【 ဆောင်းပါး 】ပေကျင်းမြို့က တိရစ္ဆာန်ရုံ

【 ဆောင်းပါး 】ပေကျင်းမြို့က တိရစ္ဆာန်ရုံ

တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံများရဲ့ အစောဆုံးမှတ်တမ်းများသည် Zhou မင်းဆက်၏ ဧကရာဇ်မင်းဆက်က တိရစ္ဆာန်ဥယျာဉ်ကို ဘီစီ ၆ ရာစုမှာ စတင်ထိန်းသိမ်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပထမဆုံး အများပိုင်တိရစ္ဆာန်ရုံကို Tang မင်းဆက် (အေဒီ ၆၁၈-၉၀၇) တွင်  တည်ထောင်ခဲ့ပြီး တန်မင်းဆက်ရဲ့ ဧကရာဇ် Xuanzong (အေဒီ ၆၈၅-၇၆၂) မှာ ခြင်္သေ့၊ ကျားသစ်နှင့် ဝက်ဝံများ အပါအဝင် ရှားပါးတိရစ္ဆာန်များနှင့်အတူ ဥယျာဉ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

ဆောင်းမင်းဆက် (အေဒီ ၉၆၀-၁၂၇၉) ၊ Min (၁၃၆၈ - ၁၆၄၄ အေဒီ) နှင့် Qing (၁၆၄၄ -၁၉၁၁ အေဒီ)  မင်းဆက်များအတွင်း မြို့ကြီးများတွင် တိရစ္ဆာန်ရုံများစွာကို တည်ထောင်ခဲ့ပြီး ၎င်းတိရစ္ဆာန်များသည် တော်ဝင်မိသားစုများကို ဖျော်ဖြေရန်သာမကလူများအတွက်လည်း ပညာပေးရန် အသုံးပြုခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ခိုင်မာသောကတိကဝတ်ကို ဖော်ဆောင်ခဲ့ပြီးနောက် ပထမဦးဆုံး ခေတ်မီတိရစ္ဆာန်ရုံတွေကို ၁၉၄၉ ခုနှစ်တွင် ပေကျင်းမြို့မှာ ဖွင့်လှစ်ခဲ့ကာ ယခုလက်ရှိမှာ  တရုတ်နိုင်ငံတွင် တိရစ္ဆာန်ရုံပေါင်း ၅၀ ကျော်ရှိပြီး မျိုးစိတ်ပေါင်းမှာတော့ ၆၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံသည် တရုတ်နိုင်ငံရဲ့မြို့တော် ပေကျင်း၊ ရှီရှီမင်၊ ရှီချန်းခရိုင်၊ ချင်မင်းဆက်နှောင်းပိုင်း ၁၉၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ အသက်အကြီးဆုံးတိရစ္ဆာန်ရုံနှင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှေးအကျဆုံး ပြည်သူ့ဥယျာဉ်ဖြစ်ပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံသည် Xicheng ခရိုင်ရှိ ကန်များနှင့် ကန်များအပါအဝင် ဧရိယာ ၈၉ ဟက်တာ (၂၂၀ ဧက) ရှိပြီး ၎င်းသည် နိုင်ငံအတွင်း အကြီးဆုံးတိရစ္ဆာန်ရုံများထဲမှ တစ်ခုဖြစ်ပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံတွင်  မြေသားတိရစ္ဆာန်မျိုးစိတ် ၄၅၀ ကျော်နှင့် ရေနေတိရစ္ဆာန်မျိုးစိတ် ၅၀၀ ကျော်ရှိပြီး စုစုပေါင်း တိရစ္ဆာန် ၁၄,၅၀၀တို့ရဲ့နေအိမ်လည်းဖြစ်ပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံသည် Xicheng ခရိုင်ရှိ ပေကျင်းမြို့ရဲ့ အထင်ကရနေရာဖြစ်သော Chang’an ရိပ်သာရဲ့ အနောက်ဘက်စွန်းတွင်တည်ရှိပြီး တရုတ်နိုင်ငံရဲ့ရှေးအကျဆုံးနှင့် အကျော်ကြားဆုံး တိရစ္ဆာန်များထဲမှ တစ်ခုဖြစ်ပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံမှာ မျိုးစိတ်ပေါင်း ၅၀၀ ကျော်ပြသထားပြီး အများစုကတော့ တရုတ်နိုင်ငံရဲ့ တန်ဖိုးထားရသော တိရစ္ဆာန်များဖြစ်ကာ ခြင်္သေ့တောင်၊ မျောက်တောင်၊ ဝက်ဝံတောင်၊ ပန်ဒါဝက်ဝံအိမ်၊ လူဝံအိမ်၊ ပင်ကွင်းအိမ် အစရှိတာတွေလည်း ရှိပါတယ်။        

ပေကျင်းတိရစ္ဆာန်ရုံတွင် လူအကြိုက်အများဆုံးတိရစ္ဆာန်များဖြစ်တဲ့ ပန်ဒါနီ(Ailurus Fulgens) တို့အပါအဝင် ရွှေနှာခေါင်းစွပ်မျောက်၊ တောင်တရုတ်ကျား၊ နှုတ်ခမ်းဖြူသမင်၊ တရုတ်ပုတ်သင်ဘီလူး အစရှိသည့် ရှားပါးတိရစ္ဆာန်များ စုဆောင်းမှုတို့ကြောင့်လည်း နာမည်ကြီးလှပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်မယ်ဆိုလျှင် မြေအောက်ရထားနံပါတ်-၄ ဖြင့် တုံဝုယွမ် (Dong Wu Yuan) မှတ်တိုင်တွင်ဆင်းကာ Bထွက်ပေါက်မှ ထွက်ရန်လိုအပ်ပါတယ်။

တိရစ္ဆာန်ရုံဖွင့်ချိန်တွေကတော့ ရာသီချိန်ဆိုလျှင် ဧပြီလ ၁ရက်မှ အောက်တိုဘာလ ၃၁ရက်အထိ နံနက် ၇နာရီခွဲ မှ ညနေ ၆နာရီ အထိဖြစ်ပြီး ရာသီပါးချိန်မှာဆိုရင်တော့ နိုဝင်ဘာ ၁ရက်မှ မတ်လ ၃၁ရက်နေ့အထိ နံနက် ၇နာရီခွဲ မှ ညနေ ၅နာရီထိ ဖွင့်လှစ်ကာ ဝင်ကြေးတွေကတော့ ၁၀ ယွမ် မှ ၁၅ယွမ် ထိရှိတယ်လို့ သိရပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံအတွင်းရှိ ရှေးဟောင်းအဆောက်အဦတွေဟာလည်း ၁၉၀၈ခုနှစ်က တည်ဆောက်ခဲ့သည့် Cheng guan အဆောက်အဦနှင့် ချင်းမင်းဆက်ကုန်ခါနီး စီးရှီမယ်တော်ကြီး နန်းတွင်းကနေ နွေရာသီနန်းတော်ကို သ‌င်္ဘောနဲ့သွားတဲ့အခါ လမ်းမှာခေတ္တနားခိုတဲ့ သူမရဲ့နန်းဆောင်တစ်ခုအဖြစ် အသုံးပြုခဲ့သည့် အဆောက်အဦတို့ကို Baroque စတိုင်ဖြင့် ပြန်လည်တည်ဆောက်ထားတာတွေကတော့ လာရောက်လည်ပတ်သူများကို ဆွဲဆောင်နေပါတယ်။

ပေကျင်းတိရစ္ဆာန်ရုံအတွင်းတွင် ကမ္ဘာအကြီးမားဆုံးသော ကုန်းတွင်းအဏ္ဏဝါပြတိုတ်သည် ၁၉၉၉ခုနှစ်မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ထိုအဏ္ဏဝါအဆောက်အအုံတွင် လာရောက်ကြည့်ရှုသူပရိသတ်များ စုပေါင်းကြည့်ရှုခြင်း၊ သိပွံ နှင့် ဖျော်ဖြေရေးတို့ကို တစ်နေရာတည်း စုပေါင်းထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပေကျင်းအဏ္ဏဝါပြတိုက်ရဲ့ ဆောက်လုပ်မှု ဒီဇိုင်းသည် ကြီးကျယ်ခမ်းနားကာ ဧရာမပင်လယ်ခရုကြီးတစ်ကောင်နဲ့တူပြီး ထိန်းသိမ်းရေးနည်းပညာစနစ်မှာလည်း ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားပါတယ်။

ဇွန်မိုး