【 ဆောင်းပါး 】 အတိတ်ကာလ လေယာဉ်စီးခရီးသည်တစ်ဦး၏ အနာဂတ်ရှုမျှော်ခင်း

【 ဆောင်းပါး 】 အတိတ်ကာလ လေယာဉ်စီးခရီးသည်တစ်ဦး၏ အနာဂတ်ရှုမျှော်ခင်း

ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါသာ လေယာဉ်ဖြင့် ခရီးသွားခဲ့ဖူးပါသည်။ထိုတစ်ကြိမ်ကလည်း ကျွန်တော်၏ ငယ်ပေါင်းသူငယ်ချင်းတစ်ဦး၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုတွင် လိုက်ပါကူညီရင်း ခရီးထွက်ရန် ဖန်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော်တို့ သွားရောက်ရမည့် ခရီးကလည်း လေယာဉ်ဖြင့်သွားမှသာ အဆင်ပြေချောမွေ့မည့် ခရီးဖြစ်သည့်အတွက် လေယာဉ်စီးဖြစ်ခဲ့ခြင်းဖြစ်သည်။

၁၉၈၅ ခုနှစ်လောက်က ပြည်တွင်းတွင် ပြေးဆွဲနေသော လေယာဉ်များသည် ယနေ့ခေတ်ကာလ လေယာဉ်များထက် များစွာခေတ်နောက်ကျနေမည်ကို လေယာဉ်စီးခြင်းနှင့် အကျွမ်းတဝင်ရှိနေသူများကတော့ သိနေကြမည်ဖြစ်သည်။ဟိုတုန်းက လေယာဉ်စီးရသည့်အရသာ မည်ကဲ့သို့ရှိပါသနည်းဟု မေးလာခဲ့လျှင် ကျွန်တော်တို့ ကလေးဘဝအရွယ် ကျိုက်ထီးရိုးတောင်ပေါ် တက်စဉ်က အထမ်းသမားတို့၏ ခြင်းတောင်းထဲတွင် လိုက်ပါရသည်နှင့် ဆင်တူသည်ဟု ထင်သည်။အထမ်းသမားတို့က တောင်ပေါ်တက်လျှင် ငြိမ့်ကနဲမြင့်တက်သွားလိုက် အထမ်းသမားတို့က တောင်အောက်ဆင်းလျှင် ငြိမ့်ကနဲ့နိမ့်ကျသွားလိုက်နှင့် ခြင်းတောင်းထဲ လိုက်ပါခဲ့ရစဉ်က ခံစားရပုံနှင့် ဆင်တူလှပါသည်။

[ မှတ်ချက် ။     ။ ကျိုက်ထီးရိုးတောင်ပေါ်အထိ ကားလမ်းမပေါက်မီအချိန်က လမ်းလျှောက်တတ်ကာစ ကလေးများနှင့် သက်ကြီးရွယ်အိုများအား ခြင်းတောင်းများ၊ စောင်ထည် ပုခက်များဖြင့် အထမ်းသမားတို့က အခကြေးငွေယူကာ ပို့ဆောင်ပေးကြသည်။ ]

မည်သို့ဆိုစေ အထမ်းသမားတို့က ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သူတို့ကိုယ်ပေါ်မှ ဝန်ထုပ်ဝန်ပိုး  ခြင်းတောင်းပုခက်ကို ဟန်ချက်ညီညီထိန်း၍ ခြေလှမ်းညီညီလျှောက်ရင်း ခြင်းတောင်းပုခက်ထဲတွင် လိုက်ပါလာသူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သက်သောင့်သက်သာရှိရေးတို့အတွက် ဂရုတစိုက်လျှောက်လှမ်းကြပုံမှာ လေယာဉ်ပေါ်ပါ ခရီးသည်တို့၏ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်မှူးတို့က လေယာဉ်ကို ထိန်းကျောင်းမောင်းနှင်နေပုံနှင့် အတန်ပင်ဆင်တူသလို ရှိလှပါသည်။

ငှက်တစ်ကောင်က သူ၏အမြီးကို ပဲ့ထိန်း၍ တောင်ပံနှစ်ဖက်ကို အားပြုကာ လေဟုန်တွင် ပျံသန်းပုံနည်းစနစ်နှင့် လေယာဉ်တို့၏ ပျံသန်းပုံ အတတ်ပညာတို့ကလည်း ဆင်တူလှပါသည်။ကောင်းကင်ယံထက်တွင် လေယာဉ်တစ်စီး ပျံသန်းမှုနှင့် ငှက်တစ်ကောင် ပျံသန်းမှု အလားသဏ္ဍာန်တူသည်ဟု ဆိုသော်လည်း လေယာဉ်တစ်စီး၏ ပျံသန်းမှုကမူ ငှက်တစ်ကောင်၏ ပျံသန်းမှုလောက် ရိုးရှင်းလှခြင်းမရှိပါ။

ခေတ်မီ၍ နည်းစနစ်ရှုပ်ထွေးလှသော လေယာဉ်တစ်စီး ပျံသန်းနိုင်ရေးတွင် လေယာဉ်ကို ဦးဆောင်မောင်းနှင်မည့် လေယာဉ်မှူး၏ အတွေ့အကြုံနှင့် အတတ်ပညာကျွမ်းကျင်မှုတို့က အခရာကျနေဟု ဆိုချင်ပါသည်။လေယာဉ်တစ်စီးကို ထိန်းကျောင်းမောင်းနှင်မည့် ဦးဆောင်လေယာဉ်မှူးသည် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ ပြတ်သားမှုနှင့် တိကျမြန်ဆန်သော ဆုံးဖြတ်ချက်များဖြင့် စွမ်းရည်ထက်မြတ်မှုရှိရန်လည်း လိုအပ်လှသည်ဟု ဆိုချင်ပါသည်။

မကြာသေးမီက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသော လေယာဉ်တစ်စီး၏ ဖြစ်ရပ်ကိုကြည့်လျှင် ဦးဆောင်လေယာဉ်မှူး၏ စွမ်းရည်သတ္တိနှင့် မှန်ကန်သော ဆုံးဖြတ်လုပ်ကိုင်နိုင်မှုက မည်မျှအထိ အရေးပါသည်ကို လေ့လာအကဲခတ်နိုင်မည်ဟု ထင်ပါသည်။ထိုစဉ်က လေယာဉ်ဆင်းသက်မည့် အချိန်တွင် လေယာဉ်ရှေ့ဘီးများချမရခြင်းက လေယာဉ်ဆင်းရာတွင် များစွာအန္တရာယ်ကြီးမားသော ဘေးဥပဒ်များကို တွေ့ကြုံစေရနိုင်သည့် အခြေအနေတစ်ရပ်လည်းဖြစ်သည်။

ထိုသို့သောအခြေအနေက အခန့်မသင့်လျှင် လေယာဉ်ဆင်းသက်စဉ် လေယာဉ်ဝမ်းဗိုက် ထိခိုက်ပျက်စီးနိုင်သည်။အခန့်မသင့်လျှင် မီးစွဲလောင်နိုင်သည်။အခန့်မသင့်လျှင် မီးစွဲလောင်မှုကြောင့် လေယာဉ်ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်သည်။အခန့်မသင့်လျှင် ခရီးသည်များ၏ အသက်ဘေးအန္တရာယ်ဆိုးနှင့် ကြုံတွေ့ရနိုင်သည်။
မည်သို့ဆိုစေ ထိုစဉ်ကတော့ လေယာဉ်မှူး၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ငြိမ်မှု၊ တွက်ဆချင့်ချိန်နိုင်စွမ်းရှိမှု၊ ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်မှုများကြောင့် လေယာဉ်သည် မြေပြင်သို့ ဘေးမသီရန်မခ အဆင်ပြေချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သကဲ့သို့ ခရီးသည်များသည်လည်း ဘေးကင်းလုံခြုံစွာပင် သွားလိုရာခရီးကို ဆိုက်ရောက်နိုင်ခဲ့ကြပါသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူတို့ကတော့ သူတို့၏ ဘေးကင်းလုံခြုံမှုရှိရေးကို လိုလားကြမည်။သူတို့သွားလိုသော ခရီးပန်းတိုင်ကို ချောမွေ့စွာရောက်ရှိရေးကို လိုလားကြမည်။သူတို့၏ မိသားစုဆွေမျိုးသားချင်း မိတ်တွေသူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းရန် လိုလားကြမည်။ထိုသို့ဖြစ်လာရန်လည်း လေယာဉ်ပေါ်ရောက်သည်နှင့် သူတို့ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိသည့် ဘေးဥပဒ်များမှ ကင်းဝေးစေရေးအတွက် သူတို့၏ ဘဝများကို ဦးဆောင်လေယာဉ်မှူး၏ လက်ထဲတွင် ဝကွက်အပ်နှံထားခဲ့ကြသည်။ဦးဆောင်လေယာဉ်မှူးက တော်လျှင်တော်သလောက်၊ ကျွမ်းကျင်လျှင် ကျွမ်းကျင်သလောက် သတိဝိရိယအားကောင်းလျှင် ကောင်းသလောက်၊ စေတနာရှေ့ထားလျှင် ထားနိုင်သလောက်၊ မေတ္တာခွန်အားကြီးမားလျှင် ကြီးမားသလောက် လေယာဉ်စီးခရီးသည်တို့၏ ဘေးကင်းလုံခြုံမှု၊ လိုရာခရီးကို ချောမွေ့စွာဆိုက်ရောက်နိုင်မှုတို့က များစွာသက်ရောက်မှုကြီးမားနိုင်ပါသည်။

အမှန်ဆိုရလျှင် မိမိတို့ လူ့လောက လူ့အဖွဲ့အစည်းတွင် ဘေးဒုက္ခ အကျပ်အတည်းအတွင်း ဆိုက်ရောက်နေချိန်တွင် ဦးဆောင်သူတို့၏ အခန်းကဏ္ဍသည် များစွာအရေးပါနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ဦးဆောင်မှုတည်းဟူသော အဓိပ္ပာယ်ကပင် လူအုပ်စုတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မှုပြုသူတို့၏ စွမ်းရည်သတ္တိနှင့် ပတ်သက်၍ အမေရိကန် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဂျင်ရွန်၏ ဖွင့်ဆိုမှုကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ဂျင်ရွန် က ဦးဆောင်မှုပြုသူတို့သည် ကြံခိုင်အားကောင်းကြသော်လည်း ရိုင်းစိုင်းသူများမဟုတ်၊ ကြင်နာသနားတတ်ကြသော်လည်း ပျော့ညံ့သူများမဟုတ်၊ ရဲရင့်သော်လည်း အနိုင်ကျင့်ဗိုလ်ကျသူများမဟုတ်၊ တွေးဆချင့်ချိန်တတ်ကြသော်လည်း ပေါ့ပျက်ပျက်နိုင်သူများမဟုတ် နှိမ့်ချတတ်သော်လည်း တွန့်ဆုတ်တတ်သူများမဟုတ် မာနရှိကြသော်လည်း စိတ်ကြီးဝင်သူများမဟုတ် ဟာသဉာဏ်ရှိသော်လည်း မိုက်မဲသူများမဟုတ် ဟူ၍ ဖွင့်ဆိုခဲ့ပါသည်။

ဦးဆောင်မှု အရည်အချင်းနှင့် စွမ်းရည်သတ္တိတို့ကြောင့် လူအများ တွေ့ကြုံရင်ဆိုင်နေရသည့် ဘေးဥပဒ် အကျပ်အတည်းများမှ ကင်းဝေး၍ အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ဖူးပါသည်။အမေရိကန်ပြည်ထောင်စု၏ ၃၂ ဦးမြောက် သမ္မတ ဖရန်ကလင်ရုစဗဲ့လ်၊ ၁၆ ကြိမ်မြောက် သမ္မတ အေဗရာဟင်လင်ကွန်း တို့သည် သူတို့၏ နိုင်ငံတွင် ကြုံတွေ့ခဲ့ရသော အကျပ်အတည်း ဘေးဒုက္ခများမှ လွတ်မြောက်အောင် ဦးဆောင်နိုင်ခဲ့ကြသူများဖြစ်သည်။

သမ္မတ ဖရန်ကလင်ရုစဗဲ့လ် လက်ထက်တွင် မဟာစီးပွားပျက်ကပ်ကြီး (Great Depression) ၏ ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့နှုန်း ကြီးထွားလာခဲ့သည်။ လယ်ယာထုတ်ကုန်စျေးနှုန်း ထိုးကျမှုနှင့်အတူ လူပေါင်းနှစ်သန်းခန့် ခြေသလုံးအိမ်တိုင်ဘဝ ဆိုက်ရောက်ခဲ့ကြရသည်။မည်သို့ဆိုစေ သမ္မတ ဖရန်ကလင်ရုစဗဲ့လ်၏ နိုင်ငံသားများအတွက် သက်သာလျော့ပေါ့ရေး အစီအမံများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအမံများနှင့် ငွေကြေးစနစ် ပြုပြင်ပြောင်းလဲမှု အစီအမံများက အကျပ်အတည်းမှ လွတ်မြောက်ရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

သမ္မတ လင်ကွန်း၏ လက်ထက် အမေရိကန်ပြည်ထောင်စုတွင် တွေ့ကြုံခဲ့ရသော အကျပ်အတည်းက ပိုမိုကြီးမားခဲ့သည်။ပြည်တွင်းစစ် ပဋိပက္ခကြီးက ပြည်ထောင်စု ပြိုကွွဲရလောက်သည်အထိ ပြင်းထန်ကြီးမားခဲ့သည်။မည်သို့ဆိုစေ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းမှု၊ ပြည်ထောင်စုအစိုးရ အင်အားတောင့်တင်းအောင် ဖော်ဆောင်နိုင်မှု၊ နိုင်ငံစီးပွားရေး ခေတ်မီတိုးတက်အောင် ကြံဆောင်နိုင်ခဲ့မှုတို့မှာ နိုင်ငံ၏ အကျပ်အတည်း ဘေးဒုက္ခများကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့သည့် သမ္မတ လင်ကွန်း၏ ဦးဆောင်နိုင်မှု အရည်အသွေးများလည်း ဖြစ်သည်။

အမှန်ဆိုရလျှင် မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို စိန်ခေါ်မှုများနှင့် ဘေးဥပဒ် အကျပ်အတည်းများကို အနည်းနှင့်အများ ရင်ဆိုင်နေကြရတတ်ပါသည်။ကျွန်တော်တို့ နိုင်ငံသည်လည်း လက်ရှိအချိန်တွင် စိန်ခေါ်မှုများနှင့် အကျပ်အတည်းများကို ကြီးမားစွာ ရင်ဆိုင်နေရချိန်ဖြစ်သည်။စင်စစ် ကျွန်တော်တို့အားလုံး ၂၀၁၅ ခုနှစ် ဒီမိုကရေစီလေယာဉ်ကြီးပေါ် တက်ရောက်လိုက်ပါလာစဉ် အချိန်ကတည်းကပင် စိန်ခေါ်မှုများနှင့် ဘေးဥပဒ် အကျပ်အတည်းများကို ဘက်တိုင်းလိုလို တွေ့ကြုံရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ဆိုရလျှင် ကျွန်တော်တို့၏ ဒီမိုကရေစီလေယာဉ်ကြီးမှာ ကြုံတွေ့နေရသော ချွတ်ယွင်းချက် ပြဿနာအထွေထွေကြောင်း မူလသွားနေသော လမ်းကြောင်းမှန်ပေါ်မှပင် သွေဖည်တိမ်းစောင်းနေသယောင် ရှိပါသည်။ကျွန်တော်တို့၏ ဒီမိုကရေစီလေယာဉ်ကြီးကို ဦးဆောင်မောင်းနှင်နေသူတို့က လေယာဉ်ကြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းအားထုတ်နေလင့်ကစား ဒီမိုကရေစီလေယာဉ်ကြီး ကသောင်းကနင်းဖြစ်နေမှုကို ကျွန်တော်တို့အားလုံး ဦးတထိတ်ထိတ်နှင့် စောင့်ကြည့်နေရဆဲ ရှိပါသည်။  

မည်သို့ဆိုစေ ကျွန်တော်တို့ ခရီးသည်အားလုံးတို့တော့ ဒီမိုကရေစီလေယာဉ်ကြီး ချောချောမွေ့မွေ့နှင့် လိုရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေးတွင် လေယာဉ်ကို ဦးဆောင်မောင်းနှင်နေသူနှင့် သူ၏အဖွဲ့သားများအပေါ် ယုံကြည်အားထားရုံမှတပါး အခြားမရှိမဆိုဟု ဆိုရပါမည်။တစ်ခုပဲရှိသည် လက်ရှိအနေအထားအရ ဒီမိုကရေစီလေယာဉ်ကြီးကို ဦးဆောင်မောင်းနှင်နေသူအနေနှင့် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့် အပြည့်အဝရရှိဖို့တော့လိုမည်ဟု ထင်ပါသည်။

မြင့်နောင်မိုး
မေ - ၂၅

( Zawgyi )

ကၽြန္ေတာ့္တစ္သက္ႏွင့္တစ္ကိုယ္ တစ္ႀကိမ္တစ္ခါသာ ေလယာဥ္ျဖင့္ ခရီးသြားခဲ့ဖူးပါသည္။ထိုတစ္ႀကိမ္ကလည္း ကၽြန္ေတာ္၏ ငယ္ေပါင္းသူငယ္ခ်င္းတစ္ဦး၏ ကိုယ္ေရးကိုယ္တာ ကိစၥတစ္ခုတြင္ လိုက္ပါကူညီရင္း ခရီးထြက္ရန္ ဖန္လာခဲ့ျခင္းျဖစ္သည္။ကၽြန္ေတာ္တို႔ သြားေရာက္ရမည့္ ခရီးကလည္း ေလယာဥ္ျဖင့္သြားမွသာ အဆင္ေျပေခ်ာေမြ႕မည့္ ခရီးျဖစ္သည့္အတြက္ ေလယာဥ္စီးျဖစ္ခဲ့ျခင္းျဖစ္သည္။

၁၉၈၅ ခုႏွစ္ေလာက္က ျပည္တြင္းတြင္ ေျပးဆြဲေနေသာ ေလယာဥ္မ်ားသည္ ယေန႔ေခတ္ကာလ ေလယာဥ္မ်ားထက္ မ်ားစြာေခတ္ေနာက္က်ေနမည္ကို ေလယာဥ္စီးျခင္းႏွင့္ အကၽြမ္းတဝင္ရွိေနသူမ်ားကေတာ့ သိေနၾကမည္ျဖစ္သည္။ဟိုတုန္းက ေလယာဥ္စီးရသည့္အရသာ မည္ကဲ့သို႔ရွိပါသနည္းဟု ေမးလာခဲ့လၽွင္ ကၽြန္ေတာ္တို႔ ကေလးဘဝအရြယ္ က်ိဳက္ထီးရိုးေတာင္ေပၚ တက္စဥ္က အထမ္းသမားတို႔၏ ျခင္းေတာင္းထဲတြင္ လိုက္ပါရသည္ႏွင့္ ဆင္တူသည္ဟု ထင္သည္။အထမ္းသမားတို႔က ေတာင္ေပၚတက္လၽွင္ ၿငိမ့္ကနဲျမင့္တက္သြားလိုက္ အထမ္းသမားတို႔က ေတာင္ေအာက္ဆင္းလၽွင္ ၿငိမ့္ကနဲ႔နိမ့္က်သြားလိုက္ႏွင့္ ျခင္းေတာင္းထဲ လိုက္ပါခဲ့ရစဥ္က ခံစားရပုံႏွင့္ ဆင္တူလွပါသည္။

[ မွတ္ခ်က္ ။     ။ က်ိဳက္ထီးရိုးေတာင္ေပၚအထိ ကားလမ္းမေပါက္မီအခ်ိန္က လမ္းေလၽွာက္တတ္ကာစ ကေလးမ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ားအား ျခင္းေတာင္းမ်ား၊ ေစာင္ထည္ ပုခက္မ်ားျဖင့္ အထမ္းသမားတို႔က အခေၾကးေငြယူကာ ပို႔ေဆာင္ေပးၾကသည္။ ]

မည္သို႔ဆိုေစ အထမ္းသမားတို႔က ကၽြမ္းက်င္ပိုင္နိုင္စြာျဖင့္ သူတို႔ကိုယ္ေပၚမွ ဝန္ထုပ္ဝန္ပိုး  ျခင္းေတာင္းပုခက္ကို ဟန္ခ်က္ညီညီထိန္း၍ ေျခလွမ္းညီညီေလၽွာက္ရင္း ျခင္းေတာင္းပုခက္ထဲတြင္ လိုက္ပါလာသူတို႔၏ ေဘးကင္းလုံျခဳံေရးႏွင့္ သက္ေသာင့္သက္သာရွိေရးတို႔အတြက္ ဂ႐ုတစိုက္ေလၽွာက္လွမ္းၾကပုံမွာ ေလယာဥ္ေပၚပါ ခရီးသည္တို႔၏ ေဘးကင္းလုံျခဳံေရးအတြက္ ေလယာဥ္မႉးတို႔က ေလယာဥ္ကို ထိန္းေက်ာင္းေမာင္းႏွင္ေနပုံႏွင့္ အတန္ပင္ဆင္တူသလို ရွိလွပါသည္။

ငွက္တစ္ေကာင္က သူ၏အၿမီးကို ပဲ့ထိန္း၍ ေတာင္ပံႏွစ္ဖက္ကို အားျပဳကာ ေလဟုန္တြင္ ပ်ံသန္းပုံနည္းစနစ္ႏွင့္ ေလယာဥ္တို႔၏ ပ်ံသန္းပုံ အတတ္ပညာတို႔ကလည္း ဆင္တူလွပါသည္။ေကာင္းကင္ယံထက္တြင္ ေလယာဥ္တစ္စီး ပ်ံသန္းမႈႏွင့္ ငွက္တစ္ေကာင္ ပ်ံသန္းမႈ အလားသ႑ာန္တူသည္ဟု ဆိုေသာ္လည္း ေလယာဥ္တစ္စီး၏ ပ်ံသန္းမႈကမူ ငွက္တစ္ေကာင္၏ ပ်ံသန္းမႈေလာက္ ရိုးရွင္းလွျခင္းမရွိပါ။

ေခတ္မီ၍ နည္းစနစ္ရႈပ္ေထြးလွေသာ ေလယာဥ္တစ္စီး ပ်ံသန္းနိုင္ေရးတြင္ ေလယာဥ္ကို ဦးေဆာင္ေမာင္းႏွင္မည့္ ေလယာဥ္မႉး၏ အေတြ႕အၾကဳံႏွင့္ အတတ္ပညာကၽြမ္းက်င္မႈတို႔က အခရာက်ေနဟု ဆိုခ်င္ပါသည္။ေလယာဥ္တစ္စီးကို ထိန္းေက်ာင္းေမာင္းႏွင္မည့္ ဦးေဆာင္ေလယာဥ္မႉးသည္ စိတ္ဓာတ္ႀကံ့ခိုင္မႈ၊ ရဲရင့္မႈ၊ ျပတ္သားမႈႏွင့္ တိက်ျမန္ဆန္ေသာ ဆုံးျဖတ္ခ်က္မ်ားျဖင့္ စြမ္းရည္ထက္ျမတ္မႈရွိရန္လည္း လိုအပ္လွသည္ဟု ဆိုခ်င္ပါသည္။

မၾကာေသးမီက မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ အေရးေပၚဆင္းသက္ခဲ့ရေသာ ေလယာဥ္တစ္စီး၏ ျဖစ္ရပ္ကိုၾကည့္လၽွင္ ဦးေဆာင္ေလယာဥ္မႉး၏ စြမ္းရည္သတၱိႏွင့္ မွန္ကန္ေသာ ဆုံးျဖတ္လုပ္ကိုင္နိုင္မႈက မည္မၽွအထိ အေရးပါသည္ကို ေလ့လာအကဲခတ္နိုင္မည္ဟု ထင္ပါသည္။ထိုစဥ္က ေလယာဥ္ဆင္းသက္မည့္ အခ်ိန္တြင္ ေလယာဥ္ေရွ႕ဘီးမ်ားခ်မရျခင္းက ေလယာဥ္ဆင္းရာတြင္ မ်ားစြာအႏၲရာယ္ႀကီးမားေသာ ေဘးဥပဒ္မ်ားကို ေတြ႕ၾကဳံေစရနိုင္သည့္ အေျခအေနတစ္ရပ္လည္းျဖစ္သည္။

ထိုသို႔ေသာအေျခအေနက အခန႔္မသင့္လၽွင္ ေလယာဥ္ဆင္းသက္စဥ္ ေလယာဥ္ဝမ္းဗိုက္ ထိခိုက္ပ်က္စီးနိုင္သည္။အခန႔္မသင့္လၽွင္ မီးစြဲေလာင္နိုင္သည္။အခန႔္မသင့္လၽွင္ မီးစြဲေလာင္မႈေၾကာင့္ ေလယာဥ္ေပါက္ကြဲမႈ ျဖစ္ေပၚလာနိုင္သည္။အခန႔္မသင့္လၽွင္ ခရီးသည္မ်ား၏ အသက္ေဘးအႏၲရာယ္ဆိုးႏွင့္ ၾကဳံေတြ႕ရနိုင္သည္။
မည္သို႔ဆိုေစ ထိုစဥ္ကေတာ့ ေလယာဥ္မႉး၏ စိတ္ဓာတ္ႀကံ့ခိုင္မႈ၊ တည္ၿငိမ္မႈ၊ တြက္ဆခ်င့္ခ်ိန္နိုင္စြမ္းရွိမႈ၊ ရဲဝံ့ျပတ္သားစြာ ဆုံးျဖတ္ခ်က္ခ်နိုင္မႈမ်ားေၾကာင့္ ေလယာဥ္သည္ ေျမျပင္သို႔ ေဘးမသီရန္မခ အဆင္ေျပေခ်ာေမြ႕စြာ ဆင္းသက္နိုင္ခဲ့သကဲ့သို႔ ခရီးသည္မ်ားသည္လည္း ေဘးကင္းလုံျခဳံစြာပင္ သြားလိုရာခရီးကို ဆိုက္ေရာက္နိုင္ခဲ့ၾကပါသည္။

ေလယာဥ္ေပၚတြင္ လိုက္ပါလာသူတို႔ကေတာ့ သူတို႔၏ ေဘးကင္းလုံျခဳံမႈရွိေရးကို လိုလားၾကမည္။သူတို႔သြားလိုေသာ ခရီးပန္းတိုင္ကို ေခ်ာေမြ႕စြာေရာက္ရွိေရးကို လိုလားၾကမည္။သူတို႔၏ မိသားစုေဆြမ်ိဳးသားခ်င္း မိတ္ေတြသူငယ္ခ်င္းမ်ားႏွင့္ ျပန္လည္ဆုံဆည္းရန္ လိုလားၾကမည္။ထိုသို႔ျဖစ္လာရန္လည္း ေလယာဥ္ေပၚေရာက္သည္ႏွင့္ သူတို႔ရင္ဆိုင္ၾကဳံေတြ႕ရဖြယ္ရွိသည့္ ေဘးဥပဒ္မ်ားမွ ကင္းေဝးေစေရးအတြက္ သူတို႔၏ ဘဝမ်ားကို ဦးေဆာင္ေလယာဥ္မႉး၏ လက္ထဲတြင္ ဝကြက္အပ္ႏွံထားခဲ့ၾကသည္။ဦးေဆာင္ေလယာဥ္မႉးက ေတာ္လၽွင္ေတာ္သေလာက္၊ ကၽြမ္းက်င္လၽွင္ ကၽြမ္းက်င္သေလာက္ သတိဝိရိယအားေကာင္းလၽွင္ ေကာင္းသေလာက္၊ ေစတနာေရွ႕ထားလၽွင္ ထားနိုင္သေလာက္၊ ေမတၱာခြန္အားႀကီးမားလၽွင္ ႀကီးမားသေလာက္ ေလယာဥ္စီးခရီးသည္တို႔၏ ေဘးကင္းလုံျခဳံမႈ၊ လိုရာခရီးကို ေခ်ာေမြ႕စြာဆိုက္ေရာက္နိုင္မႈတို႔က မ်ားစြာသက္ေရာက္မႈႀကီးမားနိုင္ပါသည္။

အမွန္ဆိုရလၽွင္ မိမိတို႔ လူ႔ေလာက လူ႔အဖြဲ႕အစည္းတြင္ ေဘးဒုကၡ အက်ပ္အတည္းအတြင္း ဆိုက္ေရာက္ေနခ်ိန္တြင္ ဦးေဆာင္သူတို႔၏ အခန္းက႑သည္ မ်ားစြာအေရးပါေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။ဦးေဆာင္မႈတည္းဟူေသာ အဓိပၸာယ္ကပင္ လူအုပ္စုတစ္စု သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုကို ဦးေဆာင္မႈျပဳသူတို႔၏ စြမ္းရည္သတၱိႏွင့္ ပတ္သက္၍ အေမရိကန္ စြန႔္ဦးတီထြင္ စီးပြားေရးလုပ္ငန္းရွင္ ဂ်င္ရြန္၏ ဖြင့္ဆိုမႈကလည္း စိတ္ဝင္စားဖြယ္ရာ ေကာင္းလွပါသည္။ဂ်င္ရြန္ က ဦးေဆာင္မႈျပဳသူတို႔သည္ ႀကံခိုင္အားေကာင္းၾကေသာ္လည္း ရိုင္းစိုင္းသူမ်ားမဟုတ္၊ ၾကင္နာသနားတတ္ၾကေသာ္လည္း ေပ်ာ့ညံ့သူမ်ားမဟုတ္၊ ရဲရင့္ေသာ္လည္း အနိုင္က်င့္ဗိုလ္က်သူမ်ားမဟုတ္၊ ေတြးဆခ်င့္ခ်ိန္တတ္ၾကေသာ္လည္း ေပါ့ပ်က္ပ်က္နိုင္သူမ်ားမဟုတ္ ႏွိမ့္ခ်တတ္ေသာ္လည္း တြန႔္ဆုတ္တတ္သူမ်ားမဟုတ္ မာနရွိၾကေသာ္လည္း စိတ္ႀကီးဝင္သူမ်ားမဟုတ္ ဟာသဉာဏ္ရွိေသာ္လည္း မိုက္မဲသူမ်ားမဟုတ္ ဟူ၍ ဖြင့္ဆိုခဲ့ပါသည္။

ဦးေဆာင္မႈ အရည္အခ်င္းႏွင့္ စြမ္းရည္သတၱိတို႔ေၾကာင့္ လူအမ်ား ေတြ႕ၾကဳံရင္ဆိုင္ေနရသည့္ ေဘးဥပဒ္ အက်ပ္အတည္းမ်ားမွ ကင္းေဝး၍ အက်ိဳးေက်းဇူး ျဖစ္ထြန္းေစခဲ့သည့္ ျဖစ္ရပ္မ်ားလည္း ရွိခဲ့ဖူးပါသည္။အေမရိကန္ျပည္ေထာင္စု၏ ၃၂ ဦးေျမာက္ သမၼတ ဖရန္ကလင္႐ုစဗဲ့လ္၊ ၁၆ ႀကိမ္ေျမာက္ သမၼတ ေအဗရာဟင္လင္ကြန္း တို႔သည္ သူတို႔၏ နိုင္ငံတြင္ ၾကဳံေတြ႕ခဲ့ရေသာ အက်ပ္အတည္း ေဘးဒုကၡမ်ားမွ လြတ္ေျမာက္ေအာင္ ဦးေဆာင္နိုင္ခဲ့ၾကသူမ်ားျဖစ္သည္။

သမၼတ ဖရန္ကလင္႐ုစဗဲ့လ္ လက္ထက္တြင္ မဟာစီးပြားပ်က္ကပ္ႀကီး (Great Depression) ၏ ရိုက္ခတ္မႈေၾကာင့္ အလုပ္လက္မဲ့ႏႈန္း ႀကီးထြားလာခဲ့သည္။ လယ္ယာထုတ္ကုန္ေစ်းႏႈန္း ထိုးက်မႈႏွင့္အတူ လူေပါင္းႏွစ္သန္းခန႔္ ေျခသလုံးအိမ္တိုင္ဘဝ ဆိုက္ေရာက္ခဲ့ၾကရသည္။မည္သို႔ဆိုေစ သမၼတ ဖရန္ကလင္႐ုစဗဲ့လ္၏ နိုင္ငံသားမ်ားအတြက္ သက္သာေလ်ာ့ေပါ့ေရး အစီအမံမ်ား၊ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ အစီအမံမ်ားႏွင့္ ေငြေၾကးစနစ္ ျပဳျပင္ေျပာင္းလဲမႈ အစီအမံမ်ားက အက်ပ္အတည္းမွ လြတ္ေျမာက္ေရးကို ေဆာင္ၾကဥ္းေပးနိုင္ခဲ့သည္။

သမၼတ လင္ကြန္း၏ လက္ထက္ အေမရိကန္ျပည္ေထာင္စုတြင္ ေတြ႕ၾကဳံခဲ့ရေသာ အက်ပ္အတည္းက ပိုမိုႀကီးမားခဲ့သည္။ျပည္တြင္းစစ္ ပဋိပကၡႀကီးက ျပည္ေထာင္စု ၿပိဳကြြဲရေလာက္သည္အထိ ျပင္းထန္ႀကီးမားခဲ့သည္။မည္သို႔ဆိုေစ ျပည္ေထာင္စုႀကီး တည္တံ့ခိုင္ျမဲေအာင္ ႀကိဳးပမ္းမႈ၊ ျပည္ေထာင္စုအစိုးရ အင္အားေတာင့္တင္းေအာင္ ေဖာ္ေဆာင္နိုင္မႈ၊ နိုင္ငံစီးပြားေရး ေခတ္မီတိုးတက္ေအာင္ ႀကံေဆာင္နိုင္ခဲ့မႈတို႔မွာ နိုင္ငံ၏ အက်ပ္အတည္း ေဘးဒုကၡမ်ားကို ထိုးေဖာက္ေက်ာ္လႊားနိုင္ခဲ့သည့္ သမၼတ လင္ကြန္း၏ ဦးေဆာင္နိုင္မႈ အရည္အေသြးမ်ားလည္း ျဖစ္သည္။

အမွန္ဆိုရလၽွင္ မည္သည့္နိုင္ငံ မည္သည့္လူ႔အဖြဲ႕အစည္းတြင္မဆို စိန္ေခၚမႈမ်ားႏွင့္ ေဘးဥပဒ္ အက်ပ္အတည္းမ်ားကို အနည္းႏွင့္အမ်ား ရင္ဆိုင္ေနၾကရတတ္ပါသည္။ကၽြန္ေတာ္တို႔ နိုင္ငံသည္လည္း လက္ရွိအခ်ိန္တြင္ စိန္ေခၚမႈမ်ားႏွင့္ အက်ပ္အတည္းမ်ားကို ႀကီးမားစြာ ရင္ဆိုင္ေနရခ်ိန္ျဖစ္သည္။စင္စစ္ ကၽြန္ေတာ္တို႔အားလုံး ၂၀၁၅ ခုႏွစ္ ဒီမိုကေရစီေလယာဥ္ႀကီးေပၚ တက္ေရာက္လိုက္ပါလာစဥ္ အခ်ိန္ကတည္းကပင္ စိန္ေခၚမႈမ်ားႏွင့္ ေဘးဥပဒ္ အက်ပ္အတည္းမ်ားကို ဘက္တိုင္းလိုလို ေတြ႕ၾကဳံရင္ဆိုင္ေနၾကရျခင္းျဖစ္သည္။

ဆိုရလၽွင္ ကၽြန္ေတာ္တို႔၏ ဒီမိုကေရစီေလယာဥ္ႀကီးမွာ ၾကဳံေတြ႕ေနရေသာ ခၽြတ္ယြင္းခ်က္ ျပႆနာအေထြေထြေၾကာင္း မူလသြားေနေသာ လမ္းေၾကာင္းမွန္ေပၚမွပင္ ေသြဖည္တိမ္းေစာင္းေနသေယာင္ ရွိပါသည္။ကၽြန္ေတာ္တို႔၏ ဒီမိုကေရစီေလယာဥ္ႀကီးကို ဦးေဆာင္ေမာင္းႏွင္ေနသူတို႔က ေလယာဥ္ႀကီး လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိေရးအတြက္ က်ားကုတ္က်ားခဲ ႀကိဳးပမ္းအားထုတ္ေနလင့္ကစား ဒီမိုကေရစီေလယာဥ္ႀကီး ကေသာင္းကနင္းျဖစ္ေနမႈကို ကၽြန္ေတာ္တို႔အားလုံး ဦးတထိတ္ထိတ္ႏွင့္ ေစာင့္ၾကည့္ေနရဆဲ ရွိပါသည္။  

မည္သို႔ဆိုေစ ကၽြန္ေတာ္တို႔ ခရီးသည္အားလုံးတို႔ေတာ့ ဒီမိုကေရစီေလယာဥ္ႀကီး ေခ်ာေခ်ာေမြ႕ေမြ႕ႏွင့္ လိုရာပန္းတိုင္သို႔ အေရာက္လွမ္းနိုင္ေရးတြင္ ေလယာဥ္ကို ဦးေဆာင္ေမာင္းႏွင္ေနသူႏွင့္ သူ၏အဖြဲ႕သားမ်ားအေပၚ ယုံၾကည္အားထား႐ုံမွတပါး အျခားမရွိမဆိုဟု ဆိုရပါမည္။တစ္ခုပဲရွိသည္ လက္ရွိအေနအထားအရ ဒီမိုကေရစီေလယာဥ္ႀကီးကို ဦးေဆာင္ေမာင္းႏွင္ေနသူအေနႏွင့္ ျပတ္ျပတ္သားသား ဆုံးျဖတ္လုပ္ကိုင္နိုင္ခြင့္ အျပည့္အဝရရွိဖို႔ေတာ့လိုမည္ဟု ထင္ပါသည္။

ျမင့္ေနာင္မိုး
ေမ - ၂၅