【 ဆောင်းပါး 】“ ၀ူဟန့်မြို့က ကြိုးကြာဝါမျှော်စင်ကြီး”

【 ဆောင်းပါး 】“ ၀ူဟန့်မြို့က  ကြိုးကြာဝါမျှော်စင်ကြီး ” 

တရုတ်နိုင်ငံမှာ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နာမည်ကြီး လည်ပတ်စရာ နေရာ တွေကလည်း များစွာ ရှိနေပါတယ်။အဲဒီအထဲမှာ တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့မှာရှိတဲ့ ကြိုးကြာဝါ မျှော်စင်ကြီးကလည်း နိုင်ငံတကာခရီးသွား တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုအဖြစ် ပါဝင်နေပါတယ်။

အဆိုပါမျှော်စင်ဟာ ဟူပေပြည်နယ်၊ ဝူဟန့်မြို့ ဝူချန်းခရိုင် မြွေတောင်မှာတည်ရှိတာဖြစ်ပြီး  တရုတ် နိုင်ငံရဲ့ အကောင်းဆုံးလည်ပတ်စရာနေရာ အခု (၄၀) ထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီမျှော်စင် ကို သုံးပြည်ထောင်ခေတ် ဝူဟွမ်ဝူဘုရင်အုပ်ချုပ်ခဲ့စဉ် နန်းစံသက် ဒုတိယမြောက်နှစ် (အေဒီ ၂၂၃) မှာဆောက် လုပ်ခဲ့ တာဖြစ်ပြီး အခုဆိုရင်နှစ်ပေါင်း ၁၇၈၀ သက်တမ်းရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီမျှော်စင်ဟာ သမိုင်းတစ်လျှောက်မှာ အကြိမ်ကြိမ်ဖျက်စီးခံရတဲ့အတွက်   ပြန်လည်မွမ်းမံမှုတွေကို  အကြိမ် ကြိမ်လုပ်ခဲ့ရပြီး  လက်ရှိ ကြိုးကြာဝါမျှော်စင်က ၁၉၈၅ ခုနှစ်မှာပြန်လည်တည်ဆောက်ထား ခဲ့တာ ဖြစ်ပါတယ်။

ကြိုးကြာဝါမျှော်စင်ဟာ အထပ်ပေါင်း ၅ ထပ်ရှိပြီး မြေပြင်ထက် အမြင့် ၅၀.၄ မီတာမြင့်ပါတယ်။ မျှော်စင် တည် ဆောက်ထားတဲ့ ပုံစံလေးမျက်နှာစလုံးက  တစ်ပုံစံတည်းဖြစ်ပြီး မျှော်စင်ရဲ့ဘေးပတ်လည်မှာ ဆန့်ရှန့်ရတ နာ စေတီ၊ ကျောက်ကမ္ဗည်းတွေ အများအပြားထားရှိတဲ့ စင်္ကြံ(Bei lang)၊ တောင်တံခါး (Shang Meng) စတဲ့ အ ဆောက်အဦတွေလည်း ရှိပါတယ်။

ကြိုး ကြာဝါမျှော်စင်အတွင်းပိုင်းကို ဝင်ရောက်လိုက်ပြီဆိုတာနဲ့ ထူးခြားချက်ကတော့  အထပ်တိုင်းရဲ့ တည်ဆောက်ထားတဲ့ ပုံစံတွေက  ကွဲပြားနေပါတယ်။ အောက်ဆုံးလွှာက ကျယ်ဝန်းတဲ့ခန်းမဆောင်ပဲဖြစ်ပြီး မျက် နှာကျက်ဟာ ၁၀ မီတာမြင့်ပါတယ်။ အောက်ဆုံးအထပ်ရဲ့  နံရံတွေမှာ  ကြွေထည်နဲ့ပြုလုပ်ထားတဲ့ ကြိုးကြာအဝါ ရဲ့ပန်းချီကားရှိပါတယ်။

ဒုတိယထပ်ရဲ့မျက်နှာစာနံရံမှာတော့ စကျင်ကျောက်ပေါ်မှာ “ကျန်”ခေတ် စာပေပညာရှင် ရန်ပေါ်လီ(Yan Bo Li)ရေးထား တဲ့ ကြိုးကြားဝါမျှော်စင်မှတ်တမ်းကို ထွင်းထားပါတယ်။ အဲ့မှတ်တမ်းမှာ ကြိုးကြာဝါမျှော်စင်ရဲ့ ဖြစ် ပျက်ခဲ့တဲ့ သမိုင်းကြောင်းနဲ့ နာမည်ကျော်သူတွေရဲ့ မှတ်တမ်းတင်ထားခြင်းမခံရတဲ့ကိစ္စရပ်တွေကို ရေးသား ထား ပါတယ်။ မှတ်တမ်းရဲ့ဘေးနှစ်ဖက်မှာတော့ နံရံပန်းချီနှစ်ကားရေးဆွဲထားပြီး  တစ်ခုက “စွန်းချွမ်မြို့တည် ပုံ”ကို ရေးဆွဲဖော်ပြထားတဲ့  ကြိုးကြာဝါမျှော်စင်နဲ့ ဝူချန်းမြို့ရဲ့ဖြစ်ပေါ်လာပုံသမိုင်းကို ဖော်ပြနေပါတယ်။

ဒုတိယပန်းချီကားက “ကျိုးယွီ ညစာတည်ခင်းဧည့်ခံခြင်း” ကိုရေးဆွဲထားပြီး သုံးပြည်ထောင်ခေတ် က နာမည် ကျော် ပုဂ္ဂိုလ်တို့ ကြိုးကြာဝါမျှော်စင်ကို သွားရောက်ပုံကိုဖော်ပြထားပါတယ်။ တတိယ ထပ်မှာတော့ “ကျန်”ခေတ် “စုန့်”ခေတ် နာမည်ကျော်ပုဂ္ဂိုလ်တို့ရဲ့ ပုံတူ ချည်မျှင်ပန်းချီကားတွေ ထားရှိပါတယ်။

စတုတ္တထပ်ရဲ့ခန်းမဆောင်ကိုတော့ သစ်သားလိုက်ကာနဲ့ အကန့်လေးတွေအများကြီးခွဲထားပြီး ယခုခေတ် လက် ရေးလှ စာလုံးရေးဆရာတို့ရဲ့ နာမည်ကျော်လက်ရေးလှတွေကိုချိတ်ဆွဲထားကာ ဧည့်သည်တွေ ကြည့်ရှုနိုင် ပြီး ဝယ်ယူနိုင်အောင်ပြုလုပ် ပေးထားပါတယ်။ အပေါ်ဆုံးထပ်ရဲ့ ခန်းမဆောင်မှာတော့ “မဟာတံတိုင်းပုံ”အစရှိတဲ့ စာရွက် လိပ်ပန်းချီနဲ့နံရံပန်းချီတွေရှိပါတယ်။ကြိုးကြာဝါမျှော်စင်ရဲ့ပုံပန်းသဏ္ဍာန်ဟာစတည်ဆောက်တဲ့ အချိန် ကစပြီး ခေတ်အဆက်ဆက်မတူညီခဲ့ပေမဲ့ တည်ဆောက်မှုဟာ ခမ်းနားထည်ဝါလှပါတယ်။

အဆိုပါ မျှော်စင်ရှိရာကို  စာပေပညာရှင်တွေ သွားရောက်တတ်ပြီး လူတိုင်းပါးစပ်ဖျားစွဲစေနိုင်တဲ့ ကဗျာ ကောင်းတွေကို  ရေးစပ်ချန်ထားခဲ့ကြတယ်လိုဆိုပါတယ်။ မျှော်စင်ရဲ့အထပ်တိုင်းမှာ စာပေပညာရှင် တွေရဲ့ အဖိုး တန်စာ ပေတွေကိုဖော်ပြထားပြီး  အဲ့ဒီအထဲမှာ ချွေးဟောက်ရေးထားတဲ့ “ကြိုးကြာဝါမျှော်စင်”ဆိုတဲ့ ကဗျာက တော့ နာ မည်အကျော်ကြားဆုံးပဲလို့ ဆိုပါတယ်။

ယင်းမျှော်စင်ကို  ဘာကြောင့် ကြိုးကြာဝါမျှော်စင်လို့ ခေါ်ရသလဲ ဆိုတာနှင့်ပတ်သတ်ပြီး ပြောစကားတွေ အမျိုး မျိုးရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ္ဍာရီ အရ "ရှင်း” မျိုးရိုးနဲ့ သူဟာ အရက်ရောင်းခြင်းဖြင့် အသက်မွေးဝမ်း ကြောင်း ပြုနေခဲ့ရာ တစ်နေ့မှာတော့ အရပ်အမောင်းကောင်းကောင်း အဝတ်အစားနွမ်းပါးသူ တစ်ဦးရောက်လာပြီး  ရှင်း ဆီကနေ အရက်တောင်းသောက်တယ်လို့ဆိုပါတယ်။ ရှင်းကလည်း သူဆင်းရဲအား   နှစ်ဝက်လုံးလုံး အရက် အလကားပေးသောက်စေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထိုသူက ရှင်းကို “ကျုပ်လည်း ခင်ဗျားကို အရက်ဖိုး တွေအ များကြီး အကြွေးတင်နေပြီ၊ ကျုပ်မှာလဲ အသပြာမရှိတော့ ပန်းချီကားတစ်ကားပဲလက်ဆောင်ပေးမယ် ”ဟုဆိုကာ လိမ္မော်ခွံနဲ့ ကြိုးကြာငှက်တစ်ကောင်ကို နံရံမှာဆွဲပေးခဲ့တယ်လို့ဆိုပါတယ်။

လိမ္မော်ခွံအဝါရောင်နဲ့ ဆွဲလို့ထွက်လာတဲ ကြိုးကြာကလည်း အဝါရောင်သန်း နေပါတယ်။အဲ့ဒီပန်းချီ ကား ဟာ အရမ်းကို အံ့ဩဖို့ကောင်းတာကြောင့် လာကြည့်သူတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုပါတယ်။ ၁၀ နှစ်ကြာပြီး နောက် ရှင်းက ငွေအများအပြားစုမိတဲ့အခါ ပန်းချီပညာရှင်က နောက်တစ်ကြိမ်ပြန်ရောက်လာပါတယ်။ ရှင်းလည်း ဝမ်းသာအားရနဲ့ပန်းချီဆရာကိုကျေးဇူးဆပ်မယ်လို့ ဆိုပါတယ်။ ပန်းချီ ပညာရှင်ကတော့ ကြိုးကြာငှက်စီးပြီး တိမ် ဟုန်စီးကာ ကောင်းကင်ပေါ် ပျံတက်သွားတယ်လို့ဆိုပါတယ်။ အဲဒီနောက် ရှင်းလည်း ပန်းချီပညာရှင်ကို ကျေးဇူး ဆပ်ဖို့အတွက် ရှိသမျှငွေတွေနဲ့ အဆောက်အဦတစ်ခုဆောက်ခဲ့ပါတယ်။ အစမှာတော့ ဒီမျှော်စင်ကို “ရှင်းမျိုးနွယ် မျှော်စင်”လို့ခေါ်ပြီးနောက်ပိုင်းမှာ “ကြိုးကြာဝါမျှော်စင်” လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကြိုးကြာဝါမျှော်စင်က ရှေးဟောင်းနှင့် ယခုခေတ်နဲ့ပေါင်းစပ်မှု၊ ကဗျာနဲ့ လှပတဲ့ခံစားချက်တို့ နဲ့ဖွဲ့နွဲ့ ထား တဲ့ လက် ရာမြောက်အဆောက်အဦဖြစ်ပါတယ်။ အဲ့ဒီမျှော်စင်ပေါ်ကနေ တောတောင်ရေမြေသဘာ၀ အလှတရား ကိုလည်း ခံစားနိုင်တဲ့အတွက် ကမ္ဘာ့လှည့်ဧည့်သည်အများစု သွားရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။ 

အဆိုပါမျှော်စင်ကြီးဟာ နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိတာကြောင့် ပြည်တွင်းပြည်ပခရီး သွား တွေသာ မက  နိုင်ငံတကာက သမိုင်းပညာရှင်တွေ၊ နိုင်ငံတကာသုတေသီးတွေက လာရောက်လေ့လာ ကြတယ် လို့သိရပါ တယ်။

ဒါကြောင့် တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့မှာကိုရောက်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ သမိုင်းအမွေအ နှစ် တွေနဲ့ ပြည့်နက်နေတဲ့ ကြိုးကြာဝါမျှော်စင်ဟာ မဖြစ်မနေသွားရောက်လှည်ပတ်သင့်တဲ့ နေရာပဲဖြစ်ပါတယ်။

 

ကရင်လေး(အိမ်မဲ)