နယ်စပ်စခန်း ၈ ခုမှ ထိုင်းနှင့်ကုန်သွယ်မှု သုံးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံနီးပါးရှိခဲ့

နယ်စပ်စခန်း ၈ ခုမှ ထိုင်းနှင့်ကုန်သွယ်မှု သုံးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံနီးပါးရှိခဲ့

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့်  နယ်စခန်းများအလိုက် ပို့ကုန် သွင်းကုန် ကုန်သွယ်မှုအခြေအနေ နှိုင်းယှဉ်စာရင်းအရ မြန်မာ - ထိုင်း နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးစခန်း ၈ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံနီးပါးရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ ၁၈ သန်းနီးပါး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ်သစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင် ဘာ ၆  ရက်အထိ ကျိုင်းတုံ၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် ထိုင်း - မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းခုနှစ်ခုမှ ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၉၇၂ ဒသမ ၈၄၃ သန်း ရှိခဲ့ပြီး မြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၆၅၃ ဒသမ ၈၂၆ သန်း တင်ပို့ခဲ့ကာ ထိုင်းဘက်မှ မြန်မာဘက်သို့ ကုန်ပစ္စည်းတန်ဖိုး ကန်ဒေါ် လာ ၃၁၉ ဒသမ ၀၁၇ သန်း ပြန်လည်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။        

“ခုချိန်က ဟိုဘက်ကအဆွဲများတဲ့ သီးနှံတွေ၊ ရာဘာပြောင်းတွေ အရောင်းအဝယ်ဖြစ်ချိန်ဘဲ။လမ်းကလည်းကောင်းတယ်။လောလောဆယ် ဘားအံဘက်ကနေ သွားကြတယ်။ထားဝယ်၊ တနင်္သာရီဘက်ကလည်း ရေထွက်ကုန်နဲ့ သစ်တောထွက်ပစ္စည်း၊ ခနောက်စိမ်းလို သတ္တုတွေပို့ကြတာများတယ်။ဟိုဘက်က အဓိကဝင်တာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဘဲ” လို့ မော်လမြိုင်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ  သုံးလကျော်ကာလအတွင်း ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၀၃ သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ  ၃၅ ဒသမ ၃၆၂  သန်း၊  မြ၀တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၉၇  ဒသမ ၇၈၅ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၂ ဒသမ ၅၈၀ သန်း၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂ ဒသမ ၉၂၆ သန်း၊  ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄၇၂ ဒသမ ၇၇၁ သန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၇ ဒသမ ၂၉၄ သန်းနှင့် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၃၂၂ သန်း ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္  နယ္စခန္းမ်ားအလိုက္ ပို႔ကုန္ သြင္းကုန္ ကုန္သြယ္မႈအေျခအေန ႏႈိင္းယွဥ္စာရင္းအရ ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံၾကား နယ္စပ္ကုန္သြယ္ေရးစခန္း ၈ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံနီးပါးရွိခဲ့ၿပီး ယခင္ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ ၁၈ သန္းနီးပါး ေလ်ာ့နည္းခဲ့တယ္လို႔ သိရပါတယ္။

ယခုဘ႑ာႏွစ္သစ္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ဒီဇင္ ဘာ ၆  ရက္အထိ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ ျမ၀တီ၊ ေကာ့ေသာင္း၊ ၿမိတ္၊ ထီးခီး၊ ေမာေတာင္၊ မယ္စဲ့ စသည့္ ထိုင္း - ျမန္မာ နယ္စပ္ရွိ ကုန္သြယ္ေရးစခန္းခုႏွစ္ခုမွ ကုန္သြယ္မႈတန္ဖိုးမွာ ကန္ေဒၚလာ ၉၇၂ ဒသမ ၈၄၃ သန္း ရွိခဲ့ၿပီး ျမန္မာဘက္မွ ထိုင္းဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၆၅၃ ဒသမ ၈၂၆ သန္း တင္ပို႔ခဲ့ကာ ထိုင္းဘက္မွ ျမန္မာဘက္သို႔ ကုန္ပစၥည္းတန္ဖိုး ကန္ေဒၚ လာ ၃၁၉ ဒသမ ၀၁၇ သန္း ျပန္လည္တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။        

“ခုခ်ိန္က ဟိုဘက္ကအဆြဲမ်ားတဲ့ သီးႏွံေတြ၊ ရာဘာေျပာင္းေတြ အေရာင္းအဝယ္ျဖစ္ခ်ိန္ဘဲ။လမ္းကလည္းေကာင္းတယ္။ေလာေလာဆယ္ ဘားအံဘက္ကေန သြားၾကတယ္။ထားဝယ္၊ တနသၤာရီဘက္ကလည္း ေရထြက္ကုန္နဲ႔ သစ္ေတာထြက္ပစၥည္း၊ ခေနာက္စိမ္းလို သတၱဳေတြပို႔ၾကတာမ်ားတယ္။ဟိုဘက္က အဓိကဝင္တာ အိမ္သုံးလွ်ပ္စစ္ပစၥည္းေတြဘဲ” လို႔ ေမာ္လၿမိဳင္အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁၀ ရက္အထိ  သုံးလေက်ာ္ကာလအတြင္း က်ိဳင္းတုံ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၂ ဒသမ ၈၀၃ သန္း၊ တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ  ၃၅ ဒသမ ၃၆၂  သန္း၊  ျမ၀တီ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၂၉၇  ဒသမ ၇၈၅ သန္း၊ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၁၀၂ ဒသမ ၅၈၀ သန္း၊ ၿမိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၅၂ ဒသမ ၉၂၆ သန္း၊  ထီးခီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၄၇၂ ဒသမ ၇၇၁ သန္း၊ ေမာေတာင္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၇ ဒသမ ၂၉၄ သန္းႏွင့္ မယ္စဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၁ ဒသမ ၃၂၂ သန္း ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၁