Apple ရုပ်သံမှာ ပြသမယ့် The Morning Show ရုပ်သံဇာတ်လမ်းတွဲ နမူနာထုတ်လွှင့်ပြသ

Apple ရုပ်သံမှာ ပြသမယ့် The Morning Show ရုပ်သံဇာတ်လမ်းတွဲ နမူနာထုတ်လွှင့်ပြသ

Apple ရုပ်သံမှာမကြာခင်ပြသမယ့် ရုပ်သံဇာတ်လမ်းတွဲ The Morning Show ကို နမူနာအဖြစ် အကြိုထုတ်လွှင့်ပြ သလိုက်ပြီဖြစ်ပါတယ်။ The Morning Show ဇာတ်လမ်းမှာ သတင်းသမားတွေ၊ ဖန်သားပြင်ပေါ်က သတင်းကြေညာသူတွေနဲ့ သတင်းစတူဒီယိုတစ်ခုမှာ ဖြစ်ပျက်နေတဲ့ နေ့စဉ်ဘဝကို ရိုက်ကူးပုံဖော်ထားပါတယ်။

အကယ်ဒမီဆုများရှင်အမေရိကန်ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ဇာတ်ညွှန်းဆရာဖြစ်တဲ့ Andy Sorkinက ရိုက်ကူး ထားပြီး၊ Jennifer Aniston၊ Steve Carell နဲ့ Reese Witherspoonတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။The Morning Show ဒရမ်မာစီးရီးကို လာမယ့်ဆောင်းဦးမှာ Apple TV Plusရုပ်သံကနေ တစ်ဦးတည်း မူပိုင်ပြသ မှာဖြစ်ပါတယ်။ အစမ်းရုပ်ရှင်ထဲမှာတော့ ဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်တစ်ဦးချင်းစီနဲ့ မိတ်ဆက်ပြသထားသလို၊ သူတို့ဇာတ်ရုပ်ကိုပေါ်လွင်စေမယ့် စကားပြောတချို့လည်း ပါဝင်တာ တွေ့ရပါတယ်။

အမေရိကန်ရဲ့မနက်ခင်းလူမှုဘဝပုံရိပ်၊ Morning Show နံနက်ခင်းရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့ရတဲ့ တစ်ဦးချင်းစီရဲ့စိန်ခေါ်မှုနဲ့ ပြဿနာဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ အထူးသဖြင့် ယနေ့ ကျွန်တော်တို့မှီတင်းနေထိုင်တဲ့ကမ္ဘာကြီးမှာ စာနယ်ဇင်းသတင်းအတတ်ပညာဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို အသားပေး ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ရုပ်သံဝန်ထမ်းတွေရဲ့ ကင်မရာနောက်ကွယ်အဖြစ်အပျက်တွေအပြင်၊ လုပ်ငန်းခွင်ဝန်ထမ်းချင်း ကျား၊မ ဆက်ဆံရေး ရိုးသားတဲ့အမြင်နဲ့ သဘောထားလုပ်ကိုင်ကြဖို့ကိုလည်း ပြသထားပါတယ်။

စက်တင်ဘာလထဲကျင်းပမယ့် Apple ကုမ္ပဏီရဲ့နှစ်ပတ်လည်အခမ်းအနားမှာ The Morning Showဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
 ရည်မွန်
Ref: gaytimes.co.uk
နယူးယောက် ၊ သြဂုတ် ၁၃

(  Zawgyi  )




 
 ရည်မွန်
Ref: gaytimes.co.uk
နယူးယောက် ၊ သြဂုတ် ၁၃