ဆာမိုအာတွင် ဝက်သက်ရောဂါကြောင့် လူခြောက်ဦးသေဆုံးပြီးနောက် ကျောင်းများပိတ်ကာ အရေးအခြေအနေကြေညာ

ဆာမိုအာတွင် ဝက်သက်ရောဂါကြောင့် လူခြောက်ဦးသေဆုံးပြီးနောက် ကျောင်းများပိတ်ကာ အရေးအခြေအနေကြေညာ

ဝက်သက်ရောဂါကြောင့် လူခြောက်ဦးသေဆုံးခဲ့ရပြီးနောက် ဆာမိုအာတွင် ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေကြေညာခဲ့ကာ ကလေးငယ်များစုဝေးနိုင်သည့် လူစုလူဝေးနှင့် ပွဲများကို ပိတ်ပင်ခဲ့ပြီး နိုင်ငံတဝန်းကျောင်းများကို ပိတ်ပင်ခဲ့ပါတယ်။

လူပေါင်းနှစ်သိန်းကျော်သာရှိသည့် ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဆာမိုအာတွင် ပြီးခဲ့သည့် ရက်သတ္တပတ် သုံးပတ်အတွင်း ကာကွယ်ဆေး ထိုးမှု နိမ့်ကျခဲ့သဖြင့် ဝက်သက်ရောဂါထိန်းချုပ်မှုပိုဆိုးရွားလာခဲ့ပါတယ်။

ဝက်သက်ရောဂါကြောင့် သေဆုံးသူတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ရာမှာ သေဆုံးသူတွေက အသက်၂ နှစ်အောက်‌တွေ လို့ဆိုပါတယ်။ ထိုပြင်ဆက်လက်ပြောကြားရာမှာတော့ ဝက်သက်ရောဂါဖြစ်ပွားနေသူ ၇၁၆ ဦးရှိပြီး တစ်ရာခန့် ဆေးရုံတင်ကုသနေရကာ ၁၅ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေလို့ အထူးစောင့်ရှောက်ထားရတယ်ဆိုပါတယ်။

ဆာမိုအာကျွန်းကျန်းမာရေးဌာနညွှန်ချုပ် လီယူဆာတာကီနာဆီရီက သူအနေနဲ့ ယခုကူးစက်ရောဂါအခြေအနေက ပိုပြီးဆိုးရွားလာနိုင်တယ်လို့   ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားခဲ့ပါတယ်။

Linko
Ref: theglobeandmail.com
အပီရာ၊နိုဝင်ဘာ ၁၈

(  Zawgyi  )

 ဝက္သက္ေရာဂါေၾကာင့္ လူေျခာက္ဦးေသဆုံးခဲ့ရၿပီးေနာက္ ဆာမိုအာတြင္ က်န္းမာေရးအတြက္ အေရးေပၚအေျခအေနေၾကညာခဲ့ကာ ကေလးငယ္မ်ားစုေဝးႏိုင္သည့္ လူစုလူေဝးႏွင့္ ပြဲမ်ားကို ပိတ္ပင္ခဲ့ၿပီး ႏိုင္ငံတဝန္းေက်ာင္းမ်ားကို ပိတ္ပင္ခဲ့ပါတယ္။

လူေပါင္းႏွစ္သိန္းေက်ာ္သာရွိသည့္ ပစိဖိတ္ကြၽန္းႏိုင္ငံျဖစ္သည့္ ဆာမိုအာတြင္ ၿပီးခဲ့သည့္ ရက္သတၱပတ္ သုံးပတ္အတြင္း ကာကြယ္ေဆး ထိုးမႈ နိမ့္က်ခဲ့သျဖင့္ ဝက္သက္ေရာဂါထိန္းခ်ဳပ္မႈပိုဆိုး႐ြားလာခဲ့ပါတယ္။

ဝက္သက္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ပတ္သက္ၿပီး က်န္းမာေရးအာဏာပိုင္ေတြက ေျပာခဲ့ရာမွာ ေသဆုံးသူေတြက အသက္၂ ႏွစ္ေအာက္‌ေတြ လို႔ဆိုပါတယ္။ ထိုျပင္ဆက္လက္ေျပာၾကားရာမွာေတာ့ ဝက္သက္ေရာဂါျဖစ္ပြားေနသူ ၇၁၆ ဦးရွိၿပီး တစ္ရာခန႔္ ေဆး႐ုံတင္ကုသေနရကာ ၁၅ ဦးမွာ စိုးရိမ္ရတဲ့ အေျခအေနရွိေနလို႔ အထူးေစာင့္ေရွာက္ထားရတယ္ဆိုပါတယ္။

ဆာမိုအာကြၽန္းက်န္းမာေရးဌာနၫႊန္ခ်ဳပ္ လီယူဆာတာကီနာဆီရီက သူအေနနဲ႔ ယခုကူးစက္ေရာဂါအေျခအေနက ပိုၿပီးဆိုး႐ြားလာႏိုင္တယ္လို႔   ၿပီးခဲ့တဲ့အပတ္က က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာထားခဲ့ပါတယ္။

Linko
Ref: theglobeandmail.com
အပီရာ၊ႏိုဝင္ဘာ ၁၈