Neonatal Jaundice ( မွေးကင်းစကလေး အသားဝါခြင်း) အကြောင်းသိကောင်းစရာ

 Neonatal Jaundice ( မွေးကင်းစကလေး အသားဝါခြင်း) အကြောင်းသိကောင်းစရာ

Neonatal Jaundice ဆိုတာ မွေးကင်းစကလေးတွေမှာ တွေ့ရတဲ့ အသားဝါခြင်းကို ခေါ်တာဖြစ်ပြီး သွေးထဲမှာ bilirubin လို့ခေါ်တဲ့ အဝါဓါတ် များနေခြင်းကြောင့်ဖြစ်တာပါ။ မွေးစကလေး ဆေးရုံတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကပါသလို နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အဝါဓါတ်က ကလေးရဲ့ ဦးနှောက်ကိုရောက်သွားရင်တော့  ကလေးလေးမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းထိဖြစ်နိုင်လို့ အရေးကြီးပါတယ်။

အဝါဓါတ် (bilirubin) ဆိုတာ ဘာလဲ?
သွေးထဲက RBC လို့ခေါ်တဲ့ သွေးနီဥ လေးတွေ အဆင့်ဆင့်ဖြိုခွဲခံရတဲ့အခါ ထွက်လာတဲ့ ပစ္စည်းပါ။ သွေးနီဥတွေ ဖြိုခွဲရာက ထွက်လာတဲ့ bilirubin ကို  အသည်းမှာ conjugation လုပ်ကာ conjugated bilirubin အဖြစ်ပြောင်းပေးပီးအချို့ကို ဆီးထဲမှာ စွန့်ထုတ်ပီး အချို့ကိုတော့ ဝမ်းထဲမှာ စွန့်ထုတ်တာပါ။
ဒါကြောင့် ပုံမှန်ဆီးအရောင် အဝါရောင်နဲ့ ပုံမှန်ဝမ်းအရောင် အညိုရောင်ကို ဖြစ်စေတာပါ။

မွေးစကလေးမှာ  ဘယ်လိုလက္ခဏာတွေနဲ့ တွေ့ရမလဲ?
သွေးထဲက bilirubin level 34micro mol/L (2mg/dL) စကျော်တာနဲ့ အသားဝါတာကို စသတိပြုမိနိုင်ပါတယ်။
-သင့်ကလေးရဲ့ အရေပြား (skin) နဲ့ မျက်သားအဖြူ (sclera) ဝါခြင်း
-သာမန်ထက်ပို၍ မှိန်းနေခြင်း
-နို့စို့နည်းခြင်း စတဲ့ လက္ခဏာတွေတွေ့ရမှာပါ။

Neonatal jaundice ခေါ် မွေးစကလေး အသားဝါခြင်းကို -
1.Physiological Jaundice
2.Pathological Jaundice ဆိုပီး နှစ်မျိုးခွဲလို့ ရပါတယ်။

Physiological Jaundice ဆိုတာဘာလဲ?
မွေးပီးပထမအပတ်မှာ ကလေးရဲ့ သွေးထဲမှာ unconjugated bilirubin တွေများနေလို့ အသားဝါရတာပါ။ မွေးစကလေးတွေရဲ့ တဝက်လောက်မှာတောင် တွေ့ရလေ့ရှိတဲ့အခြေအနေတခုပါ။
အကြောင်းရင်းတွေကတော့
၁)အသည်းမှာရှိတဲ့ glucuronyl transferase လို့ခေါ်တဲ့ (unconjugated bilirubin တွေကို ရေမှာပျော်ဝင်တဲ့ conjugated အဖြစ်ပြောင်းပေးတဲ့) အင်ဇိုင်းကောင်းစွာ အလုပ်မလုပ်သေးခြင်း၊
၂) မွေးစကလေးမှာ RBC ခေါ် သွေးနီဥလေးတွေရဲ့ သက်တမ်းဟာ လူကြီးတယောက်ထက် ပိုတိုခြင်း စတာတွေကြောင့်ဖြစ်တာပါ။ ဆယ်ရက်ကျော်ရင် အလိုလိုအဝါဓါတ်လျော့နည်းသွားပီး ကောင်းသွားမှာပါ။

Pathological Jaundice
ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်အသားဝါတာမျိုးမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ အကြောင်းတခုခုကြောင့် အသားဝါတာမျိုးပါ။ ဒီအချက်တွေရှိနေရင်တော့ pathological jaundice သတ်မှတ်ပါတယ်။
(၁) မွေးပီး ပထမ ၂၄နာရီကနေ ၄၈နာရီ အတွင်း အသားဝါပြီး နှစ်ပတ်ကျော်တဲ့ထိကြာခြင်း
(၂) သွေးထဲရှိ အဝါဓါတ် ပမာဏ (Total bilirubin >19.5mg/dL/ Direct bilirubin >2mg/dL (34 micro mol/L)
(၃) Serum bilirubin 5mg/day ထက်ပိုတက်ခြင်း

တွေ့ရများတဲ့ အကြောင်းရင်းတွေကတော့
-မိခင်သွေးအုပ်စုနှင့် ကလေးသွေးအုပ်စု မတည့်ခြင်း (ABO or Rh incompatibility)
- Cephalhaematoma လို့ခေါ်တဲ့ မွေးဖွားရခက်လို့ ခေါင်းမှာ သွေးခဲခြင်း
-G6PD လို့ခေါ်တဲ့ အင်ဇိုင်းတမျိုး ချို့တဲ့ခြင်း
-Breast-feeding Jaundice လို့ခေါ်တဲ့ မိခင်နို့တိုက်ကျွေးတဲ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ အသားဝါခြင်း
-Hypothroid လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း
- မွေးရာပါ သည်းခြေလမ်းကြောင်းကျဉ်းခြင်း နှင့် အခြားအကြောင်းရင်းများစွာကြောင့်ဖြစ်ပါတယ်။

ဘယ်လို စစ်ဆေးမှုတွေပြုလုပ်နိုင်လဲ?
သွေးထဲမှာရှိတဲ့ အဝါဓါတ် (Serum bilirubin)ကိုဖောက်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ အသားဝါရတဲ့ အကြောင်းရင်းတွေအတွက် လိုအပ်တဲ့ သွေးစစ်မှုတွေ စစ်ဆေးမှုတွေလည်း လိုအပ်ရင် လုပ်ဖို့လိုမှာပါ။

ကုသခြင်း
(၁) Phototherapy ခေါ်  မီးရောင်ဖြင့်ကုသခြင်း  - ခုနောက်ပိုင်း LED မီးတွေ သုံးပီး ကုသလေ့ရှိသည်။ Phototherapy ပေးစဉ် ကလေးရဲ့ မျက်လုံးတွေကိုတော့ အုပ်ထားဖို့လိုပါတယ်။

(၂) Exchange tranfusion ခေါ် သွေးလဲကုသခြင်း - သွေးထဲရှိ bilirubin 25mg/dL (428 micro mol/L) ကျော်ရင်တော့ သွေးလဲကုသဖို့လိုပါပီ။ ကလေးဆီက အဝါဓါတ်များနေတဲ့ သွေးတချို့ကို ထုတ်ပီး အစားပြန်ထည့်ပေးခြင်းပါ။ ကလေးရဲ့ ချက်မှာရှိတဲ့ သွေးကြောတွေကတဆင့် ပြုလုပ်လေ့ရှိပါတယ်။

သေချာမကုသဘဲ အဝါဓါတ်ဦးနှောက်ထဲ စရောက်ရင်တော့ acute hyperbilirubinaemic encephalopathy လို့ခေါ်တဲ့ကလေးက နို့စို့တာနည်းခြင်း၊သာမန်ထက်ပိုမှိန်းခြင်း၊high pitched cry လို့ခေါ်တဲ့ အသံအကျယ်ကြီး ငိုပြီး ဂျီကျတာ ဖျားတာ သတိလစ် တက်သွားတာတွေ ဖြစ်နိုင်ပါတယ်။ အဝါဓါတ်ဦးနှောက်ထဲရောက်တာ ကြာသွားရင်တော့ kernicterus လို့ခေါ်တဲ့ ကလေးလေးရဲ့ ဦးနှောက်ထိခိုက်သွားပီး Cerebral palsy လို့ခေါ်တဲ့ လှုပ်ရှားမှုထိခိုက်အကြောသေတာမျိုး ဉာဏ်ရည်ထိခိုက်တာမျိုးစတာတွေထိ ဖြစ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

(  Zawgyi  )

 Neonatal Jaundice ဆိုတာ ေမြးကင္းစကေလးေတြမွာ ေတြ႕ရတဲ့ အသားဝါျခင္းကို ေခၚတာျဖစ္ၿပီး ေသြးထဲမွာ bilirubin လို႔ေခၚတဲ့ အဝါဓါတ္ မ်ားေနျခင္းေၾကာင့္ျဖစ္တာပါ။ ေမြးစကေလး ေဆး႐ုံတက္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ ထိပ္ဆုံးကပါသလို ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ အဝါဓါတ္က ကေလးရဲ႕ ဦးေႏွာက္ကိုေရာက္သြားရင္ေတာ့  ကေလးေလးမွာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းထိျဖစ္ႏိုင္လို႔ အေရးႀကီးပါတယ္။

အဝါဓါတ္ (bilirubin) ဆိုတာ ဘာလဲ?
ေသြးထဲက RBC လို႔ေခၚတဲ့ ေသြးနီဥ ေလးေတြ အဆင့္ဆင့္ၿဖိဳခြဲခံရတဲ့အခါ ထြက္လာတဲ့ ပစၥည္းပါ။ ေသြးနီဥေတြ ၿဖိဳခြဲရာက ထြက္လာတဲ့ bilirubin ကို  အသည္းမွာ conjugation လုပ္ကာ conjugated bilirubin အျဖစ္ေျပာင္းေပးပီးအခ်ိဳ႕ကို ဆီးထဲမွာ စြန႔္ထုတ္ပီး အခ်ိဳ႕ကိုေတာ့ ဝမ္းထဲမွာ စြန႔္ထုတ္တာပါ။
ဒါေၾကာင့္ ပုံမွန္ဆီးအေရာင္ အဝါေရာင္နဲ႔ ပုံမွန္ဝမ္းအေရာင္ အညိဳေရာင္ကို ျဖစ္ေစတာပါ။

ေမြးစကေလးမွာ  ဘယ္လိုလကၡဏာေတြနဲ႔ ေတြ႕ရမလဲ?
ေသြးထဲက bilirubin level 34micro mol/L (2mg/dL) စေက်ာ္တာနဲ႔ အသားဝါတာကို စသတိျပဳမိႏိုင္ပါတယ္။
-သင့္ကေလးရဲ႕ အေရျပား (skin) နဲ႔ မ်က္သားအျဖဴ (sclera) ဝါျခင္း
-သာမန္ထက္ပို၍ မွိန္းေနျခင္း
-ႏို႔စို႔နည္းျခင္း စတဲ့ လကၡဏာေတြေတြ႕ရမွာပါ။

Neonatal jaundice ေခၚ ေမြးစကေလး အသားဝါျခင္းကို -
1.Physiological Jaundice
2.Pathological Jaundice ဆိုပီး ႏွစ္မ်ိဳးခြဲလို႔ ရပါတယ္။

Physiological Jaundice ဆိုတာဘာလဲ?
ေမြးပီးပထမအပတ္မွာ ကေလးရဲ႕ ေသြးထဲမွာ unconjugated bilirubin ေတြမ်ားေနလို႔ အသားဝါရတာပါ။ ေမြးစကေလးေတြရဲ႕ တဝက္ေလာက္မွာေတာင္ ေတြ႕ရေလ့ရွိတဲ့အေျခအေနတခုပါ။
အေၾကာင္းရင္းေတြကေတာ့
၁)အသည္းမွာရွိတဲ့ glucuronyl transferase လို႔ေခၚတဲ့ (unconjugated bilirubin ေတြကို ေရမွာေပ်ာ္ဝင္တဲ့ conjugated အျဖစ္ေျပာင္းေပးတဲ့) အင္ဇိုင္းေကာင္းစြာ အလုပ္မလုပ္ေသးျခင္း၊
၂) ေမြးစကေလးမွာ RBC ေခၚ ေသြးနီဥေလးေတြရဲ႕ သက္တမ္းဟာ လူႀကီးတေယာက္ထက္ ပိုတိုျခင္း စတာေတြေၾကာင့္ျဖစ္တာပါ။ ဆယ္ရက္ေက်ာ္ရင္ အလိုလိုအဝါဓါတ္ေလ်ာ့နည္းသြားပီး ေကာင္းသြားမွာပါ။

Pathological Jaundice
ဒါကေတာ့ ျဖစ္႐ိုးျဖစ္စဥ္အသားဝါတာမ်ိဳးမဟုတ္ဘဲ ပုံမွန္မဟုတ္တဲ့ အေၾကာင္းတခုခုေၾကာင့္ အသားဝါတာမ်ိဳးပါ။ ဒီအခ်က္ေတြရွိေနရင္ေတာ့ pathological jaundice သတ္မွတ္ပါတယ္။
(၁) ေမြးပီး ပထမ ၂၄နာရီကေန ၄၈နာရီ အတြင္း အသားဝါၿပီး ႏွစ္ပတ္ေက်ာ္တဲ့ထိၾကာျခင္း
(၂) ေသြးထဲရွိ အဝါဓါတ္ ပမာဏ (Total bilirubin >19.5mg/dL/ Direct bilirubin >2mg/dL (34 micro mol/L)
(၃) Serum bilirubin 5mg/day ထက္ပိုတက္ျခင္း

ေတြ႕ရမ်ားတဲ့ အေၾကာင္းရင္းေတြကေတာ့
-မိခင္ေသြးအုပ္စုႏွင့္ ကေလးေသြးအုပ္စု မတည့္ျခင္း (ABO or Rh incompatibility)
- Cephalhaematoma လို႔ေခၚတဲ့ ေမြးဖြားရခက္လို႔ ေခါင္းမွာ ေသြးခဲျခင္း
-G6PD လို႔ေခၚတဲ့ အင္ဇိုင္းတမ်ိဳး ခ်ိဳ႕တဲ့ျခင္း
-Breast-feeding Jaundice လို႔ေခၚတဲ့ မိခင္ႏို႔တိုက္ေကြၽးတဲ့ ကေလးေတြမွာ ေတြ႕ရတတ္တဲ့ အသားဝါျခင္း
-Hypothroid လို႔ေခၚတဲ့ သိုင္း႐ြိဳက္ေဟာ္မုန္းခ်ိဳ႕တဲ့ျခင္း
- ေမြးရာပါ သည္းေျခလမ္းေၾကာင္းက်ဥ္းျခင္း ႏွင့္ အျခားအေၾကာင္းရင္းမ်ားစြာေၾကာင့္ျဖစ္ပါတယ္။

ဘယ္လို စစ္ေဆးမႈေတြျပဳလုပ္ႏိုင္လဲ?
ေသြးထဲမွာရွိတဲ့ အဝါဓါတ္ (Serum bilirubin)ကိုေဖာက္ၿပီး စစ္ေဆးၾကည့္ႏိုင္ပါတယ္။ အသားဝါရတဲ့ အေၾကာင္းရင္းေတြအတြက္ လိုအပ္တဲ့ ေသြးစစ္မႈေတြ စစ္ေဆးမႈေတြလည္း လိုအပ္ရင္ လုပ္ဖို႔လိုမွာပါ။

ကုသျခင္း
(၁) Phototherapy ေခၚ  မီးေရာင္ျဖင့္ကုသျခင္း  - ခုေနာက္ပိုင္း LED မီးေတြ သုံးပီး ကုသေလ့ရွိသည္။ Phototherapy ေပးစဥ္ ကေလးရဲ႕ မ်က္လုံးေတြကိုေတာ့ အုပ္ထားဖို႔လိုပါတယ္။

(၂) Exchange tranfusion ေခၚ ေသြးလဲကုသျခင္း - ေသြးထဲရွိ bilirubin 25mg/dL (428 micro mol/L) ေက်ာ္ရင္ေတာ့ ေသြးလဲကုသဖို႔လိုပါပီ။ ကေလးဆီက အဝါဓါတ္မ်ားေနတဲ့ ေသြးတခ်ိဳ႕ကို ထုတ္ပီး အစားျပန္ထည့္ေပးျခင္းပါ။ ကေလးရဲ႕ ခ်က္မွာရွိတဲ့ ေသြးေၾကာေတြကတဆင့္ ျပဳလုပ္ေလ့ရွိပါတယ္။

ေသခ်ာမကုသဘဲ အဝါဓါတ္ဦးေႏွာက္ထဲ စေရာက္ရင္ေတာ့ acute hyperbilirubinaemic encephalopathy လို႔ေခၚတဲ့ကေလးက ႏို႔စို႔တာနည္းျခင္း၊သာမန္ထက္ပိုမွိန္းျခင္း၊high pitched cry လို႔ေခၚတဲ့ အသံအက်ယ္ႀကီး ငိုၿပီး ဂ်ီက်တာ ဖ်ားတာ သတိလစ္ တက္သြားတာေတြ ျဖစ္ႏိုင္ပါတယ္။ အဝါဓါတ္ဦးေႏွာက္ထဲေရာက္တာ ၾကာသြားရင္ေတာ့ kernicterus လို႔ေခၚတဲ့ ကေလးေလးရဲ႕ ဦးေႏွာက္ထိခိုက္သြားပီး Cerebral palsy လို႔ေခၚတဲ့ လႈပ္ရွားမႈထိခိုက္အေၾကာေသတာမ်ိဳး ဉာဏ္ရည္ထိခိုက္တာမ်ိဳးစတာေတြထိ ျဖစ္ႏိုင္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။