【 နိုင်ငံတကာဆောင်းပါး 】 "ပိုမိုနက်ရှိုင်းသောပြဿနာကို အမေရိကန်အလုပ်လက်မဲ့နှုန်းကျဆင်းခြင်းက ဖုံးကွယ်ထား"

【 နိုင်ငံတကာဆောင်းပါး 】 "ပိုမိုနက်ရှိုင်းသောပြဿနာကို အမေရိကန်အလုပ်လက်မဲ့နှုန်းကျဆင်းခြင်းက ဖုံးကွယ်ထား"

ဧပြီလက အမေရိကန်အလုပ်လက်မဲ့နှုန်းသည် ၁၄.၇ ရာခိုင်နှုန်းအထိ သိသိသာသာတက်လာပြီး ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပျက်ကပ်နောက်ပိုင်းတွင် အဆိုးရွားဆုံးသို့ရောက်သွားသည်။

လုပ်သားအင်အားစုအတွင်းရှိ အမေရိကန်နိုင်ငံသား ၇ ဦးလျှင် တစ်ဦးအလုပ်အကိုင်ဆုံးရှုံးရသည်။သို့သော် အမေရိကန်နိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြီး အလုပ်လက်မဲ့နှုန်းသည် ၈.၄ ရာခိုင်နှုန်းသို့ ကျဆင်းလာသောကြောင့် ထရမ့်အစိုးရသည် သြဂုတ်လတွင် အောင်ပွဲခံခဲ့သည်။

ထိုသို့ကျဆင်းမှုသည် အလုပ်အကိုင်အခြေအနေ အမှန်တကယ်တိုးတက်မှုကို ပြသပါသလား။ထိုကိန်းဂဏန်းများသည် ရှုပ်ထွေးနေသော ရုပ်ပုံလွှာကိုပြသနေသည်။

အလုပ်အကိုင်တိုးတက်လာခြင်းမှာ ယာယီအလုပ်ထုတ်ခြင်း ကျဆင်းသွားသောကြောင့်ဖြစ်သည်။ယာယီအလုပ်ပြုတ်သူများသည် ကာလတိုအလုပ်လက်မဲ့ဖြစ်မည်ဟု မျှော်လင့်ကြသည်။သို့သော် ရေရှည်အလုပ်လက်မဲ့ထိခိုက်မှုမှာ လက်တွေ့တွင်တိုးနေခဲ့သည်။ထို့အပြင် အမျိုးသမီးများနှင့် လူနည်းစုများသည် အလုပ်အကိုင်ဈေးကွက်တွင် ပိုမိုကြီးမားသည့် မရေရာမှုများနှင့် ရင်ဆိုင်နေရနိုင်သည်။အချက်အလက်များက ပြောပြသည်ကို ကြည့်ရမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် အမေရိကန်အလုပ်သမား စာရင်းအင်းဗျူရိုမှ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဧပြီလတွင် အလုပ်မရှိသူအရေအတွက် သိသိသာသာကျဆင်းသွားသည့်တိုင် သြဂုတ်လတွင် ရေရှည်အလုပ်လက်မဲ့ဖြစ်သော လူဦးရေသည် ၆ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်နေသည်။တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယာယီအလုပ်ထုတ်ခံရသူ အရေအတွက်သည် ဧပြီလတွင် ၁၈,၀၆၃,၀၀၀ မှ သြဂုတ်လတွင် မြင့်မားနေဆဲဖြစ်သည့် ၆,၁၆၀,၀၀၀ သို့ ကျဆင်းသွားသည်။သို့သော် အလုပ်လက်မဲ့ ၄,၁၄၇,၀၀၀ နီးပါးသည် ယာယီအလုပ်လက်မဲ့များမဟုတ်ကြပဲ ထိုအရေအတွက်သည် ဧပြီလနောက်ပိုင်း ၁,၅၈၄,၀၀၀ တိုးလာခြင်းဖြစ်သည်။

ရုပ်ပုံလွှာတစ်ခုလုံးကို ခြုံကြည့်လျှင် တိုးတက်လာပုံရသော်လည်း နောက်ထပ်လူအများအပြားသည် အမြဲတမ်းအလုပ်လက်မဲ့ခြင်းကို ရင်ဆိုင်ရနိုင်သောကြောင့် အမှန်တကယ် အလုပ်လက်မဲ့အခြေအနေသည် ပိုမိုဆိုးရွားနိုင်သည်။ထိုသို့သောအခြေအနေကို တရားဝင်ထုတ်ပြန်သည့် အခြားကိန်းဂဏန်းများကလည်း ဖေါ်ပြနေသည်။
ထိုကိန်းဂဏန်းများအရ ကာလတိုအလုပ်လက်မဲ့ကျဆင်းသော်လည်း ရေရှည်အလုပ်လက်မဲ့ဖြစ်ခြင်း ပိုမိုများပြားလာနေသည်။

၂၀၂၀ ခုနှစ် ဧပြီလမှ သြဂုတ်အတွင်း ၁၄ ပတ်နှင့်အောက် အလုပ်လက်မဲ့ဖြစ်သော လူဦးရေသည် သိသိသာသာကျဆင်းကြောင်း ကိန်းဂဏန်းများက ပြသနေသည်။သို့သော် ၁၅ ပတ်နှင့်အထက် အလုပ်လက်မဲ့ဖြစ်သောသူဦးရေသည် ဧပြီလက ကိန်းဂဏန်းများထက် ၄.၆ ဆ တိုးလာပြီး လေးလအတွင်း ၁.၈ သန်းမှ ၈.၁ သန်းအထိ ဖြစ်လာသည်။

ဒုတိယအချက်မှာ အလုပ်အကိုင်ဆုံးရှုံးခြင်းသည် အမျိုးသားများထက် အမျိုးသမီးကို ပိုမိုထိခိုက်စေခြင်းဖြစ်သည်။ကိုဗစ်-၁၉ စီးပွားရေးကျဆင်းချိန်အတွင်း အသက် ၂၀ နှင့်အထက် အမျိုးသမီးများအတွက် အလုပ်လက်မဲ့နှုန်းသည် ၂၀၂၀ ဧပြီလတွင် ၁၅.၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးရောက်နေပြီး ထိုလက အမျိုးသားများ အလုပ်လက်မဲ့နှုန်း ၁၃.၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

အမျိုးသမီးများက ဦးဆောင်ရသည့် မိသားစုများအတွက် အခြေအနေမှာ ပိုမိုပင်ဆိုးရွားသေးသည်။မိသားစုကိုဦးဆောင်ရသော အမျိုးသမီးများ အလုပ်လက်မဲ့နှုန်းသည် သိသိသာသာတက်လာပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ၅.၄ ရာခိုင်နှုန်းရှိရာမှ ဧပြီလတွင် ၁၅.၉ ရာခိုင်နှုန်းသို့ တိုးလာပြီး ၁၀ နှစ်အတွင်း အမြင့်မားဆုံးဖြစ်လာသည်။
အကြမ်းအားဖြင့်ဆိုရပါက အလုပ်လုပ်လိုပြီး အလုပ်လုပ်နိုင်သော အမျိုးသမီး ၆ ဦးတိုင်းတွင် တစ်ဦးသည် အလုပ်အကိုင်ရှာမရဖြစ်နေသည်။

နောက်ဆုံးအချက်မှာ ကိုရိုနာဗိုင်းရပ်စ်သည် လူနည်းစုများအတွက် အလုပ်အကိုင်အလားအလာကို အချိုးအစားမမျှအောင် ထိခိုက်စေခြင်းဖြစ်သည်။လူဖြူအလုပ်လက်မဲ့နှုန်းသည် နိမ့်ကျပြီး အလျှင်အမြန်ကျဆင်းသည်။

သြဂုတ်လက လူမည်းများ၏ အလုပ်လက်မဲ့နှုန်းသည် ၁၃ ရာခိုင်နှုန်းရှိပြီး လူဖြူအလုပ်လက်မဲ့နှုန်းမှာ ၇.၃ ရာခိုင်နှုန်းသို့ ကျဆင်းသည်။

အလုံးစုံ အလုပ်လက်မဲ့နှုန်းကျဆင်းခြင်းသည် အပြုသဘောဆောင်သော်လည်း ပိုမိုနက်ရှိုင်းသောပြဿနာများကို ဖုံးကွယ်ထားပြီး မှားယွင်းသော မျှော်လင့်ချက်များကို ဖြစ်စေနိုင်သည်။အလုပ်အကိုင်ဈေးကွက် ပြန်လည်နာလန်ထရေးလမ်းကြောင်းသည် ရှည်လျှားနေနိုင်သည်။

Linko
Ref : CGTN
စက်တင်ဘာ - ၁၅

( Zawgyi )

ဧၿပီလက အေမရိကန္အလုပ္လက္မဲ့ႏႈန္းသည္ ၁၄.၇ ရာခိုင္ႏႈန္းအထိ သိသိသာသာတက္လာၿပီး ၁၉၃၀ ခုႏွစ္ ကမာၻ႔စီးပ်က္ကပ္ေနာက္ပိုင္းတြင္ အဆိုး႐ြားဆုံးသို႔ေရာက္သြားသည္။

လုပ္သားအင္အားစုအတြင္းရွိ အေမရိကန္ႏိုင္ငံသား ၇ ဦးလွ်င္ တစ္ဦးအလုပ္အကိုင္ဆုံးရႈံးရသည္။သို႔ေသာ္ အေမရိကန္ႏိုင္ငံသည္ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္ၿပီး အလုပ္လက္မဲ့ႏႈန္းသည္ ၈.၄ ရာခိုင္ႏႈန္းသို႔ က်ဆင္းလာေသာေၾကာင့္ ထရမ့္အစိုးရသည္ ၾသဂုတ္လတြင္ ေအာင္ပြဲခံခဲ့သည္။

ထိုသို႔က်ဆင္းမႈသည္ အလုပ္အကိုင္အေျခအေန အမွန္တကယ္တိုးတက္မႈကို ျပသပါသလား။ထိုကိန္းဂဏန္းမ်ားသည္ ရႈပ္ေထြးေနေသာ ႐ုပ္ပုံလႊာကိုျပသေနသည္။

အလုပ္အကိုင္တိုးတက္လာျခင္းမွာ ယာယီအလုပ္ထုတ္ျခင္း က်ဆင္းသြားေသာေၾကာင့္ျဖစ္သည္။ယာယီအလုပ္ျပဳတ္သူမ်ားသည္ ကာလတိုအလုပ္လက္မဲ့ျဖစ္မည္ဟု ေမွ်ာ္လင့္ၾကသည္။သို႔ေသာ္ ေရရွည္အလုပ္လက္မဲ့ထိခိုက္မႈမွာ လက္ေတြ႕တြင္တိုးေနခဲ့သည္။ထို႔အျပင္ အမ်ိဳးသမီးမ်ားႏွင့္ လူနည္းစုမ်ားသည္ အလုပ္အကိုင္ေဈးကြက္တြင္ ပိုမိုႀကီးမားသည့္ မေရရာမႈမ်ားႏွင့္ ရင္ဆိုင္ေနရႏိုင္သည္။အခ်က္အလက္မ်ားက ေျပာျပသည္ကို ၾကည့္ရမည္ျဖစ္သည္။

ပထမဆုံးအေနျဖင့္ အေမရိကန္အလုပ္သမား စာရင္းအင္းဗ်ဴ႐ိုမွ ေနာက္ဆုံးထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားအရ ဧၿပီလတြင္ အလုပ္မရွိသူအေရအတြက္ သိသိသာသာက်ဆင္းသြားသည့္တိုင္ ၾသဂုတ္လတြင္ ေရရွည္အလုပ္လက္မဲ့ျဖစ္ေသာ လူဦးေရသည္ ၆ ႏွစ္အတြင္း အျမင့္ဆုံးသို႔ေရာက္ေနသည္။တရားဝင္ထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားအရ ယာယီအလုပ္ထုတ္ခံရသူ အေရအတြက္သည္ ဧၿပီလတြင္ ၁၈,၀၆၃,၀၀၀ မွ ၾသဂုတ္လတြင္ ျမင့္မားေနဆဲျဖစ္သည့္ ၆,၁၆၀,၀၀၀ သို႔ က်ဆင္းသြားသည္။သို႔ေသာ္ အလုပ္လက္မဲ့ ၄,၁၄၇,၀၀၀ နီးပါးသည္ ယာယီအလုပ္လက္မဲ့မ်ားမဟုတ္ၾကပဲ ထိုအေရအတြက္သည္ ဧၿပီလေနာက္ပိုင္း ၁,၅၈၄,၀၀၀ တိုးလာျခင္းျဖစ္သည္။

႐ုပ္ပုံလႊာတစ္ခုလုံးကို ၿခဳံၾကည့္လွ်င္ တိုးတက္လာပုံရေသာ္လည္း ေနာက္ထပ္လူအမ်ားအျပားသည္ အၿမဲတမ္းအလုပ္လက္မဲ့ျခင္းကို ရင္ဆိုင္ရႏိုင္ေသာေၾကာင့္ အမွန္တကယ္ အလုပ္လက္မဲ့အေျခအေနသည္ ပိုမိုဆိုး႐ြားႏိုင္သည္။ထိုသို႔ေသာအေျခအေနကို တရားဝင္ထုတ္ျပန္သည့္ အျခားကိန္းဂဏန္းမ်ားကလည္း ေဖၚျပေနသည္။
ထိုကိန္းဂဏန္းမ်ားအရ ကာလတိုအလုပ္လက္မဲ့က်ဆင္းေသာ္လည္း ေရရွည္အလုပ္လက္မဲ့ျဖစ္ျခင္း ပိုမိုမ်ားျပားလာေနသည္။

၂၀၂၀ ခုႏွစ္ ဧၿပီလမွ ၾသဂုတ္အတြင္း ၁၄ ပတ္ႏွင့္ေအာက္ အလုပ္လက္မဲ့ျဖစ္ေသာ လူဦးေရသည္ သိသိသာသာက်ဆင္းေၾကာင္း ကိန္းဂဏန္းမ်ားက ျပသေနသည္။သို႔ေသာ္ ၁၅ ပတ္ႏွင့္အထက္ အလုပ္လက္မဲ့ျဖစ္ေသာသူဦးေရသည္ ဧၿပီလက ကိန္းဂဏန္းမ်ားထက္ ၄.၆ ဆ တိုးလာၿပီး ေလးလအတြင္း ၁.၈ သန္းမွ ၈.၁ သန္းအထိ ျဖစ္လာသည္။

ဒုတိယအခ်က္မွာ အလုပ္အကိုင္ဆုံးရႈံးျခင္းသည္ အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးကို ပိုမိုထိခိုက္ေစျခင္းျဖစ္သည္။ကိုဗစ္-၁၉ စီးပြားေရးက်ဆင္းခ်ိန္အတြင္း အသက္ ၂၀ ႏွင့္အထက္ အမ်ိဳးသမီးမ်ားအတြက္ အလုပ္လက္မဲ့ႏႈန္းသည္ ၂၀၂၀ ဧၿပီလတြင္ ၁၅.၅ ရာခိုင္ႏႈန္းျဖင့္ ထိပ္ဆုံးေရာက္ေနၿပီး ထိုလက အမ်ိဳးသားမ်ား အလုပ္လက္မဲ့ႏႈန္း ၁၃.၀ ရာခိုင္ႏႈန္းႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္သည္။

အမ်ိဳးသမီးမ်ားက ဦးေဆာင္ရသည့္ မိသားစုမ်ားအတြက္ အေျခအေနမွာ ပိုမိုပင္ဆိုး႐ြားေသးသည္။မိသားစုကိုဦးေဆာင္ရေသာ အမ်ိဳးသမီးမ်ား အလုပ္လက္မဲ့ႏႈန္းသည္ သိသိသာသာတက္လာၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလက ၅.၄ ရာခိုင္ႏႈန္းရွိရာမွ ဧၿပီလတြင္ ၁၅.၉ ရာခိုင္ႏႈန္းသို႔ တိုးလာၿပီး ၁၀ ႏွစ္အတြင္း အျမင့္မားဆုံးျဖစ္လာသည္။
အၾကမ္းအားျဖင့္ဆိုရပါက အလုပ္လုပ္လိုၿပီး အလုပ္လုပ္ႏိုင္ေသာ အမ်ိဳးသမီး ၆ ဦးတိုင္းတြင္ တစ္ဦးသည္ အလုပ္အကိုင္ရွာမရျဖစ္ေနသည္။

ေနာက္ဆုံးအခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္သည္ လူနည္းစုမ်ားအတြက္ အလုပ္အကိုင္အလားအလာကို အခ်ိဳးအစားမမွ်ေအာင္ ထိခိုက္ေစျခင္းျဖစ္သည္။လူျဖဴအလုပ္လက္မဲ့ႏႈန္းသည္ နိမ့္က်ၿပီး အလွ်င္အျမန္က်ဆင္းသည္။

ၾသဂုတ္လက လူမည္းမ်ား၏ အလုပ္လက္မဲ့ႏႈန္းသည္ ၁၃ ရာခိုင္ႏႈန္းရွိၿပီး လူျဖဴအလုပ္လက္မဲ့ႏႈန္းမွာ ၇.၃ ရာခိုင္ႏႈန္းသို႔ က်ဆင္းသည္။

အလုံးစုံ အလုပ္လက္မဲ့ႏႈန္းက်ဆင္းျခင္းသည္ အျပဳသေဘာေဆာင္ေသာ္လည္း ပိုမိုနက္ရႈိင္းေသာျပႆနာမ်ားကို ဖုံးကြယ္ထားၿပီး မွားယြင္းေသာ ေမွ်ာ္လင့္ခ်က္မ်ားကို ျဖစ္ေစႏိုင္သည္။အလုပ္အကိုင္ေဈးကြက္ ျပန္လည္နာလန္ထေရးလမ္းေၾကာင္းသည္ ရွည္လွ်ားေနႏိုင္သည္။

Linko
Ref : CGTN
စက္တင္ဘာ - ၁၅