သူတစ်ပါး လေကြောင်းပိုက်နက်ကို မည်သည့်အခါမျှ ကျူးကျော်ခြင်းမရှိခဲ့ဟု တရုတ်ကာကွယ်ရေးဝန်ကြီးပြော

သူတစ်ပါး လေကြောင်းပိုက်နက်ကို မည်သည့်အခါမျှ ကျူးကျော်ခြင်းမရှိခဲ့ဟု တရုတ်ကာကွယ်ရေးဝန်ကြီးပြော

ဂျပန်ပင်လယ်ပြင်တွင် ပူးပေါင်းကင်းလှည့်နေစဉ်အတွင်း ရုရှားနှင့် တရုတ် စစ်ဘက်လေယာဉ်များသည် အခြားနိုင်ငံများ၏ လေကြောင်းပိုင်နက်ကို ကျူးကျော်ခဲ့ခြင်းမရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဝူကျန်း က ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

ရုရှားနှင့် တရုတ်တို့ဟာ ဇူလိုင် ၂၃ ရက်က အာရှ-ပစိဖိတ် ဒေသမှာ တာဝေးပစ် လေယာဉ်များနဲ့ ပူးတွဲကင်းလှည့်ခြင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ပင်လယ်ပြင်မှာရှိတဲ့ မိမိတို့ ရေပိုင်နက်ကို ရုရှားက ကျုးကျော်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။တရုတ်ကာကွယ်ရေးဝန်ကြီးက ကင်းလှည့်ခြင်းသည် နှစ်နိုင်ငံ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲလေ့ကျင့်မှုများဖြစ်ပြီး အခြားနိုင်ငံများကို ဦးတည်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ရုရှား A-50 ထိန်းချုပ်စနစ် လေယာဉ်သည် ဂျပန်ပင်လယ်ပြင်ရှိ တောင်ကိုရီးယား ရေပိုင်နက်အတွင်းကို နှစ်ကြိမ်ကျူးကျော်ခဲ့ကြောင်းနှင့် တောင်ကိုရီးယား အက်ဖ်-၁၆ တိုက်လေယာဉ်များက သတိပေးပစ်ခတ်ခဲ့ကြောင်း ပြောကြားပါတယ်။

တောင်ကိုရီးယား၏ လေကြောင်းပိုက်နက် သတ်မှတ်ထားသည့် နယ်မြေအတွင်းသို့ ရုရှားလုပ် Tu-85MS မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့် တရုတ်လေယာဉ် နှစ်စင်းတို့ ဝင်ရောက်ခဲ့ပြီး နာရီများစွာအကြာမှာ A-50 လေယာဉ် ထပ်မံဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း မီဒီယာသတင်းများမှာ ဖော်ပြထားပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တောင်ကိုရီးယား လေယာဉ်မှူးများက ရုရှားလေယာဉ်များ ဂျပန်ပင်လယ်အတွင်း ဘုံပိုင်ဆိုင်သည့် နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းအား တားဆီးမှုမလုပ်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ပြောကြားခဲ့သလို ယင်းနေရာများသည် နိုင်ငံတကာ စည်းမျည်းများအရ တောင်ကိုရီးယားက ပိုင်ဆိုင်ကြောင်း ရုရှားက သတ်မှတ်မထားပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချန်းယင် က တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ထားသည့် နယ်မြေသည် အဆိုပါနိုင်ငံ၏ ပိုင်နက်မဟုတ်ကြောင်းနှင့် နိုင်ငံတိုင်းက ပျံသန်းခွင့်ရှိကြောင်း ပြောကြားပါတယ်။

Linko
Ref : Sputnik
ဘေကျင်း၊ ဇူလိုင် - ၂၄

( Zawgyi )

ဂ်ပန္ပင္လယ္ျပင္တြင္ ပူးေပါင္းကင္းလွည့္ေနစဥ္အတြင္း ႐ုရွားႏွင့္ တ႐ုတ္ စစ္ဘက္ေလယာဥ္မ်ားသည္ အျခားႏိုင္ငံမ်ား၏ ေလေၾကာင္းပိုင္နက္ကို က်ဴးေက်ာ္ခဲ့ျခင္းမရွိေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဝူက်န္း က ဇူလိုင္ ၂၄ ရက္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားလိုက္ပါတယ္။

႐ုရွားႏွင့္ တ႐ုတ္တို႔ဟာ ဇူလိုင္ ၂၃ ရက္က အာရွ-ပစိဖိတ္ ေဒသမွာ တာေဝးပစ္ ေလယာဥ္မ်ားနဲ႔ ပူးတြဲကင္းလွည့္ျခင္း လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္ပင္လယ္ျပင္မွာရွိတဲ့ မိမိတို႔ ေရပိုင္နက္ကို ႐ုရွားက က်ဳးေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ေတာင္ကိုရီးယားက စြပ္စြဲခဲ့ပါတယ္။တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ကင္းလွည့္ျခင္းသည္ ႏွစ္ႏိုင္ငံ ႏွစ္စဥ္ျပဳလုပ္ေနက် ပူးတြဲေလ့က်င့္မႈမ်ားျဖစ္ၿပီး အျခားႏိုင္ငံမ်ားကို ဦးတည္မႈမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္က ႐ုရွား A-50 ထိန္းခ်ဳပ္စနစ္ ေလယာဥ္သည္ ဂ်ပန္ပင္လယ္ျပင္ရွိ ေတာင္ကိုရီးယား ေရပိုင္နက္အတြင္းကို ႏွစ္ႀကိမ္က်ဴးေက်ာ္ခဲ့ေၾကာင္းႏွင့္ ေတာင္ကိုရီးယား အက္ဖ္-၁၆ တိုက္ေလယာဥ္မ်ားက သတိေပးပစ္ခတ္ခဲ့ေၾကာင္း ေျပာၾကားပါတယ္။

ေတာင္ကိုရီးယား၏ ေလေၾကာင္းပိုက္နက္ သတ္မွတ္ထားသည့္ နယ္ေျမအတြင္းသို႔ ႐ုရွားလုပ္ Tu-85MS မဟာဗ်ဴဟာ ဗုံးႀကဲေလယာဥ္မ်ားႏွင့္ တ႐ုတ္ေလယာဥ္ ႏွစ္စင္းတို႔ ဝင္ေရာက္ခဲ့ၿပီး နာရီမ်ားစြာအၾကာမွာ A-50 ေလယာဥ္ ထပ္မံဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း မီဒီယာသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေတာင္ကိုရီးယား ေလယာဥ္မႉးမ်ားက ႐ုရွားေလယာဥ္မ်ား ဂ်ပန္ပင္လယ္အတြင္း ဘုံပိုင္ဆိုင္သည့္ နယ္ေျမအတြင္းသို႔ ဝင္ေရာက္ျခင္းအား တားဆီးမႈမလုပ္ႏိုင္ျခင္းမွာ ပထမဆုံးအႀကိမ္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သလို ယင္းေနရာမ်ားသည္ ႏိုင္ငံတကာ စည္းမ်ည္းမ်ားအရ ေတာင္ကိုရီးယားက ပိုင္ဆိုင္ေၾကာင္း ႐ုရွားက သတ္မွတ္မထားပါဘူး။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အမ်ိဳးသမီး ဟြာခ်န္းယင္ က ေတာင္ကိုရီးယား၏ ေလေၾကာင္းကာကြယ္ေရး သတ္မွတ္ထားသည့္ နယ္ေျမသည္ အဆိုပါႏိုင္ငံ၏ ပိုင္နက္မဟုတ္ေၾကာင္းႏွင့္ ႏိုင္ငံတိုင္းက ပ်ံသန္းခြင့္ရွိေၾကာင္း ေျပာၾကားပါတယ္။

Linko
Ref : Sputnik
ေဘက်င္း၊ ဇူလိုင္ - ၂၄