【 သတင်းဆောင်းပါး 】 “နေ့သစ်မရောက်သေးတဲ့ အလုပ်သမားတွေ”

【 သတင်းဆောင်းပါး 】 “နေ့သစ်မရောက်သေးတဲ့ အလုပ်သမားတွေ”

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရဆိုရင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။အဆိုပါစာရင်းအရ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ ၁၅ နှစ်ကနေ ၆၄ နှစ်အထိ ဦးရေက နိုင်ငံလူဦးရေနှင့် ၃၂ ဒသမ ၉၈ သန်းကျော်ရှိပြီး အလုပ်အကိုင်ရှိသူက ၂၁ ဒသမ ၈၇ သန်းကျော် ရှိတဲ့အတွက် ၁၁ ဒသမ ၁၁ သန်းက အလုပ်လက်မဲ့ဖြစ်နေတာကို တွေ့ရပါတယ်။ဒီပမာဏက နည်းတဲ့ပမာဏတော့ မဟုတ်ပါဘူး။

ပြည်တွင်းအလုပ်အကိုင်ရှိသူက ၂၁ ဒသမ ၈၇ သန်းကျော်မှာ အစိုးရဌာန အဖွဲ့အစည်းမှာ ၆ ဒသမ ၇ ရာခိုင်နှှုန်း ပုဂ္ဂလိကလုပ်ငန်းတွေမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း၊ အလုပ်ရှင်အနေနဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်သူတွေက ၃၅ ဒသမ ၂ ရာခိုင်နှုန်းနဲ့ မိသားစုလုပ်ငန်းမှာ လုပ်ကိုင်သူတွေက ၂၆ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အသီးသီးရှိနေခဲ့ပါတယ်။အများစုထင်နေကြတဲ့ စက်မှုဇုန်တွေမှာတောင် အလုပ်အကိုင်ဖန်တီးနိုင်မှုက စက်မှုဇုန် ၂၉ ခု ပေါင်းတာတောင် လုပ်သားအင်အား သုံးသိန်းကျော်သာ ပေးနိုင်တဲ့အနေအထားဘဲ ရှိပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် အလုပ်သမားအချို့ရဲ့ ဘဝထွက်ပေါက်က ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ရရေး ဖြစ်လာခဲ့ပါတယ်။သို့သော် အလုပ်သမားတွေအနေနဲ့ လစာပိုမိုကောင်းမွန်တဲ့ နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်လိုကြပေမယ့် ငွေကြေးအခက်အခဲနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်လို့ ပြန်လာတာတွေလည်း ရှိနေခဲ့ပါတယ်။ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄ မှာ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်မည်လို့ ပြဌာန်းထားသော်လည်း လက်ရှိအချိန်အထိ ကာကွယ်စောင့်ရှောက်နိုင်စွမ်း မရှိသေးပဲ မျက်ကွယ်ပြုခြင်းကို ခံရနေတယ်လို့လည်း အလုပ်သမားအရေးကို လိုက်ပါကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အပါအဝင် ခံစားခွင့်များကို၂၀၁၃ ခုနှစ်တွင် စတင်ပြဌာန်းခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့လည်း ၎င်းတို့က ဆိုပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာ၊ လုပ်ခလစာနည်းပါးမှုတို့ အပါအဝင် အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ အငြင်းပွားမှုတွေဟာ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်လာခဲ့ပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုနှင့် ပဋိပက္ခများ
ဒီလိုအငြင်းပွားမှု၊ ပဋိပက္ခပြဿနာတွေဟာ စက်ရုံ၊ အလုပ်ရုံများမှာရှိတဲ့ HR မန်နေဂျာများအနေနဲ့ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှှုရှိပါက အလုပ်သမား အရေးအခင်းများ ဖြစ်ပေါ်နိုင်စရာ အကြောင်းမရှိသလို မြန်မာနိုင်ငံတွင် လက်ရှိပြဌာန်းထားသော Labour Law ကလည်း အားနည်းချက်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး  ဦးမြင့်သောင်း က ဧပြီ ၂၄ ရက်က ပြုလုပ်တဲ့ ရန်ကုန်ရင်းနှီးမြှပ်နှံမှုဖိုရမ်  သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာရှိနေတဲ့ Labour Law က အားနည်းတယ်လို့မမြင်ဘူး။အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန  အလုပ်သမားနဲ့ ပတ်သက်တဲ့ ဌာနတွေကလည်း အကုန်လုံး အလုံအလောက်ရှိပြီးသားဖြစ်တယ်။အဲ့တော့ ကျနော်တို့က အချို့ကိစ္စတွေမှာ အလုပ်သမားကို အောက်ခြေကနေ စက်ရုံ၊ အလုပ်ရုံတွေမှာ မေးကြည့်ဘူးတယ်။ကျနော်တို့ရဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လာပြီးတော့ အလုပ်လုပ်တာက ဥပမာဆိုကျပါစို့ဗျာ အလုပ်လုပ်တာက အလုပ်သမားလူဦးရေက ၅၀၀ ကနေ ၁၀၀၀ အထိရှိတဲ့ စက်ရုံဆိုတော့ ကျနော်မေးကြည့်တယ်။စက်ရုံရဲ့ တာဝန်ရှိတဲ့သူ အဓိကတာဝန်ပေးထားတာက GM ကို တာဝန်ပေးတယ်။ဒါပေမယ့် အလုပ်သမားနဲ့ ဆက်ဆံရတာက HR မန်နေဂျာကို တာဝန်ပေးတယ်။HR  မန်နေဂျာတချို့က မြန်မာနိုင်ငံသား မန်နေဂျာတွေပါပဲ။ဒါပေမယ့် မြန်မာနိုင်ငံသား မန်နေဂျာတွေကို မေးကြည့်တဲ့အခါမှာ တချို့တော်တော်များများက အရည်အချင်း မပြည့်ဝကြဘူး။ အလုပ်ရှင်ဘက်ကိုပဲ လိုက်ကြမလား၊ အလုပ်သမားဘက်ကိုပဲ လိုက်ရမလားဆိုတာကို သူတို့ တိတိကျကျမသိကြဘူး။အမှန်ကတော့ သူတို့သည် အရေးကြီးတဲ့အပိုင်း HR မန်နေဂျာတွေဟာ အင်မတန်ပဲ ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။အဲေ့တာ့ အလုပ်ရှင်ဘက်ကလည်း ရနိုင်တဲ့ အခွင့်အရေးတွေကို အလုပ်ရှင်ဘက်ကို ပြောပြနိုင်ရသလို၊ အလုပ်သမားဘက်ကလည်း ရနိုင်တဲ့ အခွင့်အရေးကို အလုပ်သမားများဘက်ကလည်း ရနိုင်တဲ့ အခွင့်အရေးရှိရပါမယ်။ပြီးတော့ သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာန အစိုးရဌာနနဲ့လည်း ဆက်သွယ်နိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ကျွမ်းကျင်မှုပေါ်မှာ မူတည်ပြီးတော့မှ စောနက အလုပ်သမားများ သပိတ်မှောက်တာတို့ ဆန္ဒပြတာတို့ ဖြစ်ပေါ်မလာနိုင်ဘူး ထင်တယ်။” လို့ ဝန်ကြီး ဦးမြင့်သောင်း က ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ဝန်ကြီး ဦးမြင့်သောင်း က “ဆိုလိုချင်တာက ဒီ HR  မန်နေဂျာသည် အလုပ်သမားများနဲ့ တစ်တန်းတစားတည်း နေရမယ် သူကိုယ်တိုင်လည်း အလုပ်လုပ်ရမယ်။တစ်ခါတစ်လေကျတော့လည်း အလုပ်သမားများက ဘယ်လိုမြင်လဲဆိုတော့ HR မန်နေဂျာကို အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်ကြီးလို့ မြင်သွားတယ်။အဲ့မှာ HR မန်နေဂျာက အလုပ်သမားတွေကို ကိုင်တွယ်ဖို့ အခက်အခဲဖြစ်သွားတာပေါ့။ဥပမာ ကျနော်ပြောချင်တာက ဥပဒေကလည်း အပြည့်အစုံရှိပြီးသား၊ အလုပ်သမားဌာနကလည်း ရှိပြီးသား၊ အခုဆိုရင် အလုပ်သမားသမဂ္ဂတွေ ရှိတယ်ဆိုတော့ ဘာမှ အလုပ်သမား အရေးအခင်းတွေသည် ဖြစ်ပေါ်နိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုလိုပြဿနာတွေ ဖြစ်စဉ်တွေ နည်းပါးဖို့ဆိုပါက အလုပ်ရှင်တွေရဲ့ (Mindset) ကို ပြောင်းလဲဖို့ လိုတယ်လို့လည်း အလုပ်သမားအရေးတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးလှဌေး ကလည်း ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။

“အလုပ်ရှင်တွေရဲ့ (Mindset) ပေါ့လေ အလုပ်သမားနဲ့ အလုပ်သမားအခွင့်အရေးတွေ ဥပဒေမြှင့်တင်ရေးတွေကို အလုပ်ရှင်တွေဘက်က သူတို့ကို အာခံတယ်လို့ မြင်တာပေါ့။စက်ရုံတိုင်းမှာ အလုပ်သမားသမဂ္ဂတွေမရှိဘူး။သမဂ္ဂက တစ်ထောင်တောင် မပြည့်ဘူး စက်ရုံက သောင်းနဲ့ချီရှိတယ် အလုပ်သမားတွေက ခုံသမာဓိတက်ခွင့်မရှိတာ အားနည်းချက်ဘဲ၊ အဲ့ဒါက အလုပ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်စေတာပေါ့။အဲ့တော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာရှိတယ်။အလုပ်သမားသမဂ္ဂတွေ ပျက်ပြားတာတွေ အများကြီးဖြစ်နေတယ်။အလုပ်သမားတွေ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနိုင်ခွင့် အားနည်းတယ်။အခုနောက်ပိုင်း ယေဘုယျအားဖြင့် အမှုတွေက များလာတယ်။ဥပဒေအားနည်းချက်တွေနဲ့အတူ ကျနော်တို့က ခုံသမာဓိကို တက်လို့မရဘူး၊ တစ်ဦးချင်း အငြင်းပွားမှုတွေပေါ့၊ အဲ့ဒါတွေကလည်း တရားရုံးကိုလွှဲ၊ အလုပ်သမားတွေမှာကလည်း ပိုက်ဆံကမရှိ ဥပဒေတွေကိုလည်း နားမလည်တော့ တရားရုံးတက်  ဖြေရှင်းဖို့ အခက်အခဲရှိတွေရှိတယ်လေ။ဒီတော့ အလုပ်သမားတွေဘဲ နစ်နာရတယ်။အလုပ်ရှင်က အငြင်းပွားမှုဖြစ်ပြီဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ ဒဏ်ငွေပဲ ဆောင်လိုက်တယ်။အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ပြန်မခန့်တော့ဘူး။အခုနောက်ပိုင်း အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေဟာ ပိုများလာတယ်လို့ ပြောရင်ရပါတယ်။” လို့ တရားလွှတ်တော်ရှေ့နေ ဦးလှဌေး က ပြောပါတယ်။

ထု့ိအတူ အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှ မလှလှ ကလည်း “အခုနောက်ပိုင်း သမဂ္ဂဖွဲ့ဖို့ နည်းနည်းကျဲလာတယ်။နောက်တစ်ခုကလည်း သမဂ္ဂဖွဲ့ပြီးရင် အလုပ်ရှင်က ဖွဲ့တယ်လို့အသံကြားတာနဲ့ အဖွဲ့လိုက်ကို အလုပ်ထုတ်ခဲ့တာတွေရှိတယ်။
ဖိအားပေးတာတွေရှိတယ်။အလုပ်သမားသမဂ္ဂတွေကို မသမာသောနည်းနဲ့ ဖြိုကွဲတယ်။ညီမတို့ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးခံစားခွင့်တွေကို ဥပဒေနဲ့အညီ မပေးတဲ့ အလုပ်ရှင်ကို အရေးယူစေလိုတယ်။ပြောရရင် အလုပ်သမားတွေမှာ လူမှုရေး နစ်နာဆုံးရှုံးမှုတွေက အများကြီးပဲ။အပေါ်ယံဘဲ ကြည့်လို့မရပါဘူး အများကြီးပါ ထဲထဲဝင်ဝင်ကြည့်မှဘဲ ရပါမယ်” လို့ ပြောကြားခဲ့ပါသေးတယ်။

အခြေခံ လုပ်ခလစာ နည်းပါးမှုနှင့် တစ်နေ့တစ်ခြား ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အခြေခံ လခစား အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးပိုင်းတွေကို ခြိုးခြံချွေတာပြီး အဆင်ပြေသလိုပဲ တစ်လတာကို ကျော်ဖြတ်နေရသလို တစ်ဖက်မှာလည်း အခြေခံ လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ဆိုတာကလည်း တစ်ယာက်တည်းလုပ်လို့ရတဲ့ ကိစ္စမဟုတ်သလို သေသေချာချာ လေ့လာမှုတွေနဲ့ အချိန်ယူစိစစ်ပြီး လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်တယ်လို့လည်း အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်သူအများစုကတော့ အနိမ့်ဆုံးလုပ်ခ တစ်ရက် (၄၈၀၀) ကျပ်သာ ရရှိတဲ့ လက်လုပ်လက်စားတွေ၊ တစ်လ တစ်သိန်းလေးသောင်းကျပ်ခန့်သာ ရရှိတဲ့ အနိမ့်ဆုံးဝန်ထမ်းတွေ၊ မြေသိမ်းခံခဲ့ရမှုတွေ၊ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးရင်ဆိုင်ရမှု၊ သီးနှံဈေးကွက်က အာမခံချက်မရှိမှု စတဲ့ အခြေအနေတွေကနေ မူးစုပဲစုသာသာ ဝင်ငွေရရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေက များတဲ့အတွက် မတည်ငြိမ်တဲ့ ကုန်ဈေးနှုန်းက အခြေခံပြည်သူတွေကို လူနေမှုဘဝ တိုးတက်မှုမရအောင် ဖိနှိပ်ထားသလိုဖြစ်နေတယ် ဆိုတာကလည်း ငြင်းမရတဲ့အချက်ပါ။

“အလုပ်သမားတွေ တောင်းဆိုတာက ၅၆၀၀ ပေါ့လေ ဒါကိုအခု ၄၈၀၀ ကိုဘဲ သဘောတူ သတ်မှတ်ပေးထားတယ်။တစ်နေ့ ၄၈၀၀ ဆိုတာ တကယ်တမ်းကျတော့ ၃ ဒေါ်လာကျော်ကျော်လောက်ဘဲ ရှိတယ်။အဲလိုအခြေအနေမှာ မြန်မာငွေကြေးကလည်း ဖောင်းပွသွားတော့ အခုက တစ်ဒေါ်လာကို တစ်ထောင့်ငါးရာ ပတ်ဝန်းကျင် ရောက်နေတယ်။ကုန်ဈေးနှုန်းတွေကလည်း တက်တဲ့အခါကျတော့ စားဝတ်နေရေး အဆင်မပြေကြဘူး။စက်ရုံတွေမှာလည်း အလုပ်သမား အခွင့်အရေးက မရှိဘူး။အဲ့ဒါတွေက အကြပ်အတည်းတစ်ခုကို ရှေ့ရှုနေတယ် အခြေခံလူတန်းစားတွေ ဒုက္ခဖြစ်နေတယ်။ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနဲ့ဆို မစားလောက်ပါဘူး။ကျနော်တို့က ဒါကို မီးမောင်းထိုးပြတာပါ။ပြောရရင် အလုပ်ရှင်တွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေကိုသာ ကာကွယ်ချင်တော့ အလုပ်သမား အခွင့်အရေးတွေက နစ်နာဆုံးရှုံးနေရပါတယ်။ဥပမာ - အထောက်အထားတွေလည်းရှိတယ်  နိုင်ငံရေးအရလည်း အားနည်းတယ်၊ ဥပဒေမှာ အကာအကွယ်မရှိဘူး။ဘင်္ဂလားဒေ့ရှ်ထက် ဒီမှာက လုပ်ခလစာက နည်းတဲ့အတွက် ရွှေ့ပြောင်းလုပ်သားက ပြည်ပထွက်တာတင် ၅ သန်းနီးပါးလောက် ဖြစ်နေတယ်။အဲ့ဒါကိုတင်ပြတယ်။ဒါပေမယ့် လုပ်ခလစာကနည်းတော့ ပြည်ပထွက်ရတယ်။ပြည်တွင်းမှာ လုပ်ခက မလုံလောက်ဘူး။ လုပ်ခရဲ့ တစ်ဝက်က နေထိုင်စရိတ်နဲ့တင် ကုန်နေတယ်။အဲ့ဒါကြောင့် အလုပ်သမားက ဘာမှကိုအဆင်မပြေတာ အဲ့တာကို ကျနော်တို့က မီးမောင်းထိုးပြနေတယ်။တည်ဆဲအစိုးရကလည်း အလုပ်သမားနဲ့ လယ်သမားရေး ကိစ္စကို စိတ်မဝင်စားဘူး အဲ့ဒါကြောင့်   အစိုးရပိုင်းက ဒီအပေါ်မှာ စိတ်ဝင်စားမှု အားနည်းတယ်လို့ ပြောရင်ရပါတယ်။” လို့ တရားလွှတ်တော်ရှေ့နေ ဦးလှဌေး က ပြောပါတယ်။

ထို့အတူ အခြေခံအလုပ်သမားသမဂ္ဂမှ မလှလှ ကလည်း  “လုပ်စာလခက သုံးဒေါ်လာပဲရှိတယ်။ကုန်ဈေးနှုန်းကလည်း ကြီးမြင့်လာတယ် ကျမတို့ အမြဲပြောတယ်။အခုက ၄၈၀၀ သတ်မှတ်ပြီး ပေးထားတယ် ဘယ်လိုမှမလောက်ငှဘူး ၅၆၀၀ ဆိုတာ အလုပ်သမား တစ်ဦးချင်းစီရဲ့ အနည်းဆုံး ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။တွက်ချက်ပြီး တောင်းထားတာပါ။ဒါဟာ သူတို့ရဲ့မိသားစုဆိုတာ မပါသေးပါဘူး။” လို့ အခြေခံ လုပ်ခလစာ နည်းပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ၎င်းရဲ့ အမြင်ကိုပြောပြခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း အလုပ်သမားတွေအနေနဲ့ အမြဲတမ်း အလုပ်သမား အခွင့်အရေးချည်း ပြောနေကြပေမယ့် အလုပ်သမားတွေဖက်ကလည်း လုပ်သားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုတယ်လို့လည်း အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းမှ Partnership Manager ဒေါ်ကြွယ်ဖြိုးဖြိုးအေး က သုံးသပ်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

“အမြဲတမ်း အလုပ်သမား အခွင့်အရေးချည်း ပြောကြတယ်။အလုပ်သမားတွေဖက်ကလည်း လုပ်သားကောင်းတစ်ယောက်ဖြစ်အောင်၊ လုပ်ငန်းရှင်ပေါ်မှာ ဘာတွေဘယ်လိုလုပ်ပေးရမလဲ ဆိုတဲ့အချက်တွေ သိဖို့လိုအပ်တယ်။တစ်ချို့တွေဆို ခေါ်လို့သာ လိုက်သွားတယ်။ဘာအတွက်ကြောင့် ဆန္ဒပြနေတယ်ဆိုတာတောင် မသိဘူး။” လို့ ဒေါ်ကြွယ်ဖြိုးဖြိုးအေး က ပြောကြားခဲ့တာပါ။အဖြေက ဘာဖြစ်မလဲ။

ဒါကြောင့် ဝင်ငွေနိမ့်ကျခြင်း ဝင်ငွေမတိုးခြင်းများ ကြုံတွေ့နေကြတဲ့အပြင် ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ခံနေကြရတာက မြန်မာနိုင်ငံရဲ့ လူဦးရေအများစုပါ။မိသားစုတစ်ခုမှာ ပုံမှန်ဝင်ငွေထက် နိမ့်ကျနေချိန်မှာ ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေတော့ ဝင်ငွေနဲ့ ထွက်ငွေဟာ ဘယ်လိုမှ မမျှတပါဘူး။ရတဲ့ဝင်ငွေနဲ့ အိမ်ရှင်မတွေ အိမ်ထောင်ဦးစီးတွေက စီမံပြီး ချွေတာသုံးစွဲနေရလို့ ကျန်းမာရေး ထိခိုက်လာမှုတွေ၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကို ဦးစားမပေးနိုင်ခဲ့ရင် နောက်ဆက်တွဲဖြစ်လာမယ့် ဆင်းရဲမွဲတေမှုနဲ့ ရာဇဝတ်မှုပေါများလာမှုတွေ အိမ်ရာမဲ့မှုတွေ ဖြစ်ပေါ်လာနိုင်တာမို့ ကုန်ဈေးနှုန်းနဲ့ လူတစ်ဦးဝင်ငွေကို ဖြစ်သင့်တာထက် နည်းပါးနေတာကို မထိန်းချုပ်နိုင်ခဲ့ရင် အုပ်ချုပ်ရေးအတွက် အဓိကစိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့်မို့လည်း အခြေခံ လုပ်ခလစာ နည်းပါးမှု အရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအပေါ် အရပ်သားအစိုးရသစ်အနေဖြင့် ကျန်ရှိသည့် သက်တမ်းအတွင်းမှာ မည်ကဲ့သို့ထိန်းချုပ်သွားမယ်ဆိုတဲ့ အပိုင်းက စိတ်ဝင်စားဖို့ ကောင်းနေသလို အစိုးရရဲ့ကုန်ဈေးနှုန်းက တောင်သူလယ်သမားတွေနဲ့ အခြေခံအလုပ်သမားတွေအပေါ် မည်ကဲ့သို့ ဘယ်အထိဘယ်ပုံ အကျိုးသက်ရောက်မှုရှိမယ် ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။

ပြေသိမ်း
မေ - ၁

( Zawgyi )

၂၀၁၄ ခုႏွစ္၊ သန္းေခါင္စာရင္းအရဆိုရင္ ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအရ ဆင္းရဲႏြမ္းပါးမႈ ၈၄ ရာခိုင္ႏႈန္း ရွိေနတယ္လို႔ ဆိုပါတယ္။အဆိုပါစာရင္းအရ ျမန္မာႏိုင္ငံမွာ အလုပ္လုပ္ႏိုင္တဲ့ ၁၅ ႏွစ္ကေန ၆၄ ႏွစ္အထိ ဦးေရက ႏိုင္ငံလူဦးေရႏွင့္ ၃၂ ဒသမ ၉၈ သန္းေက်ာ္ရွိၿပီး အလုပ္အကိုင္ရွိသူက ၂၁ ဒသမ ၈၇ သန္းေက်ာ္ ရွိတဲ့အတြက္ ၁၁ ဒသမ ၁၁ သန္းက အလုပ္လက္မဲ့ျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီပမာဏက နည္းတဲ့ပမာဏေတာ့ မဟုတ္ပါဘူး။

ျပည္တြင္းအလုပ္အကိုင္ရွိသူက ၂၁ ဒသမ ၈၇ သန္းေက်ာ္မွာ အစိုးရဌာန အဖြဲ႕အစည္းမွာ ၆ ဒသမ ၇ ရာခိုင္ႏွႈန္း ပုဂၢလိကလုပ္ငန္းေတြမွာ ၂၈ ဒသမ ၈ ရာခိုင္ႏႈန္း၊ အလုပ္ရွင္အေနနဲ႔ ၃ ဒသမ ၁ ရာခိုင္ႏႈန္း၊ ကိုယ္ပိုင္လုပ္ငန္း လုပ္သူေတြက ၃၅ ဒသမ ၂ ရာခိုင္ႏႈန္းနဲ႔ မိသားစုလုပ္ငန္းမွာ လုပ္ကိုင္သူေတြက ၂၆ ဒသမ ၁ ရာခိုင္ႏႈန္းနဲ႔ အသီးသီးရွိေနခဲ့ပါတယ္။အမ်ားစုထင္ေနၾကတဲ့ စက္မႈဇုန္ေတြမွာေတာင္ အလုပ္အကိုင္ဖန္တီးႏိုင္မႈက စက္မႈဇုန္ ၂၉ ခု ေပါင္းတာေတာင္ လုပ္သားအင္အား သုံးသိန္းေက်ာ္သာ ေပးႏိုင္တဲ့အေနအထားဘဲ ရွိပါတယ္။

တစ္ဖက္မွာလည္း ျပည္တြင္းမွာ အလုပ္အကိုင္ရွားပါးမႈ၊ ဝင္ေငြနည္းပါးမႈ၊ ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားေၾကာင့္ အလုပ္သမားအခ်ိဳ႕ရဲ႕ ဘဝထြက္ေပါက္က ျပည္ပထြက္ၿပီး အလုပ္လုပ္ခြင့္ရေရး ျဖစ္လာခဲ့ပါတယ္။သို႔ေသာ္ အလုပ္သမားေတြအေနနဲ႔ လစာပိုမိုေကာင္းမြန္တဲ့ ႏိုင္ငံျခားမွာ သြားေရာက္လုပ္ကိုင္လိုၾကေပမယ့္ ေငြေၾကးအခက္အခဲနဲ႔ အသက္အႏၲရာယ္အတြက္ စိုးရိမ္ထိတ္လန႔္လို႔ ျပန္လာတာေတြလည္း ရွိေနခဲ့ပါတယ္။ဒါ့အျပင္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၂၄ မွာ ႏိုင္ငံေတာ္သည္ အလုပ္သမားမ်ား၏ အခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ရန္ လိုအပ္သည့္ ဥပေဒမ်ား ျပဌာန္းေဆာင္႐ြက္မည္လို႔ ျပဌာန္းထားေသာ္လည္း လက္ရွိအခ်ိန္အထိ ကာကြယ္ေစာင့္ေရွာက္ႏိုင္စြမ္း မရွိေသးပဲ မ်က္ကြယ္ျပဳျခင္းကို ခံရေနတယ္လို႔လည္း အလုပ္သမားအေရးကို လိုက္ပါကူညီ ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ အလုပ္သမားမ်ားအတြက္ လူမႈဖူလုံေရး အိမ္ရာစီမံကိန္း အပါအဝင္ ခံစားခြင့္မ်ားကို၂၀၁၃ ခုႏွစ္တြင္ စတင္ျပဌာန္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိဘူးလို႔လည္း ၎တို႔က ဆိုပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ အလုပ္အကိုင္ရွားပါးမႈ ျပႆနာ၊ လုပ္ခလစာနည္းပါးမႈတို႔ အပါအဝင္ အလုပ္ရွင္၊ အလုပ္သမား ပဋိပကၡ အျငင္းပြားမႈေတြဟာ ေျဖရွင္းရခက္တဲ့ ပုစာၦတစ္ပုဒ္လို ျဖစ္လာခဲ့ပါတယ္။

အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈႏွင့္ ပဋိပကၡမ်ား
ဒီလိုအျငင္းပြားမႈ၊ ပဋိပကၡျပႆနာေတြဟာ စက္႐ုံ၊ အလုပ္႐ုံမ်ားမွာရွိတဲ့ HR မန္ေနဂ်ာမ်ားအေနနဲ႔ အရည္အခ်င္းျပည့္ဝၿပီး ကြၽမ္းက်င္မွႈရွိပါက အလုပ္သမား အေရးအခင္းမ်ား ျဖစ္ေပၚႏိုင္စရာ အေၾကာင္းမရွိသလို ျမန္မာႏိုင္ငံတြင္ လက္ရွိျပဌာန္းထားေသာ Labour Law ကလည္း အားနည္းခ်က္မရွိဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ စီမံ/ဘ႑ာဝန္ႀကီး  ဦးျမင့္ေသာင္း က ဧၿပီ ၂၄ ရက္က ျပဳလုပ္တဲ့ ရန္ကုန္ရင္းႏွီးျမႇပ္ႏွံမႈဖိုရမ္  သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာရွိေနတဲ့ Labour Law က အားနည္းတယ္လို႔မျမင္ဘူး။အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန၊ အလုပ္႐ုံႏွင့္ အလုပ္သမားစစ္ေဆးေရးဦးစီးဌာန  အလုပ္သမားနဲ႔ ပတ္သက္တဲ့ ဌာနေတြကလည္း အကုန္လုံး အလုံအေလာက္ရွိၿပီးသားျဖစ္တယ္။အဲ့ေတာ့ က်ေနာ္တို႔က အခ်ိဳ႕ကိစၥေတြမွာ အလုပ္သမားကို ေအာက္ေျခကေန စက္႐ုံ၊ အလုပ္႐ုံေတြမွာ ေမးၾကည့္ဘူးတယ္။က်ေနာ္တို႔ရဲ႕ ရန္ကုန္တိုင္းေဒသႀကီးမွာ လာၿပီးေတာ့ အလုပ္လုပ္တာက ဥပမာဆိုက်ပါစို႔ဗ်ာ အလုပ္လုပ္တာက အလုပ္သမားလူဦးေရက ၅၀၀ ကေန ၁၀၀၀ အထိရွိတဲ့ စက္႐ုံဆိုေတာ့ က်ေနာ္ေမးၾကည့္တယ္။စက္႐ုံရဲ႕ တာဝန္ရွိတဲ့သူ အဓိကတာဝန္ေပးထားတာက GM ကို တာဝန္ေပးတယ္။ဒါေပမယ့္ အလုပ္သမားနဲ႔ ဆက္ဆံရတာက HR မန္ေနဂ်ာကို တာဝန္ေပးတယ္။HR  မန္ေနဂ်ာတခ်ိဳ႕က ျမန္မာႏိုင္ငံသား မန္ေနဂ်ာေတြပါပဲ။ဒါေပမယ့္ ျမန္မာႏိုင္ငံသား မန္ေနဂ်ာေတြကို ေမးၾကည့္တဲ့အခါမွာ တခ်ိဳ႕ေတာ္ေတာ္မ်ားမ်ားက အရည္အခ်င္း မျပည့္ဝၾကဘူး။ အလုပ္ရွင္ဘက္ကိုပဲ လိုက္ၾကမလား၊ အလုပ္သမားဘက္ကိုပဲ လိုက္ရမလားဆိုတာကို သူတို႔ တိတိက်က်မသိၾကဘူး။အမွန္ကေတာ့ သူတို႔သည္ အေရးႀကီးတဲ့အပိုင္း HR မန္ေနဂ်ာေတြဟာ အင္မတန္ပဲ ကြၽမ္းက်င္ဖို႔လိုအပ္ပါတယ္။အဲေ့တာ့ အလုပ္ရွင္ဘက္ကလည္း ရႏိုင္တဲ့ အခြင့္အေရးေတြကို အလုပ္ရွင္ဘက္ကို ေျပာျပႏိုင္ရသလို၊ အလုပ္သမားဘက္ကလည္း ရႏိုင္တဲ့ အခြင့္အေရးကို အလုပ္သမားမ်ားဘက္ကလည္း ရႏိုင္တဲ့ အခြင့္အေရးရွိရပါမယ္။ၿပီးေတာ့ သက္ဆိုင္ရာ အလုပ္သမားဦးစီးဌာန အစိုးရဌာနနဲ႔လည္း ဆက္သြယ္ႏိုင္ရမယ္ဆိုတဲ့ သူ႔ရဲ႕ကြၽမ္းက်င္မႈေပၚမွာ မူတည္ၿပီးေတာ့မွ ေစာနက အလုပ္သမားမ်ား သပိတ္ေမွာက္တာတို႔ ဆႏၵျပတာတို႔ ျဖစ္ေပၚမလာႏိုင္ဘူး ထင္တယ္။” လို႔ ဝန္ႀကီး ဦးျမင့္ေသာင္း က ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ဝန္ႀကီး ဦးျမင့္ေသာင္း က “ဆိုလိုခ်င္တာက ဒီ HR  မန္ေနဂ်ာသည္ အလုပ္သမားမ်ားနဲ႔ တစ္တန္းတစားတည္း ေနရမယ္ သူကိုယ္တိုင္လည္း အလုပ္လုပ္ရမယ္။တစ္ခါတစ္ေလက်ေတာ့လည္း အလုပ္သမားမ်ားက ဘယ္လိုျမင္လဲဆိုေတာ့ HR မန္ေနဂ်ာကို အလုပ္ရွင္ရဲ႕ ကိုယ္စားလွယ္ႀကီးလို႔ ျမင္သြားတယ္။အဲ့မွာ HR မန္ေနဂ်ာက အလုပ္သမားေတြကို ကိုင္တြယ္ဖို႔ အခက္အခဲျဖစ္သြားတာေပါ့။ဥပမာ က်ေနာ္ေျပာခ်င္တာက ဥပေဒကလည္း အျပည့္အစုံရွိၿပီးသား၊ အလုပ္သမားဌာနကလည္း ရွိၿပီးသား၊ အခုဆိုရင္ အလုပ္သမားသမဂၢေတြ ရွိတယ္ဆိုေတာ့ ဘာမွ အလုပ္သမား အေရးအခင္းေတြသည္ ျဖစ္ေပၚႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ ျမင္ပါတယ္။” လို႔ သုံးသပ္ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ယခုလိုျပႆနာေတြ ျဖစ္စဥ္ေတြ နည္းပါးဖို႔ဆိုပါက အလုပ္ရွင္ေတြရဲ႕ (Mindset) ကို ေျပာင္းလဲဖို႔ လိုတယ္လို႔လည္း အလုပ္သမားအေရးေတြကို လိုက္ပါကူညီ ေဆာင္႐ြက္ေပးေနသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးလွေဌး ကလည္း ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါေသးတယ္။

“အလုပ္ရွင္ေတြရဲ႕ (Mindset) ေပါ့ေလ အလုပ္သမားနဲ႔ အလုပ္သမားအခြင့္အေရးေတြ ဥပေဒျမႇင့္တင္ေရးေတြကို အလုပ္ရွင္ေတြဘက္က သူတို႔ကို အာခံတယ္လို႔ ျမင္တာေပါ့။စက္႐ုံတိုင္းမွာ အလုပ္သမားသမဂၢေတြမရွိဘူး။သမဂၢက တစ္ေထာင္ေတာင္ မျပည့္ဘူး စက္႐ုံက ေသာင္းနဲ႔ခ်ီရွိတယ္ အလုပ္သမားေတြက ခုံသမာဓိတက္ခြင့္မရွိတာ အားနည္းခ်က္ဘဲ၊ အဲ့ဒါက အလုပ္သမားေတြ အလုပ္လက္မဲ့ေတြ ျဖစ္ေစတာေပါ့။အဲ့ေတာ့ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္တာရွိတယ္။အလုပ္သမားသမဂၢေတြ ပ်က္ျပားတာေတြ အမ်ားႀကီးျဖစ္ေနတယ္။အလုပ္သမားေတြ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ခြင့္ အားနည္းတယ္။အခုေနာက္ပိုင္း ေယဘုယ်အားျဖင့္ အမႈေတြက မ်ားလာတယ္။ဥပေဒအားနည္းခ်က္ေတြနဲ႔အတူ က်ေနာ္တို႔က ခုံသမာဓိကို တက္လို႔မရဘူး၊ တစ္ဦးခ်င္း အျငင္းပြားမႈေတြေပါ့၊ အဲ့ဒါေတြကလည္း တရား႐ုံးကိုလႊဲ၊ အလုပ္သမားေတြမွာကလည္း ပိုက္ဆံကမရွိ ဥပေဒေတြကိုလည္း နားမလည္ေတာ့ တရား႐ုံးတက္  ေျဖရွင္းဖို႔ အခက္အခဲရွိေတြရွိတယ္ေလ။ဒီေတာ့ အလုပ္သမားေတြဘဲ နစ္နာရတယ္။အလုပ္ရွင္က အျငင္းပြားမႈျဖစ္ၿပီဆိုရင္ သက္ဆိုင္ရာ တရား႐ုံးမွာ ဒဏ္ေငြပဲ ေဆာင္လိုက္တယ္။အလုပ္သမားသမဂၢ အဖြဲ႕ဝင္ေတြကို အလုပ္ျပန္မခန႔္ေတာ့ဘူး။အခုေနာက္ပိုင္း အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈေတြဟာ ပိုမ်ားလာတယ္လို႔ ေျပာရင္ရပါတယ္။” လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးလွေဌး က ေျပာပါတယ္။

ထု႔ိအတူ အေျခခံအလုပ္သမားသမဂၢအဖြဲ႕မွ မလွလွ ကလည္း “အခုေနာက္ပိုင္း သမဂၢဖြဲ႕ဖို႔ နည္းနည္းက်ဲလာတယ္။ေနာက္တစ္ခုကလည္း သမဂၢဖြဲ႕ၿပီးရင္ အလုပ္ရွင္က ဖြဲ႕တယ္လို႔အသံၾကားတာနဲ႔ အဖြဲ႕လိုက္ကို အလုပ္ထုတ္ခဲ့တာေတြရွိတယ္။
ဖိအားေပးတာေတြရွိတယ္။အလုပ္သမားသမဂၢေတြကို မသမာေသာနည္းနဲ႔ ၿဖိဳကြဲတယ္။ညီမတို႔ကေတာ့ အလုပ္သမားေတြရဲ႕ အခြင့္အေရးခံစားခြင့္ေတြကို ဥပေဒနဲ႔အညီ မေပးတဲ့ အလုပ္ရွင္ကို အေရးယူေစလိုတယ္။ေျပာရရင္ အလုပ္သမားေတြမွာ လူမႈေရး နစ္နာဆုံးရႈံးမႈေတြက အမ်ားႀကီးပဲ။အေပၚယံဘဲ ၾကည့္လို႔မရပါဘူး အမ်ားႀကီးပါ ထဲထဲဝင္ဝင္ၾကည့္မွဘဲ ရပါမယ္” လို႔ ေျပာၾကားခဲ့ပါေသးတယ္။

အေျခခံ လုပ္ခလစာ နည္းပါးမႈႏွင့္ တစ္ေန႔တစ္ျခား ႀကီးျမင့္လာတဲ့ ကုန္ေဈးႏႈန္းေတြေၾကာင့္ အေျခခံ လခစား အလုပ္သမားေတြအေနနဲ႔ စားဝတ္ေနေရးပိုင္းေတြကို ၿခိဳးၿခံေခြၽတာၿပီး အဆင္ေျပသလိုပဲ တစ္လတာကို ေက်ာ္ျဖတ္ေနရသလို တစ္ဖက္မွာလည္း အေျခခံ လုပ္ခလစာေတြ တိုးျမႇင့္ေပးဖို႔ဆိုတာကလည္း တစ္ယာက္တည္းလုပ္လို႔ရတဲ့ ကိစၥမဟုတ္သလို ေသေသခ်ာခ်ာ ေလ့လာမႈေတြနဲ႔ အခ်ိန္ယူစိစစ္ၿပီး လုပ္ေဆာင္ရမယ့္ ကိစၥမ်ိဳး ျဖစ္တယ္လို႔လည္း အလုပ္သမားအေရး ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ျပည္သူအမ်ားစုကေတာ့ အနိမ့္ဆုံးလုပ္ခ တစ္ရက္ (၄၈၀၀) က်ပ္သာ ရရွိတဲ့ လက္လုပ္လက္စားေတြ၊ တစ္လ တစ္သိန္းေလးေသာင္းက်ပ္ခန႔္သာ ရရွိတဲ့ အနိမ့္ဆုံးဝန္ထမ္းေတြ၊ ေျမသိမ္းခံခဲ့ရမႈေတြ၊ ရာသီဥတုေဖာက္ျပန္မႈ၊ သဘာဝေဘးရင္ဆိုင္ရမႈ၊ သီးႏွံေဈးကြက္က အာမခံခ်က္မရွိမႈ စတဲ့ အေျခအေနေတြကေန မူးစုပဲစုသာသာ ဝင္ေငြရရွိတဲ့ ေတာင္သူလယ္သမား၊ အလုပ္သမားေတြက မ်ားတဲ့အတြက္ မတည္ၿငိမ္တဲ့ ကုန္ေဈးႏႈန္းက အေျခခံျပည္သူေတြကို လူေနမႈဘဝ တိုးတက္မႈမရေအာင္ ဖိႏွိပ္ထားသလိုျဖစ္ေနတယ္ ဆိုတာကလည္း ျငင္းမရတဲ့အခ်က္ပါ။

“အလုပ္သမားေတြ ေတာင္းဆိုတာက ၅၆၀၀ ေပါ့ေလ ဒါကိုအခု ၄၈၀၀ ကိုဘဲ သေဘာတူ သတ္မွတ္ေပးထားတယ္။တစ္ေန႔ ၄၈၀၀ ဆိုတာ တကယ္တမ္းက်ေတာ့ ၃ ေဒၚလာေက်ာ္ေက်ာ္ေလာက္ဘဲ ရွိတယ္။အဲလိုအေျခအေနမွာ ျမန္မာေငြေၾကးကလည္း ေဖာင္းပြသြားေတာ့ အခုက တစ္ေဒၚလာကို တစ္ေထာင့္ငါးရာ ပတ္ဝန္းက်င္ ေရာက္ေနတယ္။ကုန္ေဈးႏႈန္းေတြကလည္း တက္တဲ့အခါက်ေတာ့ စားဝတ္ေနေရး အဆင္မေျပၾကဘူး။စက္႐ုံေတြမွာလည္း အလုပ္သမား အခြင့္အေရးက မရွိဘူး။အဲ့ဒါေတြက အၾကပ္အတည္းတစ္ခုကို ေရွ႕ရႈေနတယ္ အေျခခံလူတန္းစားေတြ ဒုကၡျဖစ္ေနတယ္။ကုန္ေဈးႏႈန္းနဲ႔ ေငြေၾကးေဖာင္းပြမႈနဲ႔ဆို မစားေလာက္ပါဘူး။က်ေနာ္တို႔က ဒါကို မီးေမာင္းထိုးျပတာပါ။ေျပာရရင္ အလုပ္ရွင္ေတြရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈေတြကိုသာ ကာကြယ္ခ်င္ေတာ့ အလုပ္သမား အခြင့္အေရးေတြက နစ္နာဆုံးရႈံးေနရပါတယ္။ဥပမာ - အေထာက္အထားေတြလည္းရွိတယ္  ႏိုင္ငံေရးအရလည္း အားနည္းတယ္၊ ဥပေဒမွာ အကာအကြယ္မရွိဘူး။ဘဂၤလားေဒ့ရွ္ထက္ ဒီမွာက လုပ္ခလစာက နည္းတဲ့အတြက္ ေ႐ႊ႕ေျပာင္းလုပ္သားက ျပည္ပထြက္တာတင္ ၅ သန္းနီးပါးေလာက္ ျဖစ္ေနတယ္။အဲ့ဒါကိုတင္ျပတယ္။ဒါေပမယ့္ လုပ္ခလစာကနည္းေတာ့ ျပည္ပထြက္ရတယ္။ျပည္တြင္းမွာ လုပ္ခက မလုံေလာက္ဘူး။ လုပ္ခရဲ႕ တစ္ဝက္က ေနထိုင္စရိတ္နဲ႔တင္ ကုန္ေနတယ္။အဲ့ဒါေၾကာင့္ အလုပ္သမားက ဘာမွကိုအဆင္မေျပတာ အဲ့တာကို က်ေနာ္တို႔က မီးေမာင္းထိုးျပေနတယ္။တည္ဆဲအစိုးရကလည္း အလုပ္သမားနဲ႔ လယ္သမားေရး ကိစၥကို စိတ္မဝင္စားဘူး အဲ့ဒါေၾကာင့္   အစိုးရပိုင္းက ဒီအေပၚမွာ စိတ္ဝင္စားမႈ အားနည္းတယ္လို႔ ေျပာရင္ရပါတယ္။” လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးလွေဌး က ေျပာပါတယ္။

ထို႔အတူ အေျခခံအလုပ္သမားသမဂၢမွ မလွလွ ကလည္း  “လုပ္စာလခက သုံးေဒၚလာပဲရွိတယ္။ကုန္ေဈးႏႈန္းကလည္း ႀကီးျမင့္လာတယ္ က်မတို႔ အၿမဲေျပာတယ္။အခုက ၄၈၀၀ သတ္မွတ္ၿပီး ေပးထားတယ္ ဘယ္လိုမွမေလာက္ငွဘူး ၅၆၀၀ ဆိုတာ အလုပ္သမား တစ္ဦးခ်င္းစီရဲ႕ အနည္းဆုံး ကုန္က်စရိတ္ပဲ ျဖစ္ပါတယ္။တြက္ခ်က္ၿပီး ေတာင္းထားတာပါ။ဒါဟာ သူတို႔ရဲ႕မိသားစုဆိုတာ မပါေသးပါဘူး။” လို႔ အေျခခံ လုပ္ခလစာ နည္းပါးမႈႏွင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈအေပၚ ၎ရဲ႕ အျမင္ကိုေျပာျပခဲ့ပါေသးတယ္။

တစ္ဖက္မွာလည္း အလုပ္သမားေတြအေနနဲ႔ အၿမဲတမ္း အလုပ္သမား အခြင့္အေရးခ်ည္း ေျပာေနၾကေပမယ့္ အလုပ္သမားေတြဖက္ကလည္း လုပ္သားေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးပမ္းလုပ္ေဆာင္ဖို႔ လိုတယ္လို႔လည္း ေအာင္ျမင္မႈ အထည္ခ်ဳပ္သင္တန္းေက်ာင္းမွ Partnership Manager ေဒၚႂကြယ္ၿဖိဳးၿဖိဳးေအး က သုံးသပ္ေျပာၾကားမႈေတြ ရွိခဲ့ပါတယ္။

“အၿမဲတမ္း အလုပ္သမား အခြင့္အေရးခ်ည္း ေျပာၾကတယ္။အလုပ္သမားေတြဖက္ကလည္း လုပ္သားေကာင္းတစ္ေယာက္ျဖစ္ေအာင္၊ လုပ္ငန္းရွင္ေပၚမွာ ဘာေတြဘယ္လိုလုပ္ေပးရမလဲ ဆိုတဲ့အခ်က္ေတြ သိဖို႔လိုအပ္တယ္။တစ္ခ်ိဳ႕ေတြဆို ေခၚလို႔သာ လိုက္သြားတယ္။ဘာအတြက္ေၾကာင့္ ဆႏၵျပေနတယ္ဆိုတာေတာင္ မသိဘူး။” လို႔ ေဒၚႂကြယ္ၿဖိဳးၿဖိဳးေအး က ေျပာၾကားခဲ့တာပါ။အေျဖက ဘာျဖစ္မလဲ။

ဒါေၾကာင့္ ဝင္ေငြနိမ့္က်ျခင္း ဝင္ေငြမတိုးျခင္းမ်ား ႀကဳံေတြ႕ေနၾကတဲ့အျပင္ ေငြေၾကးေဖာင္းပြမႈဒဏ္ကိုလည္း ခံေနၾကရတာက ျမန္မာႏိုင္ငံရဲ႕ လူဦးေရအမ်ားစုပါ။မိသားစုတစ္ခုမွာ ပုံမွန္ဝင္ေငြထက္ နိမ့္က်ေနခ်ိန္မွာ ကုန္ေဈးႏႈန္း တရိပ္ရိပ္တက္ေနေတာ့ ဝင္ေငြနဲ႔ ထြက္ေငြဟာ ဘယ္လိုမွ မမွ်တပါဘူး။ရတဲ့ဝင္ေငြနဲ႔ အိမ္ရွင္မေတြ အိမ္ေထာင္ဦးစီးေတြက စီမံၿပီး ေခြၽတာသုံးစြဲေနရလို႔ က်န္းမာေရး ထိခိုက္လာမႈေတြ၊ လူေနမႈအဆင့္အတန္း နိမ့္က်မႈေတြကို ဦးစားမေပးႏိုင္ခဲ့ရင္ ေနာက္ဆက္တြဲျဖစ္လာမယ့္ ဆင္းရဲမြဲေတမႈနဲ႔ ရာဇဝတ္မႈေပါမ်ားလာမႈေတြ အိမ္ရာမဲ့မႈေတြ ျဖစ္ေပၚလာႏိုင္တာမို႔ ကုန္ေဈးႏႈန္းနဲ႔ လူတစ္ဦးဝင္ေငြကို ျဖစ္သင့္တာထက္ နည္းပါးေနတာကို မထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ အုပ္ခ်ဳပ္ေရးအတြက္ အဓိကစိန္ေခၚမႈ ျဖစ္လာပါလိမ့္မယ္။

ဒါေၾကာင့္မို႔လည္း အေျခခံ လုပ္ခလစာ နည္းပါးမႈ အရပ္ကုန္ေဈးႏႈန္း တရိပ္ရိပ္တက္ေနမႈအေပၚ အရပ္သားအစိုးရသစ္အေနျဖင့္ က်န္ရွိသည့္ သက္တမ္းအတြင္းမွာ မည္ကဲ့သို႔ထိန္းခ်ဳပ္သြားမယ္ဆိုတဲ့ အပိုင္းက စိတ္ဝင္စားဖို႔ ေကာင္းေနသလို အစိုးရရဲ႕ကုန္ေဈးႏႈန္းက ေတာင္သူလယ္သမားေတြနဲ႔ အေျခခံအလုပ္သမားေတြအေပၚ မည္ကဲ့သို႔ ဘယ္အထိဘယ္ပုံ အက်ိဳးသက္ေရာက္မႈရွိမယ္ ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရအုံးမွာပဲ ျဖစ္ပါတယ္။

ေျပသိမ္း
ေမ - ၁