【 ဆောင်းပါး 】 “ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်နှင့် သမိုင်းဝင်ဆန္ဒပြမှု”

【 ဆောင်းပါး 】 “ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်နှင့် သမိုင်းဝင်ဆန္ဒပြမှု”

အခုဆိုရင် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ဥပဒေ (University of Rangoon Art) ပြဋ္ဌာန်းခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ကျန်ရစ်ခဲ့တဲ့ကိစ္စကတော့ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေက (University of Rangoon Art) ကို သပိတ်မှောက်လိုက်ကြတာပါပဲ။

ပြောမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်သမိုင်းဟာ ကျောင်းသားသပိတ်နဲ့ စဖွင့်ခဲ့တယ်လို့ပြောရမှာပါ။နောက် ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက် ရန်ကုန်တက္ကသိုလ်တွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကို အာဏာသိမ်းစစ်အစိုးရက မိုင်းခွဲဖျက်ဆီးပစ်လိုက်တဲ့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြခဲ့တာကလည်း မေ့ဖျောက်လို့မရနိုင်တဲ့ သမိုင်းဝင်ကျောင်းသားသပိတ်တစ်ခုဖြစ်ပါတယ်။ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၈၈ (ရှစ်လေးလုံး) လူထုအရေးတော်ပုံကြီးကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက စတင်ခဲ့တာပါ။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနောက်မှာ စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံးဆန့်ကျင်ပြလိုက်တာကတော့ ၁၉၉၁ ဒီဇင်ဘာ ၁၀ ရက် (10D) ကျောင်းသားဆန္ဒပြမှုကြီးပါပဲ။ ဒီ 10D ကျောင်းသားလှုပ်ရှားမှုကြီးကလည်း ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ထဲမှာ မေ့ဖျောက်မရနိုင်တဲ့ သမိုင်းဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုအနေနဲ့ သမိုင်းဝင်သွားခဲ့ပါတယ်။အခု 10D ကျောင်းသားဆန္ဒပြပွဲကြီးမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။

၁၉၉၁ ဒီဇင်ဘာလအစောပိုင်းရက်တွေမှာလဲ နော်ဝေနိုင်ငံကနေ မြန်မာ့ဒီမိုကရေစီ အတိုက်အခံခေါင်းဆော င်ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးဖို့ ကြေညာထားလိုက်ပါတယ်။မြန်မာပြည် တစ်ပြည်လုံးက စိတ်အဝင်စားဆုံး သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာလဲ ဒီသတင်းနဲ့ပတ်သက်ပြီး ပြောဆိုနေကြပါပြီ။အဲဒီ့အချိန်မှာ နိုဘယ်လ်ဆုရှင်ဖြစ်မယ့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို စစ်အာဏာရှင်အစိုးရကနေ အိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားတယ်။ဒေါ်အောင်ဆန်းစုကြည် ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အပ်နှင်းပါတော့မယ်။ဒါပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကိုယ်တိုင် တက်ပြီး ဆုလက်ခံယူနိုင်ပါ့မလားဆိုတာကိုလည်း ပြည်သူတွေစိုးရိမ်နေကြတယ်။ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ကိုယ်တိုင်တက်ယူခွင့်ကို စစ်အစိုးရကခွင့်ပြုပေးမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်ပေးရတော့မယ်။ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ မျှော်လင့်နေကြပါတယ်။

ကျွန်တော်တို့အနေနဲ့ကတော့ စစ်အစိုးရရဲ့သဘောထားကို သိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရကနေ အိမ်အကျယ်ချုပ်ကနေ ပြန်မလွှတ်ပေးဘူးဆိုတာ သိနေပါတယ်။သူနိုဘယ်လ်ငြိမ်းချမ်းရရှိတာ ဝမ်းသာပေမယ့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်မြောက်နိုင်ဖို့ သူမကိုယ်တိုင်ဇွဲရှိရှိနဲ့ အမြဲရုန်းကန်နေရမှာဖြစ်သလို၊ ပြည်သူတွေရဲ့ တောင်းဆိုတိုက်ပွဲဝင်မှုနဲ့ စစ်အစိုးရကို တွန်းအားပေးနေနိုင်ဖို့လည်း လိုအပ်နေပါတယ်။

ပြောရမယ်ဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်အယ်ဒီပါတီကို တိုင်းပြည်အာဏာ မလွှဲပေးပဲ သဘောထားတင်းမာတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေ တက်လာတဲ့အချိန်၊ ဗိုလ်ခင်ညွှန့် ထောက်လှမ်းရေးက အစွမ်းပြနေတဲ့အချိန်မှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ ငြိမ်သက်သွားခဲ့ပါတယ်။ ၁၉၉၀ နှစ်ကုန်ပိုင်းကနေ ၁၉၉၁ ခုနှစ်ကုန်တဲ့အချိန်ထိ တိုင်းပြည်မှာ နိုင်ငံရေးရေချိန် ကျဆင်းသွားခဲ့ပါတယ်။ဒီလိုအနေအထားဖြစ်အောင်လည်း စစ်အစိုးရက အဓမ္မဖိနှိပ်ထားခဲ့ပါတယ်။တိုင်းပြည်ငြိမ်သက်မှု အပြည့်အဝရှိတယ်ဆိုတာ နိုင်ငံတကာကိုပြချင်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေ ကောလိပ်တွေကို ပြန်ဖွင့်ပြထားတာကို ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကတော့ မကျေနပ်ကြပါဘူး။

တက္ကသိုလ်ကျောင်းသားတွေက မကျေနပ်မှုကို အကြောင်းတစ်တစ်ခုရှာပြီး ဖောက်ခွဲချင်နေကြတာကို အမြဲသိနေခဲ့ပါတယ်။အခု ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ပါတော့မယ်။ရန်ကုန်တက္ကသိုလ်ထဲမှာတော့ ကျောင်းသားအုပ်စုလေးတွေ ခပ်လှုပ်လှုပ်ဖြစ်နေတာကလွဲရင် ငြိမ်သက်နေပါသေးတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြဖို့ စာလိုက်ဝေတဲ့အထဲက ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘိုဘိုဟန် ကို ထောက်လှမ်းရေးတွေက "သူခိုး..သူခိုး" လို့ အော်ပြီး ဝိုင်းဖမ်းလိုက်ပါတယ်။တက္ကသိုလ်ကျောင်းထဲမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတချို့ဟာ ကျောင်းသားဟန်ဆောင်ထားတဲ့ စစ်ထောက်လှမ်းရေးတွေရှိနေတာကိုတော့ ကြားထားမိပါတယ်။

၁၀ ရက်နေ့ မနက်မှာ အာစီရ်ခန်းမနဲ့ တက္ကသိုလ်စာကြည့်တိုက်ရှေ့က ကျောင်းသားတစ်စုက လက်ခုပ်စတီးပြီး သပိတ်မှောက်ကြဖို့ လှုံ့ဆော်လိုက်တယ်။ကျောင်းသား ကျောင်းသူတွေ အုပ်စုလိုက်ပါဝင်လာပြီး တက္ကသိုလ်ဝင်းအတွင်းမှာ လှည့်ပတ်ပြီး ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

အဲဒီ ဒီဇင်ဘာ ၁၀ ရက်နေ့ သပိတ်မှောက်ဆန္ဒပြမှုကို အဓိကဦးဆောင်ခဲ့တာက မြင့်ဆွေ၊ သီဟသူ(ဆန်နီ)၊ မောင်မှိုင်း၊ ကျော်စွာမိုး၊ ရန်နိုင်ဦး၊ မျိုးမြင့်(အညာသား)၊ စိန်ကျော်ဦး၊ ပြည်စိုး၊ ဝင်းနိုင်၊ ကျော်ကျော်ဦး စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေပါ။ဒီဇင်ဘာ ၁၀ ရက်နေ့မှာ န်ကုန်တက္ကသိုလ်ဝင်းထဲမှာ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ပြန်လွှင့်ထူပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်အစိုးရ နုတ်ထွက်ပေးရေး ကြွေးကြော်သံတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဆူညံသွားပါတယ်။ဒီခွပ်ဒေါင်းအလံလွှင့်ထားတာနဲ့ တောင်းဆိုတိုက်ပွဲဝင်သံတွေက သွေးကိုဆူပွက်ထသွားခဲ့စေပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရခဲ့သလို၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအတွက် သမိုင်းဖြစ်သွားခဲ့ပါတယ်။ဒီ ၁၀ ရက်နေ့ မနက်ဖက်မှာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ သပိတ်မှောက်ဆန္ဒပြမှုဟာ အေးအေးဆေးဆေးနဲ့ အောင်မြင်သွားခဲ့ပါပြီ။ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြပြီး အာရ်စီအဝင် ခေါင်မိုးလေးပေါ်တက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောခဲ့ကြပြီးတော့မှ၊ စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ အုပ်ချုပ်မင်းမူ ဗိုလ်လုပ်နေတာတွေကို မကျေနပ်ကြတာမဟုတ်ပါဘူး။ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာလည်း စစ်အာဏာရှင်တွေကို မုန်းတီးရွံ့ရှာနေကြပါတယ်။စစ်အာဏာရှင်တွေကို မကျေမနပ်နဲ့ မုန်းတီးရွံ့ရှာနေကြတာတွေကို ထုတ်ဖော်မပြောရဲကြလို့သာ နှုတ်ခမ်းတင်းတင်းစေ့ထားရတာပါ။အခုလို ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သတ္တိရှိစွာ စစ်အာဏာရှင်တွေကိုဆန့်ကျင်ပြီး သပိတ်မှောက်ဆန္ဒပြမှုတစ်ခုဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဆက်လက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျောင်းတွင်းဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြတဲ့ မြင့်ဆွေ၊ ဆန်နီတို့ ကျောင်းသားအုပ်စု အဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းတွေ ကြားရတယ်။ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျောင်းတွင်းဆန္ဒပြမှုကို ဦးဆောင်တဲ့လူတွေကို စစ်အစိုးရက ဆက်ဖမ်းတော့မယ်ဆိုတာ သိနေပါတယ်။ဒါပေမယ့်၊ ကျောင်းသားတွေအနေနဲ့ အဖမ်းခံရမှာကိုမကြောက်ခဲ့ကြဘူး။

ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း မိန်းတံခါးပေါက်ကြီးအပါအဝင် ကျောင်းတွင်းဝင်ပေါက်တွေကို ပိတ်ထားတာကို တွေ့ရတယ်။ရန်ကုန်တက္ကသိုလ် ပတ်လည်လမ်းတွေဖြစ်တဲ့ ပြည်လမ်းမကြီးနဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားလမ်းတွေမှာလည်း စစ်ကားတွေနဲ့ အချုပ်ကားတွေ တန်းစီရပ်ထားတာ တွေ့ရတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတော့ အာရ်စီနဲ့ တက္ကသိုလ်စာကြည့်တိုက်ကြား အဓိပတိလမ်းမပေါ်က ကျောင်းသားတစ်စု လက်ခုပ်တီးပြီး လူစုကြပါတယ်။သိပ်မကြာပါဘူး။ကျောင်းသားတွေစုဝေးလာပြီး ကြွေးကြော်သံတွေအော်ပြီး ဆန္ဒပြကြပါတော့တယ်။ကြွေးကြော်သံတွေအော်ကြပြီး အဓိပတိလမ်းမကြီးအတိုင်း ချီတက်ကြပါတယ်။
ကျောင်းသားသမဂ္ဂဟောင်း မြက်ခင်းရှေ့ရောက်တော့ "ကမ္ဘာမကြေဘူး" သီချင်းကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး သုံးရောင်ခြယ်ကျောင်းသားခေါင်းဆောင် ကိုမြတ်စံနဲ့ ကျွန်တော်က ရာမညဆောင်ရှေ့က အဝင်တံခါးကပိတ်ထားတာကနေ လှည်းတန်းလမ်းဆုံဖက်ကို လှမ်းကြည့်မိတော့၊ လှည်းတန်းမီးပွိုင့်အလွန် ဈေးဖက်လမ်းမထိပ်မှာ အော်ဟစ်ဆူပူပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ တောင်းဆိုနေကြတာကို တွေ့ရပါတယ်။

ကျောင်းတွင် လှည့်လည်ဆန္ဒပြနေတဲ့ ကျောင်းသားတွေ မန္တလေးဆောင်နဲ့ တောင်ငူဆောင်ဘက်ကနေ ပြန်ချိုးကွေ့လာပြီး အီကိုဘက်ကိုဦးတည်ပြီး ချီတက်လာခဲ့ကြပါတယ်။ဒီဇင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်တက္ကသိုလ်ပင်မမှာသာမကပဲ။ရန်ကုန်စက်မှုတက္ကသိုလ်။လှိုင်နယ်မြေနဲ့ လှည်းတန်းလမ်းဆုံတို့မှာ ခွပ်ဒေါင်းအလံတွေလွှင့်ထူပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး။ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်လျက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ကျောင်းသားတွေဟာ အမှန်တရားဖက်ကနေပြီး ဘယ်လိုအာဏာရှင်မျိုးတွေရဲ့ ဖိနှိပ်မခံပဲ ပြန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပါပဲ။

အခုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးဖို့၊ ဖမ်းဆီးခံ ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ စစ်အာဏာရှင်အစိုးရ ပြုတ်ကျရေး အော်ဟစ်တောင်းဆိုနေကြပါပြီ။ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့ ကောင်းကင်ယံထက်မှာ ဘဝဂ်ညံနေပါပြီ။ကျောင်းသားသမဂ္ဂတိုက်ပွဲဝင် ခွပ်ဒေါင်းအလံတွေကလည်း လေပေါ်ဝင့်ဝဲပြီး တလူလူလွင့်ပျံနေပါတော့တယ်။အင်းလျားကန်ရေပြင်ကို ဖြတ်ကျော်ပြီး တစ်တိုင်းတစ်ပြည်လုံး ကြက်သီးထသွားစေခဲ့ပြီ။စစ်အာဏာရှင်တွေလည်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီ။ ၁၉၈၈ လူထုအရေးတော်ပုံကြီးနောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ကြီးအတွင်း အကြီးမားဆုံးပြန်ပေါ်ပေါက်လာခဲ့ရတဲ့ သပိတ်မှောက်မှုကြီးအဖြစ် သမိုင်းမှတ်တမ်းဝင်သွားတော့မှာပါ။

ရန်ကုန်တက္ကသိုလ်ထဲက တိုက်ပွဲပုံသဏ္ဍာန်ကိုကြည့်ရင် ကျောင်းတွင်း ကျောင်းပြင် ချိတ်ဆက်ပေါင်းစည်းပြီး လူထုတိုက်ပွဲဖော်ဖို့ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားများ စုဝေးမိချိန်မှာပဲ ရန်ကုန်တက္ကသိုလ်ပင်မဝန်းတစ်ခုလုံးကို စစ်တပ်က ဝိုင်းထားလိုက်ပါတယ်။ကျောင်းဝန်းဝင်ပေါက်တွေအားလုံးကို ပိတ်ပစ်လိုက်ပြီး ကျောင်းဝင်းပြင်ပ အင်းလျားလမ်းပေါ်မှာ အချုပ်ကားတွေ တန်းစီရပ်ထားပါတယ်။ကျောင်းတွင်းဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သိမ်းဆွေ(ဖျာပုံ) က "ဘယ်လိုဆက်လုပ်မလဲ အစ်ကို" ဆိုပြီး ကျွန်တော့်အနားကပ်လာပြီး မေးပါတယ်။ကျွန်တော်တို့ ဘာမှဆက်လုပ်လို့မရနိုင်တော့တာ သိလိုက်ပါတယ်။

အပြင်နဲ့ ချိတ်ဆက်ပေါင်းစည်းပြီး လူထုတိုက်ပွဲဖော်ဆောင်ဖို့ လုံးဝမဖြစ်နိုင်တော့။ကျွန်တော့်ဘေးတွင်ရပ်နေတဲ့ သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင် ကိုမြတ်စံ က ခေါင်းခါရမ်းလျက်။"ခင်ဗျားအစီအစဉ်ပျက်ပြီ" လို့ စိတ်ပျက်သံနဲ့ ပြောလိုက်ပါတယ်။ကြည့်ရပုံထောက်ရင် စစ်အာဏာရှင်အစိုးရအနေနဲ့ လူဖမ်းပွဲကြီးတစ်ခုကို လုပ်ဆောင်တော့မယ့်ပုံပါ။နောက်ဆုံး ဆန္ဒပြကျောင်းသား နှစ်ထောင်ကျော်ခန့်ဟာ အာရ်စီရှေ့မှာ ပြန်စုဝေးကြဖို့ သိမ်းဆွေ ကို ပြောလိုက်ပါတယ်။ကျောင်းအတွင်းမှာ လှည့်လည်ဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသားတွေဟာ အာရ်စီဆောင်ရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။အာရ်စီပေါင်းကူးအမိုးလေးပေါ် တစ်ယောက်ပြီး တစ်ယောက်တက်ပြီး တရားဟောကြ လက်ခုပ်တီးကြ ကြွေးကြော်သံများ ကြွေးကြော်ကြနဲ့ အရှိန်မသတ်နိုင်အောင် တက်ကြွနေကြပါတယ်။

ဘွဲ့နှင်းသဘင် အဆောက်အအုံမှာ တပ်ဆင်ထားသော လော်စပီကာထဲကနေ ပါမောက္ခချုပ် ဦးတင်ဦးလှိုင် က အဆက်မပြတ် ကြေညာနေပါတယ်။ကျောင်းသားတွေ လူစုခွဲဖို့နဲ့ ကြွေးကြော်သံတွေ မအော်ကြဖို့ပါ။နေ့လည် ၁၂ နာရီလောက်မှာ ကျွန်တော်နဲ့ ရင်းနှီးခင်မင်နေတဲ့ ဆရာဦးလှထွန်း (မြန်မာစာ) က ကျောင်းဝင်းထဲကို စစ်တပ်ဝင်တော့မယ်ဆိုတာ သတင်းရကြောင်း တိုးတိုးလာကပ်ပြောပါတယ်။အဲဒီအချိန် ကျွန်တော်နဲ့အတူ မြတ်စံ၊ ခိုင်အေး၊ သန်းဝင်းထွဋ်၊ ဖုန်းနိုင်၊ ခက်မာ၊ အေးအေးနိုင်၊ ရာသက်ပန်တို့ ရှိနေကြတယ်။

"ဘယ်လိုလုပ်မလဲ" ဟု ကျွန်တော့်ကို ခိုင်အေး မေးလိုက်တော့၊ "ဒီလူနှစ်ထောင်ကျော်အကုန်လုံး မဖမ်းနိုင်ပါဘူး" လို့ ကျွန်တော်ပြန်ပြောလိုက်မိတယ်။

ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ စိုးရိမ်ထိတ်လန့်နေမိတာအမှန်ပါ။စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမြင်ကွင်းတွေကို မျက်စိထဲပြန်မြင်ယောင်နေမိတယ်။ ၈၈,၈၉ ကာလတိုက်ပွဲတွေမှာ ကိုယ်တိုင်ကြုံတွေခဲ့ရတယ်လေ။

ခဏအကြာ ဘွဲ့နှင်းသဘင် ဘေးတံခါးပေါက်ကနေ စစ်ကားတွေတန်းစီပြီး မောင်းဝင်လာပါတယ်။စစ်ကားတွေပေါ်ကနေ စစ်သားတွေ ခုန်ဆင်းလာကြပြီး၊ အာရ်စီရှေ့မှာရှိတဲ့ ဆန္ဒပြကျောင်းသားတွေကို သေနတ်တွေချိန်ထားလိုက်ပါတယ်။ကျောင်းသားအချို့ ထွက်ပြေးသူကပြေး၊ ကျောင်းသူအချို့ ငိုသူငိုနဲ့ ဝရုန်းသုဉ်းကားဖြစ်သွားခဲ့တယ်။
ကိုမြတ်စံ က ကျွန်တော်လက်ကိုဆွဲခေါ်ပြီး "ပါချုပ်နဲ့ သွားတွေ့ရအောင်" လို့ ပြောလိုက်တယ်။ကျွန်တော်နဲ့ ကိုမြတ်စံ နှစ်ယောက် ဘွဲ့နှင်းသဘင်ခန်းမဆီ ထွက်လာကြတယ်။ဘွဲ့နှင်းသဘင်အတွင်း ကျွန်တော်နဲ့ ကိုမြတ်စံ ရောက်တဲ့အခါ ပါချုပ် ဦးတင်ဦးလှိုင်နဲ့အတူ စစ်ဒေသမှူး ဗိုလ်မှူးကြီးဝင်းလှိုင်တို့ကို တွေ့ရတော့။

အခု စစ်တပ်ဝိုင်းထားတဲ့ ကျောင်းသားသူတွေအားလုံးဟာ ဆန္ဒပြသူတွေမဟုတ်ကြောင်း၊ အားလုံးကိုမဖမ်းသင့်ကြောင်း ကျွန်တော်ရှင်းပြလိုက်ပါတယ်။နောက်ဆုံး အေးချမ်းစွာ ကျောင်းတွင်းမှထွက်ခွာဖို့အတွက် သဘောတူညီမှုရသွားခဲ့ပါတယ်။အဲဒီ့သဘောတူညီမှုအရ ကျွန်တော်နဲ့ ကိုမြတ်စံ လက်ချင်းတွဲပြီး ဘွဲ့နှင်းသဘင် ဘေးတံခါးပေါက်ကနေ ရှေ့ကဦးဆောင်ထွက်ခဲ့ကြတယ်။

မြတ်လှိုင်း
ဒီဇင်ဘာ - ၅

( Zawgyi )

အခုဆိုရင္ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္ခဲ့ပါၿပီ။ ၁၉၂၀ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ရန္ကုန္တကၠသိုလ္ ဥပေဒ (University of Rangoon Art) ျပ႒ာန္းခဲ့ပါတယ္။ရန္ကုန္တကၠသိုလ္သမိုင္းတြင္ က်န္ရစ္ခဲ့တဲ့ကိစၥကေတာ့ ၁၉၂၀ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ တကၠသိုလ္ေက်ာင္းသားေတြက (University of Rangoon Art) ကို သပိတ္ေမွာက္လိုက္ၾကတာပါပဲ။

ေျပာမယ္ဆိုရင္ ရန္ကုန္တကၠသိုလ္သမိုင္းဟာ ေက်ာင္းသားသပိတ္နဲ႔ စဖြင့္ခဲ့တယ္လို႔ေျပာရမွာပါ။ေနာက္ ၁၉၆၂ ခုႏွစ္ ဇူလိုင္ (၇) ရက္ ရန္ကုန္တကၠသိုလ္တြင္းမွာရွိတဲ့ တကၠသိုလ္ေက်ာင္းသားသမဂၢ (တကသ) ကို အာဏာသိမ္းစစ္အစိုးရက မိုင္းခြဲဖ်က္ဆီးပစ္လိုက္တဲ့အတြက္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြ သပိတ္ေမွာက္ဆႏၵျပခဲ့တာကလည္း ေမ့ေဖ်ာက္လို႔မရႏိုင္တဲ့ သမိုင္းဝင္ေက်ာင္းသားသပိတ္တစ္ခုျဖစ္ပါတယ္။ ၁၉၇၄ ဦးသန႔္အေရးအခင္း၊ ၁၉၇၆ မႈိင္းရာျပည့္အေရးအခင္း၊ ၁၉၈၈ (ရွစ္ေလးလုံး) လူထုအေရးေတာ္ပုံႀကီးကလည္း ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြက စတင္ခဲ့တာပါ။

ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီးေနာက္မွာ စစ္အာဏာရွင္စနစ္ကို ပထမဦးဆုံးဆန႔္က်င္ျပလိုက္တာကေတာ့ ၁၉၉၁ ဒီဇင္ဘာ ၁၀ ရက္ (10D) ေက်ာင္းသားဆႏၵျပမႈႀကီးပါပဲ။ ဒီ 10D ေက်ာင္းသားလႈပ္ရွားမႈႀကီးကလည္း ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္ထဲမွာ ေမ့ေဖ်ာက္မရႏိုင္တဲ့ သမိုင္းဝင္ စစ္အာဏာရွင္စနစ္ ဆန႔္က်င္မႈအေနနဲ႔ သမိုင္းဝင္သြားခဲ့ပါတယ္။အခု 10D ေက်ာင္းသားဆႏၵျပပြဲႀကီးမွာ ကြၽန္ေတာ္လည္း ပါဝင္ခဲ့ပါတယ္။

၁၉၉၁ ဒီဇင္ဘာလအေစာပိုင္းရက္ေတြမွာလဲ ေနာ္ေဝႏိုင္ငံကေန ျမန္မာ့ဒီမိုကေရစီ အတိုက္အခံေခါင္းေဆာ င္ေဒၚေအာင္ဆန္းစုၾကည္ ကို ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုေပးဖို႔ ေၾကညာထားလိုက္ပါတယ္။ျမန္မာျပည္ တစ္ျပည္လုံးက စိတ္အဝင္စားဆုံး သတင္းတစ္ခုျဖစ္ခဲ့ပါတယ္။

ရန္ကုန္တကၠသိုလ္ထဲမွာလဲ ဒီသတင္းနဲ႔ပတ္သက္ၿပီး ေျပာဆိုေနၾကပါၿပီ။အဲဒီ့အခ်ိန္မွာ ႏိုဘယ္လ္ဆုရွင္ျဖစ္မယ့္ ျမန္မာ့ဒီမိုကေရစီ အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို စစ္အာဏာရွင္အစိုးရကေန အိမ္အက်ယ္ခ်ဳပ္ ဖမ္းဆီးထိန္းသိမ္းထားတယ္။ေဒၚေအာင္ဆန္းစုၾကည္ ကို ေနာ္ေဝႏိုင္ငံ၊ ေအာ္စလိုၿမိဳ႕မွာ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုကို အပ္ႏွင္းပါေတာ့မယ္။ဒါေပမယ့္ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ကိုယ္တိုင္ တက္ၿပီး ဆုလက္ခံယူႏိုင္ပါ့မလားဆိုတာကိုလည္း ျပည္သူေတြစိုးရိမ္ေနၾကတယ္။ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုကို ကိုယ္တိုင္တက္ယူခြင့္ကို စစ္အစိုးရကခြင့္ျပဳေပးမယ္ဆိုရင္၊ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က လႊတ္ေပးရေတာ့မယ္။ျပည္သူေတြကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လြတ္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ စစ္အစိုးရရဲ႕သေဘာထားကို သိေနတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ ကို စစ္အစိုးရကေန အိမ္အက်ယ္ခ်ဳပ္ကေန ျပန္မလႊတ္ေပးဘူးဆိုတာ သိေနပါတယ္။သူႏိုဘယ္လ္ၿငိမ္းခ်မ္းရရွိတာ ဝမ္းသာေပမယ့္ ေနအိမ္အက်ယ္ခ်ဳပ္ကေန ျပန္လြတ္ေျမာက္ႏိုင္ဖို႔ သူမကိုယ္တိုင္ဇြဲရွိရွိနဲ႔ အၿမဲ႐ုန္းကန္ေနရမွာျဖစ္သလို၊ ျပည္သူေတြရဲ႕ ေတာင္းဆိုတိုက္ပြဲဝင္မႈနဲ႔ စစ္အစိုးရကို တြန္းအားေပးေနႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။

ေျပာရမယ္ဆိုရင္ ၁၉၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အင္အယ္ဒီပါတီကို တိုင္းျပည္အာဏာ မလႊဲေပးပဲ သေဘာထားတင္းမာတဲ့ စစ္အာဏာရွင္ ဗိုလ္သန္းေ႐ႊ တက္လာတဲ့အခ်ိန္၊ ဗိုလ္ခင္ၫႊန႔္ ေထာက္လွမ္းေရးက အစြမ္းျပေနတဲ့အခ်ိန္မွာ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူေတြ ၿငိမ္သက္သြားခဲ့ပါတယ္။ ၁၉၉၀ ႏွစ္ကုန္ပိုင္းကေန ၁၉၉၁ ခုႏွစ္ကုန္တဲ့အခ်ိန္ထိ တိုင္းျပည္မွာ ႏိုင္ငံေရးေရခ်ိန္ က်ဆင္းသြားခဲ့ပါတယ္။ဒီလိုအေနအထားျဖစ္ေအာင္လည္း စစ္အစိုးရက အဓမၼဖိႏွိပ္ထားခဲ့ပါတယ္။တိုင္းျပည္ၿငိမ္သက္မႈ အျပည့္အဝရွိတယ္ဆိုတာ ႏိုင္ငံတကာကိုျပခ်င္တဲ့အတြက္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ တကၠသိုလ္ေတြ ေကာလိပ္ေတြကို ျပန္ဖြင့္ျပထားတာကို ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြကေတာ့ မေက်နပ္ၾကပါဘူး။

တကၠသိုလ္ေက်ာင္းသားေတြက မေက်နပ္မႈကို အေၾကာင္းတစ္တစ္ခုရွာၿပီး ေဖာက္ခြဲခ်င္ေနၾကတာကို အၿမဲသိေနခဲ့ပါတယ္။အခု ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ကို ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆု ခ်ီးျမႇင့္ပါေတာ့မယ္။ရန္ကုန္တကၠသိုလ္ထဲမွာေတာ့ ေက်ာင္းသားအုပ္စုေလးေတြ ခပ္လႈပ္လႈပ္ျဖစ္ေနတာကလြဲရင္ ၿငိမ္သက္ေနပါေသးတယ္။

ဒီဇင္ဘာလ ၉ ရက္ေန႔ ညေန ရန္ကုန္တကၠသိုလ္ဝင္းထဲမွာ ႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရးအတြက္ ေတာင္းဆိုဆႏၵျပဖို႔ စာလိုက္ေဝတဲ့အထဲက ရန္ကုန္တကၠသိုလ္ေက်ာင္းသား ဘိုဘိုဟန္ ကို ေထာက္လွမ္းေရးေတြက "သူခိုး..သူခိုး" လို႔ ေအာ္ၿပီး ဝိုင္းဖမ္းလိုက္ပါတယ္။တကၠသိုလ္ေက်ာင္းထဲမွာ ေက်ာင္းတက္ေနၾကတဲ့ ေက်ာင္းသားတခ်ိဳ႕ဟာ ေက်ာင္းသားဟန္ေဆာင္ထားတဲ့ စစ္ေထာက္လွမ္းေရးေတြရွိေနတာကိုေတာ့ ၾကားထားမိပါတယ္။

၁၀ ရက္ေန႔ မနက္မွာ အာစီရ္ခန္းမနဲ႔ တကၠသိုလ္စာၾကည့္တိုက္ေရွ႕က ေက်ာင္းသားတစ္စုက လက္ခုပ္စတီးၿပီး သပိတ္ေမွာက္ၾကဖို႔ လႈံ႕ေဆာ္လိုက္တယ္။ေက်ာင္းသား ေက်ာင္းသူေတြ အုပ္စုလိုက္ပါဝင္လာၿပီး တကၠသိုလ္ဝင္းအတြင္းမွာ လွည့္ပတ္ၿပီး ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကပါတယ္။

အဲဒီ ဒီဇင္ဘာ ၁၀ ရက္ေန႔ သပိတ္ေမွာက္ဆႏၵျပမႈကို အဓိကဦးေဆာင္ခဲ့တာက ျမင့္ေဆြ၊ သီဟသူ(ဆန္နီ)၊ ေမာင္မႈိင္း၊ ေက်ာ္စြာမိုး၊ ရန္ႏိုင္ဦး၊ မ်ိဳးျမင့္(အညာသား)၊ စိန္ေက်ာ္ဦး၊ ျပည္စိုး၊ ဝင္းႏိုင္၊ ေက်ာ္ေက်ာ္ဦး စတဲ့ ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြပါ။ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ န္ကုန္တကၠသိုလ္ဝင္းထဲမွာ တိုက္ပြဲဝင္ခြပ္ေဒါင္းအလံကို ျပန္လႊင့္ထူၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး၊ ဖမ္းဆီးခံ ေက်ာင္းသားမ်ား လြတ္ေျမာက္ေရး၊ ဒီမိုကေရစီရရွိေရး၊ စစ္အာဏာရွင္အစိုးရ ႏုတ္ထြက္ေပးေရး ေႂကြးေၾကာ္သံေတြဟာ ရန္ကုန္တကၠသိုလ္ဝင္းထဲမွာ ဆူညံသြားပါတယ္။ဒီခြပ္ေဒါင္းအလံလႊင့္ထားတာနဲ႔ ေတာင္းဆိုတိုက္ပြဲဝင္သံေတြက ေသြးကိုဆူပြက္ထသြားခဲ့ေစပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔ဟာ ဒီမိုကေရစီ အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရခဲ့သလို၊ စစ္အာဏာရွင္ဆန႔္က်င္ေရး ေက်ာင္းသားလႈပ္ရွားမႈအတြက္ သမိုင္းျဖစ္သြားခဲ့ပါတယ္။ဒီ ၁၀ ရက္ေန႔ မနက္ဖက္မွာ ရန္ကုန္တကၠသိုလ္ဝင္းအတြင္းမွာ သပိတ္ေမွာက္ဆႏၵျပမႈဟာ ေအးေအးေဆးေဆးနဲ႔ ေအာင္ျမင္သြားခဲ့ပါၿပီ။ေက်ာင္းဝင္းအတြင္း လွည့္လည္ဆႏၵျပၿပီး အာရ္စီအဝင္ ေခါင္မိုးေလးေပၚတက္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ေဟာေျပာခဲ့ၾကၿပီးေတာ့မွ၊ စစ္အာဏာရွင္စနစ္ဆိုးႀကီးရဲ႕ အုပ္ခ်ဳပ္မင္းမူ ဗိုလ္လုပ္ေနတာေတြကို မေက်နပ္ၾကတာမဟုတ္ပါဘူး။ျပည္သူေတြအားလုံးရဲ႕ ရင္ထဲမွာလည္း စစ္အာဏာရွင္ေတြကို မုန္းတီး႐ြံ႕ရွာေနၾကပါတယ္။စစ္အာဏာရွင္ေတြကို မေက်မနပ္နဲ႔ မုန္းတီး႐ြံ႕ရွာေနၾကတာေတြကို ထုတ္ေဖာ္မေျပာရဲၾကလို႔သာ ႏႈတ္ခမ္းတင္းတင္းေစ့ထားရတာပါ။အခုလို ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြ သတၱိရွိစြာ စစ္အာဏာရွင္ေတြကိုဆန႔္က်င္ၿပီး သပိတ္ေမွာက္ဆႏၵျပမႈတစ္ခုျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ဆက္လက္ၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းဆီးခံ ေက်ာင္းသားမ်ား လြတ္ေျမာက္ေရး ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ေက်ာင္းတြင္းဆႏၵျပပြဲကို ဦးေဆာင္ခဲ့ၾကတဲ့ ျမင့္ေဆြ၊ ဆန္နီတို႔ ေက်ာင္းသားအုပ္စု အဖမ္းခံလိုက္ရတယ္ဆိုတဲ့သတင္းေတြ ၾကားရတယ္။ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ေက်ာင္းတြင္းဆႏၵျပမႈကို ဦးေဆာင္တဲ့လူေတြကို စစ္အစိုးရက ဆက္ဖမ္းေတာ့မယ္ဆိုတာ သိေနပါတယ္။ဒါေပမယ့္၊ ေက်ာင္းသားေတြအေနနဲ႔ အဖမ္းခံရမွာကိုမေၾကာက္ခဲ့ၾကဘူး။

ရန္ကုန္တကၠသိုလ္ေက်ာင္းဝန္း မိန္းတံခါးေပါက္ႀကီးအပါအဝင္ ေက်ာင္းတြင္းဝင္ေပါက္ေတြကို ပိတ္ထားတာကို ေတြ႕ရတယ္။ရန္ကုန္တကၠသိုလ္ ပတ္လည္လမ္းေတြျဖစ္တဲ့ ျပည္လမ္းမႀကီးနဲ႔ တကၠသိုလ္ရိပ္သာလမ္း၊ အင္းလ်ားလမ္းေတြမွာလည္း စစ္ကားေတြနဲ႔ အခ်ဳပ္ကားေတြ တန္းစီရပ္ထားတာ ေတြ႕ရတယ္။

ရန္ကုန္တကၠသိုလ္ဝင္းထဲမွာေတာ့ အာရ္စီနဲ႔ တကၠသိုလ္စာၾကည့္တိုက္ၾကား အဓိပတိလမ္းမေပၚက ေက်ာင္းသားတစ္စု လက္ခုပ္တီးၿပီး လူစုၾကပါတယ္။သိပ္မၾကာပါဘူး။ေက်ာင္းသားေတြစုေဝးလာၿပီး ေႂကြးေၾကာ္သံေတြေအာ္ၿပီး ဆႏၵျပၾကပါေတာ့တယ္။ေႂကြးေၾကာ္သံေတြေအာ္ၾကၿပီး အဓိပတိလမ္းမႀကီးအတိုင္း ခ်ီတက္ၾကပါတယ္။
ေက်ာင္းသားသမဂၢေဟာင္း ျမက္ခင္းေရွ႕ေရာက္ေတာ့ "ကမာၻမေၾကဘူး" သီခ်င္းကို သံၿပိဳင္သီဆိုခဲ့ၾကပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အနီးကပ္လုံၿခဳံေရး သုံးေရာင္ျခယ္ေက်ာင္းသားေခါင္းေဆာင္ ကိုျမတ္စံနဲ႔ ကြၽန္ေတာ္က ရာမညေဆာင္ေရွ႕က အဝင္တံခါးကပိတ္ထားတာကေန လွည္းတန္းလမ္းဆုံဖက္ကို လွမ္းၾကည့္မိေတာ့၊ လွည္းတန္းမီးပြိဳင့္အလြန္ ေဈးဖက္လမ္းမထိပ္မွာ ေအာ္ဟစ္ဆူပူၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတာကို ေတြ႕ရပါတယ္။

ေက်ာင္းတြင္ လွည့္လည္ဆႏၵျပေနတဲ့ ေက်ာင္းသားေတြ မႏၲေလးေဆာင္နဲ႔ ေတာင္ငူေဆာင္ဘက္ကေန ျပန္ခ်ိဳးေကြ႕လာၿပီး အီကိုဘက္ကိုဦးတည္ၿပီး ခ်ီတက္လာခဲ့ၾကပါတယ္။ဒီဇင္ဘာလ ၁၁ ရက္ေန႔ ရန္ကုန္တကၠသိုလ္ပင္မမွာသာမကပဲ။ရန္ကုန္စက္မႈတကၠသိုလ္။လႈိင္နယ္ေျမနဲ႔ လွည္းတန္းလမ္းဆုံတို႔မွာ ခြပ္ေဒါင္းအလံေတြလႊင့္ထူၿပီး ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး။ဖမ္းဆီးခံ ေက်ာင္းသားမ်ား လြတ္ေျမာက္ေရး၊ စစ္အာဏာရွင္ဆန႔္က်င္ေရး ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္လ်က္ ဆက္လက္တိုက္ပြဲဝင္ခဲ့ၾကပါတယ္။ေက်ာင္းသားေတြဟာ အမွန္တရားဖက္ကေနၿပီး ဘယ္လိုအာဏာရွင္မ်ိဳးေတြရဲ႕ ဖိႏွိပ္မခံပဲ ျပန္တိုက္ပြဲဝင္ေနမယ္ဆိုတာကိုပါပဲ။

အခုလည္း ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ကို ေနအိမ္အက်ယ္ခ်ဳပ္က ျပန္လႊတ္ေပးဖို႔၊ ဖမ္းဆီးခံ ေက်ာင္းသားေတြ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးေရး၊ စစ္အာဏာရွင္အစိုးရ ျပဳတ္က်ေရး ေအာ္ဟစ္ေတာင္းဆိုေနၾကပါၿပီ။ရန္ကုန္တကၠသိုလ္ (ပင္မ) ရဲ႕ ေကာင္းကင္ယံထက္မွာ ဘဝဂ္ညံေနပါၿပီ။ေက်ာင္းသားသမဂၢတိုက္ပြဲဝင္ ခြပ္ေဒါင္းအလံေတြကလည္း ေလေပၚဝင့္ဝဲၿပီး တလူလူလြင့္ပ်ံေနပါေတာ့တယ္။အင္းလ်ားကန္ေရျပင္ကို ျဖတ္ေက်ာ္ၿပီး တစ္တိုင္းတစ္ျပည္လုံး ၾကက္သီးထသြားေစခဲ့ၿပီ။စစ္အာဏာရွင္ေတြလည္း ထိတ္လန႔္တုန္လႈပ္သြားေစခဲ့ၿပီ။ ၁၉၈၈ လူထုအေရးေတာ္ပုံႀကီးေနာက္ပိုင္းမွာ ရန္ကုန္တကၠသိုလ္ႀကီးအတြင္း အႀကီးမားဆုံးျပန္ေပၚေပါက္လာခဲ့ရတဲ့ သပိတ္ေမွာက္မႈႀကီးအျဖစ္ သမိုင္းမွတ္တမ္းဝင္သြားေတာ့မွာပါ။

ရန္ကုန္တကၠသိုလ္ထဲက တိုက္ပြဲပုံသ႑ာန္ကိုၾကည့္ရင္ ေက်ာင္းတြင္း ေက်ာင္းျပင္ ခ်ိတ္ဆက္ေပါင္းစည္းၿပီး လူထုတိုက္ပြဲေဖာ္ဖို႔ျဖစ္ပါတယ္။ရန္ကုန္တကၠသိုလ္အတြင္း ေက်ာင္းသားမ်ား စုေဝးမိခ်ိန္မွာပဲ ရန္ကုန္တကၠသိုလ္ပင္မဝန္းတစ္ခုလုံးကို စစ္တပ္က ဝိုင္းထားလိုက္ပါတယ္။ေက်ာင္းဝန္းဝင္ေပါက္ေတြအားလုံးကို ပိတ္ပစ္လိုက္ၿပီး ေက်ာင္းဝင္းျပင္ပ အင္းလ်ားလမ္းေပၚမွာ အခ်ဳပ္ကားေတြ တန္းစီရပ္ထားပါတယ္။ေက်ာင္းတြင္းဆႏၵျပေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ သိမ္းေဆြ(ဖ်ာပုံ) က "ဘယ္လိုဆက္လုပ္မလဲ အစ္ကို" ဆိုၿပီး ကြၽန္ေတာ့္အနားကပ္လာၿပီး ေမးပါတယ္။ကြၽန္ေတာ္တို႔ ဘာမွဆက္လုပ္လို႔မရႏိုင္ေတာ့တာ သိလိုက္ပါတယ္။

အျပင္နဲ႔ ခ်ိတ္ဆက္ေပါင္းစည္းၿပီး လူထုတိုက္ပြဲေဖာ္ေဆာင္ဖို႔ လုံးဝမျဖစ္ႏိုင္ေတာ့။ကြၽန္ေတာ့္ေဘးတြင္ရပ္ေနတဲ့ သုံးေရာင္ျခယ္ ေက်ာင္းသားေခါင္းေဆာင္ ကိုျမတ္စံ က ေခါင္းခါရမ္းလ်က္။"ခင္ဗ်ားအစီအစဥ္ပ်က္ၿပီ" လို႔ စိတ္ပ်က္သံနဲ႔ ေျပာလိုက္ပါတယ္။ၾကည့္ရပုံေထာက္ရင္ စစ္အာဏာရွင္အစိုးရအေနနဲ႔ လူဖမ္းပြဲႀကီးတစ္ခုကို လုပ္ေဆာင္ေတာ့မယ့္ပုံပါ။ေနာက္ဆုံး ဆႏၵျပေက်ာင္းသား ႏွစ္ေထာင္ေက်ာ္ခန႔္ဟာ အာရ္စီေရွ႕မွာ ျပန္စုေဝးၾကဖို႔ သိမ္းေဆြ ကို ေျပာလိုက္ပါတယ္။ေက်ာင္းအတြင္းမွာ လွည့္လည္ဆႏၵျပခ်ီတက္ေနၾကတဲ့ ေက်ာင္းသားေတြဟာ အာရ္စီေဆာင္ေရွ႕ကို ျပန္ေရာက္လာခဲ့ပါတယ္။အာရ္စီေပါင္းကူးအမိုးေလးေပၚ တစ္ေယာက္ၿပီး တစ္ေယာက္တက္ၿပီး တရားေဟာၾက လက္ခုပ္တီးၾက ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္ၾကနဲ႔ အရွိန္မသတ္ႏိုင္ေအာင္ တက္ႂကြေနၾကပါတယ္။

ဘြဲ႕ႏွင္းသဘင္ အေဆာက္အအုံမွာ တပ္ဆင္ထားေသာ ေလာ္စပီကာထဲကေန ပါေမာကၡခ်ဳပ္ ဦးတင္ဦးလႈိင္ က အဆက္မျပတ္ ေၾကညာေနပါတယ္။ေက်ာင္းသားေတြ လူစုခြဲဖို႔နဲ႔ ေႂကြးေၾကာ္သံေတြ မေအာ္ၾကဖို႔ပါ။ေန႔လည္ ၁၂ နာရီေလာက္မွာ ကြၽန္ေတာ္နဲ႔ ရင္းႏွီးခင္မင္ေနတဲ့ ဆရာဦးလွထြန္း (ျမန္မာစာ) က ေက်ာင္းဝင္းထဲကို စစ္တပ္ဝင္ေတာ့မယ္ဆိုတာ သတင္းရေၾကာင္း တိုးတိုးလာကပ္ေျပာပါတယ္။အဲဒီအခ်ိန္ ကြၽန္ေတာ္နဲ႔အတူ ျမတ္စံ၊ ခိုင္ေအး၊ သန္းဝင္းထြဋ္၊ ဖုန္းႏိုင္၊ ခက္မာ၊ ေအးေအးႏိုင္၊ ရာသက္ပန္တို႔ ရွိေနၾကတယ္။

"ဘယ္လိုလုပ္မလဲ" ဟု ကြၽန္ေတာ့္ကို ခိုင္ေအး ေမးလိုက္ေတာ့၊ "ဒီလူႏွစ္ေထာင္ေက်ာ္အကုန္လုံး မဖမ္းႏိုင္ပါဘူး" လို႔ ကြၽန္ေတာ္ျပန္ေျပာလိုက္မိတယ္။

ဒါေပမယ့္ ကြၽန္ေတာ္စိတ္ထဲမွာ စိုးရိမ္ထိတ္လန႔္ေနမိတာအမွန္ပါ။စစ္အစိုးရရဲ႕ အၾကမ္းဖက္ၿဖိဳခြင္းမႈျမင္ကြင္းေတြကို မ်က္စိထဲျပန္ျမင္ေယာင္ေနမိတယ္။ ၈၈,၈၉ ကာလတိုက္ပြဲေတြမွာ ကိုယ္တိုင္ႀကဳံေတြခဲ့ရတယ္ေလ။

ခဏအၾကာ ဘြဲ႕ႏွင္းသဘင္ ေဘးတံခါးေပါက္ကေန စစ္ကားေတြတန္းစီၿပီး ေမာင္းဝင္လာပါတယ္။စစ္ကားေတြေပၚကေန စစ္သားေတြ ခုန္ဆင္းလာၾကၿပီး၊ အာရ္စီေရွ႕မွာရွိတဲ့ ဆႏၵျပေက်ာင္းသားေတြကို ေသနတ္ေတြခ်ိန္ထားလိုက္ပါတယ္။ေက်ာင္းသားအခ်ိဳ႕ ထြက္ေျပးသူကေျပး၊ ေက်ာင္းသူအခ်ိဳ႕ ငိုသူငိုနဲ႔ ဝ႐ုန္းသုဥ္းကားျဖစ္သြားခဲ့တယ္။
ကိုျမတ္စံ က ကြၽန္ေတာ္လက္ကိုဆြဲေခၚၿပီး "ပါခ်ဳပ္နဲ႔ သြားေတြ႕ရေအာင္" လို႔ ေျပာလိုက္တယ္။ကြၽန္ေတာ္နဲ႔ ကိုျမတ္စံ ႏွစ္ေယာက္ ဘြဲ႕ႏွင္းသဘင္ခန္းမဆီ ထြက္လာၾကတယ္။ဘြဲ႕ႏွင္းသဘင္အတြင္း ကြၽန္ေတာ္နဲ႔ ကိုျမတ္စံ ေရာက္တဲ့အခါ ပါခ်ဳပ္ ဦးတင္ဦးလႈိင္နဲ႔အတူ စစ္ေဒသမႉး ဗိုလ္မႉးႀကီးဝင္းလႈိင္တို႔ကို ေတြ႕ရေတာ့။

အခု စစ္တပ္ဝိုင္းထားတဲ့ ေက်ာင္းသားသူေတြအားလုံးဟာ ဆႏၵျပသူေတြမဟုတ္ေၾကာင္း၊ အားလုံးကိုမဖမ္းသင့္ေၾကာင္း ကြၽန္ေတာ္ရွင္းျပလိုက္ပါတယ္။ေနာက္ဆုံး ေအးခ်မ္းစြာ ေက်ာင္းတြင္းမွထြက္ခြာဖို႔အတြက္ သေဘာတူညီမႈရသြားခဲ့ပါတယ္။အဲဒီ့သေဘာတူညီမႈအရ ကြၽန္ေတာ္နဲ႔ ကိုျမတ္စံ လက္ခ်င္းတြဲၿပီး ဘြဲ႕ႏွင္းသဘင္ ေဘးတံခါးေပါက္ကေန ေရွ႕ကဦးေဆာင္ထြက္ခဲ့ၾကတယ္။

ျမတ္လႈိင္း
ဒီဇင္ဘာ - ၅