【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်မွှေးတဲ့ မီးနဲ့ ပိုဆိုးလာတဲ့ ဝူဟန်ဗိုင်းရပ်စ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်မွှေးတဲ့ မီးနဲ့ ပိုဆိုးလာတဲ့ ဝူဟန်ဗိုင်းရပ်စ်

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ကမ္ဘာတစ်လွှား ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရတဲ့ ဝူဟန်ဗိုင်းရပ်စ်သတင်းက ထိပ်ဆုံးကဖြစ်ခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့် တင်ပြခဲ့တဲ့ အရှေ့အလယ်ပိုင်း အစီအစဉ်ကြောင့် အာရပ်နိုင်ငံတွေကြား သွေးကွဲမှုတွေဖြစ်လာနေတဲ့ သတင်းတွေအပြင် ပြင်းအားကြီးငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် သတိထားဖို့ကောင်းနေပြီဖြစ်တဲ့ သဘာ၀ဘေးသတင်းတွေကိုလည်း ယခုတစ်ပတ်မှာ တင်ဆက်သုံးသပ်မှာ ဖြစ်ပါတယ်။

အဆိုပါသတင်းတွေအပြင် လာမယ့် ဖေဖော်ဝါရီ ၅ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ရာထူးက ဖယ်ရှားသင့်၊ မသင့် ဆီးနိတ်လွှတ်တော်က ဆုံးဖြတ်တော့မယ့်ဆိုတဲ့သတင်း၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ်ကနေ ဗြိတိန်နိုင်ငံ တရားဝင်နှုတ်ထွက်လိုက်တဲ့သတင်း၊ နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်တဲ့ အိန္ဒိယတက္ကသိုလ် ကျောင်းသားတွေဆန္ဒပြပွဲကို ဟိန္ဒူအမျိုးသားရေးဝါဒီတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံ ဥတ္တာပရာဒတ်ရှ်ပြည်နယ်မှာ လူတစ်ဦးက သမီးမွေးနေ့ပွဲ အတုလုပ်ပြီး မွေးနေ့လာတက်တဲ့ ကလေး ၂၃ ဦးကို ပြန်ပေးဆွဲခဲ့တဲ့သတင်း၊ ကလေးမွေးဖွားနှုန်း မြှင့်တင်ရန် ဖန်ပြွန်သန္ဓေသားယူခြင်းကို ရုရှားမှာ အခမဲ့ဆောင်ရွက်ပေးနေတဲ့သတင်း စတဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ထရမ့် ထပ်မွှေးတဲ့ မီး

အစဉ်အမြဲ ပြဿနာတက်နေတဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အစ္စလာမ်ကမ္ဘာဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဇန်နဝါရီ ၂၈ ရက်က နောက်ထပ်မတည်မငြိမ်ဖြစ်စေမယ့် မီးတစ်စကို ထရမ့် က ထပ်ထိုးခဲ့ပါတယ်။ဒါက အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်ပါ။ဒီအစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တင်ပြခဲ့တာဖြစ်ပြီး အစီအစဉ်ထုတ်ပြန်မှုမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု နှင့်အတူ ယှဉ်ရပ်ကာ အိမ်ဖြူတော်မှာ ထရမ့် က ထုတ်ပြန်ခဲ့တဲ့အတွက် ဝေဖန်မှုပြင်းထန်ခဲ့ပါတယ်။အထူးသဖြင့် ဒီအစီအစဉ်က အစ္စရေးတွေဘက်ကို ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။

ဒီလို အာရပ်နိုင်ငံတွေဘက်က ထရမ့် တင်ပြတဲ့ ဒီ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေပေမယ့် အစီအစဉ်ရေးဆွဲတဲ့ ထရမ့်ကတော့ အမေရိကန်အတွက် ဆယ်စုနှစ်များအတွင်း ကြိုးပမ်းမှုများ အောင်မြင်မှုမရခဲ့ပေမယ့် ယခုအစီအစဉ်ကတော့ အလုပ်ဖြစ်မယ်ဆိုပြီး ယုံကြည်ထားတယ် ဆိုပါတယ်။ထရမ့် ရေးဆွဲထားတဲ့ ဒီအစီအစဉ်မှာ အငြင်းပွားစရာတွေ ပြဿနာတက်စရာတွေ အများကြီးပါဘဲ။အထူးသဖြင့် ဂျေရုဆလင်ကို အစ္စရေးအပိုင် မြို့တော်အဖြစ် တည်ရှိစေသလို အနောက်ဘက်ကမ်းဒေသရှိ အငြင်းပွား အခြေချအိမ်ယာများကိုလည်း အစ္စရေးအချုပ်အချာပိုင်အဖြစ် အသိအမှတ်ပြုခဲ့တဲ့အတွက် ဒါဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြားက ရန်မီးကို ထပ်မွှေးလိုက်တာပါဘဲ။

အရှေ့ဂျေရုဆလင်တွင် မြို့တော်တည်မည့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုပြုချက်ပါတဲ့ ထရမ့်ရဲ့ အစီအစဉ်ကို ပါလက်စတိုင်းတွေဘက်က အယုံအကြည်မရှိပါဘူး။ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ကတော့ ဒီအစီအစဉ်က အမေရိကန်နှင့် အစ္စရေးတို့ လျှို့ဝှက်ပူးပေါင်းကြံစည်တဲ့ အစီအစဉ်လို့ စွပ်စွဲခဲ့ပါတယ်။ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမတ်ရှာတေယက်ရှ် က ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သပိတ်မှောက်ဖို့ နိုင်ငံတကာကို ဆော်ဩတိုက်တွန်းခဲ့ပါတယ်။

နောက်မှာတော့ အနောက်ဖက်ကမ်းက ရာမာလာမြို့နဲ့ ဟီဘရူးမြို့တွေမှာ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင့်တဲ့ ဆန္ဒပြမှုတွေ ဇန်နဝါရီ ၃၀ ရက်မှာ ဖြစ်လာခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့အတွက် ပါလက်စတိုင်းတွေနဲ့ အစ္စရေးလုံခြုံရေးတပ်တွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့သလို ပစ်ခတ်တာတွေ၊ တားဆီးတာတွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ဖြိုခွင်းတာတွေကြောင့် ၁၈ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။ပါလက်စတိုင်းတွေအနေနဲ့ သူတို့ရဲ့ ‘နေရပ်ပြန်ရေး အခွင့်အရေး’ ဆိုတဲ့ မျှော်လင့်ချက်ကို အဆုံးသတ်စေမယ့် ဒီအစီအစဉ်ကို အကြောက်အကန်ဆန့်ကျင်မှာ အသေအချာဖြစ်သလို အစ္စရေးအနေနဲ့ ပိုင်နက်နယ်မြေတိုးလာပြီး ဂျူးတွေရဲ့ သမိုင်းဝင်အိပ်မက်ဖြစ်တဲ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ခွင့်ရတဲ့ ဒီအခွင့်အရေးကို လက်လွှတ်မှာမဟုတ်ပါဘူး။

ဒီလိုအခြေအနေတွေကြောင့် အစ္စရေးဟာ အစ္စလာမ်ကမ္ဘာအတွက် ထာ၀ရပစ်မှတ်အဖြစ် ပြောင်းလဲလာတော့မှာ သေချာနေပါတယ်။ဒီရက်ပိုင်းမှာဘဲ အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အုပ်စုက အစ္စရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အသံဖိုင်တစ်ခုကို ထုတ်ခဲ့ပါတယ်။ဒီအသံဖိုင်မှာ အိုင်အက်စ်အဖွဲ့၏ အာရုံစူးစိုက်မှုကို ကာလီဖိတ်နိုင်ငံ အကြွင်းအကျန်များကနေ အစ္စရေးဆီ ပြောင်းလဲပစ်မှတ်ထားတော့မယ်ဆိုပြီး ကြေငြာခဲ့တာပါ။ဒီအသံဖိုင်ထဲမှာဘဲ  ထရမ့် တင်ပြတဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားအောင်လုပ်မယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။

နေရာတကာ လုပ်ချင်ရာလုပ်ပြီး လုပ်သမျှ ပြဿနာတက်နေတဲ့ အမေရိကန်သမ္မတ ထရမ့်အနေနဲ့ ယခုရက်ပိုင်းမှာဘဲ သမ္မတရာထူးက ဖယ်ရှားရန်သင့်၊ မသင့်ကို ဆီးနိတ်မှာ မဲခွဲခံရတော့မယ့်အခြေအနေ ရောက်နေချိန်မှာ ချိန်ကိုက်ထွက်လာတဲ့ ဒီအစီအစဉ်နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာပါ။

ယခုရက်ထဲ တစ်ဖက်က ထရမ့် အစီရင်ခံစာ ပြဿနာတက်ချိန်မှာဘဲ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားမှာ ရုရှားက ဦးဆောင်ပြီး ကာ့ဒ်သူပုန်တွေ အခြေချရာ နေရာတွေကို လေကြောင်းကနေ ထိုးစစ်ဆင် ဗုံးကြဲတာတွေ လုပ်နေလို့ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက သူပုန်ထိန်းချုပ်ရာ အီဒလစ်ပြည်နယ်ကို ရုရှားတပ်တွေ လေကြောင်းထိုးစစ်ဆင်ရာမှာ အရပ်သားဆယ်ဦး သေဆုံးခဲ့ပါတယ်။အီရန်က ဇန်န ဝါရီ ၈ ရက်မှာ  အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခဲ့ရာမှာ ဦးနှောက်ထိခိုက်ဒဏ်ရာရတဲ့သူ ဦးရေက အခုဆို ၅၀ ထိ တိုးလာလို့ အမေရိကန်မီဒီယာတွေမှာ ပြောစရာဖြစ်လာခဲ့ပါတယ်။အခုချိန်ထိ အီရတ်မှာရှိတဲ့ အမေရိကန်အဆောက်အအုံတွေ တိုက်ခိုက်ခံရဆဲပါ။မကြာသေးခင်ရက်ပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၂၇ ရက်က ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို ဒုံးကျည်သုံးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာ ခပ်စိပ်စိပ်အတိုက်ခိုက်ခံရတဲ့ အခြေအနေပါ။အဲဒီရက်မှာဘဲ အမေရိကန်စစ်လေယာဉ်တစ်စင်း အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲ ပျက်ကျခဲ့တာရှိပါတယ်။အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ  ထရမ့် က ပတ်မွှေနေသလို အဲဒီဒေသက အစွန်းရောက်တွေကလည်း ရရင်ရသလို အမေရိကန်ကို တိုက်ခိုက်နေတဲ့အတွက် အခြေအနေတွေက ဒီ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်ဆိုတဲ့ ထရမ့် ထပ်ထိုးတဲ့ မီးစာကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမယ့် အခြေအနေပါ။

ငလျင်ကြီးတွေစလှုပ်လာတဲ့ ကမ္ဘာ

ကမ္ဘာပေါ်မှာ အင်အားရစ်ချ်တာစကေး ၇ အထက် ငလျင်တွေဆိုတာ လှုပ်ခဲပါတယ်။လှုပ်ခဲ့ရင်လည်း မြို့တွေပျက်၊ ဆူနာမီတွေဖြစ်နဲ့ ထိတ်လန့်ဖွယ်သေကြေမှုတွေ ဖြစ်ကြမြဲပါ။ယခုရက်သတ္တပတ်ထဲမှာ ဒီလိုငလျင်ကြီးတစ်ခု လှုပ်ခဲ့ပေမယ့် အတော်လေး ကမ္ဘာအတွက် ကံကောင်းခဲ့ပါတယ်။ဒါက ကာရစ်ဘီယံပင်လယ်ထဲမှာ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြီးလှုပ်ခတ်သွားခဲ့တာပါ။

ဇန်နဝါရီ ၂၈ ရက်က ကျူးဘားနဲ့ ဂျမေကာအကြား ကာရစ်ဘီယံပင်လယ်တွင်း ပြင်းအား ၇ ဒသအ ၇ အဆင့်ရှိတဲ့ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့လို့ ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားမှာဆိုရင် ပြည်သူရာနဲ့ချီပြီး အထိတ်တလန့်နဲ့ လမ်းတွေပေါ် ပြေးထွက်လာခဲ့ကြရသလို ဆူနာမီရေလှိုင်းအန္တရာယ် သတိပေးချက်တစ်ခုလည်း ထုတ်ခဲ့ရတဲ့အထိပါဘဲ။
အနက် ၁၀ ကီလိုမီတာ (ခြောက်မိုင်) မှာ လှုပ်ခဲ့တဲ့ ဒီငလျင်က ပင်လယ်ထဲမှာ ဗဟိုပြုခဲ့တဲ့အတွက် သေကြေထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေမယ့် ဒီဒေသမှာ ဒီလောက်ပြင်းအားနဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပညာရှင်တွေ ခေါင်းရှုပ်ခဲ့ရပါတယ်။ငလျင်ကြောင့် ဂျမေကာ၊ ကျူးဘား၊ မက္ကဆီကို၊ ဟွန်ဒူးရပ်စ်၊ ကေးမန်းကျွန်းစုတွေကို ဆူနာမီလှိုင်းတွေ ရောက်လာနိုင်တယ်ဆိုပြီး အမေရိကန် ပစိဖိတ် ဆူနာမီသတိပေးရေးစင်တာက ထုတ်ပြန်ခဲ့ရတဲ့အထိပါဘဲ။မီယာမီမှာဆိုရင် နေရာရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရတဲ့အထိပါဘဲ။    

ဒီမတိုင်မီ ဇန်နဝါရီ ၂၄ ရက်က တူရကီမှာ ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ အဆောက်အဦးတွေ ပြိုကျပြီး သေဆုံးသူ ဆယ်နဲ့ချီကာ သေဆုံးခဲ့ရတာရှိပါတယ်။သေဆုံးသူအများစုက ငလျင်ဘေးတွေ ထုံးစံအတိုင်း ပြိုကျတဲ့ အပျက်အစီးတွေအောက် ပိမိတာတွေပါ။ဖေဖော်ဝါရီ ၁ ရက်အထိ သေဆုံးသူတွေကို တွေ့ နေရဆဲပါ။ဒါကြောင့် ငလျင်က ပြင်းအားကြီးပေမယ့် လူနေထိုင်မှု စိပ်စိပ်ရှိတဲ့နေရာမှာ မလှုပ်ခတ်ခဲ့ရင် သေဆုံးထိခိုက်မှု နည်းနိုင်ပေမယ့် လူနေစိပ်တဲ့နေရာမှာ ငလျင်လှုပ်ရင် ကြီးကြီးသေးသေး အသေအပျောက်က  ခန့်မှန်းလို့မရနိုင်ဘူးဆိုတာ သတိထားစဖွယ်ပါဘဲ။

ငလျင်တွေကို သတိထားလာနေရတဲ့ အချိန်မှာဘဲ ဩစတြေးလျရဲ့ မပြီးဆုံးနိုင်သေးတဲ့ တောမီးက ပြန်ထောင်ထလာနေလို့ သတိပေးချက်တွေ ပြန်ထုတ်နေရပါပြီ။ဇန်နဝါရီ ၃၁ ရက်မှာ မြို့တော် ကင်ဘာရာရဲ့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များ၌ တောမီးဒဏ်ခံရနိုင်ရမှု မြင့်တက်လာလို့ မြို့အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ဇန်နဝါရီ ၃၁ နှောင်းပိုင်းမှာ မဲလ်ဘုန်းနဲ့ ကင်ဘာရာမြို့တွေမှာ အပူလှိုင်းကျရောက်နိုင်ခြေများနေလို့ ဒါဟာ အခက်အခဲပါဘဲ။သေဆုံးသူ ၃၃ ဦးအထက် ရှိလာတဲ့ ဩစတြေးလျတောမီးငြိမ်းဖို့ အခုအခြေအနေအရ မုန်တိုင်းတွေကို မျှော်နေရမယ့်အဖြစ် ရောက်နေပါပြီ။

မုန်တိုင်းဝင်ဖို့  ဩစတြေးလျှလို နေရာမှာ အမျှော်ကြီးမျှော်နေရပေမယ့် မိုးများတဲ့ ဒေသတွေမှာတော့ မုန်တိုင်းတွေ၊ မိုးသည်းထန်မှုတွေက သဘာ၀ဘေးဖြစ်နေပါတယ်။မိုးသက်မုန်တိုင်းတွေကြောင့်  ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာ သေဆုံးသူ ၄၅ ဦးအထိ ရှိလာကာ မြို့ပေါင်း ၁၀၀ ကျော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။အဲဒီဒေသမှာ ရွာတဲ့မိုးက ဘယ်လောက်များခဲ့သလဲဆိုရင်  နှစ်ပေါင်း ၁၁၀ ခန့်အတွင်း အများဆုံးစံချိန်ပါဘဲ။ယခုရက်သတ္တပတ်အတွင်း မိုးသည်းထန်လို့ ရေကြီးရေလွှမ်းမှုတွေဖြစ်တာ ဘရာဇီးတစ်နိုင်ငံထဲ မဟုတ်ပါဘူး။အာရှဘက်က အင်ဒိုနီးရှားနိုင်ငံမှာလည်း ကြုံခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမှာ ရေကြီးရေလွှမ်းမှုနဲ့ မြေပြိုမှုတွေကြောင့် လူကိုးဦးသေဆုံးပြီး ထောင်ပေါင်းများစွာဟာ ယာယီခိုလှုံရေးစခန်း တွေဆီ ပြောင်းရွှေ့နေထိုင်ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။သဘာ၀ဘေးက ကမ္ဘာတစ်လွှားမှာ  ပုံစံမျိုးစုံနဲ့ ဖြစ်နေတဲ့အတွက် သတိထားစရာပါ။

ကမ္ဘာကို ကိုင်လှုပ်နေတဲ့ ဝူဟန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ သားငါးတိရစ္ဆာန်စျေးကနေ ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဘေးက ယခုအခါမှာ ကမ္ဘာတစ်လွှားကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေပါပြီ။

ယခုရက်ထဲမှာဘဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက ပိုအားကောင်းခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၃ ရက် စာရင်းတွေအရ တရုတ်မှာ ကူးစက်ခံရသူ ၁၇၂၀၀ ဦးရှိပြီး ကမ္ဘာတစ်ဝန်းသေဆုံးသူ ၃၆၁ ဦး ရှိခဲ့ပါတယ်။ကော်ရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၀ ကျော်သို့ ရောက်ရှိနေပြီး တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးသေဆုံးမှုအဖြစ် အမျိုးသားတစ်ဦး ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးခဲ့တာရှိပါတယ်။ဗိုင်းရပ်စ်ကူးစက်တဲ့အထဲမှာ လူလူချင်းကူးစက်တာကို ထိုင်းမှာ တွေ့ခဲ့ပါတယ်။ဂျပန်မှာတော့ တရုတ်ခရီးသွားအုပ်စုနှစ်စုကို လိုက်လံကားမောင်း ပို့ဆောင်ပေးခဲ့တဲ့ ဂျပန်အမျိုးသားတစ်ဦး ကူးစက်ခံခဲ့ရပါတယ်။

ဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့ခရီးသွားနေတဲ့ တရုတ်တွေအပေါ်မှာလည်း ထိခိုက်ခဲ့သလို ကမ္ဘာ့နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။ယခုရက်သတ္တပတ်ထဲမှာဘဲ အီတလီဆိပ်ကမ်းတစ်ခုကို ဆိုက်ကပ်ခဲ့တဲ့ အပျော်စီးသင်္ဘောတစ်စီးပေါ်မှာ တရုတ်ခရီးသွားနှစ်ဦးကြောင့် ခရီးသည်ရာပေါင်းများစွာကို ဆိပ်ကမ်းဆင်းခွင့် တားခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ဒီအတွက် နိုင်ငံတကာက အလေးအနက်ထားပြီး တုန့်ပြန်ခဲ့ပါတယ်။အထူးသဖြင့် ရောဂါစတင်ဖြစ်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်လာတဲ့သူတွေ၊ တရုတ်နိုင်ငံကလာတဲ့ ခရီးသွားတွေကို တင်းကျပ်လာတဲ့ အခြေအနေကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ယခုဖြစ်ပွားမှုမှာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှုတွေ ဆောင်ရွက်မှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဗဟိုချက် ဝူဟန်မြို့အနီး ဟွန်ဂန်းမြို့ကျန်းမာရေးအကြီးအကဲတစ်ဦးကို နိုင်ငံပိုင်ရုပ်သံအစီအစဉ် မေးမြန်းရာမှာ ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး အခြေခံကျသောမေးခွန်းများကို မဖြေနိုင်သဖြင့် အများပြည်သူကို ဒေါသထွက်စေခဲ့တဲ့အတွက် ထုတ်ပယ်ခဲ့ပါတယ်။ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေဖော်ထုတ်ရာမှာ တရုတ်နိုင်ငံအနေနဲ့ တုံ့ပြန်မှုနှောင့်နှေးတာကြောင့် ပျံ့နှံ့မှုပိုဆိုးခဲ့ရတယ်လို့ ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ရာ ဝူဟန်မြို့က ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့သလို သတင်းထိန်ချန်ထားတာအတွက် ဝူဟန် တာဝန်ရှိသူတွေကို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဗိုင်းရပ်စ်သတင်းတွေထဲမှာ ထူးထူးခြားခြား ခွဲထွက်နေတဲ့သတင်းက ဟားဗတ်တက္ကသိုလ် ဓာတုဗေဒဌာန အကြီးအကဲနှင့် အခြားနှစ်ဦးကို တရုတ်နိုင်ငံဆီ သိပ္ပံဆိုင်ရာ သုတေသနများ ခိုးရောင်းရန်ကြံစည်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ သတင်းပါဘဲ။သတင်းတွေမှာ ဒီပညာရှင်တွေက တရုတ်နိုင်ငံ ဝူဟန်နည်းပညာသက်မွေးမှုသိပ္ပံအတွက် အလုပ်လုပ်ဆောင်ပေးရန် နှစ်ရှည်စာချုပ် ချုပ်ထားသူဖြစ်တယ်လို့ ဆိုတာတွေရှိခဲ့ပါတယ်။ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးရောက်ချိန်မှာ ဒီလိုသတင်းတွေ တက်လာတာ စိတ်ဝင်စားစရာဖြစ်သလို သံသယရှိစရာတွေလည်း ရှိခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲကတော့ တရုတ်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရတဲ့အပေါ် တရုတ်အပေါ် မယုံကြည်နိုင်လို့ဆိုတာမျိုး မဟုတ်ပါဘူးလို့ ပြောခဲ့သလို တရုတ်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် လျင်လျင်မြန်မြန် တုံ့ပြန်ဖြေရှင်းနေတာတွေအတွက် ချီးကျူးခဲ့ပါတယ်။

ကျန်းမာရေးပညာရှင်တွေက ဒီဗိုင်းရပ်စ်တွေရဲ့ အစပေါက်ဖွားကူးစက်တာကို ခြေရာလိုက်ခဲ့တဲ့အခါ မူလက မြွေကနေလို့ ယူဆခဲ့တာပါ။နောက်ပိုင်းမှာ ဝူဟန်မှာ လူကြိက်များတဲ့ လင်းနို့ကနေ စခဲ့တာကို တွေ့ခဲ့လို့  ဝူဟန်ဗိုင်းရပ်စ်က လင်းနို့များကနေတဆင့် စတင်ကူးစက်ခြင်း ဖြစ်နိုင်တယ်ဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ကူးစက်မှုက လေထဲကဆိုပြီး အကာအကွယ်တွေ တပ်ခဲ့ပေမယ့် ဆက်ကူးစက်နေဆဲဖြစ်လို့ လေ့လာမှုတွေလုပ်တဲ့အခါ လူတွေ အစာချေစနစ်ဖြစ်တဲ့ မစင်ကနေလည်း ကူးတဲ့အတွက် လက်ဆေးဖို့ကို ပြန်ဆော်ဩခဲ့ရပါတယ်။ဝူဟန်မှာ လူဦးရေ ၁၁ သန်း ပိတ်မိနေသလို အနီးနားက ဟွမ်ကန်းမြို့မှာလည်း ဇန်နဝါရီ ၃၀ အထိ  သေဆုံးသူ ၁၇၀ ဦး ရှိလာပြီး ကူးစက်ခံရသူ ၇၇၁၁ ရှိလာလို့ ထိတ်လန့်စရာပါ။ဗူးလေးရာ ဖရုံဆင့် ဆိုသလို ကိုရိုနာဗိုင်းရပ်စ် အရှိန်မြင့်လာချိန်မှာ ကြက်ငှက်တုပ်ကွေးက ဝူဟန်အနီး ဟူနန်ပြည်နယ်မှာ လူသေဆုံးနိုင်သည့် ကြက်ငှက်တုပ်ကွေးဖြစ်ပွားလို့ ကြက်ကောင်ရေ ၁၇၈၂၈ ကောင်ကို သတ်ဖြတ်ခဲ့ရပါတယ်။သို့သော် ယခုထိ ဟူနန် ကြက်ငှက်တုပ်ကွေး H5N1က လူကိုကူးစက်ကြောင်း မသိရသေးပါဘူး။

ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့ကူးစက်နေတဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူသွားဖို့ တက်သုတ်ရိုက် လုပ်ဆောင်နေကြပါတယ်။လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က ၂၀၀၂-၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါကြောင့် သေဆုံးသူ ၃၄၉ ဦးထက် ၃၆၁ ဦးနဲ့ ကျော်လွန်သွားပြီဖြစ်လို့ ကမ္ဘာအတွက် သတိပေးခေါင်းလောင်းကို ကျယ်ကျယ်ထိုးလိုက်ပါပြီ။အခုထိ ကာကွယ်ဆေး တိတိပပ မပေါ်သေးတာက ကမ္ဘာသူကမ္ဘာသားတွေအတွက် ရင်လေးစရာပါ။

ဝူဟန်ဗိုင်းရပ်စ်ဘေးကို အများစုက တက်ညီလက်ညီ ကာကွယ်နေချိန်မှာဘဲ အမြတ်ထုတ်နေတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ရောဂါစဖြစ်တဲ့ တရုတ်ပြည်ကတော့ ဒီလိုအမြတ်ထုတ်ပြီး နှာခေါင်းစည်းများကို အွန်လိုင်းဈေးနှုန်းထက် ခြောက်ဆခန့် ဈေးတင်ရောင်းချခဲ့တဲ့ ဘေကျင်းရှိ ဆေးဆိုင်တစ်ဆိုင်ကို ယွမ်ငွေသုံးသန်း (ကန်ဒေါ် လာ ၄၃၄,၅၃၀) ဒဏ်ရိုက်ခဲ့ပါတယ်။ဒါနဲ့ဆန့်ကျင်ဘက် တရုတ်အရှေ့ပိုင်းက Anhui ပြည်နယ်ထဲမှာတော့ တရုတ်အမျိုးသားတစ်ဦးက ရဲစခန်းတစ်ခုကို နှာခေါင်းစည်း (mask) အခု ၅၀၀ ယူလာပေးခဲ့ပါတယ်။ဒီအတွက် စျေးတင်အမြတ်ထုတ်သူတွေအဖို့ အရှက်ရစရာပါ။လူဦးရေနည်းတဲ့ စင်ကာပူမှာတော့ အစိုးရက ကြီးမှူးပြီး ဒေသခံကော်မတီ စင်တာ ၂၀၀ ကနေ အိမ်ထောင်စု ၁ ဒသမ ၃ သန်းသို့ နှာခေါင်းစည်းလေးခုစီ ဖြန့်ဝေခဲ့ပါတယ်။ကြိုတင်ကာကွယ်မှုတွေ ကမ္ဘာ့နိုင်ငံအသီးသီး လုပ်နေပေမယ့် ဘယ်လောက်ကာကွယ်နိုင်မလဲဆိုတာ လက်ရှိမှာ စောင့်ကြည့်ရုံမှတပါး မရှိသေးပါဘူးဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်မှုကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဖေဖော်ဝါရီ - ၃

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ကမာၻတစ္လႊား ထိတ္ထိတ္လန႔္လန႔္ျဖစ္ခဲ့ရတဲ့ ဝူဟန္ဗိုင္းရပ္စ္သတင္းက ထိပ္ဆုံးကျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ အေမရိကန္သမၼတ ထရမ့္ တင္ျပခဲ့တဲ့ အေရွ႕အလယ္ပိုင္း အစီအစဥ္ေၾကာင့္ အာရပ္ႏိုင္ငံေတြၾကား ေသြးကြဲမႈေတြျဖစ္လာေနတဲ့ သတင္းေတြအျပင္ ျပင္းအားႀကီးငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့အတြက္ သတိထားဖို႔ေကာင္းေနၿပီျဖစ္တဲ့ သဘာ၀ေဘးသတင္းေတြကိုလည္း ယခုတစ္ပတ္မွာ တင္ဆက္သုံးသပ္မွာ ျဖစ္ပါတယ္။

အဆိုပါသတင္းေတြအျပင္ လာမယ့္ ေဖေဖာ္ဝါရီ ၅ ရက္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို ရာထူးက ဖယ္ရွားသင့္၊ မသင့္ ဆီးနိတ္လႊတ္ေတာ္က ဆုံးျဖတ္ေတာ့မယ့္ဆိုတဲ့သတင္း၊ ဥေရာပသမဂၢ (EU) အဖြဲ႕ဝင္အျဖစ္ကေန ၿဗိတိန္ႏိုင္ငံ တရားဝင္ႏႈတ္ထြက္လိုက္တဲ့သတင္း၊ ႏိုင္ငံသားဥပေဒသစ္ကို ဆန႔္က်င္တဲ့ အိႏၵိယတကၠသိုလ္ ေက်ာင္းသားေတြဆႏၵျပပြဲကို ဟိႏၵဴအမ်ိဳးသားေရးဝါဒီတစ္ဦးက ေသနတ္နဲ႔ပစ္ခတ္ခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံ ဥတၱာပရာဒတ္ရွ္ျပည္နယ္မွာ လူတစ္ဦးက သမီးေမြးေန႔ပြဲ အတုလုပ္ၿပီး ေမြးေန႔လာတက္တဲ့ ကေလး ၂၃ ဦးကို ျပန္ေပးဆြဲခဲ့တဲ့သတင္း၊ ကေလးေမြးဖြားႏႈန္း ျမႇင့္တင္ရန္ ဖန္ႁပြန္သေႏၶသားယူျခင္းကို ႐ုရွားမွာ အခမဲ့ေဆာင္႐ြက္ေပးေနတဲ့သတင္း စတဲ့ စိတ္ဝင္စားဖြယ္ရာ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းမွာ ထရမ့္ ထပ္ေမႊးတဲ့ မီး

အစဥ္အၿမဲ ျပႆနာတက္ေနတဲ့ ပစ္ခတ္သတ္ျဖတ္မႈေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနတဲ့ အစၥလာမ္ကမာၻျဖစ္တဲ့ အေရွ႕အလယ္ပိုင္းေဒသမွာ ဇန္နဝါရီ ၂၈ ရက္က ေနာက္ထပ္မတည္မၿငိမ္ျဖစ္ေစမယ့္ မီးတစ္စကို ထရမ့္ က ထပ္ထိုးခဲ့ပါတယ္။ဒါက အစၥေရး-ပါလက္စတိုင္း ၿငိမ္းခ်မ္းေရး အစီအစဥ္ပါ။ဒီအစီအစဥ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က တင္ျပခဲ့တာျဖစ္ၿပီး အစီအစဥ္ထုတ္ျပန္မႈမွာ အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ယာဟု ႏွင့္အတူ ယွဥ္ရပ္ကာ အိမ္ျဖဴေတာ္မွာ ထရမ့္ က ထုတ္ျပန္ခဲ့တဲ့အတြက္ ေဝဖန္မႈျပင္းထန္ခဲ့ပါတယ္။အထူးသျဖင့္ ဒီအစီအစဥ္က အစၥေရးေတြဘက္ကို ဘက္လိုက္တယ္ဆိုၿပီး စြပ္စြဲခဲ့တာပါ။

ဒီလို အာရပ္ႏိုင္ငံေတြဘက္က ထရမ့္ တင္ျပတဲ့ ဒီ အစၥေရး-ပါလက္စတိုင္း ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ေနေပမယ့္ အစီအစဥ္ေရးဆြဲတဲ့ ထရမ့္ကေတာ့ အေမရိကန္အတြက္ ဆယ္စုႏွစ္မ်ားအတြင္း ႀကိဳးပမ္းမႈမ်ား ေအာင္ျမင္မႈမရခဲ့ေပမယ့္ ယခုအစီအစဥ္ကေတာ့ အလုပ္ျဖစ္မယ္ဆိုၿပီး ယုံၾကည္ထားတယ္ ဆိုပါတယ္။ထရမ့္ ေရးဆြဲထားတဲ့ ဒီအစီအစဥ္မွာ အျငင္းပြားစရာေတြ ျပႆနာတက္စရာေတြ အမ်ားႀကီးပါဘဲ။အထူးသျဖင့္ ေဂ်႐ုဆလင္ကို အစၥေရးအပိုင္ ၿမိဳ႕ေတာ္အျဖစ္ တည္ရွိေစသလို အေနာက္ဘက္ကမ္းေဒသရွိ အျငင္းပြား အေျခခ်အိမ္ယာမ်ားကိုလည္း အစၥေရးအခ်ဳပ္အခ်ာပိုင္အျဖစ္ အသိအမွတ္ျပဳခဲ့တဲ့အတြက္ ဒါဟာ အစၥေရးနဲ႔ ပါလက္စတိုင္းေတြၾကားက ရန္မီးကို ထပ္ေမႊးလိုက္တာပါဘဲ။

အေရွ႕ေဂ်႐ုဆလင္တြင္ ၿမိဳ႕ေတာ္တည္မည့္ ပါလက္စတိုင္းႏိုင္ငံ ထူေထာင္ေရး အဆိုျပဳခ်က္ပါတဲ့ ထရမ့္ရဲ႕ အစီအစဥ္ကို ပါလက္စတိုင္းေတြဘက္က အယုံအၾကည္မရွိပါဘူး။ပါလက္စတိုင္းသမၼတ မာမြတ္ အာဘတ္စ္ကေတာ့ ဒီအစီအစဥ္က အေမရိကန္ႏွင့္ အစၥေရးတို႔ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္တဲ့ အစီအစဥ္လို႔ စြပ္စြဲခဲ့ပါတယ္။ပါလက္စတိုင္း ဝန္ႀကီးခ်ဳပ္ မိုဟာမတ္ရွာေတယက္ရွ္ က ေဒၚနယ္ထရမ့္ရဲ႕ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို သပိတ္ေမွာက္ဖို႔ ႏိုင္ငံတကာကို ေဆာ္ဩတိုက္တြန္းခဲ့ပါတယ္။

ေနာက္မွာေတာ့ အေနာက္ဖက္ကမ္းက ရာမာလာၿမိဳ႕နဲ႔ ဟီဘ႐ူးၿမိဳ႕ေတြမွာ ေဒၚနယ္ထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ဆန႔္က်င့္တဲ့ ဆႏၵျပမႈေတြ ဇန္နဝါရီ ၃၀ ရက္မွာ ျဖစ္လာခဲ့ပါတယ္။ဒီလိုျဖစ္လာတဲ့အတြက္ ပါလက္စတိုင္းေတြနဲ႔ အစၥေရးလုံၿခဳံေရးတပ္ေတြၾကား ထိပ္တိုက္ေတြ႕မႈေတြ ျဖစ္ပြားခဲ့သလို ပစ္ခတ္တာေတြ၊ တားဆီးတာေတြ၊ မ်က္ရည္ယိုဓာတ္ေငြ႕ေတြနဲ႔ ၿဖိဳခြင္းတာေတြေၾကာင့္ ၁၈ ဦးအထိ ဒဏ္ရာရခဲ့ပါတယ္။ပါလက္စတိုင္းေတြအေနနဲ႔ သူတို႔ရဲ႕ ‘ေနရပ္ျပန္ေရး အခြင့္အေရး’ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေစမယ့္ ဒီအစီအစဥ္ကို အေၾကာက္အကန္ဆန႔္က်င္မွာ အေသအခ်ာျဖစ္သလို အစၥေရးအေနနဲ႔ ပိုင္နက္နယ္ေျမတိုးလာၿပီး ဂ်ဴးေတြရဲ႕ သမိုင္းဝင္အိပ္မက္ျဖစ္တဲ့ ေဂ်႐ုဆလင္ကို ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခြင့္ရတဲ့ ဒီအခြင့္အေရးကို လက္လႊတ္မွာမဟုတ္ပါဘူး။

ဒီလိုအေျခအေနေတြေၾကာင့္ အစၥေရးဟာ အစၥလာမ္ကမာၻအတြက္ ထာ၀ရပစ္မွတ္အျဖစ္ ေျပာင္းလဲလာေတာ့မွာ ေသခ်ာေနပါတယ္။ဒီရက္ပိုင္းမွာဘဲ အစၥလမၼစ္ႏိုင္ငံေတာ္ (အိုင္အက္စ္) အၾကမ္းဖက္အုပ္စုက အစၥေရးနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ အသံဖိုင္တစ္ခုကို ထုတ္ခဲ့ပါတယ္။ဒီအသံဖိုင္မွာ အိုင္အက္စ္အဖြဲ႕၏ အာ႐ုံစူးစိုက္မႈကို ကာလီဖိတ္ႏိုင္ငံ အႂကြင္းအက်န္မ်ားကေန အစၥေရးဆီ ေျပာင္းလဲပစ္မွတ္ထားေတာ့မယ္ဆိုၿပီး ေၾကျငာခဲ့တာပါ။ဒီအသံဖိုင္ထဲမွာဘဲ  ထရမ့္ တင္ျပတဲ့ အစၥေရး-ပါလက္စတိုင္း ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ပ်က္ျပားေအာင္လုပ္မယ္ ဆိုတာလည္း ပါဝင္ခဲ့ပါတယ္။

ေနရာတကာ လုပ္ခ်င္ရာလုပ္ၿပီး လုပ္သမွ် ျပႆနာတက္ေနတဲ့ အေမရိကန္သမၼတ ထရမ့္အေနနဲ႔ ယခုရက္ပိုင္းမွာဘဲ သမၼတရာထူးက ဖယ္ရွားရန္သင့္၊ မသင့္ကို ဆီးနိတ္မွာ မဲခြဲခံရေတာ့မယ့္အေျခအေန ေရာက္ေနခ်ိန္မွာ ခ်ိန္ကိုက္ထြက္လာတဲ့ ဒီအစီအစဥ္ေနာက္ကြယ္က ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာပါ။

ယခုရက္ထဲ တစ္ဖက္က ထရမ့္ အစီရင္ခံစာ ျပႆနာတက္ခ်ိန္မွာဘဲ ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယားမွာ ႐ုရွားက ဦးေဆာင္ၿပီး ကာ့ဒ္သူပုန္ေတြ အေျခခ်ရာ ေနရာေတြကို ေလေၾကာင္းကေန ထိုးစစ္ဆင္ ဗုံးႀကဲတာေတြ လုပ္ေနလို႔ အရပ္သားေသဆုံးမႈေတြ ရွိေနပါတယ္။ဇန္နဝါရီ ၃၀ ရက္ အေစာပိုင္းက သူပုန္ထိန္းခ်ဳပ္ရာ အီဒလစ္ျပည္နယ္ကို ႐ုရွားတပ္ေတြ ေလေၾကာင္းထိုးစစ္ဆင္ရာမွာ အရပ္သားဆယ္ဦး ေသဆုံးခဲ့ပါတယ္။အီရန္က ဇန္န ဝါရီ ၈ ရက္မွာ  အီရတ္ရွိ အေမရိကန္စစ္အေျခစိုက္စခန္းကို တိုက္ခဲ့ရာမွာ ဦးေႏွာက္ထိခိုက္ဒဏ္ရာရတဲ့သူ ဦးေရက အခုဆို ၅၀ ထိ တိုးလာလို႔ အေမရိကန္မီဒီယာေတြမွာ ေျပာစရာျဖစ္လာခဲ့ပါတယ္။အခုခ်ိန္ထိ အီရတ္မွာရွိတဲ့ အေမရိကန္အေဆာက္အအုံေတြ တိုက္ခိုက္ခံရဆဲပါ။မၾကာေသးခင္ရက္ပိုင္းျဖစ္တဲ့ ဇန္နဝါရီ ၂၇ ရက္က ဘဂၢဒက္ရွိ အေမရိကန္သံ႐ုံးကို ဒုံးက်ည္သုံးစင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရပါတယ္။ေနာက္ပိုင္းမွာ ခပ္စိပ္စိပ္အတိုက္ခိုက္ခံရတဲ့ အေျခအေနပါ။အဲဒီရက္မွာဘဲ အေမရိကန္စစ္ေလယာဥ္တစ္စင္း အာဖဂန္နစၥတန္ႏိုင္ငံရွိ တာလီဘန္ေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမထဲ ပ်က္က်ခဲ့တာရွိပါတယ္။အေရွ႕အလယ္ပိုင္းနဲ႔ အစၥလာမ္ကမာၻမွာ  ထရမ့္ က ပတ္ေမႊေနသလို အဲဒီေဒသက အစြန္းေရာက္ေတြကလည္း ရရင္ရသလို အေမရိကန္ကို တိုက္ခိုက္ေနတဲ့အတြက္ အေျခအေနေတြက ဒီ အစၥေရး-ပါလက္စတိုင္း ၿငိမ္းခ်မ္းေရးအစီအစဥ္ဆိုတဲ့ ထရမ့္ ထပ္ထိုးတဲ့ မီးစာေၾကာင့္ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမယ့္ အေျခအေနပါ။

ငလ်င္ႀကီးေတြစလႈပ္လာတဲ့ ကမာၻ

ကမာၻေပၚမွာ အင္အားရစ္ခ်္တာစေကး ၇ အထက္ ငလ်င္ေတြဆိုတာ လႈပ္ခဲပါတယ္။လႈပ္ခဲ့ရင္လည္း ၿမိဳ႕ေတြပ်က္၊ ဆူနာမီေတြျဖစ္နဲ႔ ထိတ္လန႔္ဖြယ္ေသေၾကမႈေတြ ျဖစ္ၾကၿမဲပါ။ယခုရက္သတၱပတ္ထဲမွာ ဒီလိုငလ်င္ႀကီးတစ္ခု လႈပ္ခဲ့ေပမယ့္ အေတာ္ေလး ကမာၻအတြက္ ကံေကာင္းခဲ့ပါတယ္။ဒါက ကာရစ္ဘီယံပင္လယ္ထဲမွာ ျပင္းအား ၇ ဒသမ ၇ ရွိ ငလ်င္ႀကီးလႈပ္ခတ္သြားခဲ့တာပါ။

ဇန္နဝါရီ ၂၈ ရက္က က်ဴးဘားနဲ႔ ဂ်ေမကာအၾကား ကာရစ္ဘီယံပင္လယ္တြင္း ျပင္းအား ၇ ဒသအ ၇ အဆင့္ရွိတဲ့ အားျပင္းငလ်င္တစ္ခု လႈပ္ခဲ့လို႔ က်ဴးဘားႏိုင္ငံၿမိဳ႕ေတာ္ ဟာဗားနားမွာဆိုရင္ ျပည္သူရာနဲ႔ခ်ီၿပီး အထိတ္တလန႔္နဲ႔ လမ္းေတြေပၚ ေျပးထြက္လာခဲ့ၾကရသလို ဆူနာမီေရလႈိင္းအႏၲရာယ္ သတိေပးခ်က္တစ္ခုလည္း ထုတ္ခဲ့ရတဲ့အထိပါဘဲ။အနက္ ၁၀ ကီလိုမီတာ (ေျခာက္မိုင္) မွာ လႈပ္ခဲ့တဲ့ ဒီငလ်င္က ပင္လယ္ထဲမွာ ဗဟိုျပဳခဲ့တဲ့အတြက္ ေသေၾကထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ေပမယ့္ ဒီေဒသမွာ ဒီေလာက္ျပင္းအားနဲ႔ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ပညာရွင္ေတြ ေခါင္းရႈပ္ခဲ့ရပါတယ္။ငလ်င္ေၾကာင့္ ဂ်ေမကာ၊ က်ဴးဘား၊ မကၠဆီကို၊ ဟြန္ဒူးရပ္စ္၊ ေကးမန္းကြၽန္းစုေတြကို ဆူနာမီလႈိင္းေတြ ေရာက္လာႏိုင္တယ္ဆိုၿပီး အေမရိကန္ ပစိဖိတ္ ဆူနာမီသတိေပးေရးစင္တာက ထုတ္ျပန္ခဲ့ရတဲ့အထိပါဘဲ။မီယာမီမွာဆိုရင္ ေနရာေ႐ႊ႕ေျပာင္းမႈေတြ လုပ္ခဲ့ရတဲ့အထိပါဘဲ။    

ဒီမတိုင္မီ ဇန္နဝါရီ ၂၄ ရက္က တူရကီမွာ ျပင္းအား ၆ ဒႆမ ၈ အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့လို႔ အေဆာက္အဦးေတြ ၿပိဳက်ၿပီး ေသဆုံးသူ ဆယ္နဲ႔ခ်ီကာ ေသဆုံးခဲ့ရတာရွိပါတယ္။ေသဆုံးသူအမ်ားစုက ငလ်င္ေဘးေတြ ထုံးစံအတိုင္း ၿပိဳက်တဲ့ အပ်က္အစီးေတြေအာက္ ပိမိတာေတြပါ။ေဖေဖာ္ဝါရီ ၁ ရက္အထိ ေသဆုံးသူေတြကို ေတြ႕ ေနရဆဲပါ။ဒါေၾကာင့္ ငလ်င္က ျပင္းအားႀကီးေပမယ့္ လူေနထိုင္မႈ စိပ္စိပ္ရွိတဲ့ေနရာမွာ မလႈပ္ခတ္ခဲ့ရင္ ေသဆုံးထိခိုက္မႈ နည္းႏိုင္ေပမယ့္ လူေနစိပ္တဲ့ေနရာမွာ ငလ်င္လႈပ္ရင္ ႀကီးႀကီးေသးေသး အေသအေပ်ာက္က  ခန႔္မွန္းလို႔မရႏိုင္ဘူးဆိုတာ သတိထားစဖြယ္ပါဘဲ။

ငလ်င္ေတြကို သတိထားလာေနရတဲ့ အခ်ိန္မွာဘဲ ဩစေၾတးလ်ရဲ႕ မၿပီးဆုံးႏိုင္ေသးတဲ့ ေတာမီးက ျပန္ေထာင္ထလာေနလို႔ သတိေပးခ်က္ေတြ ျပန္ထုတ္ေနရပါၿပီ။ဇန္နဝါရီ ၃၁ ရက္မွာ ၿမိဳ႕ေတာ္ ကင္ဘာရာရဲ႕ ေတာင္ဘက္ ဆင္ေျခဖုံးရပ္ကြက္မ်ား၌ ေတာမီးဒဏ္ခံရႏိုင္ရမႈ ျမင့္တက္လာလို႔ ၿမိဳ႕အာဏာပိုင္ေတြက အေရးေပၚအေျခအေန ေၾကညာခဲ့ပါတယ္။ဇန္နဝါရီ ၃၁ ေႏွာင္းပိုင္းမွာ မဲလ္ဘုန္းနဲ႔ ကင္ဘာရာၿမိဳ႕ေတြမွာ အပူလႈိင္းက်ေရာက္ႏိုင္ေျခမ်ားေနလို႔ ဒါဟာ အခက္အခဲပါဘဲ။ေသဆုံးသူ ၃၃ ဦးအထက္ ရွိလာတဲ့ ဩစေၾတးလ်ေတာမီးၿငိမ္းဖို႔ အခုအေျခအေနအရ မုန္တိုင္းေတြကို ေမွ်ာ္ေနရမယ့္အျဖစ္ ေရာက္ေနပါၿပီ။

မုန္တိုင္းဝင္ဖို႔  ဩစေၾတးလွ်လို ေနရာမွာ အေမွ်ာ္ႀကီးေမွ်ာ္ေနရေပမယ့္ မိုးမ်ားတဲ့ ေဒသေတြမွာေတာ့ မုန္တိုင္းေတြ၊ မိုးသည္းထန္မႈေတြက သဘာ၀ေဘးျဖစ္ေနပါတယ္။မိုးသက္မုန္တိုင္းေတြေၾကာင့္  ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ေသဆုံးသူ ၄၅ ဦးအထိ ရွိလာကာ ၿမိဳ႕ေပါင္း ၁၀၀ ေက်ာ္ကို အေရးေပၚအေျခအေန ေၾကညာခဲ့ရပါတယ္။အဲဒီေဒသမွာ ႐ြာတဲ့မိုးက ဘယ္ေလာက္မ်ားခဲ့သလဲဆိုရင္  ႏွစ္ေပါင္း ၁၁၀ ခန႔္အတြင္း အမ်ားဆုံးစံခ်ိန္ပါဘဲ။ယခုရက္သတၱပတ္အတြင္း မိုးသည္းထန္လို႔ ေရႀကီးေရလႊမ္းမႈေတြျဖစ္တာ ဘရာဇီးတစ္ႏိုင္ငံထဲ မဟုတ္ပါဘူး။အာရွဘက္က အင္ဒိုနီးရွားႏိုင္ငံမွာလည္း ႀကဳံခဲ့ပါတယ္။အင္ဒိုနီးရွားႏိုင္ငံ ဆူမၾတားကြၽန္းမွာ ေရႀကီးေရလႊမ္းမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ လူကိုးဦးေသဆုံးၿပီး ေထာင္ေပါင္းမ်ားစြာဟာ ယာယီခိုလႈံေရးစခန္း ေတြဆီ ေျပာင္းေ႐ႊ႕ေနထိုင္ၾကတဲ့အထိ ျဖစ္ခဲ့ပါတယ္။သဘာ၀ေဘးက ကမာၻတစ္လႊားမွာ  ပုံစံမ်ိဳးစုံနဲ႔ ျဖစ္ေနတဲ့အတြက္ သတိထားစရာပါ။

ကမာၻကို ကိုင္လႈပ္ေနတဲ့ ဝူဟန္

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဝူဟန္ၿမိဳ႕ သားငါးတိရစာၦန္ေစ်းကေန ဒီဇင္ဘာလကုန္ပိုင္းက စတင္ခဲ့တဲ့ ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေဘးက ယခုအခါမွာ ကမာၻတစ္လႊားကို ျပင္းျပင္းထန္ထန္ ၿခိမ္းေျခာက္ေနပါၿပီ။

ယခုရက္ထဲမွာဘဲ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈက ပိုအားေကာင္းခဲ့ပါတယ္။ေဖေဖၚဝါရီ ၃ ရက္ စာရင္းေတြအရ တ႐ုတ္မွာ ကူးစက္ခံရသူ ၁၇၂၀၀ ဦးရွိၿပီး ကမာၻတစ္ဝန္းေသဆုံးသူ ၃၆၁ ဦး ရွိခဲ့ပါတယ္။ေကာ္႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံေပါင္း ၂၀ ေက်ာ္သို႔ ေရာက္ရွိေနၿပီး တ႐ုတ္ႏိုင္ငံျပင္ပမွာ ပထမဆုံးေသဆုံးမႈအျဖစ္ အမ်ိဳးသားတစ္ဦး ဖိလစ္ပိုင္ႏိုင္ငံမွာ ေသဆုံးခဲ့တာရွိပါတယ္။ဗိုင္းရပ္စ္ကူးစက္တဲ့အထဲမွာ လူလူခ်င္းကူးစက္တာကို ထိုင္းမွာ ေတြ႕ခဲ့ပါတယ္။ဂ်ပန္မွာေတာ့ တ႐ုတ္ခရီးသြားအုပ္စုႏွစ္စုကို လိုက္လံကားေမာင္း ပို႔ေဆာင္ေပးခဲ့တဲ့ ဂ်ပန္အမ်ိဳးသားတစ္ဦး ကူးစက္ခံခဲ့ရပါတယ္။

ဗိုင္းရပ္စ္ေၾကာင့္ ကမာၻအႏွံ႔ခရီးသြားေနတဲ့ တ႐ုတ္ေတြအေပၚမွာလည္း ထိခိုက္ခဲ့သလို ကမာၻ႔ႏိုင္ငံေတြရဲ႕ ခရီးသြားလုပ္ငန္းကို ထိခိုက္ခဲ့ပါတယ္။ယခုရက္သတၱပတ္ထဲမွာဘဲ အီတလီဆိပ္ကမ္းတစ္ခုကို ဆိုက္ကပ္ခဲ့တဲ့ အေပ်ာ္စီးသေဘၤာတစ္စီးေပၚမွာ တ႐ုတ္ခရီးသြားႏွစ္ဦးေၾကာင့္ ခရီးသည္ရာေပါင္းမ်ားစြာကို ဆိပ္ကမ္းဆင္းခြင့္ တားခဲ့ပါတယ္။

ဒီဗိုင္းရပ္စ္ျပန္႔ပြားမႈကို ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (WHO) က ကမာၻလုံးဆိုင္ရာ က်န္းမာေရးအေျခအေနအျဖစ္ ထုတ္ျပန္ခဲ့ပါတယ္။ဒီအတြက္ ႏိုင္ငံတကာက အေလးအနက္ထားၿပီး တုန႔္ျပန္ခဲ့ပါတယ္။အထူးသျဖင့္ ေရာဂါစတင္ျဖစ္ရာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန ျပန္လာတဲ့သူေတြ၊ တ႐ုတ္ႏိုင္ငံကလာတဲ့ ခရီးသြားေတြကို တင္းက်ပ္လာတဲ့ အေျခအေနကို ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ဒီကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ယခုျဖစ္ပြားမႈမွာ ပြင့္လင္းျမင္သာစြာ ထုတ္ျပန္မႈေတြ ေဆာင္႐ြက္မႈေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။အထူးသျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈဗဟိုခ်က္ ဝူဟန္ၿမိဳ႕အနီး ဟြန္ဂန္းၿမိဳ႕က်န္းမာေရးအႀကီးအကဲတစ္ဦးကို ႏိုင္ငံပိုင္႐ုပ္သံအစီအစဥ္ ေမးျမန္းရာမွာ ေရာဂါကူးစက္မႈနဲ႔ ပတ္သက္ၿပီး အေျခခံက်ေသာေမးခြန္းမ်ားကို မေျဖႏိုင္သျဖင့္ အမ်ားျပည္သူကို ေဒါသထြက္ေစခဲ့တဲ့အတြက္ ထုတ္ပယ္ခဲ့ပါတယ္။ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကို ရွာေဖြေဖာ္ထုတ္ရာမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ တုံ႔ျပန္မႈေႏွာင့္ေႏွးတာေၾကာင့္ ပ်ံ႕ႏွံ႔မႈပိုဆိုးခဲ့ရတယ္လို႔ ဗိုင္းရပ္စ္ စတင္ေပၚေပါက္ရာ ဝူဟန္ၿမိဳ႕က ထိပ္ပိုင္းတာဝန္ရွိသူတစ္ဦးက ေျပာခဲ့သလို သတင္းထိန္ခ်န္ထားတာအတြက္ ဝူဟန္ တာဝန္ရွိသူေတြကို ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။

ဗိုင္းရပ္စ္သတင္းေတြထဲမွာ ထူးထူးျခားျခား ခြဲထြက္ေနတဲ့သတင္းက ဟားဗတ္တကၠသိုလ္ ဓာတုေဗဒဌာန အႀကီးအကဲႏွင့္ အျခားႏွစ္ဦးကို တ႐ုတ္ႏိုင္ငံဆီ သိပၸံဆိုင္ရာ သုေတသနမ်ား ခိုးေရာင္းရန္ႀကံစည္မႈနဲ႔ ဖမ္းဆီးခဲ့တဲ့ သတင္းပါဘဲ။သတင္းေတြမွာ ဒီပညာရွင္ေတြက တ႐ုတ္ႏိုင္ငံ ဝူဟန္နည္းပညာသက္ေမြးမႈသိပၸံအတြက္ အလုပ္လုပ္ေဆာင္ေပးရန္ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ထားသူျဖစ္တယ္လို႔ ဆိုတာေတြရွိခဲ့ပါတယ္။ဗိုင္းရပ္စ္ကူးစက္မႈ အျမင့္ဆုံးေရာက္ခ်ိန္မွာ ဒီလိုသတင္းေတြ တက္လာတာ စိတ္ဝင္စားစရာျဖစ္သလို သံသယရွိစရာေတြလည္း ရွိခဲ့ပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ရဲ႕ အႀကီးအကဲကေတာ့ တ႐ုတ္သမၼတနဲ႔ ေတြ႕ဆုံအၿပီးမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ကမာၻ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာရတဲ့အေပၚ တ႐ုတ္အေပၚ မယုံၾကည္ႏိုင္လို႔ဆိုတာမ်ိဳး မဟုတ္ပါဘူးလို႔ ေျပာခဲ့သလို တ႐ုတ္အစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈအေပၚ လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္ေျဖရွင္းေနတာေတြအတြက္ ခ်ီးက်ဴးခဲ့ပါတယ္။

က်န္းမာေရးပညာရွင္ေတြက ဒီဗိုင္းရပ္စ္ေတြရဲ႕ အစေပါက္ဖြားကူးစက္တာကို ေျခရာလိုက္ခဲ့တဲ့အခါ မူလက ေႁမြကေနလို႔ ယူဆခဲ့တာပါ။ေနာက္ပိုင္းမွာ ဝူဟန္မွာ လူႀကိက္မ်ားတဲ့ လင္းႏို႔ကေန စခဲ့တာကို ေတြ႕ခဲ့လို႔  ဝူဟန္ဗိုင္းရပ္စ္က လင္းႏို႔မ်ားကေနတဆင့္ စတင္ကူးစက္ျခင္း ျဖစ္ႏိုင္တယ္ဆိုၿပီး ျပင္ဆင္ခဲ့ပါတယ္။ေနာက္ပိုင္းမွာ ကူးစက္မႈက ေလထဲကဆိုၿပီး အကာအကြယ္ေတြ တပ္ခဲ့ေပမယ့္ ဆက္ကူးစက္ေနဆဲျဖစ္လို႔ ေလ့လာမႈေတြလုပ္တဲ့အခါ လူေတြ အစာေခ်စနစ္ျဖစ္တဲ့ မစင္ကေနလည္း ကူးတဲ့အတြက္ လက္ေဆးဖို႔ကို ျပန္ေဆာ္ဩခဲ့ရပါတယ္။ဝူဟန္မွာ လူဦးေရ ၁၁ သန္း ပိတ္မိေနသလို အနီးနားက ဟြမ္ကန္းၿမိဳ႕မွာလည္း ဇန္နဝါရီ ၃၀ အထိ  ေသဆုံးသူ ၁၇၀ ဦး ရွိလာၿပီး ကူးစက္ခံရသူ ၇၇၁၁ ရွိလာလို႔ ထိတ္လန္႔စရာပါ။ဗူးေလးရာ ဖ႐ုံဆင့္ ဆိုသလို ကို႐ိုနာဗိုင္းရပ္စ္ အရွိန္ျမင့္လာခ်ိန္မွာ ၾကက္ငွက္တုပ္ေကြးက ဝူဟန္အနီး ဟူနန္ျပည္နယ္မွာ လူေသဆုံးႏိုင္သည့္ ၾကက္ငွက္တုပ္ေကြးျဖစ္ပြားလို႔ ၾကက္ေကာင္ေရ ၁၇၈၂၈ ေကာင္ကို သတ္ျဖတ္ခဲ့ရပါတယ္။သို႔ေသာ္ ယခုထိ ဟူနန္ ၾကက္ငွက္တုပ္ေကြး H5N1က လူကိုကူးစက္ေၾကာင္း မသိရေသးပါဘူး။

ဒါေပမယ့္ ကမာၻ႔ႏိုင္ငံေတြကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ အလ်င္အျမန္ ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ တ႐ုတ္ႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ႏိုင္ငံသားေတြကို ျပန္လည္ေခၚယူသြားဖို႔ တက္သုတ္႐ိုက္ လုပ္ေဆာင္ေနၾကပါတယ္။လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္က ၂၀၀၂-၂၀၀၃ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ဆားစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၄၉ ဦးထက္ ၃၆၁ ဦးနဲ႔ ေက်ာ္လြန္သြားၿပီျဖစ္လို႔ ကမာၻအတြက္ သတိေပးေခါင္းေလာင္းကို က်ယ္က်ယ္ထိုးလိုက္ပါၿပီ။အခုထိ ကာကြယ္ေဆး တိတိပပ မေပၚေသးတာက ကမာၻသူကမာၻသားေတြအတြက္ ရင္ေလးစရာပါ။

ဝူဟန္ဗိုင္းရပ္စ္ေဘးကို အမ်ားစုက တက္ညီလက္ညီ ကာကြယ္ေနခ်ိန္မွာဘဲ အျမတ္ထုတ္ေနတဲ့သူေတြလည္း ရွိခဲ့ပါတယ္။ေရာဂါစျဖစ္တဲ့ တ႐ုတ္ျပည္ကေတာ့ ဒီလိုအျမတ္ထုတ္ၿပီး ႏွာေခါင္းစည္းမ်ားကို အြန္လိုင္းေဈးႏႈန္းထက္ ေျခာက္ဆခန႔္ ေဈးတင္ေရာင္းခ်ခဲ့တဲ့ ေဘက်င္းရွိ ေဆးဆိုင္တစ္ဆိုင္ကို ယြမ္ေငြသုံးသန္း (ကန္ေဒၚ လာ ၄၃၄,၅၃၀) ဒဏ္႐ိုက္ခဲ့ပါတယ္။ဒါနဲ႔ဆန္႔က်င္ဘက္ တ႐ုတ္အေရွ႕ပိုင္းက Anhui ျပည္နယ္ထဲမွာေတာ့ တ႐ုတ္အမ်ိဳးသားတစ္ဦးက ရဲစခန္းတစ္ခုကို ႏွာေခါင္းစည္း (mask) အခု ၅၀၀ ယူလာေပးခဲ့ပါတယ္။ဒီအတြက္ ေစ်းတင္အျမတ္ထုတ္သူေတြအဖို႔ အရွက္ရစရာပါ။လူဦးေရနည္းတဲ့ စင္ကာပူမွာေတာ့ အစိုးရက ႀကီးမႉးၿပီး ေဒသခံေကာ္မတီ စင္တာ ၂၀၀ ကေန အိမ္ေထာင္စု ၁ ဒသမ ၃ သန္းသို႔ ႏွာေခါင္းစည္းေလးခုစီ ျဖန႔္ေဝခဲ့ပါတယ္။ႀကိဳတင္ကာကြယ္မႈေတြ ကမာၻ႔ႏိုင္ငံအသီးသီး လုပ္ေနေပမယ့္ ဘယ္ေလာက္ကာကြယ္ႏိုင္မလဲဆိုတာ လက္ရွိမွာ ေစာင့္ၾကည့္႐ုံမွတပါး မရွိေသးပါဘူးဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္မႈကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေဖေဖာ္ဝါရီ - ၃