ယခုဒီဇင်ဘာလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ဟု ဆို

ယခုဒီဇင်ဘာလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ဟု ဆို

ယခုဒီဇင်ဘာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားရသည့် ယာဉ်တိုက်မှု အကြောင်းအရင်းအများစုမှာ အရှိန်ပြင်းမောင်းနှင်မှု၊ ယာဉ်မောင်းအိပ်ငိုက်မှု၊ အမြန်လမ်းပေါ်သို့ ဆိုင်ကယ်ဝင်ရောက်မှု၊ မဆင်မခြင်မောင်းနှင်မှုနှင့် ဘီးပေါက်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယခုဒီဇင်ဘာလအတွင်းမှာတော့ ယခင်လများနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုဖြစ်ပွားမှုနှုန်းမှာ လျော့နည်းခဲ့သည်ကို စိစစ်တွေ့ရှိရတယ်လို့လည်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ  - အမြန်လမ်းမကြီးရဲတပ်ဖွဲ့
ရန်ကုန်၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

ယခုဒီဇင္ဘာလအတြင္း ရန္ကုန္ - မႏၲေလး အျမန္လမ္းတြင္ ယာဥ္တိုက္မႈ အႀကိမ္ႏွစ္ဆယ္ ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ  ၅ ဦးႏွင့္ ထိခိုက္ဒဏ္ရာရသူ ၃၁ ဦး ရွိခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အျမန္လမ္းမႀကီးတြင္ ျဖစ္ပြားရသည့္ ယာဥ္တိုက္မႈ အေၾကာင္းအရင္းအမ်ားစုမွာ အရွိန္ျပင္းေမာင္းႏွင္မႈ၊ ယာဥ္ေမာင္းအိပ္ငိုက္မႈ၊ အျမန္လမ္းေပၚသို႔ ဆိုင္ကယ္ဝင္ေရာက္မႈ၊ မဆင္မျခင္ေမာင္းႏွင္မႈႏွင့္ ဘီးေပါက္မႈတို႔ေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယခုဒီဇင္ဘာလအတြင္းမွာေတာ့ ယခင္လမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ယာဥ္တိုက္မႈျဖစ္ပြားမႈႏႈန္းမွာ ေလ်ာ့နည္းခဲ့သည္ကို စိစစ္ေတြ႕ရွိရတယ္လို႔လည္း ယင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ  - အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕
ရန္ကုန္၊ ဒီဇင္ဘာ - ၂၁