【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်းအတွင်း ကံအညံ့လေးတွေ ရှိနေသလို အနှောင့်အယှက်များလည်း ရှိနေတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း ပညာရေး၊ ဘာသာရေး ကံတွေကောင်းနေတတ်ပါတယ်။
လူမှုရေးအတိုက်အခိုက်တွေရှိလို့ နှုတ်ချိုဖို့ လိုပါတယ်။အိမ်ဝယ်မြေဝယ် လုပ်ငန်းတွေ၊ သစ်လုပ်ငန်း စပ်တူလုပ်ငန်းများ အောင်မြင်မှုမရနိုင်သေးပါဘူး။ငွေဝင်ကောင်းသလို ငွေထွက်လည်းများနေတတ်ပါတယ်။ကွဲကွာနေတဲ့သူတွေ ရပ်ဝေးက မိတ်ဆွေဟောင်းတွေနဲ့ ပြန်အဆက်အသွယ်ရတတ်ပါတယ်။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။ရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာဝေးရမယ့်ကိန်း ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သင်္ဘောသီးဖြင့် သစ်သီးဆွမ်းကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ယခုရက်ပိုင်းအတွင်း နံနက်စောစော ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို နံနက်တိုင်း ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အနီး ဘုရားစေတီများသို့သွားကာ သောကြာထောင့်အရပ်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်ထဲတွင် ရွှေရောင်ပစ္စည်း အဟောင်းအပျက်များ၊ ကုတင်၊ ဖျာအောက် ရွှေရောင်ပါသည့် ပိတ်စ စက္ကူစများ ရှိနေပါက ရှင်းလင်းလွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်နှင့်အနီးဆုံး စေတီတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် ဘာဂဏန်းထိုးထိုး ၃/၆ ဂဏန်းပါအောင် ထိုးတာက ထီကံကောင်းဖို့ အခွင့်အလမ်းများစေပါတယ်။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္းအတြင္း ကံအညံ့ေလးေတြ ရွိေနသလို အေႏွာင့္အယွက္မ်ားလည္း ရွိေနတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း ပညာေရး၊ ဘာသာေရး ကံေတြေကာင္းေနတတ္ပါတယ္။
လူမႈေရးအတိုက္အခိုက္ေတြရွိလို႔ ႏႈတ္ခ်ိဳဖို႔ လိုပါတယ္။အိမ္ဝယ္ေျမဝယ္ လုပ္ငန္းေတြ၊ သစ္လုပ္ငန္း စပ္တူလုပ္ငန္းမ်ား ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။ေငြဝင္ေကာင္းသလို ေငြထြက္လည္းမ်ားေနတတ္ပါတယ္။ကြဲကြာေနတဲ့သူေတြ ရပ္ေဝးက မိတ္ေဆြေဟာင္းေတြနဲ႔ ျပန္အဆက္အသြယ္ရတတ္ပါတယ္။က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြကို စာအုပ္စာတမ္းေတြ လႉဒါန္းေပးပါ။ရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြကေတာ့ တခဏတာေဝးရမယ့္ကိန္း ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သေဘၤာသီးျဖင့္ သစ္သီးဆြမ္းကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ယခုရက္ပိုင္းအတြင္း နံနက္ေစာေစာ ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို နံနက္တိုင္း ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အနီး ဘုရားေစတီမ်ားသို႔သြားကာ ေသာၾကာေထာင့္အရပ္တြင္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္ထဲတြင္ ေ႐ႊေရာင္ပစၥည္း အေဟာင္းအပ်က္မ်ား၊ ကုတင္၊ ဖ်ာေအာက္ ေ႐ႊေရာင္ပါသည့္ ပိတ္စ စကၠဴစမ်ား ရွိေနပါက ရွင္းလင္းလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္ႏွင့္အနီးဆုံး ေစတီတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ ဘာဂဏန္းထိုးထိုး ၃/၆ ဂဏန္းပါေအာင္ ထိုးတာက ထီကံေကာင္းဖို႔ အခြင့္အလမ္းမ်ားေစပါတယ္။