【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း ကံညံ့နေသလို အနှောင့်အယှက်လည်းများနေပါတယ်။ဒါပေမယ့် မထင်မှတ်ဘဲ ဘာသာရေး၊ပညာရေး၊ အခွင့်အလမ်းကောင်းတွေ နေရာအပြောင်း အလဲတွေ အလုပ်အကိုင်အပြောင်းအလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ကောင်းတဲ့ပြောင်းလဲခြင်းတွေပါ။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ဆုံးရှုံးထားတဲ့ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမဲ့အချိန်ကာလပါ။ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ပညာရေးကံကောင်းနေတတ်ပါတယ်။အိမ်ထောင်ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေပေါ်လာတတ်သလို သမီးရည်းစားများကြား တစ်ဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်း စတဲ့ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေက သင့်အတွက် အကောင်းဆုံးဖြစ်စေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး တနင်္လာနံ အသီးအညွှန့် ပန်းများဖြင့် ကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ အလှူခံ သီလရှင်ဆရာလေးများကို ဖိနပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္လာနံ ဘုရားစေတီတွင် အောင်သပြေပန်းလှူပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲတွင် ဓာတ်ပုံ အစုတ်များ၊ အပြဲများတွေ့ပါက လွှင့်ပစ်ပါ။အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ အိမ်တွင် မိဘ ဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။ရန်များနေပါက မိဘများ၏ ပုဆိုးစ ထမိန်စကို အိတ်သန့်သန့်ဖြင့်ထည့်ကာ ခေါင်းအုံးအိပ်ပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးတွင် ရေသတ္တဝါအရှင်ကိုတွေ့ပါက ဝယ်ပြီး နီးစပ်ရာ ကန်ချောင်းတွင် လွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ တွေ့သည့် ထီဆိုင်တွင် ၂/၅ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း ကံညံ့ေနသလို အေႏွာင့္အယွက္လည္းမ်ားေနပါတယ္။ဒါေပမယ့္ မထင္မွတ္ဘဲ ဘာသာေရး၊ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္း အလဲေတြ အလုပ္အကိုင္အေျပာင္းအလဲေတြ ေပၚထြက္လာတတ္ပါတယ္။ေကာင္းတဲ့ေျပာင္းလဲျခင္းေတြပါ။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ဆုံးရႈံးထားတဲ့ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္ဝင္လာမဲ့အခ်ိန္ကာလပါ။ယခုရက္ပိုင္းအတြင္း တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ပညာေရးကံေကာင္းေနတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ကိစၥေတြေပၚလာတတ္သလို သမီးရည္းစားမ်ားၾကား တစ္ဘဝလုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ဦးေခါင္း စတဲ့ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြက သင့္အတြက္ အေကာင္းဆုံးျဖစ္ေစပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး တနလၤာနံ အသီးအၫႊန္႔ ပန္းမ်ားျဖင့္ ကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ အလႉခံ သီလရွင္ဆရာေလးမ်ားကို ဖိနပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနလၤာနံ ဘုရားေစတီတြင္ ေအာင္သေျပပန္းလႉေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲတြင္ ဓာတ္ပုံ အစုတ္မ်ား၊ အၿပဲမ်ားေတြ႕ပါက လႊင့္ပစ္ပါ။အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကို ကိုယ့္လက္ႏွင့္ကိုင္ကာ အစာေကြၽးေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ အိမ္တြင္ မိဘ ေဝယ်ာဝစၥကို ေစတနာပါပါလုပ္ေပးပါ။မိဘအဝတ္အစားကို ေလွ်ာ္ဖြပ္ေပးပါ။ရန္မ်ားေနပါက မိဘမ်ား၏ ပုဆိုးစ ထမိန္စကို အိတ္သန႔္သန႔္ျဖင့္ထည့္ကာ ေခါင္းအုံးအိပ္ပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးတြင္ ေရသတၱဝါအရွင္ကိုေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာ ကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ေတြ႕သည့္ ထီဆိုင္တြင္ ၂/၅ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။