ရယ်မောပျော်ရွှင်ကာ ဘောလုံးပွဲအတူကြည့်နေတာက မတူညီတဲ့အသိုင်းအဝန်း သင့်သင့်မြတ်မြတ်ရှိတာကို ပြသဟု ICJ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

ရယ်မောပျော်ရွှင်ကာ ဘောလုံးပွဲအတူကြည့်နေတာက မတူညီတဲ့အသိုင်းအဝန်း သင့်သင့်မြတ်မြတ်ရှိတာကို ပြသဟု ICJ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

မကြာသေးမီကာလအတွင်းက မောင်တောမြို့၊ မြို့မအားကစားကွင်းမှာပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲသို့ မတူညီတဲ့အသိုင်းအဝန်းတွေက ဘောလုံးပွဲလာကြည့်သူတွေဟာ ဂုဏ်ယူဝမ်းမြောက်ခြင်း၊ရယ်မောပျော်ရွှင်၍ စိတ်အားထက်သန်နေကြတာသည် အတူတကွ သင့်သင့်မြတ်မြတ် ရှိနေကြတဲ့အချက်ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ICJ တရားရုံးတွင် အပြီးသတ်လျှောက်လဲ ချက်ပေးရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မတူကွဲပြားချက်တွေရှိတဲ့ အလားအလာကောင်းတွေရှိတဲ့ စိန်ခေါ် ချက်တွေလည်းရှိတဲ့ မြန်မာပြည်တဝှမ်းလုံးမှာ ဒီလိုသဟဇာတဖြစ်မှု သင့်မြတ်မှု ရအောင် ကြိုးပမ်းအားထုတ်နေကြတယ်လို့လည်း ဒုတိယ အကြိမ်လျှောက်လဲချက်ပေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ “ဂမ်းဘီးယားဘက်က အဆိုတင်သွင်းသူတစ်ယောက်က အဖွင့် အမှာစကားမှာ ဘောလုံးအကြောင်းထည့်ပြောသွားတော့ ကျမလည်း အခု ဘောလုံးပွဲတခုက ဓါတ်ပုံလေးတွေကို ပြချင်ပါတယ်။

‌မောင်တောမြို့က မြို့မအားကစားကွင်းမှာ သိပ်မကြာခင်က ITI က ဦးဆောင်ပြီး ကျင်းပပေးခဲ့တဲ့ ဘောလုံးပွဲစဉ်ပုံလေးတွေပါ။မောင်တောဟာ ၂၀၁၆ ကနေ ၂၀၁၇ ထိ ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ခဲ့ရာ အချက်အချာနေရာပါ။ဘောလုံးကန်သူတွေရော ဘောလုံးပွဲ လာကြည့် သူတွေရောဟာ မတူညီတဲ့ အသိုင်းအဝန်းတွေကလာကြတာပါ။ကလေးတွေရော လူကြီးတွေပါ ဂုဏ်ယူဝမ်းမြောက်နေကြပါတယ်၊ ရယ်မောပျော်ရွှင်နေကြပါတယ်၊စိတ်အားထက်သန်နေကြပါတယ်။ဒီထက်ပိုပြီး အရေးကြီးတာက သူတို့ဟာ အတူတကွ သင့်သင့် မြတ်မြတ် ရှိနေကြတယ်ဆိုတဲ့ အချက်ပါဘဲ။

ရခိုင်ပြည်နယ်မှာ ဒီလိုသဟဇတဖြစ်မှုကို ကျမတို့ ပျိုးထောင်ပေးနေကြပါတယ်။မတူကွဲပြားချက်တွေရှိတဲ့ အလားအလာကောင်းတွေရှိတဲ့ စိန်ခေါ်ချက်တွေလည်းရှိတဲ့ ကျမတို့ရဲ့ မြန်မာပြည်တဝှမ်းလုံးမှာပါ ဒီလိုသဟဇာတဖြစ်မှု သင့်မြတ်မှု ရအောင် ကျမတို့ ကြိုးပမ်းအားထုတ်နေကြ ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးကိုရော အရပ်ဘက်ဆိုင်ရာတရားစီရင်ရေးကိုပါ အခြေခံဥပဒေနဲ့အညီ စီရင်ဆောင်ရွက်ဖို့ဆိုတာ မြန်မာပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အရေးကြီး လှပါတယ်။

စစ်ဘက်ဆိုင်ရာတရားစီရင်ရေးရှိနေတဲ့အချိန်မှာ အခြားနိုင်ငံတခုခုကို (သို့မဟုတ်) နိုင်ငံခြားအဖွဲ့အစည်းတခုခုကို တရားစီရင်ခွင့်ပေး လိုက်ခြင်း ဟာ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးကို မထိရောက်အောင် အရေးမပါအောင်လုပ်လိုက်တာပါဘဲ။အဲ့လိုဆိုရင် မိမိတို့ ခန္ဓာထဲကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုခုကို ဖယ်ထုတ်လိုက်တာနဲ့ တူပါတယ်။ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးဟာ အမှားကျူးလွန်တဲ့ စစ်သားတွေကို ပြစ်ဒဏ်
‌ပေးပြုပြင်ပေး တယ်၊ ပိုတိုးတက်လာစေတယ် မိမိတို့ တာဝန်ကို တရားဥပဒေနဲ့အညီ ပိုကောင်းအောင် ထမ်းဆောင်လာနိုင်ဖို့ အထောက်အပံ့ပေး ပါတယ်။

တရားစီရင်ရေးကို နိုင်ငံပြင်ပအဖွဲ့အစည်းတခုခုကို လုပ်ခွင့်ပေးလိုက်တာဟာ ပြည်တွင်းက ဒီစနစ်ကို မထိရောက်အောင် လုပ်လိုက်တာ နဲ့တူပါတယ်။”လို့လည်း ပြောကြားခဲ့ပါသေးတယ်။ အဆိုပါပြောကြားမှုတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က နယ်သာလန်နိုင်ငံ၊သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စအပေါ် ဒုတိယအကြိမ်နှုတ်ဖြင့်လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

 ပြေသိမ်း
ရန်ကုန်၊ဒီဇင်ဘာ ၁၃
ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး။

(  Zawgyi  )

 မၾကာေသးမီကာလအတြင္းက ေမာင္ေတာၿမိဳ႕၊ ၿမိဳ႕မအားကစားကြင္းမွာျပဳလုပ္ခဲ့တဲ့ ေဘာလုံးပြဲတစ္ပြဲသို႔ မတူညီတဲ့အသိုင္းအဝန္းေတြက ေဘာလုံးပြဲလာၾကည့္သူေတြဟာ ဂုဏ္ယူဝမ္းေျမာက္ျခင္း၊ရယ္ေမာေပ်ာ္႐ႊင္၍ စိတ္အားထက္သန္ေနၾကတာသည္ အတူတကြ သင့္သင့္ျမတ္ျမတ္ ရွိေနၾကတဲ့အခ်က္ျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ICJ တရား႐ုံးတြင္ အၿပီးသတ္ေလွ်ာက္လဲ ခ်က္ေပးရာမွာ ထည့္သြင္းေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က မတူကြဲျပားခ်က္ေတြရွိတဲ့ အလားအလာေကာင္းေတြရွိတဲ့ စိန္ေခၚ ခ်က္ေတြလည္းရွိတဲ့ ျမန္မာျပည္တဝွမ္းလုံးမွာ ဒီလိုသဟဇာတျဖစ္မႈ သင့္ျမတ္မႈ ရေအာင္ ႀကိဳးပမ္းအားထုတ္ေနၾကတယ္လို႔လည္း ဒုတိယ အႀကိမ္ေလွ်ာက္လဲခ်က္ေပးရာတြင္ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။ “ဂမ္းဘီးယားဘက္က အဆိုတင္သြင္းသူတစ္ေယာက္က အဖြင့္ အမွာစကားမွာ ေဘာလုံးအေၾကာင္းထည့္ေျပာသြားေတာ့ က်မလည္း အခု ေဘာလုံးပြဲတခုက ဓါတ္ပုံေလးေတြကို ျပခ်င္ပါတယ္။

‌ေမာင္ေတာၿမိဳ႕က ၿမိဳ႕မအားကစားကြင္းမွာ သိပ္မၾကာခင္က ITI က ဦးေဆာင္ၿပီး က်င္းပေပးခဲ့တဲ့ ေဘာလုံးပြဲစဥ္ပုံေလးေတြပါ။ေမာင္ေတာဟာ ၂၀၁၆ ကေန ၂၀၁၇ ထိ ေဒသတြင္းလက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ခဲ့ရာ အခ်က္အခ်ာေနရာပါ။ေဘာလုံးကန္သူေတြေရာ ေဘာလုံးပြဲ လာၾကည့္ သူေတြေရာဟာ မတူညီတဲ့ အသိုင္းအဝန္းေတြကလာၾကတာပါ။ကေလးေတြေရာ လူႀကီးေတြပါ ဂုဏ္ယူဝမ္းေျမာက္ေနၾကပါတယ္၊ ရယ္ေမာေပ်ာ္႐ႊင္ေနၾကပါတယ္၊စိတ္အားထက္သန္ေနၾကပါတယ္။ဒီထက္ပိုၿပီး အေရးႀကီးတာက သူတို႔ဟာ အတူတကြ သင့္သင့္ ျမတ္ျမတ္ ရွိေနၾကတယ္ဆိုတဲ့ အခ်က္ပါဘဲ။

ရခိုင္ျပည္နယ္မွာ ဒီလိုသဟဇတျဖစ္မႈကို က်မတို႔ ပ်ိဳးေထာင္ေပးေနၾကပါတယ္။မတူကြဲျပားခ်က္ေတြရွိတဲ့ အလားအလာေကာင္းေတြရွိတဲ့ စိန္ေခၚခ်က္ေတြလည္းရွိတဲ့ က်မတို႔ရဲ႕ ျမန္မာျပည္တဝွမ္းလုံးမွာပါ ဒီလိုသဟဇာတျဖစ္မႈ သင့္ျမတ္မႈ ရေအာင္ က်မတို႔ ႀကိဳးပမ္းအားထုတ္ေနၾက ပါတယ္။”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာပါ။ ဆက္လက္၍ ေဒၚေအာင္ဆန္းစုၾကည္က “စစ္ဘက္ဆိုင္ရာ တရားစီရင္ေရးကိုေရာ အရပ္ဘက္ဆိုင္ရာတရားစီရင္ေရးကိုပါ အေျခခံဥပေဒနဲ႔အညီ စီရင္ေဆာင္႐ြက္ဖို႔ဆိုတာ ျမန္မာျပည္ရဲ႕ ပစၥဳပၸန္နဲ႔ အနာဂတ္အတြက္ အေရးႀကီး လွပါတယ္။

စစ္ဘက္ဆိုင္ရာတရားစီရင္ေရးရွိေနတဲ့အခ်ိန္မွာ အျခားႏိုင္ငံတခုခုကို (သို႔မဟုတ္) ႏိုင္ငံျခားအဖြဲ႕အစည္းတခုခုကို တရားစီရင္ခြင့္ေပး လိုက္ျခင္း ဟာ စစ္ဘက္ဆိုင္ရာတရားစီရင္ေရးကို မထိေရာက္ေအာင္ အေရးမပါေအာင္လုပ္လိုက္တာပါဘဲ။အဲ့လိုဆိုရင္ မိမိတို႔ ခႏၶာထဲကအေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုခုကို ဖယ္ထုတ္လိုက္တာနဲ႔ တူပါတယ္။ စစ္ဘက္ဆိုင္ရာတရားစီရင္ေရးဟာ အမွားက်ဴးလြန္တဲ့ စစ္သားေတြကို ျပစ္ဒဏ္
‌ေပးျပဳျပင္ေပး တယ္၊ ပိုတိုးတက္လာေစတယ္ မိမိတို႔ တာဝန္ကို တရားဥပေဒနဲ႔အညီ ပိုေကာင္းေအာင္ ထမ္းေဆာင္လာႏိုင္ဖို႔ အေထာက္အပံ့ေပး ပါတယ္။

တရားစီရင္ေရးကို ႏိုင္ငံျပင္ပအဖြဲ႕အစည္းတခုခုကို လုပ္ခြင့္ေပးလိုက္တာဟာ ျပည္တြင္းက ဒီစနစ္ကို မထိေရာက္ေအာင္ လုပ္လိုက္တာ နဲ႔တူပါတယ္။”လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။ အဆိုပါေျပာၾကားမႈေတြကို ဒီဇင္ဘာ ၁၂ ရက္ေန႔က နယ္သာလန္ႏိုင္ငံ၊သည္ဟိတ္ဂ္ၿမိဳ႕တြင္ ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ႏိုင္ငံေတာ္၏ ကိုယ္စားလွယ္အေနျဖင့္ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌ျပဳလုပ္သည့္ ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက တင္သြင္းသည့္ကိစၥအေပၚ ဒုတိယအႀကိမ္ႏႈတ္ျဖင့္ေလွ်ာက္လဲခ်က္ေပးခဲ့ျခင္းျဖစ္ပါတယ္။

 ေျပသိမ္း
ရန္ကုန္၊ဒီဇင္ဘာ ၁၃
ဓါတ္ပုံ - ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး။