【 ဆောင်းပါး 】 “သမိုင်းမှတ်တမ်းကောင်း ချန်ရစ်ထားနိုင်ဖို့”

【 ဆောင်းပါး 】 “သမိုင်းမှတ်တမ်းကောင်း ချန်ရစ်ထားနိုင်ဖို့”

သမိုင်းကြောင်းကို နောက်ပြန်ရစ်ကြည့်မယ်ဆိုရင် မိမိတို့နိုင်ငံဟာ နယ်ချဲ့ ကျူးကျော်သူတို့ရဲ့ လက်အောက်ခံ ကျွန်သဘောက်ဘဝကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းပုံဖော်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း အမျိုးသားသွေးစည်းညီညွတ်မှု မှေးမှိန်ဆုတ်ယုတ်ခဲ့တယ်။အဲ့ဒီအကျိုးဆက်က မိမိတို့နိုင်ငံကို နှစ်ကာလအတန်ကြာအောင် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုရမှာဖြစ်တယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ထွန်းအောင် ပုံဖော်တည်ဆောက်ကြမယ်ဆိုရင် ပစ္စုပ္ပန်ကာလ အခြေအနေကောင်းတစ်ရပ် ဖြစ်ပေါ်လာရုံသာမက အနာဂတ်အတွက်ကိုပါ မျှော်မှန်းပုံဖော်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။အနာဂတ်ကိုမျှော်မှန်းပြီးပုံ ဖော်ဖန်တီးနိုင်မှသာ လက်ရှိ နိုင်ငံကိုဦးဆောင်နေသူတို့အတွက် သမိုင်းမှတ်တမ်းကောင်းတွေကို ချန်ထားရစ်နိုင်မှာဖြစ်ပါတယ်။

ဆိုရရင် လက်ရှိ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ဦးဆောင်နေသူတွေသာမက ပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့ အမိနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်ပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ပုံဖော်ဖန်တီးနိုင်မယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တို့အတွက် ကောင်းမွန်တဲ့အခင်းအကျင်းတွေနဲ့အတူ ဖြစ်ထွန်းတိုးတက်မှု အသီးအပွင့်တွေကို ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ တိုးတက်မှုထက် ဆုတ်ယုတ်မှုအခင်းအကျင်းတွေကိုသာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် အနာဂတ်မျိုးဆက်သစ်တို့အတွက် စိတ်ပျက်အားလျော့ဖွယ်ရာ အခင်းအကျင်းတွေအတွင်းမှာ ဘဝအမောများစွာနဲ့ ရုန်းကန်ကြီးပြင်းလာကြရတော့မှာ ဖြစ်ပါတယ်။

နိုငံတစ်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ စစ်ပွဲအခင်းအကျင်းတွေနဲ့သာ သံသရာလည်နေမယ်ဆိုရင် အဲ့ဒီနိုင်ငံဟာ မရောရာမသေချာမှုတွေနဲ့အတူ အနာဂတ်လမ်းပျောက်ဆုံးနေတဲ့ နိုင်ငံအဖြစ် ရှိနေတော့မှာပါ။ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ပဋိပက္ခမီးတောက်တွေ တောက်လောင်နေတဲ့ နိုင်ငံတွေကိုကြည့်ရင် စိတ်ပျက်အားလျော့ဖွယ်ရာ ပုံရိပ်အခင်းအကျင်းတွေနဲ့အတူ အရုပ်ဆိုးအကျည်းတန်နေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ဆိုရရင် အဲ့ဒီလိုနိုင်ငံတွေက အနာဂတ်မျိုးဆက်သစ်တွေဟာ သူတို့နိုင်ငံရဲ့ ရေရာသေချာခြင်းမရှိမှုနဲ့အတူ အနာဂတ်လမ်းပျောက်ဆုံးနေတဲ့ အကျိုးဆက်ကို မလွဲမသွေခံစားကြရတော့မှာ ဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက စစ်ဘီလူးကြီးလို ကျူးကျော်စစ်တွေဆင်နွှဲပြီး အဲ့ဒီမီးတောက်တွေကို တောက်လောင်စေခဲ့တဲ့ ဂျပန်နိုင်ငံကိုပဲကြည့်ပါ။အဲ့ဒီလိုစစ်မီးတွေ လောင်ကျွမ်းစေခဲ့တဲ့ ဂျပန်နိုင်ငံဟာ စစ်ရဲ့ဆိုးကျိုးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ပြီးတဲ့နောက် နောက်ထပ်စစ်ပွဲတွေဆိုရင် ဝေးဝေးကရှောင်ခဲ့ရတဲ့အထိပါပဲ။နောက်ဆုံးတော့ ဂျပန်နိုင်ငံဟာ နိုင်ငံစီးပွားရေးကိုသာ အင်အားကြီးသထက် ကြီးမားအောင် ကြိုးပမ်းတည်ဆောက်တဲ့ဘက်ကို အလေးပေးလာခဲ့တယ်။အခုဆိုရင် သူတို့ရဲ့မှန်ကန်တဲ့ဆုံးဖြတ်မှုနဲ့ ကြိုးပမ်းမှုအသီးအပွင့် ရလဒ်တွေကို သူတို့နိုင်ငံရဲ့ မျိုးဆက်သစ်တွေက အရံသင့်ခံစားနိုင်နေကြပြီဖြစ်ပါတယ်။

၁၆ ရာစုနှစ်လောက်ကတည်းက စစ်ပွဲတွေနဲ့ ကင်းနိုင်သမျှကင်းအောင်နေခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံဆိုရင်လည်း တည်ငြိမ်အေးချမ်းပြီး ဖြစ်ထွန်းတိုးတက်မှု မြင့်မားတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာကို တွေ့ကြရမှာပါ။ဂျပန်နဲ့ ဆွစ်ဇာလန်တို့လို နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမားမှုဟာ သူတို့နိုင်ငံက မျိုးဆက်သစ်တို့အတွက် ရှေ့ကလူတွေခင်းပေးတဲ့ ဖြစ်ထွန်းတိုးတက်မှုလမ်းပေါ်မှာ သက်တောင့်သက်သာလျှောက်လမ်းနိုင်နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ဘဝတွေ ဖြစ်လာဖို့ဆိုတာ အဲ့ဒီနိုင်ငံကို ဦးဆောင်နေသူတွေရဲ့ မှန်ကန်တဲ့သဘောထားအမြင်နဲ့ မှန်ကန်တဲ့ဆောင်ရွက်မှုအပေါ်မှာ များစွာမူတည်နေတာ ဖြစ်ပါတယ်။မိမိတို့နိုင်ငံရဲ့ လက်ရှိအနေအထားကိုကြည့်ရင် ကောင်းမွန်တဲ့အခင်းအကျင်းတွေနဲ့အတူ ပြီးပြည့်စုံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောင်နိုင်ဖို့ ရုန်းကန်နေရဆဲရှိပါတယ်။တကယ်တော့ မိမိနိုင်ငံဟာ နယ်ချဲ့ကိုလိုနီလက်အောက်ခံဘဝကနေ လွတ်မြောက်အောင် တွန်းလှန်ခဲ့ရတယ်။အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက်ခဲ့ရတယ်။ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း အမျိုးသားသွေးစည်ညီညွတ်မှုပြိုကွဲပြီး ပြည်တွင်းစစ်မီးနဲ့ လောင်းရိပ်အောက်မှာ နှစ်ပေါင်းရှည်ကြာ နောက်ကျခဲ့ရတယ်။ဒီထက်ဆိုးတာက မိမိတို့နိုင်ငံမှာ ၁၉၆၂ ခုနစ်ကနေ ရေတွက်ရင် နှစ်ပေါင်း ၅၀ ကျော်လောက် အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ မှားယွင်းတဲ့မူဝါဒနဲ့ ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုအတွင်းမှာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သက်ဆင်းခဲ့ရတာဟာ အနာဂတ်မျိုး ဆက်သစ်တွေအတွက် ကောင်းမွန်ပြီး ပြည့်စုံတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ဖို့ တာဝန်မကျေခဲ့ဘူးလို့ ဆိုရမှာပါ။

သဘောထားကွဲလွဲပြီး ပေါင်းစည်းညီညွတ်မှုကင်းမဲ့နေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေမှာဖြစ်တယ်။တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေတဲ့ နိုင်ငံအတွက် ဖြစ်ထွန်းတိုးတက်အောင် လုပ်ဆောင်ဖို့ခက်ခဲနေအုံးမှာ ဖြစ်တယ်။ဖြစ်ထွန်းတိုးတက်မှု ကင်းမဲ့နေခဲ့တဲ့ နိုင်ငံအတွက် လူနေမှုအဆင့်အတန်း နိမ့်ကျနေအုံးမှာဖြစ်သလို ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေအုံးမှာဖြစ်တယ်။ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေတဲ့နိုင်ငံမှာ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေအုံးမှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့အခင်းအကျင်းတွေနဲ့ ကင်းဝေးနေတဲ့နိုင်ငံက အနာဂတ်မျိုးဆက်သစ်တွေအတွက်ကတော့ ဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး မလှပတဲ့ အနာဂတ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြရတော့မှာ ဖြစ်တယ်။ဒါ့ကြောင့်လည်း အမေရိကန်လူမျိုး ဆရာဝန် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဒီအာဆစ်ပရီဒါ က ပစ္စုပ္ပန်ကာလမှာ လူတိုင်းကသာ ငြိမ်းချမ်းရေးကိုအလေးထားနေကြမယ်ဆိုရင် အနာဂတ်မျိုးဆက်တို့အနေနဲ့ ငြိမ်းချမ်းရေးအကျိုးဆက်ကို ကောင်းစွာခံစားနိုင်ကြမှာဖြစ်တယ်လို့ ဆိုခဲ့တာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် မိမိတို့နိုင်ငံရဲ့ လက်တလောအနေအထားကိုကြည့်ရင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ရှေးရှုနိုင်ဖို့ ခက်ခဲနေသေးတယ်ဆိုပေမယ့် မကြာသေးမီကတော့ နိုင်ငံတော်အစိုးရက အင်န်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးတံခါးကနေ လျှောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ထားတာကို တွေ့ကြရပါတယ်။
တကယ်တော့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းလေးကနေ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းအားဖြင့် ညှိနှိုင်းအဖြေရှာတွေ့နိုင်စရာ ရှိမှာဖြစ်ပါတယ်။မိမိတို့နိုင်ငံရဲ့ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို လက်နက်နဲ့အဖြေရှာနေတာထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းက ထိရောက်တဲ့ ညှိနှိုင်းအဖြေရှာမှုအဖြစ် သိမြင်ထားကြရမှာဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၆၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတာ အလွန်ခက်ခဲတဲ့ ပြဿနာတစ်ရပ်လိုဖြစ်နေတာလဲ အမှန်ပါ။ပြဿနာရဲ့အတိုင်းအဆပမာဏ ဘယ်လောက်ထိကြီးမားနက်ရှိုင်းနေတယ်ဆိုတာကို မသိနိုင်ပေမယ့်လည်း ပြဿနာတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ဖို့ဆိုတာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြမယ့်သူတွေ အားလုံးအပေါ်မှာ များစွာမူတည်နေတယ်လို့ ဆိုရမှာပါ။

ဆိုရရင် ဒီနေ့အချိန်အခါမှာ အတိတ်ဟောင်းက ဒဏ်ရာဒဏ်ချက်တွေကို မေ့ပျောက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ဒီနေ့အချိန်ခါမှာ တစ်လျှောက်လုံး ကသောင်းကနင်းဖြစ်မှုတွေနဲ့ ချာလပတ်ရမ်းနေတဲ့ မိမိတို့နိုင်ငံကို အခြေအနေကောင်းတစ်ရပ် ဖန်တီးဖော်ဆောင်ကြရမယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အထူးသဖြင့်တော့ နိုင်င်ငံရဲ့ မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ ပတ်သတ်သမျှကို နှလုံးသားနဲ့ တွေးဆဆင်ခြင်ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အိန္ဒိယစာရေးဆရာ ကလန်တာရီကတော့ အနာဂတ်မျိုးဆက်သစ်တို့က ကျွန်နုပ်တို့ ၏ အတ္ထုပ္ပတိများကို ရေးသားအောင်လုပ်ကြစို့လို့ ဆိုခဲ့ပါတယ်။စာရေးဆရာ ကလန်တာရီ ဆိုလိုတဲ့သဘောက ရှေးလူတို့အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့မယ်ဆိုရင် အဲ့ဒီကြိုးစားမှုရလဒ် အသီးအပွင့်တွေကို ရရှိခံစားနေကြရတဲ့ မျိုးဆက်သစ်တို့က ရှေးလူတို့ရဲ့ကျေးဇူးကို အောက်မေ့သောအားဖြင့် ရှေးလူတို့ရဲ့ အတ္ထုပ္ပတိတွေကို ရေးသားပြီး ထုတ်ဖော်ဂုဏ်ပြုလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါဆိုရင် လက်ရှိ နိုင်ငံငြိမ်းချမ်းရေးကို ဖော်ဆောင်ကြမယ့်သူတွေအနေနဲ့ အနာဂတ်မျိုးဆက်သစ်တို့အတွက် ဘာလုပ်ရမယ်ဆိုတာကို မှန်ကန်စွာဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။

မြင့်နောင်မိုး
ဇန်နဝါရီ - ၃၀

( Zawgyi )

သမိုင္းေၾကာင္းကို ေနာက္ျပန္ရစ္ၾကည့္မယ္ဆိုရင္ မိမိတို႔ႏိုင္ငံဟာ နယ္ခ်ဲ႕ က်ဴးေက်ာ္သူတို႔ရဲ႕ လက္ေအာက္ခံ ကြၽန္သေဘာက္ဘဝကေန ႐ုန္းထြက္ၿပီး ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာပိုင္ဆိုင္တဲ့ ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းပုံေဖာ္ခဲ့တာကို ေတြ႕ၾကရမွာျဖစ္တယ္။ဒါေပမယ့္ လြတ္လပ္ေရးရၿပီးတဲ့ေနာက္ပိုင္း အမ်ိဳးသားေသြးစည္းညီၫြတ္မႈ ေမွးမွိန္ဆုတ္ယုတ္ခဲ့တယ္။အဲ့ဒီအက်ိဳးဆက္က မိမိတို႔ႏိုင္ငံကို ႏွစ္ကာလအတန္ၾကာေအာင္ တည္ၿငိမ္ေအးခ်မ္းတဲ့ ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ ဆိုရမွာျဖစ္တယ္။

တကယ္ေတာ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားျဖစ္ထြန္းေအာင္ ပုံေဖာ္တည္ေဆာက္ၾကမယ္ဆိုရင္ ပစၥဳပၸန္ကာလ အေျခအေနေကာင္းတစ္ရပ္ ျဖစ္ေပၚလာ႐ုံသာမက အနာဂတ္အတြက္ကိုပါ ေမွ်ာ္မွန္းပုံေဖာ္ႏိုင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။အနာဂတ္ကိုေမွ်ာ္မွန္းၿပီးပုံ ေဖာ္ဖန္တီးႏိုင္မွသာ လက္ရွိ ႏိုင္ငံကိုဦးေဆာင္ေနသူတို႔အတြက္ သမိုင္းမွတ္တမ္းေကာင္းေတြကို ခ်န္ထားရစ္ႏိုင္မွာျဖစ္ပါတယ္။

ဆိုရရင္ လက္ရွိ ႏိုင္ငံအက်ိဳးစီးပြားျဖစ္ထြန္းေရးကို ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ဦးေဆာင္ေနသူေတြသာမက ပါဝင္ေဆာင္႐ြက္ေနသူေတြအေနနဲ႔ အမိႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးကို ေရွးရႈေဆာင္႐ြက္ၿပီး ပိုမိုေကာင္းမြန္တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ ပုံေဖာ္ဖန္တီးႏိုင္မယ္ဆိုရင္ ႏိုင္ငံရဲ႕ အနာဂတ္မ်ိဳးဆက္သစ္တို႔အတြက္ ေကာင္းမြန္တဲ့အခင္းအက်င္းေတြနဲ႔အတူ ျဖစ္ထြန္းတိုးတက္မႈ အသီးအပြင့္ေတြကို ရရွိခံစားႏိုင္ၾကမွာ ျဖစ္ပါတယ္။ဒီလိုမွမဟုတ္ပဲ တိုးတက္မႈထက္ ဆုတ္ယုတ္မႈအခင္းအက်င္းေတြကိုသာ ဆက္လက္ျဖစ္ေပၚေနမယ္ဆိုရင္ အနာဂတ္မ်ိဳးဆက္သစ္တို႔အတြက္ စိတ္ပ်က္အားေလ်ာ့ဖြယ္ရာ အခင္းအက်င္းေတြအတြင္းမွာ ဘဝအေမာမ်ားစြာနဲ႔ ႐ုန္းကန္ႀကီးျပင္းလာၾကရေတာ့မွာ ျဖစ္ပါတယ္။

ႏိုငံတစ္ႏိုင္ငံမွာ တည္ၿငိမ္ေအးခ်မ္းမႈမရွိဘဲ စစ္ပြဲအခင္းအက်င္းေတြနဲ႔သာ သံသရာလည္ေနမယ္ဆိုရင္ အဲ့ဒီႏိုင္ငံဟာ မေရာရာမေသခ်ာမႈေတြနဲ႔အတူ အနာဂတ္လမ္းေပ်ာက္ဆုံးေနတဲ့ ႏိုင္ငံအျဖစ္ ရွိေနေတာ့မွာပါ။ဒီေန႔ေခတ္ ကမာၻေပၚမွာ ပဋိပကၡမီးေတာက္ေတြ ေတာက္ေလာင္ေနတဲ့ ႏိုင္ငံေတြကိုၾကည့္ရင္ စိတ္ပ်က္အားေလ်ာ့ဖြယ္ရာ ပုံရိပ္အခင္းအက်င္းေတြနဲ႔အတူ အ႐ုပ္ဆိုးအက်ည္းတန္ေနတာကို ေတြ႕ၾကရမွာျဖစ္ပါတယ္။ဆိုရရင္ အဲ့ဒီလိုႏိုင္ငံေတြက အနာဂတ္မ်ိဳးဆက္သစ္ေတြဟာ သူတို႔ႏိုင္ငံရဲ႕ ေရရာေသခ်ာျခင္းမရွိမႈနဲ႔အတူ အနာဂတ္လမ္းေပ်ာက္ဆုံးေနတဲ့ အက်ိဳးဆက္ကို မလြဲမေသြခံစားၾကရေတာ့မွာ ျဖစ္ပါတယ္။

တစ္ေခတ္တစ္ခါက စစ္ဘီလူးႀကီးလို က်ဴးေက်ာ္စစ္ေတြဆင္ႏႊဲၿပီး အဲ့ဒီမီးေတာက္ေတြကို ေတာက္ေလာင္ေစခဲ့တဲ့ ဂ်ပန္ႏိုင္ငံကိုပဲၾကည့္ပါ။အဲ့ဒီလိုစစ္မီးေတြ ေလာင္ကြၽမ္းေစခဲ့တဲ့ ဂ်ပန္ႏိုင္ငံဟာ စစ္ရဲ႕ဆိုးက်ိဳးဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားခဲ့ၿပီးတဲ့ေနာက္ ေနာက္ထပ္စစ္ပြဲေတြဆိုရင္ ေဝးေဝးကေရွာင္ခဲ့ရတဲ့အထိပါပဲ။ေနာက္ဆုံးေတာ့ ဂ်ပန္ႏိုင္ငံဟာ ႏိုင္ငံစီးပြားေရးကိုသာ အင္အားႀကီးသထက္ ႀကီးမားေအာင္ ႀကိဳးပမ္းတည္ေဆာက္တဲ့ဘက္ကို အေလးေပးလာခဲ့တယ္။အခုဆိုရင္ သူတို႔ရဲ႕မွန္ကန္တဲ့ဆုံးျဖတ္မႈနဲ႔ ႀကိဳးပမ္းမႈအသီးအပြင့္ ရလဒ္ေတြကို သူတို႔ႏိုင္ငံရဲ႕ မ်ိဳးဆက္သစ္ေတြက အရံသင့္ခံစားႏိုင္ေနၾကၿပီျဖစ္ပါတယ္။

၁၆ ရာစုႏွစ္ေလာက္ကတည္းက စစ္ပြဲေတြနဲ႔ ကင္းႏိုင္သမွ်ကင္းေအာင္ေနခဲ့တဲ့ ဆြစ္ဇာလန္ႏိုင္ငံဆိုရင္လည္း တည္ၿငိမ္ေအးခ်မ္းၿပီး ျဖစ္ထြန္းတိုးတက္မႈ ျမင့္မားတဲ့ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ခဲ့တာကို ေတြ႕ၾကရမွာပါ။ဂ်ပန္နဲ႔ ဆြစ္ဇာလန္တို႔လို ႏိုင္ငံေတြက ေခါင္းေဆာင္ေတြရဲ႕ အေျမာ္အျမင္ႀကီးမားမႈဟာ သူတို႔ႏိုင္ငံက မ်ိဳးဆက္သစ္တို႔အတြက္ ေရွ႕ကလူေတြခင္းေပးတဲ့ ျဖစ္ထြန္းတိုးတက္မႈလမ္းေပၚမွာ သက္ေတာင့္သက္သာေလွ်ာက္လမ္းႏိုင္ေနၾကၿပီ ျဖစ္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံက ႏိုင္ငံသားေတြအတြက္ ေကာင္းမြန္တဲ့ဘဝေတြ ျဖစ္လာဖို႔ဆိုတာ အဲ့ဒီႏိုင္ငံကို ဦးေဆာင္ေနသူေတြရဲ႕ မွန္ကန္တဲ့သေဘာထားအျမင္နဲ႔ မွန္ကန္တဲ့ေဆာင္႐ြက္မႈအေပၚမွာ မ်ားစြာမူတည္ေနတာ ျဖစ္ပါတယ္။မိမိတို႔ႏိုင္ငံရဲ႕ လက္ရွိအေနအထားကိုၾကည့္ရင္ ေကာင္းမြန္တဲ့အခင္းအက်င္းေတြနဲ႔အတူ ၿပီးျပည့္စုံတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ တည္ေဆာင္ႏိုင္ဖို႔ ႐ုန္းကန္ေနရဆဲရွိပါတယ္။တကယ္ေတာ့ မိမိႏိုင္ငံဟာ နယ္ခ်ဲ႕ကိုလိုနီလက္ေအာက္ခံဘဝကေန လြတ္ေျမာက္ေအာင္ တြန္းလွန္ခဲ့ရတယ္။အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ တည္ေဆာက္ခဲ့ရတယ္။ဒါေပမယ့္ လြတ္လပ္ေရးရၿပီးတဲ့ေနာက္ပိုင္း အမ်ိဳးသားေသြးစည္ညီၫြတ္မႈၿပိဳကြဲၿပီး ျပည္တြင္းစစ္မီးနဲ႔ ေလာင္းရိပ္ေအာက္မွာ ႏွစ္ေပါင္းရွည္ၾကာ ေနာက္က်ခဲ့ရတယ္။ဒီထက္ဆိုးတာက မိမိတို႔ႏိုင္ငံမွာ ၁၉၆၂ ခုနစ္ကေန ေရတြက္ရင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာက္ အုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရအဆက္ဆက္ရဲ႕ မွားယြင္းတဲ့မူဝါဒနဲ႔ ညံ့ဖ်င္းတဲ့ စီမံအုပ္ခ်ဳပ္မႈအတြင္းမွာ ဆင္းရဲတဲ့ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ သက္ဆင္းခဲ့ရတာဟာ အနာဂတ္မ်ိဳး ဆက္သစ္ေတြအတြက္ ေကာင္းမြန္ၿပီး ျပည့္စုံတဲ့ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ပုံေဖာ္ဖို႔ တာဝန္မေက်ခဲ့ဘူးလို႔ ဆိုရမွာပါ။

သေဘာထားကြဲလြဲၿပီး ေပါင္းစည္းညီၫြတ္မႈကင္းမဲ့ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံဟာ တည္ၿငိမ္ေအးခ်မ္းမႈ ကင္းမဲ့ေနမွာျဖစ္တယ္။တည္ၿငိမ္ေအးခ်မ္းမႈ ကင္းမဲ့ေနတဲ့ ႏိုင္ငံအတြက္ ျဖစ္ထြန္းတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ခက္ခဲေနအုံးမွာ ျဖစ္တယ္။ျဖစ္ထြန္းတိုးတက္မႈ ကင္းမဲ့ေနခဲ့တဲ့ ႏိုင္ငံအတြက္ လူေနမႈအဆင့္အတန္း နိမ့္က်ေနအုံးမွာျဖစ္သလို ဆင္းရဲခ်မ္းသာကြာဟမႈ ႀကီးမားေနအုံးမွာျဖစ္တယ္။ဆင္းရဲခ်မ္းသာကြာဟမႈ ႀကီးမားေနတဲ့ႏိုင္ငံမွာ တန္းတူညီမွ်မႈ၊ တရားမွ်တမႈနဲ႔ လူ႔အခြင့္အေရးဆုံးရႈံးမႈေတြ ျဖစ္ေပၚေနအုံးမွာ ျဖစ္ပါတယ္။

ေကာင္းမြန္တဲ့အခင္းအက်င္းေတြနဲ႔ ကင္းေဝးေနတဲ့ႏိုင္ငံက အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ကေတာ့ ေဘးကင္းလုံၿခဳံမႈကင္းမဲ့ၿပီး မလွပတဲ့ အနာဂတ္ခရီးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းၾကရေတာ့မွာ ျဖစ္တယ္။ဒါ့ေၾကာင့္လည္း အေမရိကန္လူမ်ိဳး ဆရာဝန္ စာေရးဆရာတစ္ဦးျဖစ္တဲ့ ဒီအာဆစ္ပရီဒါ က ပစၥဳပၸန္ကာလမွာ လူတိုင္းကသာ ၿငိမ္းခ်မ္းေရးကိုအေလးထားေနၾကမယ္ဆိုရင္ အနာဂတ္မ်ိဳးဆက္တို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးအက်ိဳးဆက္ကို ေကာင္းစြာခံစားႏိုင္ၾကမွာျဖစ္တယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘာပဲျဖစ္ျဖစ္ မိမိတို႔ႏိုင္ငံရဲ႕ လက္တေလာအေနအထားကိုၾကည့္ရင္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးကို ေရွးရႈႏိုင္ဖို႔ ခက္ခဲေနေသးတယ္ဆိုေပမယ့္ မၾကာေသးမီကေတာ့ ႏိုင္ငံေတာ္အစိုးရက အင္န္စီေအ လက္မွတ္မထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရးတံခါးကေန ေလွ်ာက္လွမ္းလာခဲ့ဖို႔ ဖိတ္ေခၚထားတာကို ေတြ႕ၾကရပါတယ္။
တကယ္ေတာ့ ႏိုင္ငံေရးေဆြးေႏြးပြဲ စားပြဲဝိုင္းေလးကေန ကိုယ့္ရဲ႕လိုအင္ဆႏၵေတြ၊ လိုလားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးျခင္းအားျဖင့္ ညႇိႏႈိင္းအေျဖရွာေတြ႕ႏိုင္စရာ ရွိမွာျဖစ္ပါတယ္။မိမိတို႔ႏိုင္ငံရဲ႕ သက္တမ္းရွည္ၾကာေနၿပီျဖစ္တဲ့ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡကို လက္နက္နဲ႔အေျဖရွာေနတာထက္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္းအေျဖရွာျခင္းက ထိေရာက္တဲ့ ညႇိႏႈိင္းအေျဖရွာမႈအျဖစ္ သိျမင္ထားၾကရမွာျဖစ္ပါတယ္။

မိမိတို႔ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္း ၆၀ နီးပါး ရွိေနၿပီျဖစ္ပါတယ္။မိမိတို႔ႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရးဆိုတာ အလြန္ခက္ခဲတဲ့ ျပႆနာတစ္ရပ္လိုျဖစ္ေနတာလဲ အမွန္ပါ။ျပႆနာရဲ႕အတိုင္းအဆပမာဏ ဘယ္ေလာက္ထိႀကီးမားနက္ရႈိင္းေနတယ္ဆိုတာကို မသိႏိုင္ေပမယ့္လည္း ျပႆနာေတြကို ေအာင္ျမင္ေအာင္ေက်ာ္လႊားႏိုင္ဖို႔ဆိုတာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ပါဝင္ေဆြးေႏြးၾကမယ့္သူေတြ အားလုံးအေပၚမွာ မ်ားစြာမူတည္ေနတယ္လို႔ ဆိုရမွာပါ။

ဆိုရရင္ ဒီေန႔အခ်ိန္အခါမွာ အတိတ္ေဟာင္းက ဒဏ္ရာဒဏ္ခ်က္ေတြကို ေမ့ေပ်ာက္ၿပီး မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။ဒီေန႔အခ်ိန္ခါမွာ တစ္ေလွ်ာက္လုံး ကေသာင္းကနင္းျဖစ္မႈေတြနဲ႔ ခ်ာလပတ္ရမ္းေနတဲ့ မိမိတို႔ႏိုင္ငံကို အေျခအေနေကာင္းတစ္ရပ္ ဖန္တီးေဖာ္ေဆာင္ၾကရမယ့္အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။
အထူးသျဖင့္ေတာ့ ႏိုင္င္ငံရဲ႕ မ်ိဳးဆက္သစ္ေတြအတြက္ ေကာင္းမြန္တဲ့အခင္းအက်င္းေတြကို ဖန္တီးေပးႏိုင္ဖို႔အတြက္ ႏိုင္ငံ့အေရးနဲ႔ ပတ္သတ္သမွ်ကို ႏွလုံးသားနဲ႔ ေတြးဆဆင္ျခင္ဆုံးျဖတ္ရမယ့္အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အိႏၵိယစာေရးဆရာ ကလန္တာရီကေတာ့ အနာဂတ္မ်ိဳးဆက္သစ္တို႔က ကြၽန္ႏုပ္တို႔ ၏ အတၳဳပၸတိမ်ားကို ေရးသားေအာင္လုပ္ၾကစို႔လို႔ ဆိုခဲ့ပါတယ္။စာေရးဆရာ ကလန္တာရီ ဆိုလိုတဲ့သေဘာက ေရွးလူတို႔အေနနဲ႔ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္နဲ႔ ေကာင္းမြန္တဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ခဲ့မယ္ဆိုရင္ အဲ့ဒီႀကိဳးစားမႈရလဒ္ အသီးအပြင့္ေတြကို ရရွိခံစားေနၾကရတဲ့ မ်ိဳးဆက္သစ္တို႔က ေရွးလူတို႔ရဲ႕ေက်းဇူးကို ေအာက္ေမ့ေသာအားျဖင့္ ေရွးလူတို႔ရဲ႕ အတၳဳပၸတိေတြကို ေရးသားၿပီး ထုတ္ေဖာ္ဂုဏ္ျပဳလိမ့္မယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။

ဒါဆိုရင္ လက္ရွိ ႏိုင္ငံၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ၾကမယ့္သူေတြအေနနဲ႔ အနာဂတ္မ်ိဳးဆက္သစ္တို႔အတြက္ ဘာလုပ္ရမယ္ဆိုတာကို မွန္ကန္စြာဆုံးျဖတ္ႏိုင္ၾကလိမ့္မယ္လို႔ ယူဆမိပါတယ္။

ျမင့္ေနာင္မိုး
ဇန္နဝါရီ - ၃၀