တက္ကစီသမားကို ဓားထောက်လုယက်သူ ဝိုင်းဖမ်းစဉ် ရေမြောင်းအတွင်း ခုန်ချထွက်ပြေးသဖြင့် ရေနစ်သေဆုံး

တက္ကစီသမားကို ဓားထောက်လုယက်သူ ဝိုင်းဖမ်းစဉ် ရေမြောင်းအတွင်း ခုန်ချထွက်ပြေးသဖြင့် ရေနစ်သေဆုံး

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနှင့် ဗဟိုလမ်းထောင့်တွင် သြဂုတ်လ ၁၂ ရက်နေ့က အငှားယာဉ်မောင်း ကို ဓားထောက်လုယက်သူ ၁ ဦး ရေမြောင်းအတွင်းခုန်ချထွက်ပြေးစဉ် ရေနစ်သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက် ရုံအနီး၌ Toyota Corolla အငှား ယာဉ်မောင်း ဦးခင်မောင်ရီ(၅၈)နှစ်အား ၎င်းယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးက ဓားထောက်လုယက်နေကြောင်း၊လှည်းတန်းဘက်သို့ မောင်းနှင် သွားကြောင်း သတင်းအရ ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးရာ လှိုင်မြို့နယ် (၁)ရပ်ကွက် ဘူတာရုံမှတ်တိုင် အနီး အရောက်၌ လုယက်သူ အမျိုးသား ၂ ဦးသည် အဆိုပါယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။ ခုန်ချထွက်ပြေးသူ အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်အမျိုးသား ၁ ဦးမှာ ဘူတာရုံလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ အကျယ် ၄ ပေ၊ အနက် ၄ ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ခုန်ချခဲ့သဖြင့် ရှာဖွေရာ မိနစ် ၃၀ ခန့်အကြာတွင် ၎င်းအား ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံး နေကြောင်းတွေ့ရှိခဲ့ပါတယ်။
 
လုယက်ခံရသူ ဦးခင်မောင်ရီအား မေးမြန်းရာ အမျိုးသား ၂ ဦး က လှည်းတန်းဈေးမှ ဘုရင့်နောင်ကားဝင်းသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း၊ BPI ဆေးဝါးစက်ရုံအနီးအရောက်တွင် လည်ပင်းအား ဓားဖြင့်ထောက်၍ လုယက်ခံရကြောင်း၊ လုယက်ခံရသည်ကို အနီးတွင်ဖြတ်သွားသော အငှားယာဉ်ပေါ်ရှိ ခရီးသည် က တွေ့မြင် သွားသဖြင့် လုယက်သူအမျိုးသား ၂ ဦးက ယာဉ်အား မရပ်မနားမောင်းနှင်ခိုင်းပြီး ထွက်ပြေးရန် ကြိုးစားခြင်း ဖြစ်ကြောင်း၊ လှိုင်မြို့နယ်ဘူတာရုံမှတ်တိုင်အနီးအရောက်၌ ၎င်းတို့ ၂ ဦးမှာ ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း (ပ)၁၅၉၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ ၊ လုယက်မှု ကျူးလွန်ရန်အားထုတ်မှုဖြင့် အမှုဖွင့်စုံစမ်းရာ သေဆုံးသူသည် မျိုးလှိုင်ဝင်း (၂၀)နှစ်ဖြစ်ပြီး ထွက်ပြေးလွတ် မြောက်သွားသူမှာ ကိုကိုလွင်(၂၂)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ ကိုကိုလွင်အား ဖမ်းဆီးရမိခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၁၃

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕၊လႈိင္ၿမိဳ႕နယ္၊ ဘူတာ႐ုံလမ္းႏွင့္ ဗဟိုလမ္းေထာင့္တြင္ ၾသဂုတ္လ ၁၂ ရက္ေန႔က အငွားယာဥ္ေမာင္း ကို ဓားေထာက္လုယက္သူ ၁ ဦး ေရေျမာင္းအတြင္းခုန္ခ်ထြက္ေျပးစဥ္ ေရနစ္ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

 ျဖစ္စဥ္မွာ ဩဂုတ္လ ၁၂ ရက္ မြန္းလြဲ ၂ နာရီ ၃၅ မိနစ္အခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ BPI ေဆးဝါးစက္ ႐ုံအနီး၌ Toyota Corolla အငွား ယာဥ္ေမာင္း ဦးခင္ေမာင္ရီ(၅၈)ႏွစ္အား ၎ယာဥ္ေပၚပါ အမ်ိဳးသား ၂ ဦးက ဓားေထာက္လုယက္ေနေၾကာင္း၊လွည္းတန္းဘက္သို႔ ေမာင္းႏွင္ သြားေၾကာင္း သတင္းအရ ကမာ႐ြတ္ၿမိဳ႕မ ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား လိုက္လံဖမ္းဆီးရာ လႈိင္ၿမိဳ႕နယ္ (၁)ရပ္ကြက္ ဘူတာ႐ုံမွတ္တိုင္ အနီး အေရာက္၌ လုယက္သူ အမ်ိဳးသား ၂ ဦးသည္ အဆိုပါယာဥ္ေပၚမွ ခုန္ခ်ထြက္ေျပးသြားခဲ့ပါတယ္။ ခုန္ခ်ထြက္ေျပးသူ အမ်ိဳးသား ၂ ဦးအနက္ ၁ ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားၿပီး က်န္အမ်ိဳးသား ၁ ဦးမွာ ဘူတာ႐ုံလမ္းႏွင့္ ဗဟိုလမ္းေထာင့္ရွိ အက်ယ္ ၄ ေပ၊ အနက္ ၄ ေပခန႔္ရွိ ေရေျမာင္းအတြင္းသို႔ ခုန္ခ်ခဲ့သျဖင့္ ရွာေဖြရာ မိနစ္ ၃၀ ခန႔္အၾကာတြင္ ၎အား ျပင္ပဒဏ္ရာမရွိဘဲ ေရနစ္ေသဆုံး ေနေၾကာင္းေတြ႕ရွိခဲ့ပါတယ္။
 
လုယက္ခံရသူ ဦးခင္ေမာင္ရီအား ေမးျမန္းရာ အမ်ိဳးသား ၂ ဦး က လွည္းတန္းေဈးမွ ဘုရင့္ေနာင္ကားဝင္းသို႔ ပို႔ေဆာင္ေပးရန္ ငွားရမ္းခဲ့ေၾကာင္း၊ BPI ေဆးဝါးစက္႐ုံအနီးအေရာက္တြင္ လည္ပင္းအား ဓားျဖင့္ေထာက္၍ လုယက္ခံရေၾကာင္း၊ လုယက္ခံရသည္ကို အနီးတြင္ျဖတ္သြားေသာ အငွားယာဥ္ေပၚရွိ ခရီးသည္ က ေတြ႕ျမင္ သြားသျဖင့္ လုယက္သူအမ်ိဳးသား ၂ ဦးက ယာဥ္အား မရပ္မနားေမာင္းႏွင္ခိုင္းၿပီး ထြက္ေျပးရန္ ႀကိဳးစားျခင္း ျဖစ္ေၾကာင္း၊ လႈိင္ၿမိဳ႕နယ္ဘူတာ႐ုံမွတ္တိုင္အနီးအေရာက္၌ ၎တို႔ ၂ ဦးမွာ ထြက္ေျပး သြားျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကမာ႐ြတ္ၿမိဳ႕မရဲစခန္း (ပ)၁၅၉၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၃ ၊ လုယက္မႈ က်ဴးလြန္ရန္အားထုတ္မႈျဖင့္ အမႈဖြင့္စုံစမ္းရာ ေသဆုံးသူသည္ မ်ိဳးလႈိင္ဝင္း (၂၀)ႏွစ္ျဖစ္ၿပီး ထြက္ေျပးလြတ္ ေျမာက္သြားသူမွာ ကိုကိုလြင္(၂၂)ႏွစ္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လိုက္လံဖမ္းဆီးရာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ သီရိမဂၤလာေဈး၌ ကိုကိုလြင္အား ဖမ္းဆီးရမိခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ ၁၃