ပြင်ဦးလွင်မြို့ ထူးထူးခြားခြားရှားမီးအနွေးဓာတ်ပူဇော်ပွဲ၊ မြတ်စွာဘုရားအားရည်မှန်း ကုသိုလ်ပြုခြင်းဖြစ်ကြောင်းသိရ

ပြင်ဦးလွင်မြို့ ထူးထူးခြားခြားရှားမီးအနွေးဓာတ်ပူဇော်ပွဲ၊ မြတ်စွာဘုရားအားရည်မှန်း ကုသိုလ်ပြုခြင်းဖြစ်ကြောင်းသိရ

ပြင်ဦးလွင်မြို့မှာ နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်တဲ့ မြတ်စွာဘုရားအားရှားမီးအနွေးဓာတ်နဲ့ပူဇော်တဲ့ပွဲကို ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက် (နတ်တော်လဆန်း ၁၃ ရက်မှလပြည့်နေ့)အထိ ၃ ရက်တိုင်အောင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

 ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက် ပါရမီကုန်းတော်မြတ်ပေါ်က ကိုးတောင်ပြည့်ဆုတောင်းပြည့်နဂါးသင်္ကန်းရုံဘုရား ဗုဒ္ဓပူဇနိယပွဲ တော်နဲ့အတူ ထည့်သွင်းကျင်းပပြုလုပ်တဲ့ ထူးထူးခြားခြားပွဲတော်တစ်ခုပဲဖြစ်ပြီး ကျင်းပပြုလုပ်ခဲ့တာ ၈ နှစ်မြောက်ရှိခဲ့ပြီ လို့ သိရပါတယ်။ အခုက ရှစ်ကြိမ်မြောက်ကျင်းပတာပါ၊ အရမ်းအေးချမ်းတဲ့ရာသီမှာ မြတ်စွာဘုရားကိုသက်တော်ထင်ရှားအဖြစ်နဲ့ အနွေးဓာတ်ပေး တဲ့ပွဲပါ၊ ကုသိုလ်ကောင်းမှုပြုတဲ့ပွဲလည်းဖြစ်ပါတယ်၊ ကံအညံ့တွေပြေပျောက်ပြီး အဓိဌာန် တာတွေပြီး မြောက် အောင်မြင်ဆုတောင်းလည်းပြည့်တာကြောင့် ယုံယုံကြည်ကြည်နဲ့လာရောက်ပူဇော်ပါဝင်ကြသူတွေ တစ်နှစ်ထက် တစ်နှစ် များပြား လာပါပြီ လို့ ပါရမီဘုန်းတော်ကြီးကျောင်းမှ ပါရမီဆရာတော်ဘဒ္ဒန္တဝီရ နန္ဒကမိန့်ပါတယ်။

မြန်မာ့ ၁၂ လရာသီမှာ နတ်တော်လဟာ ဆောင်းရာသီလေးလမှာအအေးဆုံးလအဖြစ်ပါဝင်တာကြောင့် မြတ်စွာဘုရားအား အအေးဓာတ် ကနေ သက်သာရာရစေကြောင်းရည်ရွယ်အာရုံပြုပြီး အခုလိုအနွေးဓာတ်နဲ့ပူဇော်တဲ့ပွဲကျင်းပပြုလုပ်ဖို့ အကြံရပြီး အဲဒီကစလို့ ကုသိုလ် ကောင်းမှုပြုတဲ့အစီအစဉ်တစ်ခု အဖြစ် ဒေသအတွင်းမှာအစဉ်အလာတစ်ရပ်ဖြစ်သွားရအောင် အခုလိုစီစဉ် ကျင်းပပြုလုပ်ဖြစ် တာလို့လည်းသိရပါတယ်။

“ရှားမီးသားနဲ့ပူဇော်တာကတော့ ရှားမီးသားဆိုတာက သစ်တောဥပဒေနဲ့လည်းလွတ်ကင်းတယ်လေ၊ အခုတော့ မလွတ်တော့ဘူး လို့လည်း ကြားပါတယ်၊ ဘုန်းကြီးတို့ကဒီပွဲကို ၃ ရက်ကျင်းပတာပါ၊ စတုဒိသာကျွေးတာတွေ တိုင်းရင်းသား အကဖျော်ဖြေမှုတွေနဲ့ ကျင်းပတာပါ “လို့လည်း ဆရာတော်ကမိန့်ပါ တယ်။

 မြတ်စွာဘုရားအား ရှားမီအနွေးဓာတ်နဲ့ပူဇော်တဲ့ပွဲကျင်းပပြုလုပ်ပုံက မီးကျည်အပူဓာတ်အားကောင်းတဲ့ ရှားသားထင်းကိုအဓိကထားပြီး ၂၇ ပေအမြင့်ရှား တိုင်ပြုလုပ်ကာ တိုင်ထိပ်မှာမီးကျည်မီးပန်းတွေနဲ့ ၉ ပေအမြင့်ထီးတော်သဏ္ဍန်ပြုလုပ်ပြီး ထွန်းညှိပူဇော်ကြ တာပဲ ဖြစ်ပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ ၁၂ 

( Zawgyi )

 ျပင္ဦးလြင္ၿမိဳ႕မွာ ႏွစ္စဥ္က်င္းပျပဳလုပ္ေနက်ျဖစ္တဲ့ ျမတ္စြာဘုရားအားရွားမီးအေႏြးဓာတ္နဲ႔ပူေဇာ္တဲ့ပြဲကို ဒီဇင္ဘာလ ၉ ရက္မွ ၁၁ ရက္ (နတ္ေတာ္လဆန္း ၁၃ ရက္မွလျပည့္ေန႔)အထိ ၃ ရက္တိုင္ေအာင္က်င္းပျပဳလုပ္ခဲ့ပါတယ္။

 ျပင္ဦးလြင္ၿမိဳ႕ ရပ္ကြက္ႀကီး ၁၉ ငါးရံ႕ေခ်ာင္းရပ္ကြက္ ပါရမီကုန္းေတာ္ျမတ္ေပၚက ကိုးေတာင္ျပည့္ဆုေတာင္းျပည့္နဂါးသကၤန္း႐ုံဘုရား ဗုဒၶပူဇနိယပြဲ ေတာ္နဲ႔အတူ ထည့္သြင္းက်င္းပျပဳလုပ္တဲ့ ထူးထူးျခားျခားပြဲေတာ္တစ္ခုပဲျဖစ္ၿပီး က်င္းပျပဳလုပ္ခဲ့တာ ၈ ႏွစ္ေျမာက္ရွိခဲ့ၿပီ လို႔ သိရပါတယ္။ အခုက ရွစ္ႀကိမ္ေျမာက္က်င္းပတာပါ၊ အရမ္းေအးခ်မ္းတဲ့ရာသီမွာ ျမတ္စြာဘုရားကိုသက္ေတာ္ထင္ရွားအျဖစ္နဲ႔ အေႏြးဓာတ္ေပး တဲ့ပြဲပါ၊ ကုသိုလ္ေကာင္းမႈျပဳတဲ့ပြဲလည္းျဖစ္ပါတယ္၊ ကံအညံ့ေတြေျပေပ်ာက္ၿပီး အဓိဌာန္ တာေတြၿပီး ေျမာက္ ေအာင္ျမင္ဆုေတာင္းလည္းျပည့္တာေၾကာင့္ ယုံယုံၾကည္ၾကည္နဲ႔လာေရာက္ပူေဇာ္ပါဝင္ၾကသူေတြ တစ္ႏွစ္ထက္ တစ္ႏွစ္ မ်ားျပား လာပါၿပီ လို႔ ပါရမီဘုန္းေတာ္ႀကီးေက်ာင္းမွ ပါရမီဆရာေတာ္ဘဒၵႏၲဝီရ နႏၵကမိန႔္ပါတယ္။

ျမန္မာ့ ၁၂ လရာသီမွာ နတ္ေတာ္လဟာ ေဆာင္းရာသီေလးလမွာအေအးဆုံးလအျဖစ္ပါဝင္တာေၾကာင့္ ျမတ္စြာဘုရားအား အေအးဓာတ္ ကေန သက္သာရာရေစေၾကာင္းရည္႐ြယ္အာ႐ုံျပဳၿပီး အခုလိုအေႏြးဓာတ္နဲ႔ပူေဇာ္တဲ့ပြဲက်င္းပျပဳလုပ္ဖို႔ အႀကံရၿပီး အဲဒီကစလို႔ ကုသိုလ္ ေကာင္းမႈျပဳတဲ့အစီအစဥ္တစ္ခု အျဖစ္ ေဒသအတြင္းမွာအစဥ္အလာတစ္ရပ္ျဖစ္သြားရေအာင္ အခုလိုစီစဥ္ က်င္းပျပဳလုပ္ျဖစ္ တာလို႔လည္းသိရပါတယ္။

“ရွားမီးသားနဲ႔ပူေဇာ္တာကေတာ့ ရွားမီးသားဆိုတာက သစ္ေတာဥပေဒနဲ႔လည္းလြတ္ကင္းတယ္ေလ၊ အခုေတာ့ မလြတ္ေတာ့ဘူး လို႔လည္း ၾကားပါတယ္၊ ဘုန္းႀကီးတို႔ကဒီပြဲကို ၃ ရက္က်င္းပတာပါ၊ စတုဒိသာေကြၽးတာေတြ တိုင္းရင္းသား အကေဖ်ာ္ေျဖမႈေတြနဲ႔ က်င္းပတာပါ “လို႔လည္း ဆရာေတာ္ကမိန႔္ပါ တယ္။

 ျမတ္စြာဘုရားအား ရွားမီအေႏြးဓာတ္နဲ႔ပူေဇာ္တဲ့ပြဲက်င္းပျပဳလုပ္ပုံက မီးက်ည္အပူဓာတ္အားေကာင္းတဲ့ ရွားသားထင္းကိုအဓိကထားၿပီး ၂၇ ေပအျမင့္ရွား တိုင္ျပဳလုပ္ကာ တိုင္ထိပ္မွာမီးက်ည္မီးပန္းေတြနဲ႔ ၉ ေပအျမင့္ထီးေတာ္သ႑န္ျပဳလုပ္ၿပီး ထြန္းညႇိပူေဇာ္ၾက တာပဲ ျဖစ္ပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ ၁၂