ကဏန်းအခွံမှ အစားထိုးပလတ်စတစ် ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ စမ်းသပ်ထုတ်လုပ်ထား

ကဏန်းအခွံမှ အစားထိုးပလတ်စတစ် ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ စမ်းသပ်ထုတ်လုပ်ထား

ကဏန်းအခွံကနေ Chitosan Biodegradable လို့ ခေါ်တဲ့ အစားထိုးပလတ်စတစ်ကို ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနက စမ်းသပ်ထုတ်လုပ်ထားကြောင်း ယင်းဌာနမှ သိရပါတယ်။

“ဒီဟာကို ဆရာမတို့က ဌာနမှာတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပူးပေါင်းလေ့လာ သုတေသနတွေ လုပ်ပြီးတော့ လုပ်ဆောင်ထားတဲ့ဟာပါ၊ ဒီထုတ်လုပ်ထားတဲ့ ပလတ်စတစ်ဟာ အလွယ်တကူ ဆွေးမြေ့နိုင်စေပါတယ်၊ သူ့ကို ပလတ်စတစ် အစားထိုးအဖြစ် အသုံးပြုရင် ပတ်ဝန်းကျင်အတွက် ထိခိုက်မှုကို လျော့နည်းနိုင်စေမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ဒေါက်တာလှိုင်လှိုင်မြင့် က ပြောပါတယ်။

အဆိုပါ အစားထိုးပလတ်စတစ်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်ကာ ပြင်ပမှလုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်နိုင်သလို လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“သူက ကယ်လ်ဆီယမ်ဓာတ် ပါတဲ့ ဘယ်ကဏန်းခွံကနေမဆို ထုတ်လုပ်နိုင်ပါတယ်၊ ဒါကို ဒီ ၂၀၁၈ ထဲမှာ စမ်းသပ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အစားထိုးပလတ်စတစ်နဲ့ ပတ်သက်ပြီး ငါးကြေးခွံ၊ ပုစွန်အခွံ တို့ကနေလည်း ဆက်လက်စမ်းသပ်ကာ ထုတ်လုပ်တာတွေကို လေ့လာလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ကဏန္းအခြံကေန Chitosan Biodegradable လို႔ ေခၚတဲ့ အစားထိုးပလတ္စတစ္ကို ရန္ကုန္တကၠသိုလ္၊ ဓာတုေဗဒဌာနက စမ္းသပ္ထုတ္လုပ္ထားေၾကာင္း ယင္းဌာနမွ သိရပါတယ္။

“ဒီဟာကို ဆရာမတို႔က ဌာနမွာတက္ေရာက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ပူးေပါင္းေလ့လာ သုေတသနေတြ လုပ္ၿပီးေတာ့ လုပ္ေဆာင္ထားတဲ့ဟာပါ၊ ဒီထုတ္လုပ္ထားတဲ့ ပလတ္စတစ္ဟာ အလြယ္တကူ ေဆြးေျမ့ႏိုင္ေစပါတယ္၊ သူ႔ကို ပလတ္စတစ္ အစားထိုးအျဖစ္ အသုံးျပဳရင္ ပတ္ဝန္းက်င္အတြက္ ထိခိုက္မႈကို ေလ်ာ့နည္းႏိုင္ေစမွာ ျဖစ္ပါတယ္” လို႔ ရန္ကုန္တကၠသိုလ္၊ ဓာတုေဗဒဌာနမွ လက္ေထာက္ကထိကျဖစ္သူ ေဒါက္တာလႈိင္လႈိင္ျမင့္ က ေျပာပါတယ္။

အဆိုပါ အစားထိုးပလတ္စတစ္နဲ႔ ပတ္သက္ၿပီး သဘာဝပတ္ဝန္းက်င္ကို ခ်စ္ကာ ျပင္ပမွလုပ္ကိုင္လိုတဲ့ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ရန္ ဆက္သြယ္ႏိုင္သလို လိုအပ္တဲ့ နည္းပညာပံ့ပိုးမႈေတြ လုပ္ေဆာင္ဖို႔လည္း အစီအစဥ္ရွိတယ္လို႔ သိရပါတယ္။

“သူက ကယ္လ္ဆီယမ္ဓာတ္ ပါတဲ့ ဘယ္ကဏန္းခြံကေနမဆို ထုတ္လုပ္ႏိုင္ပါတယ္၊ ဒါကို ဒီ ၂၀၁၈ ထဲမွာ စမ္းသပ္လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ဒါ့အျပင္ အစားထိုးပလတ္စတစ္နဲ႔ ပတ္သက္ၿပီး ငါးေၾကးခြံ၊ ပုစြန္အခြံ တို႔ကေနလည္း ဆက္လက္စမ္းသပ္ကာ ထုတ္လုပ္တာေတြကို ေလ့လာလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀