【ဆောင်းပါး】ဆောင်းနဲ့အတူ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လာနိုင်မှာလား

【ဆောင်းပါး】ဆောင်းနဲ့အတူ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လာနိုင်မှာလား

ကမ္ဘာ့လူသားတွေကြား တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးလူးသွားလာခြင်းဖြင့် ယဉ်ကျေးမှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုစေကာ ဝင်ငွေလည်းရသည့် လုပ်ငန်းကဏ္ဍတစ်ခုကို ခပ်မြန်မြန်ပြန်လည်အသက် သွင်းရန် နိုင်ငံအလိုက် ကြိုးစားနေကြပြီ ဖြစ်သည်။

 ၂၀၁၉ ခုနှစ် မှစတင်ကာ လူများစွာအတွက် မွန်းကျပ်မှုဖြေဆည်းရာ ဖြေဆေးတစ်ခုအဖြစ် ရှိနေသည့် ခရီး သွားလုပ်ငန်းများသည် ကိုဗစ်ကြောင့် နိုင်ငံအသီးသီးတွင် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရပ်နားခဲ့ကြရသည်။ ထို့ ကြောင့် ခရီးသွားလုပ်ငန်းကိုအမှီပြုသည့် နိုင်ငံများအတွက် လုပ်ငန်းမှရရှိသော နိုင်ငံခြားဝင်ငွေ လျော့နည်းခဲ့ရ ခြင်းကို ခံစားရသည့်အပြင်  လူမှုဝန်းကျင်တွင်လည်း မွန်းကျပ်ခြင်းများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကိုလည်း ခံစားခဲ့ကြရသည်။

သို့ရာတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သော ၅၄ ရာခိုင်နှုန်းကျော်လောက်ကို ကာကွယ်ဆေး ထိုး ထားပြီးချိန် နှင့် ကပ်ရောဂါအား ထိပ်တိုက်ရင်ဆိုင်ခြင်းနည်းလမ်းကို လက်ခံလာကြချိန်တွင် ကမ္ဘာ့ပေါ်ရှိ နိုင်ငံများ သည် ပိတ်ပင်ခြင်းများကို ဆက်လုပ်ရန်ဆန္ဒမရှိတော့ဘဲ ဖြေလျှော့ခြင်းများဖြင့် ပြင်ဆင်ကြတော့သည်။ ပြည်တွင်း အနေဖြင့် ယခု ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်း လိုင်းများ ပြန်လည်ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့် E-Visa ကို  မေလ ၂၀ ရက်မှာ ပြန်ဖွင့်ထားပြီဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ပြည်တွင်းမှာ ခရီး သွားလုပ်ငန်းတချို့ ပြန်လည်အစပြုကြိုးပမ်းနေကြောင်း ဖေါ်ပြမှုများရှိလာသည်။  

သို့ရာတွင် (၂) နှစ်ကျော်ကြာ ရပ်နားထားခဲ့ရသည့် ခရီးသွားလုပ်ငန်းများအတွက် ပုံမှန်ပြန်ဖြစ်ရန် အားယူ နေ ရသလို ယခုနှစ်ဒီဇင်ဘာလအထိ သတင်းဖေါ်ပြချက်များအရ ပြည်တွင်းခရီးသွား အရေအတွက်မှာ ပုံမှန်အရေ အ တွက်နှင့်နှိုင်းယှဉ်လျှင်  ၁၀ ရာခိုင်နှုန်းလောက်မှ ၂၀ ရာခိုင်နှုန်းအထိ ပြန်ရှိနေပြီဟု သတင်းများတွင်ဖေါ်ပြသည်။ ပြည်ပခရီးသွား လာရောက်သည့် အရေအတွက်မှာမူ  ‌သောင်းဂဏန်းဝန်း ကျင်ရှိနေသည်။

“ ပြည်တွင်းခရီးသွား တစ်နှစ်တာအတွင်း (၁၀) သန်းလောက်ရှိတယ်။ ဒီပမာဏရောက်ဖို့ တော်တော်လေး ခဲ ယဉ်းတယ်။ အခု ပြည်တွင်းခရီးသွား ၁ သန်း၊ ၂ သန်း ပြန်တက်လာဖို့ ယူဆပါတယ်။” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးနောင်းနောင်းဟန်က ခရီးသွားလုပ်ငန်းအခြေအနေကို မီဒီယာတစ်ခုတွင် ဆိုထားသည်။

အခြားတစ်ဖက်တွင် လက်ရှိ ပြန်လည်အားယူနေသည့် ခရီးသွားလုပ်ငန်းများအတွက် လာမည့် ဆောင်းရာ သီနှင့် ပွင့်လင်းရာသီက မျှော်လင့်စရာရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ်မတိုင်မီ ကာလများတွင် ဆောင်း ရာသီနှင့် ပွင့်လင်းရာသီတို့သည် ပြည်တွင်းပြည်ပ ခရီးသွားများတတ်သည့် အားလပ်ရက် ခရီးသွားကာလများ ဖြစ်သလို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင်လည်း ခရီးသွားလာမှုများသည့် ကာ လများဖြစ်သည်။

ထို့ကြောင့်ပင် မြန်မာနှင့် အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် အာဆီယံတို့ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာရန် နိုင်ငံပေါင်းစုံ လက်တွဲခြင်းဖြင့် အစပြုရန် ဆိုင်းပင်းခဲ့ကြသည်။ ယခုနှစ်ဧပြီလတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည် စတင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စည်းကမ်း သတ်မှတ်ချက်များကို ပြင်ဆင်လာခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ် နိုင်ငံတကာ ခရီးသွားပြပွဲကို ဇူလိုင်၂၂ ရက်မှ ၂၄ ရက်အထိ ကူမင်းမြို့တွင် ကျင်းပခြင်းဖြင့် ဒေသတွင်း ခရီးသွား လုပ်ငန်းကို ပြန်လည်ထူထောင်ရန် အားယူခဲ့ကြသည်။

မြန်မာ၊ တရုတ်နှင့် အာဆီယံနိုင်ငံအလိုက် ဆောင်းရာသီတွင် ခရီးသွားလုပ်ငန်းများ၏ အခြေအနေကို ဆန်းစစ်နိုင်မည်ဖြစ်ပြီး အပြန်အလှန် မျှော်မှန်းချက်များ ထားရှိနေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါ မတိုင်မီကာလက တရုတ်နှင့် ထိုင်းလူမျိုးတို့ အများဆုံးလာရောက်လည်ပတ်လျှက်ရှိကြပြီး အခြား အာဆီယံ နိုင်ငံများမှာ မြန်မာသို့လာရောက်သည့်အများဆုံးဧည့်သည်များဖြစ်သည်။

လာမည့်ကာလအတွင်းတွင်မူ ဆောင်းနှင့်အတူ တရုတ်နှစ်သစ်ကူးပွဲတော်ကာလလည်း ကျရောက်လာ တော့မည် ဖြစ်ရာ နှစ်သစ်ကူးကာလတွင်  တရုတ်နိုင်ခရီးသွားများကို မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ မျှော် လင့်နိုင်သလို မြန်မာအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများကလည်း တရုတ်သို့ သွားရောက်လည် ပတ်နိုင်သည့် အခြေအနေများရှိနေခဲ့သည်။

“RCEP၏ နောက်ခံအောက်တွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပေါင်းစည်းမှု၏ ဖြစ်နိုင်ခြေကို စူးစမ်း လေ့ လာနိုင်ပြီး EU ဒေသ၏ ဗီဇာမူဝါဒကို ကိုးကား၍ အဖွဲ့ဝင်နိုင်ငံများအကြား ဆိုက်ရောက် ဗီဇာကင်းလွတ်ခြင်း သို့မဟုတ် ဗီဇာကင်းလွတ်ခြင်း ဆောင်ရွက်ခြင်းဖြင့် ဧည့်သည်များ သွားလာမှု ပိုမိုလွယ်ကူစေပြီး ခရီးသွား ဈေး ကွက် အလားအလာကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်။” ဟု  China Tourism Group Research Institute ၏ ဥက္ကဋ္ဌ You Cheng က ဆိုထားသည်။

တရုတ်နိုင်ငံတွင် လက်ရှိကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးမူဝါဒများ ပြန်လည်ပြင်ဆင်ချိန်ညှိပြီးနောက် ဒေသအသီးသီးရှိ စက်ရုံ၊ လုပ်ငန်းများ ပြန်လည်စတင်ပြီး လမ်းမ၊ လမ်းသွယ်များမှာလည်း ယခင်ကဲ့သို့ စည်းကား သောအခြေနေသို့ ရောက်လာကာ ပြန်လည်လည်ပတ်သူများနှင့် စည်ကားနေသည်ကိုလည်း တရုတ်နိုင်ငံ အခြေ စိုက်မီဒီယာများ၌ ဖော်ပြလာကြသည်။

ဟိုင်နန်ပြည်နယ်၊ စန်းယမြို့မှာလည်း ခရီးသွားဈေးကွက် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ကမ်း ခြေ၊ ပင်လယ်ဈေးများနှင့် လူစည်ကားသော အခြေအနေမျိုးကြုံလာကြသလို ဆောင်းရာသီ ငါးဖမ်းပွဲတော် အပါအဝင် ပွဲလမ်းသဘင်များနှင့် ပွဲတော်များကိုလည်း လုပ်ဆောင်နေကြသည်။

တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူအားလုံးကို နျူကလိစ်အက်ဆစ်စမ်းသပ်ခြင်းနဲ့ ကွာရန်တင်းနေရန် သတ် မှတ်ထားသည့် သတ်မှတ်ချက်များကို ဖျက်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ် ထိန်း ချုပ်ရေးယန္တရားမှ တရားဝင်ထုတ်ပြန်ထားသလို တရုတ်နိုင်ငံမှ အခြားသော နိုင်ငံများသို့ သွားရောက်လည်ပတ် မည့် သူများအတွက်လည်း စနစ်တကျဖြင့် ပြန်လည်စတင်ရန် စီစဉ်ခြင်းများက ခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာရန် အလားအလာကောင်းတစ်ခု ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။

ဆောင်းရာသီသည် ခရီးသွားလာမှုအတွက် အခြေအနေကောင်းများရှိနေသလို မြန်မာအပါအဝင် အာဆီ ယံနှင့် တရုတ်နိုင်ငံတို့ကြားတွင်  RCEP နှင့်အတူ အပြန်အလှန် ချိတ်ဆက်မှုတိုးတက်လာပြီး ခရီးသွားလုပ်ငန်းအ တွင်း အပြန်အလှန် ဖလှယ်ကာ သွားလာမှုများ၊ ပူးပေါင်း ဆောင်ရွက်မှု ပုံစံသစ်များအဖြစ် နိုင်ငံအလိုက် ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်လာရန် အလားအလာများစွာ ရှိနေကြသည်။

မိုးသား