အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တိုက်ရိုက် ဆွေးနွေးရန် အမေရိကန်တိုက်တွန်း

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တိုက်ရိုက် ဆွေးနွေးရန် အမေရိကန်တိုက်တွန်း

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ရှင်မလာသဘောတူစာချုပ်အတိုင်း ဆွေးနွေးမှုကို   တိုက်ရိုက်ပြုလုပ်ကြရန် အမေရိကန်အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။“၁၉၇၂ ခုနှစ် ရှင်မလာ သဘောတူစာချုပ်အတိုင်း အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ရိုက်ဆွေးနွေးခြင်းဖြင့် တင်းမာမှုများကို အကောင်းဆုံး လျှော့ချသွားနိုင်ပါတယ်” ဟု တောင်နှင့် ဗဟိုအာရှရေးရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲလစ်ဂျီဝဲလ်စ်က နိုင်ငံခြားရေးရာ အောက်လွှတ်တော် ကော်မတီ၏ အာရှ၊ ပစိဖိတ်နှင့် လက်နက်မပျံ့ပွားရေးဆိုင်ရာ ကော်မတီခွဲသို့ ပြောကြားပါတယ်။

၂၀၀၆-၂၀၀၇ ခုနှစ်အတွင်းက အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား သီးခြား ဆွေးနွေးမှုတွင် ကက်ရှ်မီးယားပြဿနာအပါအဝင် အကြောင်းအရာ အတော်များများ၌ ထင်ရှားသည့် တိုးတက် အောင်မြင်မှုများ ရခဲ့ကြောင်း သူမက ပြောပါတယ်။“ဖြစ်နိုင်တယ်ဆိုတာကို သမိုင်းမှာ တွေ့နိုင်ပါ တယ်” ဟု ကွန်ဂရက်သို့ တင်ပြခဲ့သည့် ကြေညာချက်တစ်စောင် တွင် ဝဲလ်စ်က ဖော်ပြထားပါတယ်။

“နှစ်ဖက်ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အပြန်အလှန်ယုံကြည်မှုလိုအပ်ပါမယ်။ အဓိက အတားအဆီးက ပါကစ္စတန်အနေနဲ့ အစွန်းရောက် အုပ်စုတွေနဲ့ နယ်စပ်မှာ ပတ်သက်နေခြင်းပဲ ဖြစ်ပါတယ်” ဟု သူမက ပြောပါ တယ်။ကက်ရှ်မီးယားတွင် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် ပါကစ္စတန်မှ အကြမ်းဖက်သမားများ သည် နှစ်ဖက်စလုံး၏ ရန်သူများဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်အီမရန်ခမ်းက ပြတ်သားစွာ ကြေညာလိုက်ခြင်း အပေါ် အမေရိကန်က ကြိုဆိုကြောင်း ဝဲလ်စ်က ပြောပါတယ်။

“ပါကစ္စတန်က လက်ခံထားတဲ့ Lashkar-e- Taibaနဲ့  Jaish-e-Muhammed အကြမ်းဖက် အုပ်စုတွေဟာ နယ်စပ်မှာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ပြီး မတည်ငြိမ်မှုကို ဖြစ်စေပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပါကစ္စတန်အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်” ဟု သူမက သတိပေးပြောကြားပါတယ်။“ပါကစ္စတန်က သူတို့နယ်မြေထဲက  စစ်သွေးကြွတွေ အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့ အပေါ်မှာမူတည်ပြီး ဆွေးနွေးမှု အောင်မြင်နိုင်ပါလိမ့်မယ်” ဟု ဝဲလ်စ်က ပြောပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များနှင့် အကြိမ်များစွာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပြဿနာကို ဆွေးနွေးကြရန် တိုက်တွန်းခဲ့ကြောင်း ဝဲလ်စ်က ပြောပါတယ်။ ကက်ရှ်မီးယားဒေတွင် လုံခြုံရေးအခြေအနေ တင်းမာမှုနှင့် ပတ်သက်၍ လူငယ်များနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်းနှင့် အိန္ဒိယ တပ်ဖွဲ့များက အကြမ်းဖက် သမားဟု သံသယရှိသူများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ဝဲလ်စ်က ပြောပါတယ်။

Linko
Ref: indiatoday.in
နယူးဒေလီ၊အောက်တိုဘာ ၂၂

(  Zawgyi  )

 အိႏၵိယႏွင့္ ပါကစၥတန္တို႔အၾကား ရွင္မလာသေဘာတူစာခ်ဳပ္အတိုင္း ေဆြးေႏြးမႈကို   တိုက္႐ိုက္ျပဳလုပ္ၾကရန္ အေမရိကန္အစိုးရ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားလိုက္ပါတယ္။“၁၉၇၂ ခုႏွစ္ ရွင္မလာ သေဘာတူစာခ်ဳပ္အတိုင္း အိႏၵိယႏွင့္ ပါကစၥတန္တို႔ တိုက္႐ိုက္ေဆြးေႏြးျခင္းျဖင့္ တင္းမာမႈမ်ားကို အေကာင္းဆုံး ေလွ်ာ့ခ်သြားႏိုင္ပါတယ္” ဟု ေတာင္ႏွင့္ ဗဟိုအာရွေရးရာ ယာယီ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး အဲလစ္ဂ်ီဝဲလ္စ္က ႏိုင္ငံျခားေရးရာ ေအာက္လႊတ္ေတာ္ ေကာ္မတီ၏ အာရွ၊ ပစိဖိတ္ႏွင့္ လက္နက္မပ်ံ႕ပြားေရးဆိုင္ရာ ေကာ္မတီခြဲသို႔ ေျပာၾကားပါတယ္။

၂၀၀၆-၂၀၀၇ ခုႏွစ္အတြင္းက အိႏၵိယႏွင့္ ပါကစၥတန္တို႔အၾကား သီးျခား ေဆြးေႏြးမႈတြင္ ကက္ရွ္မီးယားျပႆနာအပါအဝင္ အေၾကာင္းအရာ အေတာ္မ်ားမ်ား၌ ထင္ရွားသည့္ တိုးတက္ ေအာင္ျမင္မႈမ်ား ရခဲ့ေၾကာင္း သူမက ေျပာပါတယ္။“ျဖစ္ႏိုင္တယ္ဆိုတာကို သမိုင္းမွာ ေတြ႕ႏိုင္ပါ တယ္” ဟု ကြန္ဂရက္သို႔ တင္ျပခဲ့သည့္ ေၾကညာခ်က္တစ္ေစာင္ တြင္ ဝဲလ္စ္က ေဖာ္ျပထားပါတယ္။

“ႏွစ္ဖက္ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ အျပန္အလွန္ယုံၾကည္မႈလိုအပ္ပါမယ္။ အဓိက အတားအဆီးက ပါကစၥတန္အေနနဲ႔ အစြန္းေရာက္ အုပ္စုေတြနဲ႔ နယ္စပ္မွာ ပတ္သက္ေနျခင္းပဲ ျဖစ္ပါတယ္” ဟု သူမက ေျပာပါ တယ္။ကက္ရွ္မီးယားတြင္ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္ေနသည့္ ပါကစၥတန္မွ အၾကမ္းဖက္သမားမ်ား သည္ ႏွစ္ဖက္စလုံး၏ ရန္သူမ်ားျဖစ္ေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္အီမရန္ခမ္းက ျပတ္သားစြာ ေၾကညာလိုက္ျခင္း အေပၚ အေမရိကန္က ႀကိဳဆိုေၾကာင္း ဝဲလ္စ္က ေျပာပါတယ္။

“ပါကစၥတန္က လက္ခံထားတဲ့ Lashkar-e- Taibaနဲ႔  Jaish-e-Muhammed အၾကမ္းဖက္ အုပ္စုေတြဟာ နယ္စပ္မွာ တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ၿပီး မတည္ၿငိမ္မႈကို ျဖစ္ေစပါတယ္။ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ပါကစၥတန္အာဏာပိုင္ေတြမွာ တာဝန္ရွိပါတယ္” ဟု သူမက သတိေပးေျပာၾကားပါတယ္။“ပါကစၥတန္က သူတို႔နယ္ေျမထဲက  စစ္ေသြးႂကြေတြ အၾကမ္းဖက္အုပ္စုေတြနဲ႔ ပတ္သက္လို႔ ကိုင္တြယ္ ေျဖရွင္းတဲ့ အေပၚမွာမူတည္ၿပီး ေဆြးေႏြးမႈ ေအာင္ျမင္ႏိုင္ပါလိမ့္မယ္” ဟု ဝဲလ္စ္က ေျပာပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္၊ ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ အိႏၵိယ၊ ပါကစၥတန္ ေခါင္းေဆာင္မ်ားႏွင့္ အႀကိမ္မ်ားစြာ ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံ ျပႆနာကို ေဆြးေႏြးၾကရန္ တိုက္တြန္းခဲ့ေၾကာင္း ဝဲလ္စ္က ေျပာပါတယ္။ ကက္ရွ္မီးယားေဒတြင္ လုံၿခဳံေရးအေျခအေန တင္းမာမႈႏွင့္ ပတ္သက္၍ လူငယ္မ်ားႏွင့္ လုံၿခဳံေရး တပ္ဖြဲ႕မ်ားအၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ား ပုံမွန္ျဖစ္ပြားေနေၾကာင္းႏွင့္ အိႏၵိယ တပ္ဖြဲ႕မ်ားက အၾကမ္းဖက္ သမားဟု သံသယရွိသူမ်ားကို ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက တိုက္ခိုက္သတ္ျဖတ္ခဲ့ေၾကာင္း ဝဲလ္စ္က ေျပာပါတယ္။

Linko
Ref: indiatoday.in
နယူးေဒလီ၊ေအာက္တိုဘာ ၂၂