ရန်ကုန်မှ အခြေခံပညာကျောင်းများ၌ ပျမ်းမျှတစ်လလျှင်တစ်ကျောင်းနှုန်း အသက်မွေးဝမ်း ကျောင်း အဖြစ် လက်မှုပညာများ အခမဲ့ သင်ကြားပေးမည်

 ရန်ကုန်မှ အခြေခံပညာ ကျောင်းများ၌ ပျမ်းမျှတစ်လလျှင်တစ်ကျောင်းနှုန်းအသက်မွေးဝမ်းကျောင်း အဖြစ် လက်မှုပညာများ အခမဲ့သင်ကြားပေးမည်

ရန်ကုန်တိုင်းဒေသကြီးထဲက အခြေခံပညာကျောင်းတွေမှာ တစ်လလျှင် ပျမ်းမျှ တစ်ကျောင်းနှုန်းအဖြစ် အသက်မွေး ဝမ်းကျောင်းဖြစ်တဲ့ လက်မှုပညာများကို အခမဲ့သင်ကြားပေးသွားဖို့ စဉ်ထားတယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ မရမ်းကုန်းနဲ့ ဗိုလ်တထောင်က ကျောင်းတွေမှာ သင်ကြားခဲ့ပါတယ်၊ ဆက်လက်ပြီး တော့လည်း သင်ပေးဖို့ရှိပါတယ်၊ အခုက ကျောင်းတွေမှာ စားမေးပွဲကာလလည်း ဖြစ်နေတော့ ဒီကာလလေး ပြီးတာနဲ့ လစဉ်လစဉ် သင်ပေးသွားမှာပါ”လို့ အခြေခံပညာ စာသင်ကျောင်းတွေမှာ ပညာဒါနအဖြစ် အခမဲ့သင်ကြားနေတဲ့ ရတနာကလေးပြုစုရေး ဂေဟာရဲ့ အုပ်ချုပ်ရေးမှူး ဦးချမ်းသာအောင်က ပြောကြား ပါတယ်။

အခုလိုလက်မှုပညာအဖြစ် ခြင်းတောင်းများ၊ အိတ်များ အစရှိသဖြင့် လက်ဖြင့်ရက်လုပ်ရတဲ့ဟာတွေကို သင်ကြားပေးတာဖြစ်သလို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းစာ အားလပ်တဲ့အချိန်တွေမှာ လက်မှုပညာနဲ့ လုပ်ကိုင်ရင်းကနေ မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေပံ့ပိုးပေးနိုင်အောင်လို့ စီစဉ်တာမျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပညာဒါနအဖြစ် စတင်သင်ကြားတာတွေကို အခုနှစ် အောက်တိုဘာလကနေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကျောင်းတွေမှာ သင်ကြားပေးနိုင်ဖို့အတွက် ကျောင်းအုပ်ကြီးတွေနဲ့ ဆွေးနွေး ခွင့်ပြုချက် တောင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ “နှစ်ရက်လောက် သင်လိုက်ရုံနဲ့ အဆင်ပြေ ပါတယ်၊ လက်မှုထည်ပစ္စည်းတွေ လုပ်ကိုင်ဖို့ သိနားလည်စေမယ့်အပြင် လိုက်လံလုပ်ဆောင်ရင်းနဲ့ သူတို့ရဲ့ မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ဖန်တီးတာပဲဖြစ်ဖြစ် အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

လက်ရှိကာလအထိ ဗိုလ်တထောင်မြို့နယ်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မရမ်းကုန်း မြို့နယ်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနဲ့ အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်း (အထကခွဲကျောင်း)တွေမှာ သင်ကြားပေးခဲ့ပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

( Zawgyi )

 ရန္ကုန္တိုင္းေဒသႀကီးထဲက အေျခခံပညာေက်ာင္းေတြမွာ တစ္လလွ်င္ ပ်မ္းမွ် တစ္ေက်ာင္းႏႈန္းအျဖစ္ အသက္ေမြး ဝမ္းေက်ာင္းျဖစ္တဲ့ လက္မႈပညာမ်ားကို အခမဲ့သင္ၾကားေပးသြားဖို႔ စဥ္ထားတယ္လို႔ သိရပါတယ္။

“လက္ရွိမွာေတာ့ မရမ္းကုန္းနဲ႔ ဗိုလ္တေထာင္က ေက်ာင္းေတြမွာ သင္ၾကားခဲ့ပါတယ္၊ ဆက္လက္ၿပီး ေတာ့လည္း သင္ေပးဖို႔ရွိပါတယ္၊ အခုက ေက်ာင္းေတြမွာ စားေမးပြဲကာလလည္း ျဖစ္ေနေတာ့ ဒီကာလေလး ၿပီးတာနဲ႔ လစဥ္လစဥ္ သင္ေပးသြားမွာပါ”လို႔ အေျခခံပညာ စာသင္ေက်ာင္းေတြမွာ ပညာဒါနအျဖစ္ အခမဲ့သင္ၾကားေနတဲ့ ရတနာကေလးျပဳစုေရး ေဂဟာရဲ႕ အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းသာေအာင္က ေျပာၾကား ပါတယ္။

အခုလိုလက္မႈပညာအျဖစ္ ျခင္းေတာင္းမ်ား၊ အိတ္မ်ား အစရွိသျဖင့္ လက္ျဖင့္ရက္လုပ္ရတဲ့ဟာေတြကို သင္ၾကားေပးတာျဖစ္သလို ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ေက်ာင္းစာ အားလပ္တဲ့အခ်ိန္ေတြမွာ လက္မႈပညာနဲ႔ လုပ္ကိုင္ရင္းကေန မိသားစုအတြက္ တစ္ဖက္တစ္လမ္းကေန ဝင္ေငြပံ့ပိုးေပးႏိုင္ေအာင္လို႔ စီစဥ္တာမ်ိဳးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီလို ပညာဒါနအျဖစ္ စတင္သင္ၾကားတာေတြကို အခုႏွစ္ ေအာက္တိုဘာလကေန စတင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ တျခားေက်ာင္းေတြမွာ သင္ၾကားေပးႏိုင္ဖို႔အတြက္ ေက်ာင္းအုပ္ႀကီးေတြနဲ႔ ေဆြးေႏြး ခြင့္ျပဳခ်က္ ေတာင္းတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ “ႏွစ္ရက္ေလာက္ သင္လိုက္႐ုံနဲ႔ အဆင္ေျပ ပါတယ္၊ လက္မႈထည္ပစၥည္းေတြ လုပ္ကိုင္ဖို႔ သိနားလည္ေစမယ့္အျပင္ လိုက္လံလုပ္ေဆာင္ရင္းနဲ႔ သူတို႔ရဲ႕ မိသားစု ဝင္ေငြကို တစ္ဖက္တစ္လမ္းကေန ဖန္တီးတာပဲျဖစ္ျဖစ္ အခြင့္အလမ္းေကာင္းေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

လက္ရွိကာလအထိ ဗိုလ္တေထာင္ၿမိဳ႕နယ္က အမွတ္(၃) အေျခခံပညာအထက္တန္းေက်ာင္း၊ မရမ္းကုန္း ၿမိဳ႕နယ္က အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္းနဲ႔ အမွတ္(၈) အေျခခံပညာအလယ္တန္းေက်ာင္း (အထကခြဲေက်ာင္း)ေတြမွာ သင္ၾကားေပးခဲ့ၿပီးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ဒီဇင္ဘာ ၁၇