【 နိုင်ငံတကာဆောင်းပါး 】 “အီရန်အရေးယူပိတ်ဆို့မှု ပြန်လည်ချမှတ်ရေးစီမံကိန်းက အမေရိကန်ကို အထီးကျန်စေနိုင်”

【 နိုင်ငံတကာဆောင်းပါး 】 “အီရန်အရေးယူပိတ်ဆို့မှု ပြန်လည်ချမှတ်ရေးစီမံကိန်းက အမေရိကန်ကို အထီးကျန်စေနိုင်”

စီစဉ်ထားသည့် အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လက်နက်ပိတ်ဆို့မှု ယခုအောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးခြင်းသည် အမေရိကန်အစိုးရ၏ ဆိုးရွားလှသော ကိုဗစ်-၁၉ ကူးစက်ရောဂါကိုင်တွယ်မှုကို အမေရိကန်ပြည်သူများ အာရုံမစိုက်နိုင်မှုနည်းအောင် အခြားသူများ၏ခြိမ်းခြောက်မှုဖြင့် စိတ်ပျံ့လွင့်စေရေးလုပ်ဆောင်ရန် အဆင်ပြေစေသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလိုက်သည်။

တီဟီရန်သည် လွန်ခဲ့သော ၂ နှစ်က ဝါရှင်တန်က နုတ်ထွက်ခဲ့သည့် နျူကလီးယားသဘောတူညီမှုကို ချိုးဖောက်သည်ဟူသည့် မှားယွင်းသောဆင်ခြေဖြင့် အီရန်ကို အရေးယူပိတ်ဆို့မှု ပြန်လည်ချမှတ်ရေးလုပ်ဆောင်ရာတွင် ကမ္ဘာ့နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ဦးဆောင်မှုကို ခံယူသင့်ကြောင်း အမေရိကန်ပြည်ထောင်စုက အပြင်းအထန်ပြောကြားနေသည်။

ထိုအချက်သည် အီရန်နိုင်ငံစီးပွားရေးကို ဖျက်ဆီးပစ်ရန် အမေရိကန်၏ ရည်ရွယ်ချက်မျှသာမကသော အကြောင်းရင်းများကြောင့် ပိုမိုကြီးထွားလာသော နယ်ချဲ့လက်သစ်ဝါဒဖြစ်သည်။၎င်းတို့နှစ်နိုင်ငံလုံး၏ မိတ်ဆွေနိုင်ငံကို ဤကဲ့သို့ တစိတ်တပိုင်းကျူးကျော်ရန်စခြင်းအား တရုတ်နှင့် ရုရှားတို့က ထောက်ခံမည်ဟုထင်လျှင် မှန်ကန်မှုမရှိသောကြောင့် အမေရိကန်နိုင်ငံသည် ထိုလုပ်ရပ်ကို တဖက်သတ်လုပ်ဆောင်ရမည်ဖြစ်သည်။အမေရိကန်သည် နိုင်ငံတကာဥပဒေကို ဗြောင်ကျကျချိုးဖေါက်သောကြောင့် ထိုလုပ်ရပ်သည် တရားမဝင်ရုံသာမက အင်အားကြီးနိုင်ငံအများအပြားဖြစ်နေသော ယနေ့ကမ္ဘာတွင် အခြားနိုင်ငံများအပေါ် သြဇာပေးနိုင်သည်ဟု မှားယွင်းစွာယုံကြည်နေသော ပျောက်ကွယ်တော့မည့် တစ်ခုတည်းသော အင်အားကြီးနိုင်ငံ၏ မောက်မာမှုနှင့်လည်း သက်ဆိုင်နေသည်။

အီရန်နိုင်ငံအပေါ် ယခင်က ၎င်း၏တဖက်သတ်လုပ်ဆောင်မှုများကို ချိုးဖေါက်သော မည်သည့်နိုင်ငံကိုမဆို ဒုတိယအဆင့်အရေးယူမှုများချမှတ်ရန် အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်သည်ဟူသည့် အချက်အပေါ် အခြေခံရပါက အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတဝှမ်းတွင် ပြန်လည်အရေးယူပိတ်ဆို့မှုများကို တပြိုင်နက်လုပ်ဆောင်ရန် ကြိုးစားမည်ဟု မျှော်လင့်ရသည်။အမေရိကန်ပြည်ထောင်စု၏ သြဇာအောက်တွင် အခိုင်အမာရှိနေသော နိုင်ငံများအနေဖြင့် ထိုတောင်းဆိုမှုများသည် တရားမဝင်သော်လည်း အမေရိကန်နိုင်ငံဖက်သို့ ယိမ်းနိုင်သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ထိုသို့ရည်ရွယ်ချက်မရှိဘဲ အမေရိကန်၏အစီအစဉ်ကို လုံခြုံရေးကောင်စီတွင် မည်မျှကျယ်လောင်စွာ ဆန့်ကျင်မည်ကို စဉ်းစားကြမည်ဖြစ်သည်။

အီရန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် လေ့လာသူဖြစ်သောကြောင့် ထိုအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံတို့အတွက် အရေးပါသည်။တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အရှေ့အလယ်ပိုင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် အီရန်နိုင်ငံ၏အရေးပါမှုကိုလည်း အသိအမှတ်ပြုကြသည်။အမေရိကန်နိုင်ငံနှင့်မတူဘဲ တရုတ်နှင့် ရုရှားနိုင်ငံများသည် အီရန်ကို ဒေသတွင်းတည်ငြိမ်ရေး ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်ဘဲ တလုံးတစည်းတည်းသော အစိတ်အပိုင်းအဖြစ်သာ သတ်မှတ်ကြသည်။အီရန်နိုင်ငံအပေါ် အရေးယူမှုများ တစ်ဖက်သတ်ပြန်လည်ချမှတ်ခြင်း ဒေသတွင်းတွင်မတည်ငြိမ်မှုပိုမိုဖြစ်စေပြီး အီရန်ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို ပိုမိုဆိုးရွားစေမည်ဟုလည်း ၎င်းတို့ယုံကြည်ကြသည်။

ထရမ့်၏စိတ်တွင် အီရန်၏ခြိမ်းခြောက်မှု အတုအယောင်ကို ချဲ့ကားခြင်းဖြင့် အမေရိကန်ပြည်သူများကို ကိုဗစ်-၁၉ လမ်းကြောင်းပြောင်းခြင်းမျှသာမကသော ပိုမိုသေနင်္ဂဗျူဟာကျသည့် ရည်မှန်းချက်များရှိနေသည်။ထရမ့် အာဏာရလာပြီးနောက် အမေရိကန်အစိုးရသည် အီရန်နိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ရေးကို တက်ကြွစွာလုပ်ဆောင်ပြီး အရေးယူပိတ်ဆို့မှု ဖိအားပေးခြင်းနှင့် ပြည်တွင်း ပြည်ပမှ အီရန်နိုင်ငံ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် မှားယွင်းသည့်စွပ်စွဲချက်များ စသည့် သမားရိုးကျမဟုတ်သော နည်းလမ်းများနှင့် ဆောင်ရွက်နေသည်။

အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းသည် အီရန်တွင် နောက်ထပ်အရောင်အသွေးတော်လှန်ရေးတစ်ခု ဖြစ်စေနိုင်သည်ဟု သူမျှော်လင့်နေသည်။နောက်ထပ်အာရုံစိုက်ရမည့် အချက်တစ်ချက်မှာ ထိုသို့ရန်လိုသော ခြိမ်းခြောက်မှုများပြုလုပ်ခြင်းဖြင့် ရရှိလာမည့် နိုင်ငံတကာသို့ပေးပို့သော သတင်းစကားဖြစ်သည်။

အမေရိကန်သည် ကမ္ဘာ့ရေးရာများတွင် ဦးဆောင်မှုရှိနေဆဲဖြစ်ပြီး အီရန်ကိုအထီးကျန်စေရန် ကမ္ဘာတဝှမ်းမှ အရေးယူပိတ်ဆို့မှုလိုလားသော နိုင်ငံများ၏ မဟာမိတ်ကို ဦးဆောင်နိုင်သည်ဟု ကျန်နိုင်ငံများ ယူဆစေလိုသည်။ထိုတောင်းဆိုမှုများကို မလိုက်နာသည့် နိုင်ငံများကိုလည်း အပစ်ပယ်ခံနိုင်ငံများဟု ပုံဖေါ်လိုသည်။ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘေဂျင်းနှင့် မော်စိကို ကို ဖိအားပေးရန် ရည်ရွယ်သည်။သို့သော် အမေရိကန်ပြည်ထောင်စု ထည့်သွင်းစဉ်းစားခြင်းမရှိသောအချက်မှာ မကြာသေးမီနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် မည်မျှအင်အားချိနဲ့ပြီး နှိုင်းယှဉ်ချက်အားဖြင့် သြဇာကျဆင်းလာသနည်းဟူသော အချက်ဖြစ်သည်။

Ref : Anti-Iranian sanctions snapback plan might isolate U.S. (CGTN)

( Zawgyi )

စီစဥ္ထားသည့္ အီရန္ႏိုင္ငံအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ လက္နက္ပိတ္ဆို႔မႈ ယခုေအာက္တိုဘာလတြင္ သက္တမ္းကုန္ဆုံးျခင္းသည္ အေမရိကန္အစိုးရ၏ ဆိုး႐ြားလွေသာ ကိုဗစ္-၁၉ ကူးစက္ေရာဂါကိုင္တြယ္မႈကို အေမရိကန္ျပည္သူမ်ား အာ႐ုံမစိုက္ႏိုင္မႈနည္းေအာင္ အျခားသူမ်ား၏ၿခိမ္းေျခာက္မႈျဖင့္ စိတ္ပ်ံ႕လြင့္ေစေရးလုပ္ေဆာင္ရန္ အဆင္ေျပေစသည့္ အခြင့္အလမ္းတစ္ခုကို ဖန္တီးေပးလိုက္သည္။

တီဟီရန္သည္ လြန္ခဲ့ေသာ ၂ ႏွစ္က ဝါရွင္တန္က ႏုတ္ထြက္ခဲ့သည့္ န်ဴကလီးယားသေဘာတူညီမႈကို ခ်ိဳးေဖာက္သည္ဟူသည့္ မွားယြင္းေသာဆင္ေျချဖင့္ အီရန္ကို အေရးယူပိတ္ဆို႔မႈ ျပန္လည္ခ်မွတ္ေရးလုပ္ေဆာင္ရာတြင္ ကမာၻ႔ႏိုင္ငံမ်ားသည္ အေမရိကန္ႏိုင္ငံ၏ဦးေဆာင္မႈကို ခံယူသင့္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက အျပင္းအထန္ေျပာၾကားေနသည္။

ထိုအခ်က္သည္ အီရန္ႏိုင္ငံစီးပြားေရးကို ဖ်က္ဆီးပစ္ရန္ အေမရိကန္၏ ရည္႐ြယ္ခ်က္မွ်သာမကေသာ အေၾကာင္းရင္းမ်ားေၾကာင့္ ပိုမိုႀကီးထြားလာေသာ နယ္ခ်ဲ႕လက္သစ္ဝါဒျဖစ္သည္။၎တို႔ႏွစ္ႏိုင္ငံလုံး၏ မိတ္ေဆြႏိုင္ငံကို ဤကဲ့သို႔ တစိတ္တပိုင္းက်ဴးေက်ာ္ရန္စျခင္းအား တ႐ုတ္ႏွင့္ ႐ုရွားတို႔က ေထာက္ခံမည္ဟုထင္လွ်င္ မွန္ကန္မႈမရွိေသာေၾကာင့္ အေမရိကန္ႏိုင္ငံသည္ ထိုလုပ္ရပ္ကို တဖက္သတ္လုပ္ေဆာင္ရမည္ျဖစ္သည္။အေမရိကန္သည္ ႏိုင္ငံတကာဥပေဒကို ေျဗာင္က်က်ခ်ိဳးေဖါက္ေသာေၾကာင့္ ထိုလုပ္ရပ္သည္ တရားမဝင္႐ုံသာမက အင္အားႀကီးႏိုင္ငံအမ်ားအျပားျဖစ္ေနေသာ ယေန႔ကမာၻတြင္ အျခားႏိုင္ငံမ်ားအေပၚ ၾသဇာေပးႏိုင္သည္ဟု မွားယြင္းစြာယုံၾကည္ေနေသာ ေပ်ာက္ကြယ္ေတာ့မည့္ တစ္ခုတည္းေသာ အင္အားႀကီးႏိုင္ငံ၏ ေမာက္မာမႈႏွင့္လည္း သက္ဆိုင္ေနသည္။

အီရန္ႏိုင္ငံအေပၚ ယခင္က ၎၏တဖက္သတ္လုပ္ေဆာင္မႈမ်ားကို ခ်ိဳးေဖါက္ေသာ မည္သည့္ႏိုင္ငံကိုမဆို ဒုတိယအဆင့္အေရးယူမႈမ်ားခ်မွတ္ရန္ အေမရိကန္ျပည္ေထာင္စုက ၿခိမ္းေျခာက္သည္ဟူသည့္ အခ်က္အေပၚ အေျခခံရပါက အေမရိကန္ျပည္ေထာင္စုသည္ ကမာၻတဝွမ္းတြင္ ျပန္လည္အေရးယူပိတ္ဆို႔မႈမ်ားကို တၿပိဳင္နက္လုပ္ေဆာင္ရန္ ႀကိဳးစားမည္ဟု ေမွ်ာ္လင့္ရသည္။အေမရိကန္ျပည္ေထာင္စု၏ ၾသဇာေအာက္တြင္ အခိုင္အမာရွိေနေသာ ႏိုင္ငံမ်ားအေနျဖင့္ ထိုေတာင္းဆိုမႈမ်ားသည္ တရားမဝင္ေသာ္လည္း အေမရိကန္ႏိုင္ငံဖက္သို႔ ယိမ္းႏိုင္ေသာ္လည္း တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ထိုသို႔ရည္႐ြယ္ခ်က္မရွိဘဲ အေမရိကန္၏အစီအစဥ္ကို လုံၿခဳံေရးေကာင္စီတြင္ မည္မွ်က်ယ္ေလာင္စြာ ဆန႔္က်င္မည္ကို စဥ္းစားၾကမည္ျဖစ္သည္။

အီရန္သည္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕တြင္ ေလ့လာသူျဖစ္ေသာေၾကာင့္ ထိုအဖြဲ႕ဝင္မ်ားျဖစ္ေသာ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔အတြက္ အေရးပါသည္။တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ အေရွ႕အလယ္ပိုင္း အၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရးတြင္ အီရန္ႏိုင္ငံ၏အေရးပါမႈကိုလည္း အသိအမွတ္ျပဳၾကသည္။အေမရိကန္ႏိုင္ငံႏွင့္မတူဘဲ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံမ်ားသည္ အီရန္ကို ေဒသတြင္းတည္ၿငိမ္ေရး ၿခိမ္းေျခာက္မႈအျဖစ္ မသတ္မွတ္ဘဲ တလုံးတစည္းတည္းေသာ အစိတ္အပိုင္းအျဖစ္သာ သတ္မွတ္ၾကသည္။အီရန္ႏိုင္ငံအေပၚ အေရးယူမႈမ်ား တစ္ဖက္သတ္ျပန္လည္ခ်မွတ္ျခင္း ေဒသတြင္းတြင္မတည္ၿငိမ္မႈပိုမိုျဖစ္ေစၿပီး အီရန္ျပည္သူမ်ား၏ လူေနမႈအဆင့္အတန္းကို ပိုမိုဆိုး႐ြားေစမည္ဟုလည္း ၎တို႔ယုံၾကည္ၾကသည္။

ထရမ့္၏စိတ္တြင္ အီရန္၏ၿခိမ္းေျခာက္မႈ အတုအေယာင္ကို ခ်ဲ႕ကားျခင္းျဖင့္ အေမရိကန္ျပည္သူမ်ားကို ကိုဗစ္-၁၉ လမ္းေၾကာင္းေျပာင္းျခင္းမွ်သာမကေသာ ပိုမိုေသနဂၤဗ်ဴဟာက်သည့္ ရည္မွန္းခ်က္မ်ားရွိေနသည္။ထရမ့္ အာဏာရလာၿပီးေနာက္ အေမရိကန္အစိုးရသည္ အီရန္ႏိုင္ငံတြင္ အစိုးရအေျပာင္းအလဲျဖစ္ေရးကို တက္ႂကြစြာလုပ္ေဆာင္ၿပီး အေရးယူပိတ္ဆို႔မႈ ဖိအားေပးျခင္းႏွင့္ ျပည္တြင္း ျပည္ပမွ အီရန္ႏိုင္ငံ၏ လုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္သည့္ မွားယြင္းသည့္စြပ္စြဲခ်က္မ်ား စသည့္ သမား႐ိုးက်မဟုတ္ေသာ နည္းလမ္းမ်ားႏွင့္ ေဆာင္႐ြက္ေနသည္။

အေရးယူပိတ္ဆို႔မႈမ်ားခ်မွတ္ျခင္းသည္ အီရန္တြင္ ေနာက္ထပ္အေရာင္အေသြးေတာ္လွန္ေရးတစ္ခု ျဖစ္ေစႏိုင္သည္ဟု သူေမွ်ာ္လင့္ေနသည္။ေနာက္ထပ္အာ႐ုံစိုက္ရမည့္ အခ်က္တစ္ခ်က္မွာ ထိုသို႔ရန္လိုေသာ ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ျခင္းျဖင့္ ရရွိလာမည့္ ႏိုင္ငံတကာသို႔ေပးပို႔ေသာ သတင္းစကားျဖစ္သည္။

အေမရိကန္သည္ ကမာၻ႔ေရးရာမ်ားတြင္ ဦးေဆာင္မႈရွိေနဆဲျဖစ္ၿပီး အီရန္ကိုအထီးက်န္ေစရန္ ကမာၻတဝွမ္းမွ အေရးယူပိတ္ဆို႔မႈလိုလားေသာ ႏိုင္ငံမ်ား၏ မဟာမိတ္ကို ဦးေဆာင္ႏိုင္သည္ဟု က်န္ႏိုင္ငံမ်ား ယူဆေစလိုသည္။ထိုေတာင္းဆိုမႈမ်ားကို မလိုက္နာသည့္ ႏိုင္ငံမ်ားကိုလည္း အပစ္ပယ္ခံႏိုင္ငံမ်ားဟု ပုံေဖၚလိုသည္။ထိုသို႔လုပ္ေဆာင္ျခင္းျဖင့္ ေဘဂ်င္းႏွင့္ ေမာ္စိကို ကို ဖိအားေပးရန္ ရည္႐ြယ္သည္။သို႔ေသာ္ အေမရိကန္ျပည္ေထာင္စု ထည့္သြင္းစဥ္းစားျခင္းမရွိေသာအခ်က္မွာ မၾကာေသးမီႏွစ္မ်ားအတြင္း အေမရိကန္ျပည္ေထာင္စုသည္ မည္မွ်အင္အားခ်ိနဲ႔ၿပီး ႏႈိင္းယွဥ္ခ်က္အားျဖင့္ ၾသဇာက်ဆင္းလာသနည္းဟူေသာ အခ်က္ျဖစ္သည္။

Ref : Anti-Iranian sanctions snapback plan might isolate U.S. (CGTN)