တိုင်းပြည်အတွက် အကောင်းဆုံးပေးဆပ် နိုင်သူများအဖြစ် မှတ်တမ်းတင်နိုင်အောင်ကြိုးစားကြဖို့ EAO များ အား အလှည့်ကျသဘာပတိ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တိုက်တွန်း

တိုင်းပြည်အတွက် အကောင်းဆုံးပေးဆပ် နိုင်သူများအဖြစ် မှတ်တမ်းတင်နိုင်အောင်ကြိုးစားကြဖို့  EAO များ အား အလှည့်ကျသဘာပတိ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တိုက်တွန်း

အစိုးရရော၊တပ်မတော်ရောရုန်းကန်နေရတဲ့အချိန်မှာ EAO များဟာတိုင်းပြည်အတွက် အကောင်းဆုံးပေးဆပ်နိုင်သူများ အဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားကြဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့မေ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာဆက်လက်ပြုလုပ်လျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်းအဝေးစတုထ္တနေ့မှာ ယခုကဲ့သို့တိုက်တွန်းပြောကြား လိုက်တာဖြစ်ပါတယ်။

“EAO များဟာတိုင်းပြည်အတွက်အရေးကြီးနေတဲ့အချိန်မှာအခွင့်ကောင်းလုံးဝမယူဘဲပူးပေါင်းဆော င်ရွက်လိုတဲ့ အခြေခံ၊ပြည်ထောင်စု စိတ်ဓါတ်(သို့တည်းမဟုတ်)ပင်လုံစိတ်ဓါတ်နဲ့အရင်းခံထားပြီး ဆွေးနွေး တိုင်ပင်ရတာဖြစ်တယ်ဆိုတာ သမိုင်းအစဉ်အလာရှိပါတယ်။ အနီးကပ်နောက်ကြောင်းအနည်းငယ်ပြန်မယ်ဆိုရင်သမ္မတကြီးဦးသိန်းစိန်အစုးိရလက်ထက်ကရရှိထားတဲ့ NCA UPC  ရလဒ်အခြေခံ အုြတ်မစ် အပေါ်အမွေဆက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရဦးဆောင်တဲ့ လက်ရှိ NLD အစိုးရရဲ့အခြေခံဖက်ဒရယ်မူများ အခိုင်အမာရရှိရေး၊ ကြိုးပမ်းချက်ဟာလည်း EAO  များရဲ့ဘုံရည်မှန်းချက်နဲ့တစ်ထပ်ထဲဘဲလို့ယုံကြည်ပါတယ်။လက်ရှိအစိုးရအနေနဲ့ တစ်နှစ်ခွဲမျှသာ ကျန်သေးတဲ့ သက်တမ်းမှာလုပ်ဆောင်စရာတွေများလှမယ်လို့ထင်ပါတယ်။

ရခိုင်အရေးအခင်း အပါအဝင်  လက်နက်ကိုင်ပဋိပက္ခများလျှော့ချရေး ရပ်တန့်ရေး၊ NCA မှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်  EAO အားလုံးပါဝင်လာနိုင်ရေးနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေး များကိုလည်းတပြိုင်နက် တည်းကြိုးစား လုပ်ဆောင်နေတာဖြစ် ပါတယ်။တပ်မတော်ဆိုရင်လည်းတဘက်သတ်အပစ်အခတ်၇ပ်စဲရေးကို(၂)ကြိမ်ဆက်တိုက်ကြေငြာလာခဲ့ပြီး တစုံတရာညှိနှုှိင်း ပူးပေါင်း လုပ်ဆောင် လိုတဲ့ အနေအထားကိုပြခဲ့ပါတယ်။ဒါကြောင့် အစိုးရရော၊တပ်မတော်ရောရုန်းကန်နေရတဲ့အချိန်မှာ ကျွန်တော်တို့ EAO  များ ဟာတိုင်းပြည်အတွက် အကောင်းဆုံးပေးဆပ်နိုင်သူများအဖြစ်မှတ်တမ်းတင်ဖို့ကြိုစားဖို့အကောင်းဆုံးအချိန်ပါပဲ။

အဖွဲ့အစည်းအသီးသီးမှာ အစဉ်အလာရှိတဲ့ ခေါင်းဆောင်များကိုထိုက်တန်တဲ့နေရာပေးပြီး တက်ကြွဖျတ်လတ်တဲ့လူငယ် ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်တွေကအားသွန်ခွန်စိုက်အလုပ်လုပ်ကြရမှာဖြစ်ပါတယ်။မတူညီမှုတွေရှိသော်လည်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကွဲပြားခြားနားမှုရှိခဲ့ရင်လည်း ပုံကြီးမချဲ့ကြပဲနဲ့  အနီးကပ်ဆုံးဖြစ်အောင်စိတ်ရှည်ရှည်နဲ့ကြိုးစားဆွဲယူကြမှာဖြစ်ပါတယ်။”လို့ အလှည့်ကျသဘာပတိ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောကြားခဲ့တာပါ။

မြန်မာပြည်ရဲ့လက်ရှိနဲ့အနာဂတ်နိုင်ငံရေးမှာ EAO  တွေဟာအဆုံးအဖြတ်ပေးတဲ့နေရာမှာရှိနေရမှာဖြစ်ပြီး ကိုယ်ကညံ့လို့မကျန်ခဲ့အောင် ချန်ထားခြင်းမခံရအောင်အသိပညာဉာဏ်အမြော်အမြင်အားလုံးကို အသုံးပြုကြရမှာဖြစ်တယ်လို့ ၎င်းက ဆက်လက်တိုက်တွန်းပြောကြား ခဲ့ပါသေးတယ်။

“အဖွဲ့ကြီးတယ်၊ငယ်တယ် ဧရိယာကျယ်တယ်၊ကျဉ်းတယ် ချမ်းသာတယ်၊ဆင်းရဲတယ်ဆိုတာကြောင့် အချင်းချင်းကြား မှာခွဲခြား လိုစိတ် နဲ့ပြောတာတွေဆက်ဆံတာတွေက ညီညွတ်ရေးကိုလုံး ဝအထောက်အကူမပြုပါဘူး။EAO များဟာစနစ်တကျစုဖွဲ့ထားတဲ့ အဖွဲ့အစည်း များဖြစ်ကြပြီး သူ့လူမျိုးနဲ့သူကိုယ်စားပြုတဲ့ EAO  များကြပါတယ်။အပြန်အလှန်အလေးစားအသိအမှတ်ပြုခြင်း ဟာ အောက်ခြေအဆင့် ဒေသန္တရအဆင့်မှာဖက်ဒရယ်အလေ့အကျင့် စတင်လေ့ကျင့်ပြိုးထောင်ခြင်းဘဲဖြစ်ပါတယ်။”လို့လည်း PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောကြားခဲ့ပါတယ်။

ယခုကျင်းပလျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်း အဝေးကို မေ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ (၆)ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ယင်းအစည်းအဝေးသို့ NCA ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ် ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အပါအဝင် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်းလေ့လာသူများအဖြစ် တက်ရောက်လျက်ရှိကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊မေ ၁၇
ဓါတ်ပုံ - NCA-S EAO

(  Zawgyi  )

 အစိုးရေရာ၊တပ္မေတာ္ေရာ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ EAO မ်ားဟာတိုင္းျပည္အတြက္ အေကာင္းဆုံးေပးဆပ္ႏိုင္သူမ်ား အျဖစ္ မွတ္တမ္းတင္ႏိုင္ေအာင္ ႀကိဳးစားၾကဖို႔အေကာင္းဆုံးအခ်ိန္ျဖစ္တယ္လို႔ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO)၏ ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာ ကတိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ေမ ၁၇ ရက္တြင္ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာဆက္လက္ျပဳလုပ္လ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္းအေဝးစတုထၱေန႔မွာ ယခုကဲ့သို႔တိုက္တြန္းေျပာၾကား လိုက္တာျဖစ္ပါတယ္။

“EAO မ်ားဟာတိုင္းျပည္အတြက္အေရးႀကီးေနတဲ့အခ်ိန္မွာအခြင့္ေကာင္းလုံးဝမယူဘဲပူးေပါင္းေဆာ င္႐ြက္လိုတဲ့ အေျခခံ၊ျပည္ေထာင္စု စိတ္ဓါတ္(သို႔တည္းမဟုတ္)ပင္လုံစိတ္ဓါတ္နဲ႔အရင္းခံထားၿပီး ေဆြးေႏြး တိုင္ပင္ရတာျဖစ္တယ္ဆိုတာ သမိုင္းအစဥ္အလာရွိပါတယ္။ အနီးကပ္ေနာက္ေၾကာင္းအနည္းငယ္ျပန္မယ္ဆိုရင္သမၼတႀကီးဦးသိန္းစိန္အစုးိရလက္ထက္ကရရွိထားတဲ့ NCA UPC  ရလဒ္အေျခခံ အုၾတ္မစ္ အေပၚအေမြဆက္ခံၿပီး ေဒၚေအာင္ဆန္းစုၾကည္အစိုးရဦးေဆာင္တဲ့ လက္ရွိ NLD အစိုးရရဲ႕အေျခခံဖက္ဒရယ္မူမ်ား အခိုင္အမာရရွိေရး၊ ႀကိဳးပမ္းခ်က္ဟာလည္း EAO  မ်ားရဲ႕ဘုံရည္မွန္းခ်က္နဲ႔တစ္ထပ္ထဲဘဲလို႔ယုံၾကည္ပါတယ္။လက္ရွိအစိုးရအေနနဲ႔ တစ္ႏွစ္ခြဲမွ်သာ က်န္ေသးတဲ့ သက္တမ္းမွာလုပ္ေဆာင္စရာေတြမ်ားလွမယ္လို႔ထင္ပါတယ္။

ရခိုင္အေရးအခင္း အပါအဝင္  လက္နက္ကိုင္ပဋိပကၡမ်ားေလွ်ာ့ခ်ေရး ရပ္တန႔္ေရး၊ NCA မွတဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္  EAO အားလုံးပါဝင္လာႏိုင္ေရးနဲ႔ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကိဳတင္ျပင္ဆင္ေရး မ်ားကိုလည္းတၿပိဳင္နက္ တည္းႀကိဳးစား လုပ္ေဆာင္ေနတာျဖစ္ ပါတယ္။တပ္မေတာ္ဆိုရင္လည္းတဘက္သတ္အပစ္အခတ္၇ပ္စဲေရးကို(၂)ႀကိမ္ဆက္တိုက္ေၾကျငာလာခဲ့ၿပီး တစုံတရာညႇိႏႈွိင္း ပူးေပါင္း လုပ္ေဆာင္ လိုတဲ့ အေနအထားကိုျပခဲ့ပါတယ္။ဒါေၾကာင့္ အစိုးရေရာ၊တပ္မေတာ္ေရာ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ EAO  မ်ား ဟာတိုင္းျပည္အတြက္ အေကာင္းဆုံးေပးဆပ္ႏိုင္သူမ်ားအျဖစ္မွတ္တမ္းတင္ဖို႔ႀကိဳစားဖို႔အေကာင္းဆုံးအခ်ိန္ပါပဲ။

အဖြဲ႕အစည္းအသီးသီးမွာ အစဥ္အလာရွိတဲ့ ေခါင္းေဆာင္မ်ားကိုထိုက္တန္တဲ့ေနရာေပးၿပီး တက္ႂကြဖ်တ္လတ္တဲ့လူငယ္ ဒုတိယတန္း၊ တတိယတန္းေခါင္းေဆာင္ေတြကအားသြန္ခြန္စိုက္အလုပ္လုပ္ၾကရမွာျဖစ္ပါတယ္။မတူညီမႈေတြရွိေသာ္လည္းပူးေပါင္းေဆာင္႐ြက္ၾကရမွာျဖစ္ပါတယ္။ကြဲျပားျခားနားမႈရွိခဲ့ရင္လည္း ပုံႀကီးမခ်ဲ႕ၾကပဲနဲ႔  အနီးကပ္ဆုံးျဖစ္ေအာင္စိတ္ရွည္ရွည္နဲ႔ႀကိဳးစားဆြဲယူၾကမွာျဖစ္ပါတယ္။”လို႔ အလွည့္က်သဘာပတိ PNLO ၏ ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာ ကေျပာၾကားခဲ့တာပါ။

ျမန္မာျပည္ရဲ႕လက္ရွိနဲ႔အနာဂတ္ႏိုင္ငံေရးမွာ EAO  ေတြဟာအဆုံးအျဖတ္ေပးတဲ့ေနရာမွာရွိေနရမွာျဖစ္ၿပီး ကိုယ္ကညံ့လို႔မက်န္ခဲ့ေအာင္ ခ်န္ထားျခင္းမခံရေအာင္အသိပညာဉာဏ္အေျမာ္အျမင္အားလုံးကို အသုံးျပဳၾကရမွာျဖစ္တယ္လို႔ ၎က ဆက္လက္တိုက္တြန္းေျပာၾကား ခဲ့ပါေသးတယ္။

“အဖြဲ႕ႀကီးတယ္၊ငယ္တယ္ ဧရိယာက်ယ္တယ္၊က်ဥ္းတယ္ ခ်မ္းသာတယ္၊ဆင္းရဲတယ္ဆိုတာေၾကာင့္ အခ်င္းခ်င္းၾကား မွာခြဲျခား လိုစိတ္ နဲ႔ေျပာတာေတြဆက္ဆံတာေတြက ညီၫြတ္ေရးကိုလုံး ဝအေထာက္အကူမျပဳပါဘူး။EAO မ်ားဟာစနစ္တက်စုဖြဲ႕ထားတဲ့ အဖြဲ႕အစည္း မ်ားျဖစ္ၾကၿပီး သူ႔လူမ်ိဳးနဲ႔သူကိုယ္စားျပဳတဲ့ EAO  မ်ားၾကပါတယ္။အျပန္အလွန္အေလးစားအသိအမွတ္ျပဳျခင္း ဟာ ေအာက္ေျခအဆင့္ ေဒသႏၲရအဆင့္မွာဖက္ဒရယ္အေလ့အက်င့္ စတင္ေလ့က်င့္ၿပိဳးေထာင္ျခင္းဘဲျဖစ္ပါတယ္။”လို႔လည္း PNLO ၏ ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာ ကေျပာၾကားခဲ့ပါတယ္။

ယခုက်င္းပလ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္း အေဝးကို ေမ ၁၄ ရက္မွ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာ (၆)ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။ယင္းအစည္းအေဝးသို႔ NCA ေရးထိုး ထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၈)ဖြဲ႕ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ားျဖစ္ၾကသည့္ မြန္ျပည္သစ္ ပါတီ(NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU)တို႔ အပါအဝင္ ညီေနာင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွလည္းေလ့လာသူမ်ားအျဖစ္ တက္ေရာက္လ်က္ရွိၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ေမ ၁၇
ဓါတ္ပုံ - NCA-S EAO