【 ဆောင်းပါး 】 ကိုယ်ကျင့်သိက္ခာနဲ့ အသိဉာဏ်ဆင်ခြင်တုံတရားနှင့် ပြည့်ဝတဲ့ နိုင်ငံသားတွေဖြစ်ဖို့ဆိုရင်

【 ဆောင်းပါး 】 ကိုယ်ကျင့်သိက္ခာနဲ့ အသိဉာဏ်ဆင်ခြင်တုံတရားနှင့် ပြည့်ဝတဲ့ နိုင်ငံသားတွေဖြစ်ဖို့ဆိုရင်

“ဒါနဲ့ ကိုရွှေမောင်း … မကြာသေးမီက မြေနုကျွန်းအငြင်းပွားမှုကိစ္စနဲ့ ရွာနှစ်ရွာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်သတ်ပုတ်ကြတဲ့အထိ ပဋိပက္ခကြီးထွားလာလိုက်တာ လူအများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေမျိုးကိုတောင် ရောက်ခဲ့ရတဲ့သတင်းကို ကြားလိုက်မိတယ် မဟုတ်လား”

“ကြားပါပကော ဆရာရယ် ဒီသတင်းကြားပြီး စိတ်ထဲမကောင်းလိုက်တာ၊ ကိုယ့်တစ်နယ်တည်းသား ကိုယ့်လူမျိုးအချင်းချင်း ဒီလောက်တိုက်ကြခိုက်ကြတယ်ဆိုတာ အတော်အရုပ်ဆိုး အကျည်းတန်ပြီး ဝမ်းနည်းစရာကောင်းလှတဲ့ ဖြစ်ရပ်မျိုးလို့ ထင်မိပါရဲ့ဗျာ” “တကယ်တော့ ဒီနေ့ခေတ်လူတွေ အတော်မိုက်လုံးကြီးကြတယ်လို့ကော မထင်ဘူးလား ကိုရွှေမောင်း”

“ဟုတ်တယ်ဆရာ ဒီနေ့ခေတ်မှာဆို ဟိုနေရာလည်း တုတ်တစ်ပြတ် ဓားတစ်ပြတ် ဒီနေရာလည်း သတ်မယ်ဖြတ်မယ်ဆိုတာချည်းဆိုသလို ဖြစ်နေတာတော့ အမှန်ပဲ”

“တကယ်တော့ ဒါတွေအားလုံးဟာ ဒီနေ့ခေတ် ရုပ်ရှင်တွေနဲ့ လူမှုရေးမီဒီယာတွေကနေ သွယ်ဝိုက်ရိုက်ခတ်လာတဲ့ အကျိုးဆက်တွေဆိုရင်လည်း မမှားဘူးဗျ”

“ဟုတ်တယ်နော်ဆရာ ဒီနေ့ခေတ်ရုပ်ရှင်တွေကိုကြည့်ရင် ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် အသိပညာပေးတဲ့ ဇာတ်လမ်းတွေက နည်းလွန်းပြီး ကမ်းကုန်အောင်မိုက်တဲ့ လူမိုက်ဇာတ်လမ်းတွေ၊ လူရဲ့စိတ်ကို ညစ်ညူးပြီး ချောက်ချောက်ချားချား ဖြစ်စေတဲ့ သရဲတစ္ဆေဇာတ်လမ်းမျိုးတွေက ပိုများနေတယ်လို့ ထင်မိတယ်”

“ဒါဟာ ခေတ်ကာလရဲ့ ရောင်ပြန်ဟပ်မှုတစ်မျိုးလို့ဆိုရင်လည်း မမှားဘူး အဲဒီအတွက် အကျိုးဆက်က မလစ်နဲ့ လစ်တာနဲ့ တိုက်ခိုက်ရိုက်ပုတ်ပြီးလုတယ်၊ ဓားထောက်ပြီးလုတယ်၊ ဒီထက်ပိုပြီး စိတ်ရိုင်းဝင်လာရင် လူ့အသက်တစ်ချောင်းကို တန်ဖိုးထားရကောင်းမှန်း မသိအောင် အလွယ်တကူ သတ်ဖြတ်လိုက်ကြတယ်။
တချို့အမှုအခင်းတွေဆိုရင် သက်ကြီးရွယ်အို မိခင်ဖခင်တွေနဲ့ လူမမယ်အရွယ် သားတွေသမီးတွေကိုတောင် အလွတ်မပေးဘဲ ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးတွေကိုတောင် ကြားသိရတာမျိုးတွေဟာ အလွန်စိတ်မချမ်းမြေ့စရာကောင်းလှတယ်”

“တကယ်တော့ အဲဒီလိုဖြစ်ရပ်တွေဟာ မိုက်တယ် ရိုင်းတယ် ဆိုတာထက် အသိမဲ့ပညာမဲ့နဲ့ ဆင်ခြင်ဉာဏ်ကင်းမဲ့လွန်းလှတဲ့ လူ့ဗာလတွေရဲ့ လုပ်ရပ်တွေလို့ ဆိုချင်ပါတယ်”

“ဟုတ်တယ် ကိုရွှေမောင်း ဒီလိုဖြစ်ရပ်တွေက ခေတ်ကာလရဲ့ ရိုက်ခတ်မှုလို့ဆိုရင်တောင် ကျွန်တော်တို့ ခင်ဗျားတို့ ငယ်ငယ်ကဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလတွေကိုပြန်ကြည့်ရင် လူဆိုးလူမိုက်ဆိုတဲ့ လူတွေမှာလည်း သူ့စည်းသူ့ကမ်းဆိုတာ ရှိတယ်မဟုတ်လား။ကိုယ့်ရွာမှာ ကြက်မ၊ သူများရွာမှာ ကြက်ဖဆိုတဲ့ စကားကို ကိုယ့်ဇာတိ ကိုယ့်အရပ်မှာ မိုက်ဂုဏ်ကိုပြဖို့ထက် အရေးအကြောင်းရှိရင်တောင် ကိုယ့်ရပ်ရွာက လူတွေကို ကာကွယ်စောင့်ရှောက်ကြတာမျိုးတောင် ရှိခဲ့ပါတယ်။”

“ဟုတ်တယ်နော်၊ ဒီနေ့ခေတ်ကတော့ ပြည်သူ့နီတိဆိုတာကိုတောင် အလေးမထားကြတော့တဲ့အထိပဲ ဆရာ။အခြားမကြည့်နဲ့ ဒီနေ့ခေတ် လူငယ်တွေ အတုခိုးမြန်တယ် အထူးသဖြင့် မကောင်းတာဆိုပိုလို့တောင် အတုခိုးမြန်လှတယ်၊ အရွယ်မရောက်သေးသူက လူမမယ်ကလေးတွေကို မတော်မတရားပြုကျင့်တဲ့အထိ အကျင့်ဆိုးတွေ ကူးစက်တဲ့အထိ စိတ်မကောင်းစရာတွေကို တွေ့လာခဲ့ရတယ်။အဲဒီလို အသိဉာဏ် ဆင်ခြင်နည်းပါးမှုမျိုးတွေဟာ လူမှုရေးမီဒီယာမှာ အများဆုံးဆိုသလို ဖြစ်နေတယ်။ဖေ့ဘွတ်စ် စာမျက်နှာတွေပေါ်မှာကြည့်၊ တစ်ယောက်ဆဲရင် နောက်တစ်ယောက်က လိုက်ဆဲတယ် လူမမြင်ရဘူးဆိုပြီး ရင့်ရင့်သီးသီးနဲ့ မကြားဝံ့မနာသာ ဆဲတာမျိုးတောင်ရှိတယ် တစ်ယောက်က ပေါက်တတ်ကရ ရုပ်ပုံတွေ စာသားတွေ တင်ရင် နောက်တစ်ယောက်က လိုက်တင်တယ်။ဒီလိုလုပ်တာ လူတိုင်းမဟုတ်ဘူးဆိုပေမဲ့ ဖေ့ဘွတ်လ်ပေါ်မှာ နာမည်ကြီးချင်တဲ့အတွက် ပေါကြောင်ကြောင်တွေလုပ်တယ်။ဖရုဿဝါ စာတွေ မိုးမွှန်အောင်ပြောတယ်။ယိုသူမရှက် မြင်သူရှက်လောက်တဲ့ ပုံတွေတင်လာကြတဲ့အထိ အရှက်နည်းလာကြတယ်။”

“မှန်ပါတယ်ဆရာ .. ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုရေစီးကြောင်း ကျိုးပျက်သွားပြီလို့တောင် ဆိုရမလောက်အထိပဲ”

“မှန်ပါတယ် ကိုရွှေမောင်း၊ ဒီနေ့ခေတ် လူမှုရေးမီဒီယာနဲ့ သတင်းဂျာနယ်က စာမျက်နှာတွေပေါ်မှာ တွေ့မြင်နေရတဲ့ မှုခင်းသတင်းတွေကိုကြည့်ရင် လူတွေမှာ အယဉ်စိတ်ထက် အရိုင်းစိတ်က ပိုပြီးကြီးစိုးနေသလား ထင်ရတယ်၊ မုဒိမ်းမှု၊ လူသတ်မှု သတင်းဆိုတာ မပါမဖြစ်ပါရမယ့် သတင်းကိုဖြစ်နေတယ်။
အသက်မပြည့်သေးတဲ့ လူမမယ်အရွယ် ကလေးတွေကို ဖခင်အရင်းကလည်း မရှောင်ဘူး၊ ဦးလေးအရင်းကလည်း မရှောင်ဘူူး လူမဆန်အောင် ယုတ်မာလိုက်ကြတာ ဘယ်လောက်အော့နှလုံးနာစရာ ကောင်းလိုက်သလဲ”

“ဟုတ်တယ်ဆရာ ပြစ်မှုကျွန်းလွန်သူတွေက သူတို့စိတ်ကို ချွန်းမအုပ်နိုင်လို့ ရိုင်းစိုင်းယုတ်မာပြီး မုဒိမ်းကျင့် လူသတ်တယ်၊ သူတို့က အလွယ်တကူ ပြစ်မှုကျူးလွန်တယ်ဆိုပေမဲ့ တစ်ဖက်သားကတော့ ဘဝပျက်ရတယ်။ဘဝတစ်ခု စောစီးစွာနိဂုံးချုပ်ခဲ့ရတယ်။တလောကတောင် ဦးလေးအရင်းက ပစ္စည်းလိုချင်လို့ တူမဖြစ်သူကို ရိုက်သတ်ပြီးမြောင်းထဲပစ်ထားခဲ့တဲ့ အမှုကိုကြည့်ရင် လူတွေမှာ ဘယ်လောက်အထိ စာနာစိတ်ကင်းမဲ့နေလဲဆိုတာ တွေ့နေရတယ်”

“အဓိက ကတော့ လူတွေဟာ ကိုယ်ကျိုးပဲကြည့်ကြတော့ စာနာစိတ်ဆိုတာ ကင်းမဲ့လာကြတော့တာပေါ့”

“တကယ်တော့ ဒီနေ့ခေတ်ကာလမှာ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ များလာတယ်လို့ မထင်ဘူးလား ဆရာ”

“အင်း .. ကိုရွှေမောင်း ပြောတာလည်း ငြင်းနိုင်စရာမရှိပါဘူး။ဒီထက်ပိုဆိုးတာက ကိုယ်ကျိုး စီးပွားကိုသာကြည့်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်တွေ နိုင်ငံရေးနယ်ပယ်မှာ ကြီးစိုးလာမှာကို စိုးမိတယ်။အဲဒီလိုသာဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်း အခြေအနေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးကို ကြုံတွေ့လာရနိုင်တယ်လို့ ထင်မြင်မိတယ်”

“ဟုတ်တယ်ဆ ရာ၊ တလောလေးက အင်န်အယ်လ်ဒီ မြို့နယ်ရုံးအနီးမှာ ဗုံးတစ်လုံးတွေ့ရှိရတဲ့ ဖြစ်ရပ်နဲ့ နေပြည်တော်စည်ပင်ရိပ်သာက ဗုံးလန့်တဲ့ အခင်းဖြစ်ရပ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာတဲ့ အရိပ်အယောင်တွေပဲ မဟုတ်လား”

“ဟုတ်တယ် ကျွန်တော်တို့နိုင်ငံမှာ ပြဿနာဆိုတာ တစ်ခုပြီးတစ်ခုဆိုသလို အမြဲမပြတ်ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးတွေဟာ သွေးရိုးသားရိုးဆိုရင်တောင် ကျွန်တော်တို့ နိုင်ငံအတွက်တော့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုဖြစ်ပြီး အတ္တကြီးသူတွေရဲ့ နိုင်ငံရေးကစားပွဲ အသွင်အပြင်မျိုးဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာလေ နောက်ထပ်ပိုမိုဆိုးရွားမှုတွေကို တွေ့မြင်ရမယ့် အလားအလာတွေလို့ ယူဆမိတယ်”

“တကယ်တော့ မြေနုကျွန်းကိစ္စနဲ့ ရန်မီးပွားနေကြတဲ့သူတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ အပြိုင်အဆိုင် အတိုက်အခံ နေနေကြတဲ့ ဘယ်သူတွေပဲဖြစ်ဖြစ် ကိုယ့်ဇာတိ၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်လူမျိုးဆိုတဲ့ အသိဉာဏ် ဆင်ခြင်တုံတရားနဲ့  အရာရာကို တွေးဆဆင်ခြင်ပြီး ညှိနှိုင်းအဖြေရှာနိုင်ကြပါစေလို့ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဆုတောင်းကြရုံသာရှိတော့တာပေ့ါဗျာ”

မြင့်နောင်မိုး
သြဂုတ် - ၁

( Zawgyi )

“ဒါနဲ႔ ကိုေ႐ႊေမာင္း … မၾကာေသးမီက ေျမႏုကြၽန္းအျငင္းပြားမႈကိစၥနဲ႔ ႐ြာႏွစ္႐ြာ တစ္ဖက္နဲ႔ တစ္ဖက္ တိုက္ခိုက္သတ္ပုတ္ၾကတဲ့အထိ ပဋိပကၡႀကီးထြားလာလိုက္တာ လူအမ်ားအျပား အသက္ဆုံးရႈံးခဲ့ရတဲ့ အေျခအေနမ်ိဳးကိုေတာင္ ေရာက္ခဲ့ရတဲ့သတင္းကို ၾကားလိုက္မိတယ္ မဟုတ္လား”

“ၾကားပါပေကာ ဆရာရယ္ ဒီသတင္းၾကားၿပီး စိတ္ထဲမေကာင္းလိုက္တာ၊ ကိုယ့္တစ္နယ္တည္းသား ကိုယ့္လူမ်ိဳးအခ်င္းခ်င္း ဒီေလာက္တိုက္ၾကခိုက္ၾကတယ္ဆိုတာ အေတာ္အ႐ုပ္ဆိုး အက်ည္းတန္ၿပီး ဝမ္းနည္းစရာေကာင္းလွတဲ့ ျဖစ္ရပ္မ်ိဳးလို႔ ထင္မိပါရဲ႕ဗ်ာ” “တကယ္ေတာ့ ဒီေန႔ေခတ္လူေတြ အေတာ္မိုက္လုံးႀကီးၾကတယ္လို႔ေကာ မထင္ဘူးလား ကိုေ႐ႊေမာင္း”

“ဟုတ္တယ္ဆရာ ဒီေန႔ေခတ္မွာဆို ဟိုေနရာလည္း တုတ္တစ္ျပတ္ ဓားတစ္ျပတ္ ဒီေနရာလည္း သတ္မယ္ျဖတ္မယ္ဆိုတာခ်ည္းဆိုသလို ျဖစ္ေနတာေတာ့ အမွန္ပဲ”

“တကယ္ေတာ့ ဒါေတြအားလုံးဟာ ဒီေန႔ေခတ္ ႐ုပ္ရွင္ေတြနဲ႔ လူမႈေရးမီဒီယာေတြကေန သြယ္ဝိုက္႐ိုက္ခတ္လာတဲ့ အက်ိဳးဆက္ေတြဆိုရင္လည္း မမွားဘူးဗ်”

“ဟုတ္တယ္ေနာ္ဆရာ ဒီေန႔ေခတ္႐ုပ္ရွင္ေတြကိုၾကည့္ရင္ ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြအတြက္ အသိပညာေပးတဲ့ ဇာတ္လမ္းေတြက နည္းလြန္းၿပီး ကမ္းကုန္ေအာင္မိုက္တဲ့ လူမိုက္ဇာတ္လမ္းေတြ၊ လူရဲ႕စိတ္ကို ညစ္ညဴးၿပီး ေခ်ာက္ေခ်ာက္ခ်ားခ်ား ျဖစ္ေစတဲ့ သရဲတေစၦဇာတ္လမ္းမ်ိဳးေတြက ပိုမ်ားေနတယ္လို႔ ထင္မိတယ္”

“ဒါဟာ ေခတ္ကာလရဲ႕ ေရာင္ျပန္ဟပ္မႈတစ္မ်ိဳးလို႔ဆိုရင္လည္း မမွားဘူး အဲဒီအတြက္ အက်ိဳးဆက္က မလစ္နဲ႔ လစ္တာနဲ႔ တိုက္ခိုက္႐ိုက္ပုတ္ၿပီးလုတယ္၊ ဓားေထာက္ၿပီးလုတယ္၊ ဒီထက္ပိုၿပီး စိတ္႐ိုင္းဝင္လာရင္ လူ႔အသက္တစ္ေခ်ာင္းကို တန္ဖိုးထားရေကာင္းမွန္း မသိေအာင္ အလြယ္တကူ သတ္ျဖတ္လိုက္ၾကတယ္။
တခ်ိဳ႕အမႈအခင္းေတြဆိုရင္ သက္ႀကီး႐ြယ္အို မိခင္ဖခင္ေတြနဲ႔ လူမမယ္အ႐ြယ္ သားေတြသမီးေတြကိုေတာင္ အလြတ္မေပးဘဲ ရက္ရက္စက္စက္ သတ္ျဖတ္တာမ်ိဳးေတြကိုေတာင္ ၾကားသိရတာမ်ိဳးေတြဟာ အလြန္စိတ္မခ်မ္းေျမ့စရာေကာင္းလွတယ္”

“တကယ္ေတာ့ အဲဒီလိုျဖစ္ရပ္ေတြဟာ မိုက္တယ္ ႐ိုင္းတယ္ ဆိုတာထက္ အသိမဲ့ပညာမဲ့နဲ႔ ဆင္ျခင္ဉာဏ္ကင္းမဲ့လြန္းလွတဲ့ လူ႔ဗာလေတြရဲ႕ လုပ္ရပ္ေတြလို႔ ဆိုခ်င္ပါတယ္”

“ဟုတ္တယ္ ကိုေ႐ႊေမာင္း ဒီလိုျဖစ္ရပ္ေတြက ေခတ္ကာလရဲ႕ ႐ိုက္ခတ္မႈလို႔ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ ငယ္ငယ္ကျဖတ္သန္းခဲ့ရတဲ့ ေခတ္ကာလေတြကိုျပန္ၾကည့္ရင္ လူဆိုးလူမိုက္ဆိုတဲ့ လူေတြမွာလည္း သူ႔စည္းသူ႔ကမ္းဆိုတာ ရွိတယ္မဟုတ္လား။ကိုယ့္႐ြာမွာ ၾကက္မ၊ သူမ်ား႐ြာမွာ ၾကက္ဖဆိုတဲ့ စကားကို ကိုယ့္ဇာတိ ကိုယ့္အရပ္မွာ မိုက္ဂုဏ္ကိုျပဖို႔ထက္ အေရးအေၾကာင္းရွိရင္ေတာင္ ကိုယ့္ရပ္႐ြာက လူေတြကို ကာကြယ္ေစာင့္ေရွာက္ၾကတာမ်ိဳးေတာင္ ရွိခဲ့ပါတယ္။”

“ဟုတ္တယ္ေနာ္၊ ဒီေန႔ေခတ္ကေတာ့ ျပည္သူ႔နီတိဆိုတာကိုေတာင္ အေလးမထားၾကေတာ့တဲ့အထိပဲ ဆရာ။အျခားမၾကည့္နဲ႔ ဒီေန႔ေခတ္ လူငယ္ေတြ အတုခိုးျမန္တယ္ အထူးသျဖင့္ မေကာင္းတာဆိုပိုလို႔ေတာင္ အတုခိုးျမန္လွတယ္၊ အ႐ြယ္မေရာက္ေသးသူက လူမမယ္ကေလးေတြကို မေတာ္မတရားျပဳက်င့္တဲ့အထိ အက်င့္ဆိုးေတြ ကူးစက္တဲ့အထိ စိတ္မေကာင္းစရာေတြကို ေတြ႕လာခဲ့ရတယ္။အဲဒီလို အသိဉာဏ္ ဆင္ျခင္နည္းပါးမႈမ်ိဳးေတြဟာ လူမႈေရးမီဒီယာမွာ အမ်ားဆုံးဆိုသလို ျဖစ္ေနတယ္။ေဖ့ဘြတ္စ္ စာမ်က္ႏွာေတြေပၚမွာၾကည့္၊ တစ္ေယာက္ဆဲရင္ ေနာက္တစ္ေယာက္က လိုက္ဆဲတယ္ လူမျမင္ရဘူးဆိုၿပီး ရင့္ရင့္သီးသီးနဲ႔ မၾကားဝံ့မနာသာ ဆဲတာမ်ိဳးေတာင္ရွိတယ္ တစ္ေယာက္က ေပါက္တတ္ကရ ႐ုပ္ပုံေတြ စာသားေတြ တင္ရင္ ေနာက္တစ္ေယာက္က လိုက္တင္တယ္။ဒီလိုလုပ္တာ လူတိုင္းမဟုတ္ဘူးဆိုေပမဲ့ ေဖ့ဘြတ္လ္ေပၚမွာ နာမည္ႀကီးခ်င္တဲ့အတြက္ ေပါေၾကာင္ေၾကာင္ေတြလုပ္တယ္။ဖ႐ုႆဝါ စာေတြ မိုးမႊန္ေအာင္ေျပာတယ္။ယိုသူမရွက္ ျမင္သူရွက္ေလာက္တဲ့ ပုံေတြတင္လာၾကတဲ့အထိ အရွက္နည္းလာၾကတယ္။”

“မွန္ပါတယ္ဆရာ .. ဒါဟာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းရဲ႕ ယဥ္ေက်းမႈေရစီးေၾကာင္း က်ိဳးပ်က္သြားၿပီလို႔ေတာင္ ဆိုရမေလာက္အထိပဲ”

“မွန္ပါတယ္ ကိုေ႐ႊေမာင္း၊ ဒီေန႔ေခတ္ လူမႈေရးမီဒီယာနဲ႔ သတင္းဂ်ာနယ္က စာမ်က္ႏွာေတြေပၚမွာ ေတြ႕ျမင္ေနရတဲ့ မႈခင္းသတင္းေတြကိုၾကည့္ရင္ လူေတြမွာ အယဥ္စိတ္ထက္ အ႐ိုင္းစိတ္က ပိုၿပီးႀကီးစိုးေနသလား ထင္ရတယ္၊ မုဒိမ္းမႈ၊ လူသတ္မႈ သတင္းဆိုတာ မပါမျဖစ္ပါရမယ့္ သတင္းကိုျဖစ္ေနတယ္။
အသက္မျပည့္ေသးတဲ့ လူမမယ္အ႐ြယ္ ကေလးေတြကို ဖခင္အရင္းကလည္း မေရွာင္ဘူး၊ ဦးေလးအရင္းကလည္း မေရွာင္ဘူူး လူမဆန္ေအာင္ ယုတ္မာလိုက္ၾကတာ ဘယ္ေလာက္ေအာ့ႏွလုံးနာစရာ ေကာင္းလိုက္သလဲ”

“ဟုတ္တယ္ဆရာ ျပစ္မႈကြၽန္းလြန္သူေတြက သူတို႔စိတ္ကို ခြၽန္းမအုပ္ႏိုင္လို႔ ႐ိုင္းစိုင္းယုတ္မာၿပီး မုဒိမ္းက်င့္ လူသတ္တယ္၊ သူတို႔က အလြယ္တကူ ျပစ္မႈက်ဴးလြန္တယ္ဆိုေပမဲ့ တစ္ဖက္သားကေတာ့ ဘဝပ်က္ရတယ္။ဘဝတစ္ခု ေစာစီးစြာနိဂုံးခ်ဳပ္ခဲ့ရတယ္။တေလာကေတာင္ ဦးေလးအရင္းက ပစၥည္းလိုခ်င္လို႔ တူမျဖစ္သူကို ႐ိုက္သတ္ၿပီးေျမာင္းထဲပစ္ထားခဲ့တဲ့ အမႈကိုၾကည့္ရင္ လူေတြမွာ ဘယ္ေလာက္အထိ စာနာစိတ္ကင္းမဲ့ေနလဲဆိုတာ ေတြ႕ေနရတယ္”

“အဓိက ကေတာ့ လူေတြဟာ ကိုယ္က်ိဳးပဲၾကည့္ၾကေတာ့ စာနာစိတ္ဆိုတာ ကင္းမဲ့လာၾကေတာ့တာေပါ့”

“တကယ္ေတာ့ ဒီေန႔ေခတ္ကာလမွာ ကိုယ္က်ိဳးစီးပြားကိုသာၾကည့္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့သူေတြ မ်ားလာတယ္လို႔ မထင္ဘူးလား ဆရာ”

“အင္း .. ကိုေ႐ႊေမာင္း ေျပာတာလည္း ျငင္းႏိုင္စရာမရွိပါဘူး။ဒီထက္ပိုဆိုးတာက ကိုယ္က်ိဳး စီးပြားကိုသာၾကည့္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ စိတ္ဓာတ္ေတြ ႏိုင္ငံေရးနယ္ပယ္မွာ ႀကီးစိုးလာမွာကို စိုးမိတယ္။အဲဒီလိုသာဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လက္ရွိႀကဳံေတြ႕ေနရတဲ့ အက်ပ္အတည္း အေျခအေနထက္ ပိုမိုဆိုး႐ြားတဲ့ အေျခအေနမ်ိဳးကို ႀကဳံေတြ႕လာရႏိုင္တယ္လို႔ ထင္ျမင္မိတယ္”

“ဟုတ္တယ္ဆ ရာ၊ တေလာေလးက အင္န္အယ္လ္ဒီ ၿမိဳ႕နယ္႐ုံးအနီးမွာ ဗုံးတစ္လုံးေတြ႕ရွိရတဲ့ ျဖစ္ရပ္နဲ႔ ေနျပည္ေတာ္စည္ပင္ရိပ္သာက ဗုံးလန႔္တဲ့ အခင္းျဖစ္ရပ္ေတြဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္လာတဲ့ အရိပ္အေယာင္ေတြပဲ မဟုတ္လား”

“ဟုတ္တယ္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပႆနာဆိုတာ တစ္ခုၿပီးတစ္ခုဆိုသလို အၿမဲမျပတ္ျဖစ္ေပၚေနတာဟာ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ဘူး။ဘာပဲျဖစ္ျဖစ္ ဒီလိုျဖစ္ရပ္မ်ိဳးေတြဟာ ေသြး႐ိုးသား႐ိုးဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ေတာ့ အႏုတ္လကၡဏာေဆာင္တဲ့ သက္ေရာက္မႈျဖစ္ၿပီး အတၱႀကီးသူေတြရဲ႕ ႏိုင္ငံေရးကစားပြဲ အသြင္အျပင္မ်ိဳးဆိုရင္ေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာေလ ေနာက္ထပ္ပိုမိုဆိုး႐ြားမႈေတြကို ေတြ႕ျမင္ရမယ့္ အလားအလာေတြလို႔ ယူဆမိတယ္”

“တကယ္ေတာ့ ေျမႏုကြၽန္းကိစၥနဲ႔ ရန္မီးပြားေနၾကတဲ့သူေတြပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးအရ အၿပိဳင္အဆိုင္ အတိုက္အခံ ေနေနၾကတဲ့ ဘယ္သူေတြပဲျဖစ္ျဖစ္ ကိုယ့္ဇာတိ၊ ကိုယ့္ရပ္႐ြာ၊ ကိုယ့္လူမ်ိဳးဆိုတဲ့ အသိဉာဏ္ ဆင္ျခင္တုံတရားနဲ႔  အရာရာကို ေတြးဆဆင္ျခင္ၿပီး ညႇိႏႈိင္းအေျဖရွာႏိုင္ၾကပါေစလို႔ ကြၽန္ေတာ္တို႔လို သာမန္ျပည္သူေတြက ဆုေတာင္းၾက႐ုံသာရွိေတာ့တာေပ့ါဗ်ာ”

ျမင့္ေနာင္မိုး
ၾသဂုတ္ - ၁