AA နှင့် မည်သည့်အပေးအယူမျိုးမှမရှိဟု ပြန်လွတ်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် ဆို

AA နှင့် မည်သည့်အပေးအယူမျိုးမှမရှိဟု ပြန်လွတ်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် ဆို

(AA)ဖမ်းဆီးခြင်းခံခဲ့ရသောအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်ပြန်လည်လွှတ်မြောက်လာပြီး(၁၅)ကြိမ်မြောက်အမျိုးသားလွှတ်တော်အစည်းအဝေးလွှတ်တော်တက်ရောက်ရန်ရောက်ရှိနေရာ ယနေ့ပြုလုပ်သည့်လွှတ်တော်(၄)နှစ်ပြည့်အခမ်းအနားတွင် သတင်းသမားများနှင့်တွေ့ဆုံခဲ့ပါတယ်။  

ထိုသို့ တွေ့ဆုံရာမှာ ၎င်းလွှတ်မြောက်လာမှုအတွက် (AA)နှင့်မည်သည့်အပေးအယူမျိုးမှမရှိဟုပြောကြားခဲ့ပါတယ်။

"ကျနော်ကိုပြန်လွှတ်ပေးဖို့အပေးအယူသဘောတူထားချက်တွေကတော့မရှိပါဘူးဗျ။ ကျွန်တော် ပြောတဲ့ ဆိုတဲ့ အခါမှာ ဗွီဒီယိုဖိုင်တွေ ရိုက်တာရှိတယ်။ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ဟာတော့ ကျွန်တော်တို့ အဲဒီမှာ ဆွေးနွေးတာ ဘာမှ မရှိပါဘူး"ဟုသတင်းသမားများအားပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်ကိုယ်စားလှယ်ဦးဝှေ့တင်မှ၎င်းဖမ်းဆီခံရမှုနှင့်ပတ်သက်သည့်အကြောင်းများအားသတင်းထောက်များအားပြန်လည်ပြောကြားရာတွင် "၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့အတွက် ကျွန်တော်ပလက်ဝမြို့နယ် ကျွန်တော့်မဲန္ဒနယ်မြေကနေ အိမ်ကနေ ပြီး နိုဝင်ဘာ ၃ရက်နေ့ ပလက်ဝ ဆိပ်ကမ်းကနေ ၈နာရီနဲ့ ၄၅မိနစ်မှာ Speed Boat နဲ့ စထွက်တော့ ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ AA အဖွဲ့တွေရဲ့ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ဖြစ်တာက နိုဝင်ဘာ ၃ရက်နေ့က ဖြစ်တာပေါ့။ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်း ကျောက်တန်းကျေးရွာမှာ စဖမ်းပါတယ်။ စပြီး ထိန်းသိမ်းတာပေါ့။ အဲဒီကနေ တစ်နာရီလောက် သူတို့ လူကြီးနဲ့ ပြောတာ ဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။ တစ်နာရီလောက်နေပြီး ကုလားတန်မြစ်ရဲ့ အနောက်ဘက်ကမ်းကို ကျောက်တန်းရွာကနေ ကျောက်တော်ဘက်ကို မိနစ်သုံးဆယ်လောက် စက်လှေနဲ့ မောင်းပြီး ကျွန်တော့်ကို ပို့ပါတယ်။ ရွာကိုတော့ ကျွန်တော်မသိပါဘူး။ အဲဒီရွာက ဖြတ်ပြီး သူတို့ တောင်ကုန်းကို နှစ်နာရီခွဲလောက်တက်ရပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ခြေခြင်းတွေခတ်ပြီး ထားပါတယ်။ ထမင်းတွေ ဘာတွေက သူတို့စားတဲ့အတိုင်း ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ကျွန်တော့်ကို တာဝန်ယူပေးတဲ့ တပ်စိတ်တစ်စိတ်ပေါ့ ၁၅ယောက်လောက်ရှိတယ်။ တပ်ကြပ်ကြီး ဦးဆောင်ပြီးတော့ ကျွန်တော့်ကို နည်းနည်း ကျွန်တော့်လိုအပ်ချက်တွေ ကူညီတဲ့ စောင့်ရှောက်ပေးတဲ့ အနေအထားတော့ရှိပါတယ်။

ကျွန်တော်ကလည်း ပြည်သူကရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် ဘာမှ အထဲမှာ ရောက်တဲ့အခါ နှိပ်စက်မှုတွေ ဘာမှာတော့ မရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော့်ကို ခေါ်တဲ့ အခါ လက်ထိပ်တွေ ခတ်ပါတယ်။ အဲဒီမှာ သူတို့ စခန်းမှာ ရောက်တဲ့ အခါ ကျွန်တော်ကို ခြေခြင်းတွေခတ်ပါတယ်။ ပြီးတော့ ခြောက်ပေါက်ပေါ့ ထိပ်တုံးနဲ့ ခတ်ပါတယ်။ မေးတဲ့ မြန်းတဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်း မေးတာတော့ မရှိပါဘူး။ အဓိက ကျွန်တော့်ကို စွပ်စွဲတာက မြန်မာ့တပ်မတော်ကနေ ပြီးတော့ သူတို့နဲ့ အဆက်အသွယ်သတင်းပေး သတင်းယူ လုပ်တဲ့ နယ်စပ်ဒေသက သတင်းပေးသတင်းယူတဲ့သူတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ နံပါတ်တစ်အချက် စွပ်စွဲတယ်။ နှစ်အချက်က အဲဒီ သတင်းပေးအဖွဲ့တွေက ရတဲ့ သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး စွပ်စွဲတယ်။ တတိယ အချက်ကတော့ ကျွန်တော်သည် ယခင်က လွှတ်တော်ကိုယ်စားလှယ်မဖြစ်မီက ပလက်ဝမြို့ ခူမီးလူငယ်များအသင်းမှာ ဖောင်ဒါတစ်ဦးအနေနဲ့ ကျွန်တော်ထူထောင်ခဲ့တဲ့ အတွက် ခူမီးချင်းလူငယ်များကို စည်းရုံးပြီးတော့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းတယ်လို့ ကျွန်တော့်ကို စွပ်စွဲတယ်။ ဒီစွပ်စွဲချက်တွေက ဘာတစ်ခုမှ ကျွန်တော်နဲ့ မပတ်သက်ပါဘူး။ ဒါ ရှင်းရှင်းလင်းလင်းလေးပဲ။ ကျွန်တော်သည် ပြည်သူက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက်ဒေသအကျိုးကိုဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်"ဟုသတင်းသမားများအားပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဇန်နဝါရီ - ၃၁
( Zawgyi )
(AA)ဖမ္းဆီးျခင္းခံခဲ့ရေသာအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္ျပန္လည္လႊတ္ေျမာက္လာၿပီး(၁၅)ႀကိမ္ေျမာက္အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးလႊတ္ေတာ္တက္ေရာက္ရန္ေရာက္ရွိေနရာ ယေန႔ျပဳလုပ္သည့္လႊတ္ေတာ္(၄)ႏွစ္ျပည့္အခမ္းအနားတြင္ သတင္းသမားမ်ားႏွင့္ေတြ႕ဆုံခဲ့ပါတယ္။  

ထိုသို႔ ေတြ႕ဆုံရာမွာ ၎လႊတ္ေျမာက္လာမႈအတြက္ (AA)ႏွင့္မည္သည့္အေပးအယူမ်ိဳးမွမရွိဟုေျပာၾကားခဲ့ပါတယ္။

"က်ေနာ္ကိုျပန္လႊတ္ေပးဖို႔အေပးအယူသေဘာတူထားခ်က္ေတြကေတာ့မရွိပါဘူးဗ်။ ကြၽန္ေတာ္ ေျပာတဲ့ ဆိုတဲ့ အခါမွာ ဗြီဒီယိုဖိုင္ေတြ ႐ိုက္တာရွိတယ္။ ဘယ္လိုမ်ိဳးလုပ္ရမယ္ဆိုတဲ့ဟာေတာ့ ကြၽန္ေတာ္တို႔ အဲဒီမွာ ေဆြးေႏြးတာ ဘာမွ မရွိပါဘူး"ဟုသတင္းသမားမ်ားအားေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားလႊတ္ကိုယ္စားလွယ္ဦးေဝွ႔တင္မွ၎ဖမ္းဆီခံရမႈႏွင့္ပတ္သက္သည့္အေၾကာင္းမ်ားအားသတင္းေထာက္မ်ားအားျပန္လည္ေျပာၾကားရာတြင္ "၁၄ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကို တက္ေရာက္ဖို႔အတြက္ ကြၽန္ေတာ္ပလက္ဝၿမိဳ႕နယ္ ကြၽန္ေတာ့္မဲႏၵနယ္ေျမကေန အိမ္ကေန ၿပီး ႏိုဝင္ဘာ ၃ရက္ေန႔ ပလက္ဝ ဆိပ္ကမ္းကေန ၈နာရီနဲ႔ ၄၅မိနစ္မွာ Speed Boat နဲ႔ စထြက္ေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအနီးမွာ AA အဖြဲ႕ေတြရဲ႕ ထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။
ျဖစ္တာက ႏိုဝင္ဘာ ၃ရက္ေန႔က ျဖစ္တာေပါ့။ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္ရဲ႕ အေရွ႕ဘက္ကမ္း ေက်ာက္တန္းေက်း႐ြာမွာ စဖမ္းပါတယ္။ စၿပီး ထိန္းသိမ္းတာေပါ့။ အဲဒီကေန တစ္နာရီေလာက္ သူတို႔ လူႀကီးနဲ႔ ေျပာတာ ဆိုတာ ရွိေကာင္းရွိႏိုင္ပါတယ္။ တစ္နာရီေလာက္ေနၿပီး ကုလားတန္ျမစ္ရဲ႕ အေနာက္ဘက္ကမ္းကို ေက်ာက္တန္း႐ြာကေန ေက်ာက္ေတာ္ဘက္ကို မိနစ္သုံးဆယ္ေလာက္ စက္ေလွနဲ႔ ေမာင္းၿပီး ကြၽန္ေတာ့္ကို ပို႔ပါတယ္။ ႐ြာကိုေတာ့ ကြၽန္ေတာ္မသိပါဘူး။ အဲဒီ႐ြာက ျဖတ္ၿပီး သူတို႔ ေတာင္ကုန္းကို ႏွစ္နာရီခြဲေလာက္တက္ရပါတယ္။ အဲဒီမွာ ကြၽန္ေတာ့္ကို ေျချခင္းေတြခတ္ၿပီး ထားပါတယ္။ ထမင္းေတြ ဘာေတြက သူတို႔စားတဲ့အတိုင္း ေကာင္းေကာင္းမြန္မြန္ ေကြၽးပါတယ္။ ကြၽန္ေတာ့္ကို တာဝန္ယူေပးတဲ့ တပ္စိတ္တစ္စိတ္ေပါ့ ၁၅ေယာက္ေလာက္ရွိတယ္။ တပ္ၾကပ္ႀကီး ဦးေဆာင္ၿပီးေတာ့ ကြၽန္ေတာ့္ကို နည္းနည္း ကြၽန္ေတာ့္လိုအပ္ခ်က္ေတြ ကူညီတဲ့ ေစာင့္ေရွာက္ေပးတဲ့ အေနအထားေတာ့ရွိပါတယ္။

ကြၽန္ေတာ္ကလည္း ျပည္သူကေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့အတြက္ ဘာမွ အထဲမွာ ေရာက္တဲ့အခါ ႏွိပ္စက္မႈေတြ ဘာမွာေတာ့ မရွိပါဘူး။ သို႔ေသာ္လည္းပဲ ကြၽန္ေတာ့္ကို ေခၚတဲ့ အခါ လက္ထိပ္ေတြ ခတ္ပါတယ္။ အဲဒီမွာ သူတို႔ စခန္းမွာ ေရာက္တဲ့ အခါ ကြၽန္ေတာ္ကို ေျချခင္းေတြခတ္ပါတယ္။ ၿပီးေတာ့ ေျခာက္ေပါက္ေပါ့ ထိပ္တုံးနဲ႔ ခတ္ပါတယ္။ ေမးတဲ့ ျမန္းတဲ့အခါမွာလည္း ၾကမ္းၾကမ္းတမ္းတမ္း ေမးတာေတာ့ မရွိပါဘူး။ အဓိက ကြၽန္ေတာ့္ကို စြပ္စြဲတာက ျမန္မာ့တပ္မေတာ္ကေန ၿပီးေတာ့ သူတို႔နဲ႔ အဆက္အသြယ္သတင္းေပး သတင္းယူ လုပ္တဲ့ နယ္စပ္ေဒသက သတင္းေပးသတင္းယူတဲ့သူေတြနဲ႔ အဆက္အသြယ္ရွိတယ္လို႔ နံပါတ္တစ္အခ်က္ စြပ္စြဲတယ္။ ႏွစ္အခ်က္က အဲဒီ သတင္းေပးအဖြဲ႕ေတြက ရတဲ့ သတင္းေတြကို ျမန္မာ့တပ္မေတာ္ကို သတင္းေပးတယ္ဆိုၿပီး စြပ္စြဲတယ္။ တတိယ အခ်က္ကေတာ့ ကြၽန္ေတာ္သည္ ယခင္က လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္မီက ပလက္ဝၿမိဳ႕ ခူမီးလူငယ္မ်ားအသင္းမွာ ေဖာင္ဒါတစ္ဦးအေနနဲ႔ ကြၽန္ေတာ္ထူေထာင္ခဲ့တဲ့ အတြက္ ခူမီးခ်င္းလူငယ္မ်ားကို စည္း႐ုံးၿပီးေတာ့ ျပည္သူ႔စစ္သင္တန္းေတြ တက္ခိုင္းတယ္လို႔ ကြၽန္ေတာ့္ကို စြပ္စြဲတယ္။ ဒီစြပ္စြဲခ်က္ေတြက ဘာတစ္ခုမွ ကြၽန္ေတာ္နဲ႔ မပတ္သက္ပါဘူး။ ဒါ ရွင္းရွင္းလင္းလင္းေလးပဲ။ ကြၽန္ေတာ္သည္ ျပည္သူက ေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့အတြက္ေဒသအက်ိဳးကိုေဆာင္႐ြက္ေနျခင္းသာျဖစ္ပါတယ္"ဟုသတင္းသမားမ်ားအားေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ဇန္နဝါရီ - ၃၁