ္မံႀကဳံေတြ႕ရမွာ မဟုတ္ဘူးလို႔ အဆိုပါစင္တာက ဆိုပါတယ္။တျခားတစ္ဖက္မွာေတာ့ ေဒသတြင္းမီဒီယာေတြက ေရျမင့္တက္လာမႈေၾကာင့္ ဘဂၤလားေဒ့ရွ႕္ ေျမာက္ပိုင္းမွာ ေရႀကီးမႈက ပိုဆိုး႐ြားလာတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အစိုးရ မိုးေလဝသဌာနကေတာ့ လာမည့္ ၄၈ နာရီအတြင္း ကုန္းျမင့္ေဒသေတြမွာ မိုးသည္းထန္စြာ ႐ြာသြန္းမယ္လို႔ ေၾကျငာထားပါတယ္။

ေရႀကီးေရလႊမ္းမႈေတြေၾကာင့္ အိမ္ေျခ ၆၆၀၀၀ ေက်ာ္ ပ်က္စီးခဲ့ၿပီး လူ ၄ သန္း အစားအစာ မလုံေလာက္မႈနဲ႔ ေရာဂါေဘးအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ICRC က အေစာပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ဧရိယာ ၄၂ ရာခိုင္ႏူန္းထိ ေရႀကီးေရလႊမ္းမႈျဖစ္ခဲ့ကာ လူသန္းေပါင္းမ်ားစြာ ထိခိုက္ခံစားခဲ့ရပါတယ္။

Linko
Ref : aa.com
ဒါကာ၊ ဇူလိုင္ - ၂၄