【 ဆောင်းပါး 】 ''အာဏာပိုင်အရေတွက်နဲ့ လစာ''

လက်ရှိ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ ဒီနိုင်ငံက အစိုးရအဖွဲ့ဝင်တွေရဲ့လစာကို တချို့ကသိချင်ကြတယ်။ဆင်းရဲတဲ့နိုင်ငံမှာ အစိုးရအဖွဲ့ဝင် အရေအတွက်ကို ဘယ်လိုမျိုး လိုတိုးပိုလျှော့ လုပ်လို့ရလည်း ဆိုတာလည်း သိချင်သူတွေရှိတယ်။ဗဟုသုတနှံ့စပ်ပြီး လေ့လာအားကောင်းသူတွေကတာ့ အဲဒီအကြောင်းအရာတွေကို သိနှင့်ပြီးဖြစ်ပါတယ်။

အဲဒီအကြောင်းအရာတွေကို မသိသူတွေလည်း ရှိပါတယ်။အဲဒီထဲမှာ ပညာတတ်အသိုင်းအဝိုင်းက လူအချို့နဲ့ စာပေ၊ မီဒီယာ နယ်ပယ်ကသူအချို့ ပါပါတယ်။ဒါကလည်း သူတို့အားနည်းချက် မဟုတ်ပါဘူး။ဥပဒေနဲ့ သတ်မှတ်ထားတာဖြစ်လို့ နိုင်ငံရေးနဲ့ ဥပဒေနယ်ပယ်ကသူတွေကတော့ ပိုသိနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာပြောလိုတာက မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင် အရေအတွက် တစ်နည်းအားဖြင့် အာဏာပိုင်အဆင့် ပုဂ္ဂိုလ်တွေကို အနည်းအများ ခန့်အပ်နိုင်တဲ့ အခြေအနေကို ဥပဒေပြဌာန်းချက်အပေါ်မှာ ပြောမှာဖြစ်ပါတယ်။လက်ရှိ အစိုးရအဖွဲ့ဝင် အရေအတွက်ကို ပြောမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ လက်ရှိအရေအတွက် အနည်းအများကလည်း ဥပဒေပြဌာန်းချက်တွေအတိုင်း ခန့်အပ်ထားတာဖြစ်လို့ပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ ကာလတစ်လျှောက်လုံး အာဏာပိုင်အဆင့် တရားသူကြီးတွေရဲ့ သက်တမ်း နှစ်နှစ်ဆယ်ကလွဲလို့ ငါးနှစ်တစ်ကြိမ် အစိုးရအဖွဲ့သစ်နဲ့ အဖွဲ့ဝင် အသစ်တွေ ပြောင်းလဲမှာမို့ ဥပဒေအရ အရေအတွက် အနည်းဆုံး ဘယ်လောက်ခန့်ရမယ်၊ အများဆုံး ဘယ်လောက်ခန့်နိုင်တယ် ဆိုတာကိုပဲ ပြောမှာဖြစ်ပါတယ်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့တွေမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ထဲက သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အာဏာပိုင်အဆင့် ပုဂ္ဂိုလ်တွေက အနည်းဆုံး ဦးရေနှစ်ရာကျော်ကနေ အများဆုံးဦးရေ ၃ဝဝ ကျော်အထိ ရှိနိုင်မှာဖြစ်ပါတယ်။ဒီသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းတဲ့ဥပဒေတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ အပေါ်မှာ နှိုင်းယှဉ်သုံးသပ်ထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုရမှာက တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆ မှာ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဥပဒေချုပ်အဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် စာရင်းစစ်ချုပ် အဆင့်တွေက သာမန်အားဖြင့် ပြည်ထောင်စု ဒုတိယဝန်ကြီး အဆင့်တွေနဲ့ တူညီမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်တို့က ပြည်ထောင်စုဝန်ကြီး အဆင့်ထက်မြင့်ပါတယ်။ဘာလို့လဲဆိုတော့ သူတို့က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်သုံးရပ်ထဲက ဥပဒေပြုရေးနဲ့ တရားစီရင်ရေးရဲ့ ထိပ်ဆုံးကတာဝန်ရှိသူတွေ ဖြစ်နေလို့ပါ။ဒုတိယသမ္မတနှစ်ဦးနဲ့ ပြည်ထောင်စုဝန်ကြီးတွေကြားက အဆင့်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့က ပြည်ထောင်စုဝန်ကြီး အဆင့်တွေ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဒုတိယရှေ့နေချုပ်နဲ့ ဒုတိယစာရင်းစစ်ချုပ်တို့က သာမန်အားဖြင့် ဒုတိယဝန်ကြီးအဆင့်တွေ ဖြစ်ပါတယ်။

ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးရေကို အနည်းဆုံး ၇ ဦးကနေ အများဆုံး ၁၁ ဦးအထိ ခန့်ထားနိုင်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တရားစီရင်ရေးအခန်းမှာ ပြဌာန်းထားပါတယ်။ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို ၉ ဦးခန့်အပ်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေမှာ ဆိုပါတယ်။အဲဒီလိုပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို အနည်းဆုံး ၅ ဦး ခန့်အပ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ဆိုပါတယ်။ဒါ့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို အနည်းဆုံး ၅ ဦးကနေ အများဆုံး ၇ ဦးထိ ခန့်အပ်ရမယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ဒါတင်မကပါဘူး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်တွေကို အနည်းဆုံး ငါးဦးကနေ ၁၀ ဦးအထိ ခန့်အပ်ရမှာဖြစ်ပြီး ကောင်စီဥက္ကဋ္ဌ လစာက သိန်း ၃၀ နဲ့ ကောင်စီဝင်တွေ လစာ သိန်း ၂၀ ဖြစ်နေလို့ သူတို့ကလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေရဲ့ လစာနဲ့ တူညီနေတာ တွေ့ရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈ အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနအရေအတွက်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး ဦးရေကို လိုသလို သတ်မှတ်နိုင်ပါတယ်။ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့မယ်ဆိုရင် ဖွဲ့စည်းပုံအရ ပြည်ထောင်စုအဆင့်မှာ ဝန်ကြီးအဆင့်နဲ့ ဒုတိယဝန်ကြီးအဆင့် အရေအတွက် ၃၀ ဦးအထက် ခန့်အပ်နိုင်မှာကို တွေ့ရပါတယ်။

နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ဝန်ကြီးဌာန အရေအတွက်ကို အနည်းဆုံး ငါးခုကနေ အများဆုံး တစ်ဆယ်ခုအထိ သတ်မှတ်ရပါမယ်။အဲဒီလို သတ်မှတ်တဲ့ ဝန်ကြီးဌာန အရေအတွက်အတွင်း ပြင်ဆင်သတ်မှတ်တာနဲ့ ဖြည့်စွက်သတ်မှတ်တာတွေ ပြုလုပ်နိုင်ပါတယ်။တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ဝန်ကြီးဦးရေကို အနည်းဆုံး ငါးဦးကနေ အများဆုံး တစ်ဆယ်ဦးအထိ သတ်မှတ်တာဝန်ပေးရပါမယ်။ဒီလိုသတ်မှတ်တဲ့ ဝန်ကြီးဦးရေအတွင်း တိုးတာလျှော့တာ လုပ်နိုင်ပါတယ်။ဝန်ကြီးတွေ သတ်မှတ် တာဝန်ပေးအပ်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန်အဖြစ်တာ ဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။ဒီအချက်တွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၄ မှာ ဆိုပါတယ်။ဒါ့ပြင် တိုင်းဒေသကြီး တရားလွှတ်တော်နဲ့ ပြည်နယ် တရားလွှတ်တော်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီး အနည်းဆုံး ၃ ဦးကနေ အများဆုံး ၇ ဦးအထိ ခန့်အပ်နိုင်ပါတယ်။

အလားတူ တိုင်းဒေသကြီး၊ပြည်နယ်တစ်ခုစီမှာစာ ရင်းစစ်ချုပ်တစ်ဦးစီနဲ့ဥပဒေ ချုပ်တစ်ဦးစီရှိရမှာဖြစ်သလို လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌတစ်ဦးစီ ရှိမှာဖြစ်ပါတယ်။ဒါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုစီမှာ အာဏာပိုင်အဆင့်တွေအနေနဲ့ ဝန်ကြီးချုပ်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌ၊ဝန်ကြီးတွေ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်အပါအဝင်တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးတွေကို အနည်းဆုံး သတ်မှတ်ဦးရေနဲ့တွက်ချက်ရင် စုစုပေါင်း၁၃ဦး ရှိမှာဖြစ်ပြီး အများဆုံးသတ်မှတ်ဦးရေ နဲ့တွက်ချက်ရင် စုစုပေါင်း၂၂ဦးရှိမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီရဲ့ အာဏာပိုင်အဆင့် အနည်းဆုံးလူစာရင်း၁၃ဦးကို တိုင်းဒေသကြီး၊ပြည်နယ်၁၄ ခုအတွက် တွက်ချက် ရင် ၁၈၂ဦးရှိမှာဖြစ်ပြီး ပြည်ထောင်စုအဆင့်ရဲ့ ဝန်ကြီးအဆင့်အပါအဝင်ဒုတိယဝန်ကြီး အဆင့် ဖြစ်နိုင်ခြေအနည်းဆုံးဦးရေ ၃၀ကျော်နဲ့ပေါင်းရင် ၂၀၀ကျော်ရှိမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးဒါမှမဟုတ် ပြည်နယ်တစ်ခုစီရဲ့ အာဏာပိုင်အဆင့်အများဆုံးလူစာရင်း၂၂ဦးကို တိုင်းဒေသကြီးပြည်နယ်၁၄ ခုအတွက်တွက်ချက်ရင်၃၀၈ဦးရှိမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီး အဆင့်နှင့်ဒုတိယဝန်ကြီး အဆင့် ဖြစ်နိုင်ခြေအနည်းဆုံးဦးရေ ၃၀ကျော်နဲ့ပေါင်းရင် ၃၀၀ကျော်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ ခေတ်အဆက်ဆက်ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့သစ်တွေမှာ အာဏာပိုင်အဆင့် အနည်းဆုံးဦးရေ ၂၀၀ ကျော်ကနေ အာဏာပိုင်အဆင့် အများဆုံးဦးရေစုစုပေါင်း ၃ဝဝ ကျော်ရှိမယ်လို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။

လစာတွေအနေနဲ့ သမ္မတက သိန်း၅၀၊ဒုတိယသမ္မတတွေက သိန်း၄၀၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ဥက္ကဌ၊ပြည်ထောင်စုတရားသူကြီးချုပ်တို့က၃၅သိန်း၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးအဆင့်တွေက သိန်း၃၀၊ဝန်ကြီးချုပ်တွေက သိန်း၃၀နဲ့ ဒုတိယဝန်ကြီးတွေကသိန်း၂၀ရမှာဖြစ်ပါတယ်။

ဒီတော့ ခေတ်အဆက်ဆက်တက်လာမယ့် အစိုးရအဖွဲ့ဝင်တွေအပါအဝင် အာဏာပိုင်အဆင့်ပုဂ္ဂိုလ်တွေအတွက် ဥပဒေနဲ့အညီရပိုင်ခွင့်လစာအသုံးပြုမှုစရိတ်က ဘယ်လောက်ရှိမယ်ဆိုတာ စာဖတ်သူတွေခန့်မှန်းနိုင်မယ်လို့ သုံးသပ်ရင်း တင်ပြလိုက်ပါတယ်။

သာဓက
မေ - ၄

( Zawgyi )