【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း စိတ်မတင်မကျ ကိစ္စတွေ အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလို မဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေလည်း  ဖြစ်တတ်ပါတယ်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အင်္ဂါ သားသမီးတွေကို တိုင်ပင်တာက သင့်အတွက် အကောင်းဆုံးပါဘဲ။စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားက အကူအညီ သင့်ဆီ မမျှော်လင့်ဘဲ ရောက်လာတတ်ပါတယ်။ဒီရက်ပိုင်း အနေအထိုင်မတတ်ရင် သူများပြဿနာ၊ ကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ ဒီရက်ပိုင်း အမူအခင်းမြင်ပါတယ်။ငွေကံကတော့ ညံ့ပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်စရာပေါ်ရင် မရှောင်ပါနဲ့၊ လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်းမကောင်းတာတွေ၊ အစာစားတာ မမှန်လို့ အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်းဆုံးဖြစ်နေပြီး ခရီးသွားဟန်လွဲ ဝင်ခွင့်ရှိပါတယ်။
အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေအတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူဒါန်းပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် ယခုတစ်ပတ်တာလုံး သက်စေ့ရွတ်ဆိုပေးပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်အတွင်း ပြတ်နေသည့် ကြိုးများ၊ ကြိုးတန်းများ၊ ပြတ်လုပြတ်ဆဲကြိုးများ ရှိနေပါက ပြန်ဆက်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် မေတ္တာသုတ်ရွတ်ဆိုကာ ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။

( Zawgyi )

ယခုရက္ပိုင္း စိတ္မတင္မက် ကိစၥေတြ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလို မျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြလည္း  ျဖစ္တတ္ပါတယ္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အဂၤါ သားသမီးေတြကို တိုင္ပင္တာက သင့္အတြက္ အေကာင္းဆုံးပါဘဲ။စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားက အကူအညီ သင့္ဆီ မေမွ်ာ္လင့္ဘဲ ေရာက္လာတတ္ပါတယ္။ဒီရက္ပိုင္း အေနအထိုင္မတတ္ရင္ သူမ်ားျပႆနာ၊ ကိုယ့္ျပႆနာ ျဖစ္တတ္ပါတယ္။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္း အမူအခင္းျမင္ပါတယ္။ေငြကံကေတာ့ ညံ့ပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္စရာေပၚရင္ မေရွာင္ပါနဲ႔၊ လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္းေပၚလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္းမေကာင္းတာေတြ၊ အစာစားတာ မမွန္လို႔ အစာအိမ္ေရာဂါ ျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ အေကာင္းဆုံးျဖစ္ေနၿပီး ခရီးသြားဟန္လြဲ ဝင္ခြင့္ရွိပါတယ္။
အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉဒါန္းေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ ယခုတစ္ပတ္တာလုံး သက္ေစ့႐ြတ္ဆိုေပးပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္အတြင္း ျပတ္ေနသည့္ ႀကိဳးမ်ား၊ ႀကိဳးတန္းမ်ား၊ ျပတ္လုျပတ္ဆဲႀကိဳးမ်ား ရွိေနပါက ျပန္ဆက္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေမတၱာသုတ္႐ြတ္ဆိုကာ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။