【 ဆောင်းပါး 】 “ကျေးဇူးဆိုတာ ကြံဖန်တင်တတ်ရမယ်”

【 ဆောင်းပါး 】 “ကျေးဇူးဆိုတာ ကြံဖန်တင်တတ်ရမယ်”

ကျေးဇူးဆိုတာ ကြံဖန်တင်သင့်ပါသည်။  

တစ်ဖက်လူက မိမိကို အကူအညီတစ်ခုခုပေးရာ၌ ထိုသူက စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ထိုသူ၏စေတနာက လေးသည်ဖြစ်စေ၊ ပေါ့သည်ဖြစ်စေ၊ မိမိအတွက် တစ်စုံတစ်ခုအကျိုးရှိခဲ့သည်ဆိုလျှင် ထိုသူသည် မိမိ၏ကျေးဇူးရှင်တစ်ယောက်ဖြစ်သွားပါပြီ။ထိုသူ့အပေါ် ကျေးဇူးတင်ရပါမည်။

‘လောကပြည်ရွာ ကမ္ဘာသားများရဲ့ လက်သုံးစကားထဲမှာပင် ကျေးဇူးတင်ပါတယ်ရှင်’ ဟူသော တစ်ချိန်က ရေဒီယိုသီချင်းလေးတစ်ပုဒ်ကို ကြားယောင်မိသည်။ဟုတ်ပါသည်။‘ကျေးဇူးတင်ပါတယ်’ ဆိုသော စကားလေးကို ပြောသူက ချိုချို သာသာလေးပြောတတ်သလို ထိုစကားကို လက်ခံကြားနာသူအဖို့လည်း တကယ်ကိုနားဝင်ချိုလွန်းလှသည်။

မိမိက တစ်စုံတစ်ယောက်ကို အကူအညီပေးလိုက်၍ ထိုသူက ပစ္စည်းပစ္စယ ငွေကြေးများ ဘာမှမပါဘဲ ‘ကျေးဇူးအရမ်းတင်တာပဲ’ ဟု ပြောစကားလေးကြားလိုက်ရသည်နှင့်ပင် အတော်လေးပီတိဖြစ်တတ်ပါသည်။မိမိအပေါ်ကူညီဖူးသူနှင့် တစ်နေ့နေ့တစ်ချိန်ချိန် တွေ့ခဲ့လျှင်လည်း ထိုသူ့အပေါ် တစ်ခုခုကူညီချင်သည့်စိတ်မျိုး ဖြစ်တတ်ပါသည်။ထိုသူ့အပေါ် ဆက်ဆံတာတောင် သာမန်ထက်ကို ပို၍ယဉ်ကျေးစွာ၊ နူးညံ့စွာ ပြောဆိုဆက်ဆံတတ်ပါသည်။မိမိအပေါ် ကျေးဇူးပြုထားသူကို လေးလေးစားစား၊ မှတ်မှတ်သားသား သတိထား၍ ပြုမူပြောဆို တတ်ကြပါသည်။သူ့ကျေးဇူးကို ပြန်မဆပ်နိုင်သည့်တိုင် စိတ်ထဲမှာတော့ အလေးအနက်ထားတတ်ကြပါသည်။

ရှေးမြန်မာလယ်သမားများဆိုလျှင် စပါးစိုက်ရာတွင် မိမိတို့နှင့်အတူ လယ်ထွန်၊ စပါးနယ် စသည့် ဆန်စပါးစိုက်ပျိုးရေးကိစ္စအ၀၀တွင် အကူအညီရခဲ့သော ‘နွား’ များကို အလေးအနက်ထားကြသည်။တိရစ္ဆာန်ပင်ဖြစ်သော်လည်း ထမင်းရှင်၊ ကျေးဇူးရှင်အဖြစ် သဘောထားကြသည်။
နွားများသေလျှင် ထိုနွားသေကို မစားမသောက်ကြဘဲ မြေမြှုပ်ပစ်ကြသည်။အမဲသား (နွားသား) စားခြင်းကို ရှောင်ကြဉ်ကြသည်အထိ ကျေးဇူးတရားကို မွန်မွန်မြတ်မြတ် တန်ဖိုးထားတတ်ကြပါသည်။

ထို့ကြောင့်လည်း ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူ၍ ကျေးဇူးတရား၏ တန်ဖိုးကြီးမားပုံကို ထူးထူးခြားခြား ဖေါ်ပြခဲ့ ကြခြင်းဖြစ်သည်။

မြန်မာ့သမိုင်းတွင် မိမိ၏အသက်သေမှာထက် ထမင်းတစ်ပန်းကန်၏ကျေးဇူးကို သိတတ်သူအဖြစ် ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်သော သူရဲကောင်းတစ်ဦးရှိခဲ့ပါသည်။

ပင်းယခေတ်တွင် ပင်လယ်မြို့ကို ငါးစီးရှင်ကျော်စွာ အုပ်ချုပ်စဉ်ကဖြစ်သည်။ငခင်ညိုသည် ငါးစီးရှင်၏ လက်ရွေးစင် လူယုံသူရဲကောင်းတစ်ဦးဖြစ်သည်။ငါးစီးရှင်၏ ညီတော် အသင်္ခယာစောယွမ်းသည် စစ်ကိုင်းမြို့ကို အုပ်ချုပ်၏။တစ်ခါသော် ငါးစီးရှင်သည် ညီတော်စောယွမ်း ကို လုပ်ကြံရန်အတွက် လူယုံ ငခင်ညို ကို စေလွှတ်လိုက်၏။ငခင်ညိုလည်း ထိုကိစ္စအတွက် စစ်ကိုင်းဘက်သို့ကူးသည်။အစောင့်အနေအထားကိုလေ့လာရင်း နန်းတော်ထဲသို့ဝင်ရန် ကြိုးစားသည်။သို့သော်လည်း အခွင့်မသာသေးသဖြင့် တောထဲမှာ ပုန်းအောင်းနေရသည်။တစ်ရက်က နှစ်ရက်၊ နှစ်ရက်က သုံးရက် ဖြစ်လာပြီး မည်သည့်အစားအစာမှ မစားရသဖြင့် ဗိုက်အလွန်ဆာကာ လူလည်းနွမ်းနယ်လာလေသည်။ထိုသုံးရက်မြောက်သော ညဘက်တွင် အခွင့်သာသောကြောင့် နန်းတော်တွင်းသို့ အသာအယာဝင်လာခဲ့သည်။ဘုရင့်အိပ်ဆောင်တွင်းသို့ဝင်ရန် အခြေအနေကြည့်နေဆဲ၊ မင်းမဟာဂီရိနတ်ကွန်းတွင် စောယွမ်းမင်း ပူဇော်ပသထားသော ရွှေစလောင်းနှင့်ထည့်ထားသည့် ထမင်းနှင့် အမဲသားဟင်းလျာကို တွေ့ရသည်။သုံးရက်လုံးလုံး ဘာမှမစားရ၍ ဆာလောင်မွတ်သိပ်နေသော ငခင်ညိုသည် အားရပါးရစားလိုက်သည်။ဝမ်းဗိုက်ကို အစာဖြည့်ပြီးသွားသဖြင့် အင်အားတွေပြန်ပြည့်ကာ စိတ်လည်းပို၍ကြည်လင်လန်းဆန်းသွားသည်။ထို့နောက် စောယွမ်း၏ အိပ်ဆောင်တွင်းသို့ အသာအယာဝင်လိုက်သည်။စောယွမ်း က သလွန်ထက်တွင် အိပ်မောကျနေရှာသည်။သူ့အတွက် စောယွမ်း ကို သုတ်သင်ရန် အဆင်သင့်ဖြစ်နေလေပြီ။

သလွန်ခေါင်းရင်းတွင်ရပ်ပြီး စောယွမ်း ကို ပိုင်းရန် ဓားကိုထုတ်လိုက်သည်။ထိုအချိန်မှာပင် သူ့စိတ်ထဲမှာ စဉ်းစားစရာတစ်ခုပေါ်လာသည်။မကြာခင်လေးကမှ သူစားခဲ့သော ထမင်း၊ ဟင်းများသည် စောယွမ်း လှူဒါန်းထားသည်များဖြစ်လေသည်။ထို့ကြောင့် စောယွမ်းသည် သူ၏ထမင်းရှင်တစ်ယောက်ဖြစ်သွားပြီဟု ဆင်ခြင်မိလိုက်သည်။ထမင်းရှင်ကိုလည်း မပြစ်မှားချင်၊ အကယ်၍ မသတ်ပြန်လျှင်လည်း သူ့သခင် ငါးစီးရှင် က သူ့ကိုသတ်ပေလိမ့်မည်။အတန်ကြာစဉ်းစားနေပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်သည်။သူ့တာဝန်မကျေ၍ အသတ်ခံရပါက ဒီတစ်သက်သာသေရမည်ဖြစ်သည်။ထမင်းရှင်ကို သတ်မိပါက လူယုတ်မာတစ်ယောက်ဖြစ်ပြီး သံသရာမှာလည်း အပါယ်လေးပါး၌ ကျင်လည်ရပေလိမ့်မည်။

စောယွမ်း ကို မသတ်ဘဲ ပြန်ရန်ဆုံးဖြတ်လိုက်သည်။သို့သော် စောယွမ်းဆီသို့ ရောက်ခဲ့သည်၊ မရောက်ခဲ့သည်ကို သူ့သခင် ငါးစီးရှင် သိရှိ၊ ယုံကြည်နိုင်စေရန် စောယွမ်း၏ ပတ္တမြားကျောက်စီဓားကိုယူ၍ ပြန်လာခဲ့လေသည်။ပင်လယ်မြို့ကိုပြန်ရောက်၍ ငါးစီးရှင်ထံ အခစားဝင်ပြီး အကျိုးအကြောင်းရှင်းပြကာ စောယွမ်းမင်း၏ ပတ္တမြားကျောက်စီဓားကို ဆက်သလိုက်သည်။ငါးစီးရှင်က သူ့ကိုမသတ်သည့်အပြင် ‘ထမင်းတစ်စလောင်း၏ ကျေးဇူးကိုတောင်သိတတ်သည့် ငါ့သူရဲကောင်းသည် တစ်နေ့မပြတ်ကျွေးမွေးနေသော ငါ့အပေါ်တွင် အဘယ်ဆိုစရာရှိအံ့နည်း’ ဟု ချီးမွမ်း၍ ဆုလာဘ်များစွာပင် ပေးလိုက်လေသည်။

မိမိလုပ်ကြံရမည့် ရန်သူဖြစ်သော်လည်း၊ ထိုရန်သူကို မလုပ်ကြံနိုင်လျှင် မိမိအသက်ပေးရမည်ဖြစ်သော်လည်း၊ ထိုရန်သူကလည်း အိပ်မောကျနေပြီး အလွယ်တကူလုပ်ကြံနိုင်သော်လည်း၊ ထိုရန်သူက သူ၏ထမင်းတစ်စလောင်းကို မိမိစားကြောင်း မည်သို့မျှသိနိုင်စရာအကြောင်းမရှိသော်လည်း ငခင်ညို က တစ်ခဏ တစ်ဘဝကိုမကြည့်၊ သံသရာကိုကြည့်သည်။အသက်၊ စည်းစိမ်၊ ချီးကျူးမြှောက်စားခံရမှု၊ ရာထူးအဆောင်အယောင် စသည့် အရေအတွက်ကိုမကြည့်၊ ကျေးဇူးသိတတ်မှုဟူသည့် အရည်အချင်းကိုကြည့်သည်။သူတစ်ပါးပေါ် မလိမ်မညာဘဲ သစ္စာရှိသလို၊ မိမိကိုယ်မိမိလည်း မလိမ်မညာဘဲ သစ္စာရှိသူဖြစ်သည်။

လူများစုကတော့ ကျေးဇူးကိုပြန်မဆပ်နိုင်သည့်တိုင် ထိုကျေးဇူးကို အလေးအနက် တန်ဖိုးထားတတ်ကြပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ရေမြေတွေဘယ်လိုခြား၍ ယဉ်ကျေးမှုတွေဘယ်လိုကွဲပြားနေကြသော်လည်း တုံ့ပြန်ပုံချင်းမတူသော်လည်း ကျေးဇူးတရားကို အသိအမှတ်ပြုပုံ၊ ကျေးဇူးတရားကို အလေးအနက်ထားပုံကတော့ အားလုံးတူညီပါသည်။  

လူမဆိုထားနှင့် လူလိုအသိမရှိသော တိရစ္ဆာန်များသည်ပင် ကျေးဇူးတရားကို သိတတ်ကြသည်။သူတို့ကို အစာကျွေးသည့်သူ၊ သူတို့ကို မွေးမြူစောင့်ရှောက်သည့်လူများအပေါ် သူတို့ကလည်းပြန်ချစ်ကြသည်။သူတို့တတ်နိုင်သည့်ဘက်မှ ပြန်အကာအကွယ်ပေးကြသည်။လူတွေလို နှုတ်မှဖွင့်ဟ၍ မပြောနိုင်သော်လည်း သူတို့စိတ်ထဲမှာ ကျေးဇူးတရားကို အသိအမှတ်ပြုထားကြောင်း၊ လိုအပ်လျှင် ကျေးဇူးပြန်ဆပ်တတ်ကြောင်း ထင်ရှားပါသည်။

အသိဉာဏ်မရှိသော တိရစ္ဆာန်များပင် လေးစားလိုက်နာကြသော ‘ကျေးဇူး’ တရားကို အသိဉာဏ်ရှိသော လူသားများအနေနှင့် ပို၍ပင်အရေးတယူရှိသင့်ပါသည်။ပို၍ပင်တလေးတစားပြုသင့်ပါသည်။

မိမိအပေါ်ပြုဖူးသော သူတစ်ပါး၏ကျေးဇူးတရားကို မဆပ်ချင်နေပါ။အသိအမှတ်တော့ပြုရပါမည်။အထူးသဖြင့် သူ့ကျေးဇူးကို မစော်ကားဖြစ်အောင်တော့ သတိထားဆင်ခြင်သင့်ပါသည်။

သို့သော်လည်း၊ လူထဲကလူပင်ဖြစ်သော်လည်း ကျေးဇူးတရားဆိုတာကို တကယ်ပဲမသိသေးသောသူများလည်း ရှိပါသည်။တချို့ကျတော့ ကျေးဇူးပြန်ဆပ်ရမှာ စိုးရိမ်သောကြောင့်ထင်သည်၊ မသိယောင်ဆောင်နေတတ်ကြသည်။အဆိုးဆုံးဦးနှောက်ပိုင်ရှင်ကတော့ မိမိ၏ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့နေနေသာသာ မသေမချင်း ထပ်ခါတလဲလဲ ဒုက္ခပေးနေတတ်ပါသည်။

၅၅၀-သီလ၀ နာဂရာဇာ ဇာတ်မှ ကျေးဇူးရှင်ကို ပြစ်မှားသောသူတစ်ယောက်အကြောင်း ပြောပြချင်ပါသည်။

ဘုရားလောင်းသည် တစ်ခုသောဘဝမှာ ဟိမဝန္တာတောတွင် ဆင်မင်းဖြစ်၏။တစ်ကိုယ်လုံးဖြူဖွေးပြီး ငွေရောင်တောက်နေ၏။ရှစ်သောင်းသော ဆင်တို့ကို အုပ်ချုပ်ရသည်။အသက်အရွယ်အတန်ရလာသောအခါ တစ်ကိုယ်တည်းခွဲ၍နေလေသည်။ဒေဝဒတ်လောင်း မုဆိုးသည် ဟိမဝန္တာတောအတွင်းဝင်၍ သားကောင်လိုက်ပစ်ရင်း မျက်စိလည်ကာ တောအတွင်းမှပြန်မထွက်နိုင်တော့ဘဲ တဝဲလည်လည်ဖြစ်နေသည်။အချိန်ကြာလာသည်နှင့်အမျှ တောကလည်း နက်သည်ထက် နက်လာသဖြင့် ကြောက်လန့်လာပြီး ကယောင်ချောက်ချားဖြစ်ကာ အော်ဟစ်ငိုယိုနေမိတော့၏။

ဆင်မင်းသည် မုဆိုး၏ငိုသံကိုကြားသောကြောင့် ထိုအသံကိုလိုက်ရှာရာ နောက်ဆုံးတွင် မုဆိုးကို တွေ့လေသည်။ထို့ကြောင့် အကူအညီပေးရန် မုဆိုး၏အနားသို့ လျှောက်သွားသည်။မုဆိုးကလည်း ဆင်မင်းကိုကြောက်၍ ထွက်ပြေးသည်။ထိုအခါ ဆင်မင်းကရပ်လိုက်သည်။
ဆင်မင်းရပ်သည်ကိုမြင်လျှင် မုဆိုးကလည်းရပ်သည်။မုဆိုးအပြေးရပ်သွားသောအခါ ဆင်မင်းက ရှေ့သို့တိုးသည်။မုဆိုးက တစ်ဖန်ပြေးပြန်သည်။

အချိန်အတန်ကြာသောအခါ မုဆိုးစဉ်းစားမိသည်။ဆင်မင်းသည် အကယ်၍ သူ့ကိုရန်မူလိုလျှင် ယခုလောက်ဆို သူစိစိညက်ညက်ကြေကာ သေနေလောက်ပြီ။ရန်မပြုလို၍သာလျှင် ယခုကဲ့သို့ တုန့်ဆိုင်းဆိုင်းနှင့် ချိန်ဆလျက် သူ့အနီးသို့ လာခြင်းဖြစ်မည်ဟု တွေးမိရင်း အပြေးကိုလုံးဝရပ်၍ ဆင်မင်းအလာကို စောင့်နေလိုက်သည်။ဆင်မင်းက မုဆိုးအနားသို့ ရောက်သောအခါ အဘယ့်ကြောင့် ရှိုက်ကြီးတငင်ငိုကြွေးနေကြောင်း မေးမြန်းသည်။မုဆိုးကလည်း လမ်းပျောက်ပြီး တောထဲ၌သေမှာစိုးရိမ်၍ဖြစ်ကြောင်း ရှင်းပြသည်။ဆင်မင်းက ဘာမှအားမငယ်ရန်ပြောပြီး သူ့နေရာသို့ခေါ်သွားကာ အရသာရှိ၍ အင်အားဖြစ်စေသော သစ်သီးများကိုကျွေးသည်။နှစ်ညသိပ်ပြီးနောက် မနက်ခင်းတွင် မုဆိုးကို ကျောထက်မှစီးစေကာ လိုက်ပို့သည်။တောစပ်သို့ရောက်သောအခါ နှုတ်ဆက်ရင်း အခြားလူများအား သူ့နေရာကိုပြောမပြရန် မှာလိုက်သည်။ဆင်မင်း၏ အမှာစကားက နောက်ကျနေလေပြီ။အကျင့်မကောင်း၍ ကျေးဇူးမသိသော မုဆိုးက လမ်းတစ်လျှောက်လုံးရှိ နေရာများကို အသေအချာမှတ်သားထားခဲ့သည်။  

ဆင်စွယ်လိုသော ကုန်သည်များထံသွား၍ ဈေးစကားပြော၏။ဆင်အသေ၏ အစွယ်ထက် ဆင်အရှင်၏ အစွယ်ကိုရလျှင် ဈေးများများပိုပေးမည်ဟုပြောသောအခါ မုဆိုးလည်း အားရဝမ်းသာဖြင့် တောထဲသို့သွားသည်။ဆင်မင်းကိုတွေ့၍ ဆင်မင်းက အကျိုးအကြောင်းမေးလျှင် သူ့ဘဝ၏ချို့တဲ့ဆင်းရဲပုံကို လိမ်လည်ပြောပြီး ဆင်စွယ်အဖျားလေးရလျှင် ရောင်းစားပြီး သူ့အသက်ဆက်နိုင်ပါသည်ဟု သနားစဖွယ်ပြောသည်။ဆင်မင်း၏ ခွင့်ပြုချက်ရသောအခါ အသင့်ယူဆောင်သွားသော လွှကိုထုတ်၍ အစွယ်ဖြတ်ရန် ပြင်ဆင်ပါတော့သည်။ဆင်မင်းကလည်း မုဆိုးဖြတ်သာအောင် ကိုယ်ကိုဝပ်ဆင်းပေးရှာသည်။

မုဆိုးသည် ရရှိသောအစွယ်ကို ရောင်းစားပြီး ဆင်မင်းစီရောက်လာကာ သနားစဖွယ်ပြောပြန်သည်။ဆင်မင်းကလည်းခွင့်ပြုသည်။မုဆိုးလည်း အစွယ်၏အလယ်ပိုင်းကိုဖြတ်ကာ ပျော်ပျော်ရွှင်ရွှင်ပြန်သွားပြီး ရောင်းစားပြန်သည်။နောက်တစ်ခေါက်ရောက်လာပြန်ပြီး အစွယ်အရင်းပိုင်းကို တောင်းပြန်သည်။ဆင်မင်းကလည်း ဘုရားဖြစ်ရန်ပါရမီအတွက် သင့်ကိုလှူမည် အလိုရှိတိုင်းဖြတ်တော့ဟုဆိုကာ ခွင့်ပြုပြန်သည်။မုဆိုးလည်း မညှာမတာ အစွယ်ရင်းမှဖြတ်သည်။သွေးချောင်းစီးနေသည့်ကြားက ဝေဒနာခံစားနေရသည့် ကျေးဇူးရှင် ဆင်မင်းကို သနားရမှန်း၊ အားနာရမှန်းမသိဘဲ ဖြတ်ပြီးသော ဆင်စွယ်ကိုယူကာ အားရဝမ်းသာနှင့် ပြန်သွားလေသည်။

ဘုရားလောင်းဆင်မင်းက တရားကိုအာရုံပြုထားသူဖြစ်၍ သည်းခံခဲ့သော်လည်း မဟာပထဝီမြေကြီးကတော့ သည်းမခံနိုင်တော့ဟန်တူသည်။ဆင်မင်း၏ မျက်ကွယ်အရောက်တွင် ကျေးဇူးကန်းသည့်မုဆိုးသည် ထက်ခြမ်းကွဲသွားသော မြေအက်ကြောင်းမှတစ်ဆင့် အဝီစိငရဲသို့ တိုက်ရိုက်ကျသွားခဲ့ပါသည်။

တစ်စုံတစ်ယောက်ကြောင့် မိမိမှာ ကောင်းကျိုးတစ်ခုရသည်ဆိုလျှင် ထိုသူကိုကျေးဇူးတင်ရမှာပါ။ကျေးဇူးမဆပ်ဖြစ်သည့်တိုင်၊ ကျေးဇူးမဆပ်နိုင်သည့်တိုင်၊ ကျေးဇူးမဆပ်ချင်သည့်တိုင် ထိုသူကို အသိအမှတ်မပြု၍မရပါ။အသိအမှတ်ပြုကို ပြုဖြစ်ကြပါသည်။အမူအရာတွေ၊ နှုတ်ထွက်စကားတွေဖြင့် ဘယ်လိုပင်ငြင်းဆန်ချင်သော်လည်း မိမိစိတ်ကိုတော့ညာ၍မရပါ။ကျေးဇူးရှင်ဟု သိနေစိတ်ကို မသိသလိုလုပ်နေသည်ဆိုလျှင်တော့ မိမိ၏အတ္တလောဘစိတ်ကြောင့်ပင်ဖြစ်ပါသည်။

ထိုအတ္တလောဘစိတ်ကို အချိန်မီ အသိဉာဏ်ပညာဖြင့် ထိန်းချုပ်ရပါမည်။မထိန်းချုပ်ဘဲ လွှတ်ထားလိုက်လျှင် ထိုအတ္တလောဘစိတ်က ကြီးသည်ထက်ကြီးလာပါသည်။အခွင့်အရေးရလျှင်ရသလို တစ်နည်းနည်းဖြင့် ကောင်းကျိုးတစ်ခုခု ပြန်လည်ပေးဆပ်သင့်သည့် ကျေးဇူးရှင်အပေါ်မှာ ပြောင်းပြန်အတွေးဆိုးများနှင့် စဉ်းစားလာပါသည်။ကျေးဇူးရှင်ဟု မမြင်တော့ဘဲ မိမိအကျိုးအတွက် မလွဲမသွေလုပ်ပေးရန် တာဝန်ရှိသူတစ်ယောက်အဖြစ်၊ မိမိလိုအပ်သလို အသုံးချနိုင်သည့်သူ (အချဉ်) တစ်ယောက်အဖြစ် မြင်လာတတ်သည်။

အကယ်၍ ထိုသူက မိမိထက်အင်အားကြီးသူ၊ အစစအရာရာသာလွန်သူဖြစ်လျှင် ထိုသူအပေါ် မနာလိုဝန်တိုစိတ်များဝင်ကာ ထိုသူ ဒုက္ခမရောက် ရောက်အောင်၊ သိက္ခာမကျ ကျအောင်၊ နာမည်မပျက် ပျက်အောင်၊ နောက်ဆုံးတွင် မသေ သေအောင် ကြံစည်ဖန်တီးလာတတ်သည်။

လူတစ်ယောက်တွင် ကောင်းသည့်စိတ် (ကုသိုလ်စိတ်) နှင့် မကောင်းသည့်စိတ် (အကုသိုလ်စိတ်) တို့က ပြိုင်တူမဖြစ်ပေါ်ပါ။ကောင်းသည့်စိတ် နေရာယူထားလျှင် မကောင်းသည့်စိတ် ဝင်လာ၍မရပါ။ထို့အတူ မကောင်းသည့်စိတ်ကို မွေးထားလျှင်လည်း ကောင်းသည့်စိတ် ဝင်မလာပါ။

မိမိ၏စိတ်ထဲတွင် ပေးကမ်းကူညီချင်သော ဒါနစိတ်ရှိနေလျှင် ရယူချင်သော လောဘစိတ် ဝင်မလာပါ။တစ်ဖက်သားအပေါ် ကောင်းစေလိုသော မေတ္တာစိတ်ရှိနေလျှင်လည်း ထိုသူ့အပေါ် မကျေနပ်သော ဒေါသစိတ်ဝင်မလာပါ။

သူ့ကျေးဇူးကို သိသောစိတ်ရှိနေလျှင် အထင်သေးစိတ်၊ မနာလိုဝန်တိုစိတ်၊ အပြိုင်အဆိုင်စိတ်များ ဝင်မလာနိုင်ပါ။နှုတ်မှထုတ်မပြောသော်လည်း၊ လက်တွေ့ကျေးဇူးမဆပ်နိုင်သေးသော်လည်း ကျေးဇူးသိစိတ်၊ ကျေးဇူးဆပ်ချင်သည့်စိတ် စေတနာတို့ကြောင့် ကုသိုလ်ရပါသည်။ကျေးဇူးရှင်ကို အထင်သေးစိတ်၊ အပြိုင်အဆိုင်စိတ်တို့လည်း မဖြစ်ပေါ်လာပါ။စိတ်ရင်းဖြူစင်မှုကြောင့် လူ့ဘုံအလယ်တွင်လည်း ရဲရဲဝံ့ဝံ့လိပ်ပြာသန့်သန့်နှင့် နေထိုင်သွားလာနိုင်ပါသည်။

သူ့ကျေးဇူးကို မသိတတ်သောစိတ်ကြောင့် ကျေးဇူးတင်ရမှာကိုပဲ ရှက်သလိုလို၊ ကြောက်သလိုလိုနှင့် မိမိကိုယ်မိမိ သိမ်ငယ်လာသည်။ကျေးဇူးတင်ရမှာကို မကျေမနပ်ခံစားလာရသည်။ကျေးဇူးတင်ရမည့်သူအပေါ် မနာလိုဖြစ်လာသည်။မုန်းတီးမိလာသည်။ဒုက္ခရောက်စေချင်လာသည်။
မိမိ၏စိတ်သည် အသိဉာဏ်နည်းလျှင် နည်းသလောက် မကောင်းသည့်အတွေးများကိုသာ ဖန်တီးနေတော့သည်။ထိုသို့ မိမိ၏စိတ်တွင် မကောင်းသည့်အတွေးများ လွှမ်းမိုးလာသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုနည်းလာသည်။အပြင်သဏ္ဍန်က ဘယ်လိုပင်ဟန်ဆောင်ထားသော်လည်း လူ့ဘုံအလယ်တွင် ရဲရဲဝံ့ဝံ့လိပ်ပြာသန့်သန့်နှင့် မနေနိုင်တော့ပေ။ထိုအခါ စိတ်သည်မွမ်းကျပ်လာပြီး တခြားသူတွေအပေါ် ယုံကြည်မှုမရှိတော့သည့်အပြင် သံသယစိတ်တွေ များသည်ထက် များလာလေသည်။ဆုံးဖြတ်ချက်တွေလည်း မှားသည်ထက်မှားလာလေသည်။အမှန်နှင့် အမှား ဝေဖန်ပိုင်းခြားနိုင်သည့် အတွေးအခေါ်များလည်း ဝေးသည်ထက်ဝေးသွားပါတော့သည်။

ထို့ကြောင့်လည်း ဆရာကို ကျေးဇူးရှင်အဖြစ်ဝန်မခံရဲ၍ အာခေါင်လှံစူးတာမျိုး၊ ဒေဝဒတ်နှင့် အပေါင်းမှားသောအခါ ကျေးဇူးရှင် ဖခင်ကို ပြန်သတ်မိသည့် အဇာတသတ်အဖြစ်မျိုး၊ ကျေးဇူးကြီးမားသော၊ မိမိ၏ဆရာတစ်ဆူလည်းဖြစ်သော ဘုရားရှင်ကိုပင် အမျိုးမျိုးဆန့်ကျင်၍ အင်အားချင်းယှဉ်အံတုကာ ရန်သူသဖွယ် သဘောထားမိပြီး ဘုရားရှင်၏ သားတပည့်များလည်းဖြစ်၊ သာသနာကိုလည်းစောင့်ရှောက်နေကြသော ရဟန်းများကို စိတ်ဝမ်းကွဲအောင် ပရိယာယ်ဆင်သွေးခွဲခဲ့သည့် ဒေဝဒတ်ရဟန်းလိုအဖြစ်မျိုး ရှိခဲ့တာပါ။

ဗုဒ္ဓသာသနာကို စောင့်ရှောက်နေကြရင်း ဒါယကာ၊ ဒါယိကာမများကို လောကီ၊ လောကုတ္တရာကိစ္စအ၀၀တွင် စိတ်ငြိမ်းချမ်းအောင်၊ အကုသိုလ်မဖြစ်အောင် ကူညီလမ်းညွှန်ပေးနေသည့် ရဟန်းသံဃာများကို ကျေးဇူးရှင်ကြီးများအဖြစ် ဒါယကာများက အလေးအနက်ထား ရိုသေကြသည်။ရဟန်းသံဃာများကလည်း ကျေးဇူးမဲ့စကားမဆိုကြပါ။ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါး ဒါယကာများအဖြစ် လူတို့ကို ကျေးဇူးပြန်တင်ကြသည်။

အနုပညာရှင်များဆိုလျှင်လည်း စင်မြင့်ထက်မှနေ၍ ပရိသတ်ကို ဖြေဖျော်နေကြသည်။ပရိသတ်က အနုပညာရှင်များ၏ မျက်နှာ၊ အမူအရာ၊ လှုပ်ရှားမှုများကိုကြည့်ရန်၊ အသံကိုနားထောင်ရန် အခကြေးငွေများပေးကာ ရာသီဥတု၏ အပူဒဏ် အအေးဒဏ်များခံ၊ အအိပ်ပျက် အစားပျက်ခံကာ စင်အောက်မှ တမော့မော့နှင့် အားပေးကြည့်ရှုကြသည်။

ထိုနိုင်ငံကျော် အနုပညာရှင်များကလည်း ကျေးဇူးမဲ့စကား မဆိုကြပါ။‘ကျေးဇူးတင်ပါတယ်’  ‘Thank you’ စသည်ဖြင့် နှုတ်ဖျားမှတဖွဖွရွတ်ကာ ကျေးဇူးစကား ဆိုကြပါသည်။ပရိသတ်များသည် သူတို့၏ကျေးဇူးရှင်များအဖြစ် ဝန်ခံပြောဆိုကြပါသည်။

သူ့ကျေးဇူးကိုသိခြင်းသည် ‘ကတ ညုတ မင်္ဂလာ’ ဖြစ်ပါသည်။

ဘတ်စ်ကားစီးရင်း ခဏတာထိုင်ရသော ခုံနေရာလေးဖယ်ပေးသူကို ‘ကျေးဇူးတင်ပါတယ်’ ဟု အပြုံးလေးနှင့် ချက်ချင်းအသိအမှတ်ပြုကြသည်။လမ်းသွားရင်း၊ ယာဉ်တစ်ခုခုပေါ်မှဆင်းရင်း၊ လှေကားပေါ်တက်ရင်း နှစ်ယောက်ဆုံမိစဉ် တစ်ယောက်က ကိုယ်လေးယို့၍ တစ်ဖက်လူကို ဦးစားပေးလိုက်လျှင် ထိုတစ်ယောက်က အပြုံးလေးနှင့် ‘ကျေးဇူးပဲနော်’ ဟု စေတနာကို တုံ့ပြန်အသိအမှတ်ပြုကြသည်။

“ကျေးဇူး” ဆိုသည့် တစ်ကမ္ဘာလုံးသုံးသည့် သင်္ကေတလေးကို လူများစုက မြတ်မြတ်နိုးနိုး တန်ဖိုးထားကြသည်။

သို့သော်လည်း ကျေးဇူးစကားကို မဆိုတတ်သော၊ ကျေးဇူးတရားကို အသိအမှတ်မပြုတတ်သော လူတချို့လည်း ရှေးရှေးကရှိခဲ့သလို ယခုအခါလည်းရှိပါသည်။

ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးအတွက် အဘက်ဘက်မှကြိုပမ်းသူတွေ၊ အသက်ပေးသွားသည့်သူတွေ များစွာရှိပါသည်။ထိုအထဲတွင် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံပြီး ခေါင်းဆောင်ကောင်းပီသသော ‘ဗိုလ်ချုပ်အောင်ဆန်း’ ကို ပြည်သူလူထု၏ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ တပ်မတော်၏ဖခင်ကြီးအဖြစ် အားလုံးကအသိအမှတ်ပြုကြရပါသည်။ရန်သူဖြစ်သော နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်အရာရှိကြီးများကပင် လေးစားရသောပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။
တစ်တိုင်းတစ်ပြည်လုံးက ကျေးဇူးရှင်အဖြစ် ရိုသေလေးစားကြပါသည်။

အသက်သေသွားသော်လည်း၊ ခန္ဓာကိုယ်ကြီးမရှိတော့သော်လည်း ကောင်းသတင်းဂုဏ်က ယနေ့ထက်တိုင် မွှေးပျံ့နေဆဲဖြစ်၏။ပြည်သူတို့၏ နှလုံးသားထဲရော ဦးနှောက်ထဲမှာပါ နက်နက်ရှိုင်းရှိုင်းရှိနေဆဲပါ။နောင်နှစ်ပေါင်းများစွာအထိလည်း ရှိနေဦးမှာပါ။

ထိုကျေးဇူးရှင် ဗိုလ်ချုပ်ကို အသိအမှတ်မပြုသော လူတစ်စုရှိခဲ့ဖူးပါသည်။သူတို့က သာမန်လူတွေမဟုတ်ပါ။နိုင်ငံကိုအုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်အချို့ဖြစ်သည်။ဗိုလ်ချုပ်၏ဓာတ်ပုံကိုဖယ်၍ သူတို့ဓာတ်ပုံတွေသာ နေရာယူထားကြသည်။ဗိုလ်ချုပ်နှင့်ပတ်သက်၍ ဘာအထိန်းအမှတ်မှမလုပ်ကြ။ဗိုလ်ချုပ်၏ကျေးဇူးကို အသိအမှတ်မပြုရုံမက ဗိုလ်ချုပ်ကို သမိုင်းထဲမှဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြသည်။

ပြည်သူတို့မှာ ကျေးဇူးရှင် ဗိုလ်ချုပ်၏ဓာတ်ပုံကို ရဲရဲမချိတ်ဝံ့၊ ဗိုလ်ချုပ်အကြောင်းကို ရဲရဲမပြောဝံ့အောင် ဖြစ်ခဲ့ရ၏။      

ဒီလို ကျေးဇူးမသိတတ်သူတွေ တစ်ချိန်က ခေါင်းဆောင်တက်လုပ်ခဲ့သည့်အတွက် ပြည်သူတွေလည်း ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ဖြစ်ခဲ့ရပါသည်။တိုင်းပြည်လည်း ဆင်းရဲတွင်းနက်ခဲ့ရပါသည်။စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့ရပါသည်။

လက်ရှိ ငါးနှစ်တာကာလတစ်ခုတွင် ကျေနပ်လောက်သော ဒီမိုကရေစီကို မပိုင်ဆိုင်ရသေးသော်လည်း အာဏာရှင်ခေတ်ထက်တော့ များစွာသာသော ဒီမိုကရေစီအရုဏ်ဦးကို ခံစားနေနိုင်ပါပြီ။ကျေးဇူးရှင် ဗိုလ်ချုပ်ကိုလည်း ရဲရဲဝံ့ဝံ့အလေးပြုနိုင်ပြီ။“ဒါ မြန်မာပြည်ရဲ့ သူရဲကောင်းများစွာထဲက အတော်ဆုံး၊ အထက်မြက်ဆုံး၊ တန်ဖိုးအရှိဆုံး၊  ကျေးဇူးအကြီးဆုံး၊ နှစ်ယောက်မရှိတဲ့ စံပြသူရဲကောင်းပဲကွ” လို့ ပိုင်ပိုင်နိုင်နိုင် ပွင့်ပွင့်လင်းလင်း ပြောဆိုချီးကျူးခွင့်ရနေပါပြီ။  

ကျွန်တော်တို့ အခုလိုရင်ထဲမှာခံစားရသမျှတွေ၊ မျှဝေပေးချင်တာတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်ဟရေးချခွင့်ရတဲ့အတွက်လည်း ဒီမိုကရေစီလူ့အခွင့်အရေးတိုက်ပွဲအတွက် အသက်ပေးခြင်းမှစ၍ အစစအရာရာ ခြွင်းချက်မရှိ အနစ်နာခံကြိုးစားခဲ့သော ကြိုးစားနေသော ကြိုးစားဦးမည်ဖြစ်သော ခေါင်းဆောင်အပေါင်း၊ ပြည်သူအပေါင်း၊ လူတန်းစားပေါင်းစုံတို့အား လေးလေးစားစား ကျေးဇူးတင်ရမည်ဖြစ်ပါသည်။

ရိုက်မောင်း
မေ - ၇
( Zawgyi )
ေက်းဇူးဆိုတာ ႀကံဖန္တင္သင့္ပါသည္။  

တစ္ဖက္လူက မိမိကို အကူအညီတစ္ခုခုေပးရာ၌ ထိုသူက ေစတနာပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ၊ ထိုသူ၏ေစတနာက ေလးသည္ျဖစ္ေစ၊ ေပါ့သည္ျဖစ္ေစ၊ မိမိအတြက္ တစ္စုံတစ္ခုအက်ိဳးရွိခဲ့သည္ဆိုလွ်င္ ထိုသူသည္ မိမိ၏ေက်းဇူးရွင္တစ္ေယာက္ျဖစ္သြားပါၿပီ။ထိုသူ႔အေပၚ ေက်းဇူးတင္ရပါမည္။

‘ေလာကျပည္႐ြာ ကမာၻသားမ်ားရဲ႕ လက္သုံးစကားထဲမွာပင္ ေက်းဇူးတင္ပါတယ္ရွင္’ ဟူေသာ တစ္ခ်ိန္က ေရဒီယိုသီခ်င္းေလးတစ္ပုဒ္ကို ၾကားေယာင္မိသည္။ဟုတ္ပါသည္။‘ေက်းဇူးတင္ပါတယ္’ ဆိုေသာ စကားေလးကို ေျပာသူက ခ်ိဳခ်ိဳ သာသာေလးေျပာတတ္သလို ထိုစကားကို လက္ခံၾကားနာသူအဖို႔လည္း တကယ္ကိုနားဝင္ခ်ိဳလြန္းလွသည္။

မိမိက တစ္စုံတစ္ေယာက္ကို အကူအညီေပးလိုက္၍ ထိုသူက ပစၥည္းပစၥယ ေငြေၾကးမ်ား ဘာမွမပါဘဲ ‘ေက်းဇူးအရမ္းတင္တာပဲ’ ဟု ေျပာစကားေလးၾကားလိုက္ရသည္ႏွင့္ပင္ အေတာ္ေလးပီတိျဖစ္တတ္ပါသည္။မိမိအေပၚကူညီဖူးသူႏွင့္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ေတြ႕ခဲ့လွ်င္လည္း ထိုသူ႔အေပၚ တစ္ခုခုကူညီခ်င္သည့္စိတ္မ်ိဳး ျဖစ္တတ္ပါသည္။ထိုသူ႔အေပၚ ဆက္ဆံတာေတာင္ သာမန္ထက္ကို ပို၍ယဥ္ေက်းစြာ၊ ႏူးညံ့စြာ ေျပာဆိုဆက္ဆံတတ္ပါသည္။မိမိအေပၚ ေက်းဇူးျပဳထားသူကို ေလးေလးစားစား၊ မွတ္မွတ္သားသား သတိထား၍ ျပဳမူေျပာဆို တတ္ၾကပါသည္။သူ႔ေက်းဇူးကို ျပန္မဆပ္ႏိုင္သည့္တိုင္ စိတ္ထဲမွာေတာ့ အေလးအနက္ထားတတ္ၾကပါသည္။

ေရွးျမန္မာလယ္သမားမ်ားဆိုလွ်င္ စပါးစိုက္ရာတြင္ မိမိတို႔ႏွင့္အတူ လယ္ထြန္၊ စပါးနယ္ စသည့္ ဆန္စပါးစိုက္ပ်ိဳးေရးကိစၥအ၀၀တြင္ အကူအညီရခဲ့ေသာ ‘ႏြား’ မ်ားကို အေလးအနက္ထားၾကသည္။တိရစာၦန္ပင္ျဖစ္ေသာ္လည္း ထမင္းရွင္၊ ေက်းဇူးရွင္အျဖစ္ သေဘာထားၾကသည္။
ႏြားမ်ားေသလွ်င္ ထိုႏြားေသကို မစားမေသာက္ၾကဘဲ ေျမျမႇဳပ္ပစ္ၾကသည္။အမဲသား (ႏြားသား) စားျခင္းကို ေရွာင္ၾကဥ္ၾကသည္အထိ ေက်းဇူးတရားကို မြန္မြန္ျမတ္ျမတ္ တန္ဖိုးထားတတ္ၾကပါသည္။

ထို႔ေၾကာင့္လည္း ‘တစ္လုတ္စားဖူး သူ႔ေက်းဇူး’ ဟူ၍ ေက်းဇူးတရား၏ တန္ဖိုးႀကီးမားပုံကို ထူးထူးျခားျခား ေဖၚျပခဲ့ ၾကျခင္းျဖစ္သည္။

ျမန္မာ့သမိုင္းတြင္ မိမိ၏အသက္ေသမွာထက္ ထမင္းတစ္ပန္းကန္၏ေက်းဇူးကို သိတတ္သူအျဖစ္ ရဲရဲဝံ့ဝံ့၊ ျပတ္ျပတ္သားသားဆုံးျဖတ္လိုက္ေသာ သူရဲေကာင္းတစ္ဦးရွိခဲ့ပါသည္။

ပင္းယေခတ္တြင္ ပင္လယ္ၿမိဳ႕ကို ငါးစီးရွင္ေက်ာ္စြာ အုပ္ခ်ဳပ္စဥ္ကျဖစ္သည္။ငခင္ညိဳသည္ ငါးစီးရွင္၏ လက္ေ႐ြးစင္ လူယုံသူရဲေကာင္းတစ္ဦးျဖစ္သည္။ငါးစီးရွင္၏ ညီေတာ္ အသခၤယာေစာယြမ္းသည္ စစ္ကိုင္းၿမိဳ႕ကို အုပ္ခ်ဳပ္၏။တစ္ခါေသာ္ ငါးစီးရွင္သည္ ညီေတာ္ေစာယြမ္း ကို လုပ္ႀကံရန္အတြက္ လူယုံ ငခင္ညိဳ ကို ေစလႊတ္လိုက္၏။ငခင္ညိဳလည္း ထိုကိစၥအတြက္ စစ္ကိုင္းဘက္သို႔ကူးသည္။အေစာင့္အေနအထားကိုေလ့လာရင္း နန္းေတာ္ထဲသို႔ဝင္ရန္ ႀကိဳးစားသည္။သို႔ေသာ္လည္း အခြင့္မသာေသးသျဖင့္ ေတာထဲမွာ ပုန္းေအာင္းေနရသည္။တစ္ရက္က ႏွစ္ရက္၊ ႏွစ္ရက္က သုံးရက္ ျဖစ္လာၿပီး မည္သည့္အစားအစာမွ မစားရသျဖင့္ ဗိုက္အလြန္ဆာကာ လူလည္းႏြမ္းနယ္လာေလသည္။ထိုသုံးရက္ေျမာက္ေသာ ညဘက္တြင္ အခြင့္သာေသာေၾကာင့္ နန္းေတာ္တြင္းသို႔ အသာအယာဝင္လာခဲ့သည္။ဘုရင့္အိပ္ေဆာင္တြင္းသို႔ဝင္ရန္ အေျခအေနၾကည့္ေနဆဲ၊ မင္းမဟာဂီရိနတ္ကြန္းတြင္ ေစာယြမ္းမင္း ပူေဇာ္ပသထားေသာ ေ႐ႊစေလာင္းႏွင့္ထည့္ထားသည့္ ထမင္းႏွင့္ အမဲသားဟင္းလ်ာကို ေတြ႕ရသည္။သုံးရက္လုံးလုံး ဘာမွမစားရ၍ ဆာေလာင္မြတ္သိပ္ေနေသာ ငခင္ညိဳသည္ အားရပါးရစားလိုက္သည္။ဝမ္းဗိုက္ကို အစာျဖည့္ၿပီးသြားသျဖင့္ အင္အားေတြျပန္ျပည့္ကာ စိတ္လည္းပို၍ၾကည္လင္လန္းဆန္းသြားသည္။ထို႔ေနာက္ ေစာယြမ္း၏ အိပ္ေဆာင္တြင္းသို႔ အသာအယာဝင္လိုက္သည္။ေစာယြမ္း က သလြန္ထက္တြင္ အိပ္ေမာက်ေနရွာသည္။သူ႔အတြက္ ေစာယြမ္း ကို သုတ္သင္ရန္ အဆင္သင့္ျဖစ္ေနေလၿပီ။

သလြန္ေခါင္းရင္းတြင္ရပ္ၿပီး ေစာယြမ္း ကို ပိုင္းရန္ ဓားကိုထုတ္လိုက္သည္။ထိုအခ်ိန္မွာပင္ သူ႔စိတ္ထဲမွာ စဥ္းစားစရာတစ္ခုေပၚလာသည္။မၾကာခင္ေလးကမွ သူစားခဲ့ေသာ ထမင္း၊ ဟင္းမ်ားသည္ ေစာယြမ္း လႉဒါန္းထားသည္မ်ားျဖစ္ေလသည္။ထို႔ေၾကာင့္ ေစာယြမ္းသည္ သူ၏ထမင္းရွင္တစ္ေယာက္ျဖစ္သြားၿပီဟု ဆင္ျခင္မိလိုက္သည္။ထမင္းရွင္ကိုလည္း မျပစ္မွားခ်င္၊ အကယ္၍ မသတ္ျပန္လွ်င္လည္း သူ႔သခင္ ငါးစီးရွင္ က သူ႔ကိုသတ္ေပလိမ့္မည္။အတန္ၾကာစဥ္းစားေနၿပီးမွ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္မာစြာခ်လိုက္သည္။သူ႔တာဝန္မေက်၍ အသတ္ခံရပါက ဒီတစ္သက္သာေသရမည္ျဖစ္သည္။ထမင္းရွင္ကို သတ္မိပါက လူယုတ္မာတစ္ေယာက္ျဖစ္ၿပီး သံသရာမွာလည္း အပါယ္ေလးပါး၌ က်င္လည္ရေပလိမ့္မည္။

ေစာယြမ္း ကို မသတ္ဘဲ ျပန္ရန္ဆုံးျဖတ္လိုက္သည္။သို႔ေသာ္ ေစာယြမ္းဆီသို႔ ေရာက္ခဲ့သည္၊ မေရာက္ခဲ့သည္ကို သူ႔သခင္ ငါးစီးရွင္ သိရွိ၊ ယုံၾကည္ႏိုင္ေစရန္ ေစာယြမ္း၏ ပတၱျမားေက်ာက္စီဓားကိုယူ၍ ျပန္လာခဲ့ေလသည္။ပင္လယ္ၿမိဳ႕ကိုျပန္ေရာက္၍ ငါးစီးရွင္ထံ အခစားဝင္ၿပီး အက်ိဳးအေၾကာင္းရွင္းျပကာ ေစာယြမ္းမင္း၏ ပတၱျမားေက်ာက္စီဓားကို ဆက္သလိုက္သည္။ငါးစီးရွင္က သူ႔ကိုမသတ္သည့္အျပင္ ‘ထမင္းတစ္စေလာင္း၏ ေက်းဇူးကိုေတာင္သိတတ္သည့္ ငါ့သူရဲေကာင္းသည္ တစ္ေန႔မျပတ္ေကြၽးေမြးေနေသာ ငါ့အေပၚတြင္ အဘယ္ဆိုစရာရွိအံ့နည္း’ ဟု ခ်ီးမြမ္း၍ ဆုလာဘ္မ်ားစြာပင္ ေပးလိုက္ေလသည္။

မိမိလုပ္ႀကံရမည့္ ရန္သူျဖစ္ေသာ္လည္း၊ ထိုရန္သူကို မလုပ္ႀကံႏိုင္လွ်င္ မိမိအသက္ေပးရမည္ျဖစ္ေသာ္လည္း၊ ထိုရန္သူကလည္း အိပ္ေမာက်ေနၿပီး အလြယ္တကူလုပ္ႀကံႏိုင္ေသာ္လည္း၊ ထိုရန္သူက သူ၏ထမင္းတစ္စေလာင္းကို မိမိစားေၾကာင္း မည္သို႔မွ်သိႏိုင္စရာအေၾကာင္းမရွိေသာ္လည္း ငခင္ညိဳ က တစ္ခဏ တစ္ဘဝကိုမၾကည့္၊ သံသရာကိုၾကည့္သည္။အသက္၊ စည္းစိမ္၊ ခ်ီးက်ဴးေျမႇာက္စားခံရမႈ၊ ရာထူးအေဆာင္အေယာင္ စသည့္ အေရအတြက္ကိုမၾကည့္၊ ေက်းဇူးသိတတ္မႈဟူသည့္ အရည္အခ်င္းကိုၾကည့္သည္။သူတစ္ပါးေပၚ မလိမ္မညာဘဲ သစၥာရွိသလို၊ မိမိကိုယ္မိမိလည္း မလိမ္မညာဘဲ သစၥာရွိသူျဖစ္သည္။

လူမ်ားစုကေတာ့ ေက်းဇူးကိုျပန္မဆပ္ႏိုင္သည့္တိုင္ ထိုေက်းဇူးကို အေလးအနက္ တန္ဖိုးထားတတ္ၾကပါသည္။

ကမာၻ႔ႏိုင္ငံအသီးသီးမွာလည္း ေရေျမေတြဘယ္လိုျခား၍ ယဥ္ေက်းမႈေတြဘယ္လိုကြဲျပားေနၾကေသာ္လည္း တုံ႔ျပန္ပုံခ်င္းမတူေသာ္လည္း ေက်းဇူးတရားကို အသိအမွတ္ျပဳပုံ၊ ေက်းဇူးတရားကို အေလးအနက္ထားပုံကေတာ့ အားလုံးတူညီပါသည္။  

လူမဆိုထားႏွင့္ လူလိုအသိမရွိေသာ တိရစာၦန္မ်ားသည္ပင္ ေက်းဇူးတရားကို သိတတ္ၾကသည္။သူတို႔ကို အစာေကြၽးသည့္သူ၊ သူတို႔ကို ေမြးျမဴေစာင့္ေရွာက္သည့္လူမ်ားအေပၚ သူတို႔ကလည္းျပန္ခ်စ္ၾကသည္။သူတို႔တတ္ႏိုင္သည့္ဘက္မွ ျပန္အကာအကြယ္ေပးၾကသည္။လူေတြလို ႏႈတ္မွဖြင့္ဟ၍ မေျပာႏိုင္ေသာ္လည္း သူတို႔စိတ္ထဲမွာ ေက်းဇူးတရားကို အသိအမွတ္ျပဳထားေၾကာင္း၊ လိုအပ္လွ်င္ ေက်းဇူးျပန္ဆပ္တတ္ေၾကာင္း ထင္ရွားပါသည္။

အသိဉာဏ္မရွိေသာ တိရစာၦန္မ်ားပင္ ေလးစားလိုက္နာၾကေသာ ‘ေက်းဇူး’ တရားကို အသိဉာဏ္ရွိေသာ လူသားမ်ားအေနႏွင့္ ပို၍ပင္အေရးတယူရွိသင့္ပါသည္။ပို၍ပင္တေလးတစားျပဳသင့္ပါသည္။

မိမိအေပၚျပဳဖူးေသာ သူတစ္ပါး၏ေက်းဇူးတရားကို မဆပ္ခ်င္ေနပါ။အသိအမွတ္ေတာ့ျပဳရပါမည္။အထူးသျဖင့္ သူ႔ေက်းဇူးကို မေစာ္ကားျဖစ္ေအာင္ေတာ့ သတိထားဆင္ျခင္သင့္ပါသည္။

သို႔ေသာ္လည္း၊ လူထဲကလူပင္ျဖစ္ေသာ္လည္း ေက်းဇူးတရားဆိုတာကို တကယ္ပဲမသိေသးေသာသူမ်ားလည္း ရွိပါသည္။တခ်ိဳ႕က်ေတာ့ ေက်းဇူးျပန္ဆပ္ရမွာ စိုးရိမ္ေသာေၾကာင့္ထင္သည္၊ မသိေယာင္ေဆာင္ေနတတ္ၾကသည္။အဆိုးဆုံးဦးေႏွာက္ပိုင္ရွင္ကေတာ့ မိမိ၏ေက်းဇူးရွင္ကို ေက်းဇူးဆပ္ဖို႔ေနေနသာသာ မေသမခ်င္း ထပ္ခါတလဲလဲ ဒုကၡေပးေနတတ္ပါသည္။

၅၅၀-သီလ၀ နာဂရာဇာ ဇာတ္မွ ေက်းဇူးရွင္ကို ျပစ္မွားေသာသူတစ္ေယာက္အေၾကာင္း ေျပာျပခ်င္ပါသည္။

ဘုရားေလာင္းသည္ တစ္ခုေသာဘဝမွာ ဟိမဝႏၲာေတာတြင္ ဆင္မင္းျဖစ္၏။တစ္ကိုယ္လုံးျဖဴေဖြးၿပီး ေငြေရာင္ေတာက္ေန၏။ရွစ္ေသာင္းေသာ ဆင္တို႔ကို အုပ္ခ်ဳပ္ရသည္။အသက္အ႐ြယ္အတန္ရလာေသာအခါ တစ္ကိုယ္တည္းခြဲ၍ေနေလသည္။ေဒဝဒတ္ေလာင္း မုဆိုးသည္ ဟိမဝႏၲာေတာအတြင္းဝင္၍ သားေကာင္လိုက္ပစ္ရင္း မ်က္စိလည္ကာ ေတာအတြင္းမွျပန္မထြက္ႏိုင္ေတာ့ဘဲ တဝဲလည္လည္ျဖစ္ေနသည္။အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေတာကလည္း နက္သည္ထက္ နက္လာသျဖင့္ ေၾကာက္လန႔္လာၿပီး ကေယာင္ေခ်ာက္ခ်ားျဖစ္ကာ ေအာ္ဟစ္ငိုယိုေနမိေတာ့၏။

ဆင္မင္းသည္ မုဆိုး၏ငိုသံကိုၾကားေသာေၾကာင့္ ထိုအသံကိုလိုက္ရွာရာ ေနာက္ဆုံးတြင္ မုဆိုးကို ေတြ႕ေလသည္။ထို႔ေၾကာင့္ အကူအညီေပးရန္ မုဆိုး၏အနားသို႔ ေလွ်ာက္သြားသည္။မုဆိုးကလည္း ဆင္မင္းကိုေၾကာက္၍ ထြက္ေျပးသည္။ထိုအခါ ဆင္မင္းကရပ္လိုက္သည္။
ဆင္မင္းရပ္သည္ကိုျမင္လွ်င္ မုဆိုးကလည္းရပ္သည္။မုဆိုးအေျပးရပ္သြားေသာအခါ ဆင္မင္းက ေရွ႕သို႔တိုးသည္။မုဆိုးက တစ္ဖန္ေျပးျပန္သည္။

အခ်ိန္အတန္ၾကာေသာအခါ မုဆိုးစဥ္းစားမိသည္။ဆင္မင္းသည္ အကယ္၍ သူ႔ကိုရန္မူလိုလွ်င္ ယခုေလာက္ဆို သူစိစိညက္ညက္ေၾကကာ ေသေနေလာက္ၿပီ။ရန္မျပဳလို၍သာလွ်င္ ယခုကဲ့သို႔ တုန႔္ဆိုင္းဆိုင္းႏွင့္ ခ်ိန္ဆလ်က္ သူ႔အနီးသို႔ လာျခင္းျဖစ္မည္ဟု ေတြးမိရင္း အေျပးကိုလုံးဝရပ္၍ ဆင္မင္းအလာကို ေစာင့္ေနလိုက္သည္။ဆင္မင္းက မုဆိုးအနားသို႔ ေရာက္ေသာအခါ အဘယ့္ေၾကာင့္ ရႈိက္ႀကီးတငင္ငိုေႂကြးေနေၾကာင္း ေမးျမန္းသည္။မုဆိုးကလည္း လမ္းေပ်ာက္ၿပီး ေတာထဲ၌ေသမွာစိုးရိမ္၍ျဖစ္ေၾကာင္း ရွင္းျပသည္။ဆင္မင္းက ဘာမွအားမငယ္ရန္ေျပာၿပီး သူ႔ေနရာသို႔ေခၚသြားကာ အရသာရွိ၍ အင္အားျဖစ္ေစေသာ သစ္သီးမ်ားကိုေကြၽးသည္။ႏွစ္ညသိပ္ၿပီးေနာက္ မနက္ခင္းတြင္ မုဆိုးကို ေက်ာထက္မွစီးေစကာ လိုက္ပို႔သည္။ေတာစပ္သို႔ေရာက္ေသာအခါ ႏႈတ္ဆက္ရင္း အျခားလူမ်ားအား သူ႔ေနရာကိုေျပာမျပရန္ မွာလိုက္သည္။ဆင္မင္း၏ အမွာစကားက ေနာက္က်ေနေလၿပီ။အက်င့္မေကာင္း၍ ေက်းဇူးမသိေသာ မုဆိုးက လမ္းတစ္ေလွ်ာက္လုံးရွိ ေနရာမ်ားကို အေသအခ်ာမွတ္သားထားခဲ့သည္။  

ဆင္စြယ္လိုေသာ ကုန္သည္မ်ားထံသြား၍ ေဈးစကားေျပာ၏။ဆင္အေသ၏ အစြယ္ထက္ ဆင္အရွင္၏ အစြယ္ကိုရလွ်င္ ေဈးမ်ားမ်ားပိုေပးမည္ဟုေျပာေသာအခါ မုဆိုးလည္း အားရဝမ္းသာျဖင့္ ေတာထဲသို႔သြားသည္။ဆင္မင္းကိုေတြ႕၍ ဆင္မင္းက အက်ိဳးအေၾကာင္းေမးလွ်င္ သူ႔ဘဝ၏ခ်ိဳ႕တဲ့ဆင္းရဲပုံကို လိမ္လည္ေျပာၿပီး ဆင္စြယ္အဖ်ားေလးရလွ်င္ ေရာင္းစားၿပီး သူ႔အသက္ဆက္ႏိုင္ပါသည္ဟု သနားစဖြယ္ေျပာသည္။ဆင္မင္း၏ ခြင့္ျပဳခ်က္ရေသာအခါ အသင့္ယူေဆာင္သြားေသာ လႊကိုထုတ္၍ အစြယ္ျဖတ္ရန္ ျပင္ဆင္ပါေတာ့သည္။ဆင္မင္းကလည္း မုဆိုးျဖတ္သာေအာင္ ကိုယ္ကိုဝပ္ဆင္းေပးရွာသည္။

မုဆိုးသည္ ရရွိေသာအစြယ္ကို ေရာင္းစားၿပီး ဆင္မင္းစီေရာက္လာကာ သနားစဖြယ္ေျပာျပန္သည္။ဆင္မင္းကလည္းခြင့္ျပဳသည္။မုဆိုးလည္း အစြယ္၏အလယ္ပိုင္းကိုျဖတ္ကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္သြားၿပီး ေရာင္းစားျပန္သည္။ေနာက္တစ္ေခါက္ေရာက္လာျပန္ၿပီး အစြယ္အရင္းပိုင္းကို ေတာင္းျပန္သည္။ဆင္မင္းကလည္း ဘုရားျဖစ္ရန္ပါရမီအတြက္ သင့္ကိုလႉမည္ အလိုရွိတိုင္းျဖတ္ေတာ့ဟုဆိုကာ ခြင့္ျပဳျပန္သည္။မုဆိုးလည္း မညႇာမတာ အစြယ္ရင္းမွျဖတ္သည္။ေသြးေခ်ာင္းစီးေနသည့္ၾကားက ေဝဒနာခံစားေနရသည့္ ေက်းဇူးရွင္ ဆင္မင္းကို သနားရမွန္း၊ အားနာရမွန္းမသိဘဲ ျဖတ္ၿပီးေသာ ဆင္စြယ္ကိုယူကာ အားရဝမ္းသာႏွင့္ ျပန္သြားေလသည္။

ဘုရားေလာင္းဆင္မင္းက တရားကိုအာ႐ုံျပဳထားသူျဖစ္၍ သည္းခံခဲ့ေသာ္လည္း မဟာပထဝီေျမႀကီးကေတာ့ သည္းမခံႏိုင္ေတာ့ဟန္တူသည္။ဆင္မင္း၏ မ်က္ကြယ္အေရာက္တြင္ ေက်းဇူးကန္းသည့္မုဆိုးသည္ ထက္ျခမ္းကြဲသြားေသာ ေျမအက္ေၾကာင္းမွတစ္ဆင့္ အဝီစိငရဲသို႔ တိုက္႐ိုက္က်သြားခဲ့ပါသည္။

တစ္စုံတစ္ေယာက္ေၾကာင့္ မိမိမွာ ေကာင္းက်ိဳးတစ္ခုရသည္ဆိုလွ်င္ ထိုသူကိုေက်းဇူးတင္ရမွာပါ။ေက်းဇူးမဆပ္ျဖစ္သည့္တိုင္၊ ေက်းဇူးမဆပ္ႏိုင္သည့္တိုင္၊ ေက်းဇူးမဆပ္ခ်င္သည့္တိုင္ ထိုသူကို အသိအမွတ္မျပဳ၍မရပါ။အသိအမွတ္ျပဳကို ျပဳျဖစ္ၾကပါသည္။အမူအရာေတြ၊ ႏႈတ္ထြက္စကားေတြျဖင့္ ဘယ္လိုပင္ျငင္းဆန္ခ်င္ေသာ္လည္း မိမိစိတ္ကိုေတာ့ညာ၍မရပါ။ေက်းဇူးရွင္ဟု သိေနစိတ္ကို မသိသလိုလုပ္ေနသည္ဆိုလွ်င္ေတာ့ မိမိ၏အတၱေလာဘစိတ္ေၾကာင့္ပင္ျဖစ္ပါသည္။

ထိုအတၱေလာဘစိတ္ကို အခ်ိန္မီ အသိဉာဏ္ပညာျဖင့္ ထိန္းခ်ဳပ္ရပါမည္။မထိန္းခ်ဳပ္ဘဲ လႊတ္ထားလိုက္လွ်င္ ထိုအတၱေလာဘစိတ္က ႀကီးသည္ထက္ႀကီးလာပါသည္။အခြင့္အေရးရလွ်င္ရသလို တစ္နည္းနည္းျဖင့္ ေကာင္းက်ိဳးတစ္ခုခု ျပန္လည္ေပးဆပ္သင့္သည့္ ေက်းဇူးရွင္အေပၚမွာ ေျပာင္းျပန္အေတြးဆိုးမ်ားႏွင့္ စဥ္းစားလာပါသည္။ေက်းဇူးရွင္ဟု မျမင္ေတာ့ဘဲ မိမိအက်ိဳးအတြက္ မလြဲမေသြလုပ္ေပးရန္ တာဝန္ရွိသူတစ္ေယာက္အျဖစ္၊ မိမိလိုအပ္သလို အသုံးခ်ႏိုင္သည့္သူ (အခ်ဥ္) တစ္ေယာက္အျဖစ္ ျမင္လာတတ္သည္။

အကယ္၍ ထိုသူက မိမိထက္အင္အားႀကီးသူ၊ အစစအရာရာသာလြန္သူျဖစ္လွ်င္ ထိုသူအေပၚ မနာလိုဝန္တိုစိတ္မ်ားဝင္ကာ ထိုသူ ဒုကၡမေရာက္ ေရာက္ေအာင္၊ သိကၡာမက် က်ေအာင္၊ နာမည္မပ်က္ ပ်က္ေအာင္၊ ေနာက္ဆုံးတြင္ မေသ ေသေအာင္ ႀကံစည္ဖန္တီးလာတတ္သည္။

လူတစ္ေယာက္တြင္ ေကာင္းသည့္စိတ္ (ကုသိုလ္စိတ္) ႏွင့္ မေကာင္းသည့္စိတ္ (အကုသိုလ္စိတ္) တို႔က ၿပိဳင္တူမျဖစ္ေပၚပါ။ေကာင္းသည့္စိတ္ ေနရာယူထားလွ်င္ မေကာင္းသည့္စိတ္ ဝင္လာ၍မရပါ။ထို႔အတူ မေကာင္းသည့္စိတ္ကို ေမြးထားလွ်င္လည္း ေကာင္းသည့္စိတ္ ဝင္မလာပါ။

မိမိ၏စိတ္ထဲတြင္ ေပးကမ္းကူညီခ်င္ေသာ ဒါနစိတ္ရွိေနလွ်င္ ရယူခ်င္ေသာ ေလာဘစိတ္ ဝင္မလာပါ။တစ္ဖက္သားအေပၚ ေကာင္းေစလိုေသာ ေမတၱာစိတ္ရွိေနလွ်င္လည္း ထိုသူ႔အေပၚ မေက်နပ္ေသာ ေဒါသစိတ္ဝင္မလာပါ။

သူ႔ေက်းဇူးကို သိေသာစိတ္ရွိေနလွ်င္ အထင္ေသးစိတ္၊ မနာလိုဝန္တိုစိတ္၊ အၿပိဳင္အဆိုင္စိတ္မ်ား ဝင္မလာႏိုင္ပါ။ႏႈတ္မွထုတ္မေျပာေသာ္လည္း၊ လက္ေတြ႕ေက်းဇူးမဆပ္ႏိုင္ေသးေသာ္လည္း ေက်းဇူးသိစိတ္၊ ေက်းဇူးဆပ္ခ်င္သည့္စိတ္ ေစတနာတို႔ေၾကာင့္ ကုသိုလ္ရပါသည္။ေက်းဇူးရွင္ကို အထင္ေသးစိတ္၊ အၿပိဳင္အဆိုင္စိတ္တို႔လည္း မျဖစ္ေပၚလာပါ။စိတ္ရင္းျဖဴစင္မႈေၾကာင့္ လူ႔ဘုံအလယ္တြင္လည္း ရဲရဲဝံ့ဝံ့လိပ္ျပာသန႔္သန႔္ႏွင့္ ေနထိုင္သြားလာႏိုင္ပါသည္။

သူ႔ေက်းဇူးကို မသိတတ္ေသာစိတ္ေၾကာင့္ ေက်းဇူးတင္ရမွာကိုပဲ ရွက္သလိုလို၊ ေၾကာက္သလိုလိုႏွင့္ မိမိကိုယ္မိမိ သိမ္ငယ္လာသည္။ေက်းဇူးတင္ရမွာကို မေက်မနပ္ခံစားလာရသည္။ေက်းဇူးတင္ရမည့္သူအေပၚ မနာလိုျဖစ္လာသည္။မုန္းတီးမိလာသည္။ဒုကၡေရာက္ေစခ်င္လာသည္။
မိမိ၏စိတ္သည္ အသိဉာဏ္နည္းလွ်င္ နည္းသေလာက္ မေကာင္းသည့္အေတြးမ်ားကိုသာ ဖန္တီးေနေတာ့သည္။ထိုသို႔ မိမိ၏စိတ္တြင္ မေကာင္းသည့္အေတြးမ်ား လႊမ္းမိုးလာေသာေၾကာင့္ မိမိကိုယ္မိမိ ယုံၾကည္မႈနည္းလာသည္။အျပင္သ႑န္က ဘယ္လိုပင္ဟန္ေဆာင္ထားေသာ္လည္း လူ႔ဘုံအလယ္တြင္ ရဲရဲဝံ့ဝံ့လိပ္ျပာသန႔္သန႔္ႏွင့္ မေနႏိုင္ေတာ့ေပ။ထိုအခါ စိတ္သည္မြမ္းက်ပ္လာၿပီး တျခားသူေတြအေပၚ ယုံၾကည္မႈမရွိေတာ့သည့္အျပင္ သံသယစိတ္ေတြ မ်ားသည္ထက္ မ်ားလာေလသည္။ဆုံးျဖတ္ခ်က္ေတြလည္း မွားသည္ထက္မွားလာေလသည္။အမွန္ႏွင့္ အမွား ေဝဖန္ပိုင္းျခားႏိုင္သည့္ အေတြးအေခၚမ်ားလည္း ေဝးသည္ထက္ေဝးသြားပါေတာ့သည္။

ထို႔ေၾကာင့္လည္း ဆရာကို ေက်းဇူးရွင္အျဖစ္ဝန္မခံရဲ၍ အာေခါင္လွံစူးတာမ်ိဳး၊ ေဒဝဒတ္ႏွင့္ အေပါင္းမွားေသာအခါ ေက်းဇူးရွင္ ဖခင္ကို ျပန္သတ္မိသည့္ အဇာတသတ္အျဖစ္မ်ိဳး၊ ေက်းဇူးႀကီးမားေသာ၊ မိမိ၏ဆရာတစ္ဆူလည္းျဖစ္ေသာ ဘုရားရွင္ကိုပင္ အမ်ိဳးမ်ိဳးဆန႔္က်င္၍ အင္အားခ်င္းယွဥ္အံတုကာ ရန္သူသဖြယ္ သေဘာထားမိၿပီး ဘုရားရွင္၏ သားတပည့္မ်ားလည္းျဖစ္၊ သာသနာကိုလည္းေစာင့္ေရွာက္ေနၾကေသာ ရဟန္းမ်ားကို စိတ္ဝမ္းကြဲေအာင္ ပရိယာယ္ဆင္ေသြးခြဲခဲ့သည့္ ေဒဝဒတ္ရဟန္းလိုအျဖစ္မ်ိဳး ရွိခဲ့တာပါ။

ဗုဒၶသာသနာကို ေစာင့္ေရွာက္ေနၾကရင္း ဒါယကာ၊ ဒါယိကာမမ်ားကို ေလာကီ၊ ေလာကုတၱရာကိစၥအ၀၀တြင္ စိတ္ၿငိမ္းခ်မ္းေအာင္၊ အကုသိုလ္မျဖစ္ေအာင္ ကူညီလမ္းၫႊန္ေပးေနသည့္ ရဟန္းသံဃာမ်ားကို ေက်းဇူးရွင္ႀကီးမ်ားအျဖစ္ ဒါယကာမ်ားက အေလးအနက္ထား ႐ိုေသၾကသည္။ရဟန္းသံဃာမ်ားကလည္း ေက်းဇူးမဲ့စကားမဆိုၾကပါ။ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆး ဟူေသာ ပစၥည္းေလးပါး ဒါယကာမ်ားအျဖစ္ လူတို႔ကို ေက်းဇူးျပန္တင္ၾကသည္။

အႏုပညာရွင္မ်ားဆိုလွ်င္လည္း စင္ျမင့္ထက္မွေန၍ ပရိသတ္ကို ေျဖေဖ်ာ္ေနၾကသည္။ပရိသတ္က အႏုပညာရွင္မ်ား၏ မ်က္ႏွာ၊ အမူအရာ၊ လႈပ္ရွားမႈမ်ားကိုၾကည့္ရန္၊ အသံကိုနားေထာင္ရန္ အခေၾကးေငြမ်ားေပးကာ ရာသီဥတု၏ အပူဒဏ္ အေအးဒဏ္မ်ားခံ၊ အအိပ္ပ်က္ အစားပ်က္ခံကာ စင္ေအာက္မွ တေမာ့ေမာ့ႏွင့္ အားေပးၾကည့္ရႈၾကသည္။

ထိုႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ားကလည္း ေက်းဇူးမဲ့စကား မဆိုၾကပါ။‘ေက်းဇူးတင္ပါတယ္’  ‘Thank you’ စသည္ျဖင့္ ႏႈတ္ဖ်ားမွတဖြဖြ႐ြတ္ကာ ေက်းဇူးစကား ဆိုၾကပါသည္။ပရိသတ္မ်ားသည္ သူတို႔၏ေက်းဇူးရွင္မ်ားအျဖစ္ ဝန္ခံေျပာဆိုၾကပါသည္။

သူ႔ေက်းဇူးကိုသိျခင္းသည္ ‘ကတ ညဳတ မဂၤလာ’ ျဖစ္ပါသည္။

ဘတ္စ္ကားစီးရင္း ခဏတာထိုင္ရေသာ ခုံေနရာေလးဖယ္ေပးသူကို ‘ေက်းဇူးတင္ပါတယ္’ ဟု အၿပဳံးေလးႏွင့္ ခ်က္ခ်င္းအသိအမွတ္ျပဳၾကသည္။လမ္းသြားရင္း၊ ယာဥ္တစ္ခုခုေပၚမွဆင္းရင္း၊ ေလွကားေပၚတက္ရင္း ႏွစ္ေယာက္ဆုံမိစဥ္ တစ္ေယာက္က ကိုယ္ေလးယို႔၍ တစ္ဖက္လူကို ဦးစားေပးလိုက္လွ်င္ ထိုတစ္ေယာက္က အၿပဳံးေလးႏွင့္ ‘ေက်းဇူးပဲေနာ္’ ဟု ေစတနာကို တုံ႔ျပန္အသိအမွတ္ျပဳၾကသည္။

“ေက်းဇူး” ဆိုသည့္ တစ္ကမာၻလုံးသုံးသည့္ သေကၤတေလးကို လူမ်ားစုက ျမတ္ျမတ္ႏိုးႏိုး တန္ဖိုးထားၾကသည္။

သို႔ေသာ္လည္း ေက်းဇူးစကားကို မဆိုတတ္ေသာ၊ ေက်းဇူးတရားကို အသိအမွတ္မျပဳတတ္ေသာ လူတခ်ိဳ႕လည္း ေရွးေရွးကရွိခဲ့သလို ယခုအခါလည္းရွိပါသည္။

ကြၽန္ေတာ္တို႔ႏိုင္ငံ၏ လြတ္လပ္ေရးအတြက္ အဘက္ဘက္မွႀကိဳပမ္းသူေတြ၊ အသက္ေပးသြားသည့္သူေတြ မ်ားစြာရွိပါသည္။ထိုအထဲတြင္ လက္႐ုံးရည္ ႏွလုံးရည္ႏွင့္ ျပည့္စုံၿပီး ေခါင္းေဆာင္ေကာင္းပီသေသာ ‘ဗိုလ္ခ်ဳပ္ေအာင္ဆန္း’ ကို ျပည္သူလူထု၏ေခါင္းေဆာင္ႀကီး၊ လြတ္လပ္ေရးဖခင္ႀကီး၊ တပ္မေတာ္၏ဖခင္ႀကီးအျဖစ္ အားလုံးကအသိအမွတ္ျပဳၾကရပါသည္။ရန္သူျဖစ္ေသာ နယ္ခ်ဲ႕အဂၤလိပ္ႏွင့္ ဖက္ဆစ္ဂ်ပန္အရာရွိႀကီးမ်ားကပင္ ေလးစားရေသာပုဂၢိဳလ္ႀကီးျဖစ္ပါသည္။
တစ္တိုင္းတစ္ျပည္လုံးက ေက်းဇူးရွင္အျဖစ္ ႐ိုေသေလးစားၾကပါသည္။

အသက္ေသသြားေသာ္လည္း၊ ခႏၶာကိုယ္ႀကီးမရွိေတာ့ေသာ္လည္း ေကာင္းသတင္းဂုဏ္က ယေန႔ထက္တိုင္ ေမႊးပ်ံ႕ေနဆဲျဖစ္၏။ျပည္သူတို႔၏ ႏွလုံးသားထဲေရာ ဦးေႏွာက္ထဲမွာပါ နက္နက္ရႈိင္းရႈိင္းရွိေနဆဲပါ။ေနာင္ႏွစ္ေပါင္းမ်ားစြာအထိလည္း ရွိေနဦးမွာပါ။

ထိုေက်းဇူးရွင္ ဗိုလ္ခ်ဳပ္ကို အသိအမွတ္မျပဳေသာ လူတစ္စုရွိခဲ့ဖူးပါသည္။သူတို႔က သာမန္လူေတြမဟုတ္ပါ။ႏိုင္ငံကိုအုပ္ခ်ဳပ္ခဲ့ေသာ စစ္ေခါင္းေဆာင္အခ်ိဳ႕ျဖစ္သည္။ဗိုလ္ခ်ဳပ္၏ဓာတ္ပုံကိုဖယ္၍ သူတို႔ဓာတ္ပုံေတြသာ ေနရာယူထားၾကသည္။ဗိုလ္ခ်ဳပ္ႏွင့္ပတ္သက္၍ ဘာအထိန္းအမွတ္မွမလုပ္ၾက။ဗိုလ္ခ်ဳပ္၏ေက်းဇူးကို အသိအမွတ္မျပဳ႐ုံမက ဗိုလ္ခ်ဳပ္ကို သမိုင္းထဲမွေဖ်ာက္ဖ်က္ပစ္ဖို႔ ႀကိဳးစားခဲ့ၾကသည္။

ျပည္သူတို႔မွာ ေက်းဇူးရွင္ ဗိုလ္ခ်ဳပ္၏ဓာတ္ပုံကို ရဲရဲမခ်ိတ္ဝံ့၊ ဗိုလ္ခ်ဳပ္အေၾကာင္းကို ရဲရဲမေျပာဝံ့ေအာင္ ျဖစ္ခဲ့ရ၏။      

ဒီလို ေက်းဇူးမသိတတ္သူေတြ တစ္ခ်ိန္က ေခါင္းေဆာင္တက္လုပ္ခဲ့သည့္အတြက္ ျပည္သူေတြလည္း ကိုယ္ဆင္းရဲစိတ္ဆင္းရဲ ျဖစ္ခဲ့ရပါသည္။တိုင္းျပည္လည္း ဆင္းရဲတြင္းနက္ခဲ့ရပါသည္။စည္းလုံးညီၫြတ္မႈလည္း ပ်က္ျပားခဲ့ရပါသည္။

လက္ရွိ ငါးႏွစ္တာကာလတစ္ခုတြင္ ေက်နပ္ေလာက္ေသာ ဒီမိုကေရစီကို မပိုင္ဆိုင္ရေသးေသာ္လည္း အာဏာရွင္ေခတ္ထက္ေတာ့ မ်ားစြာသာေသာ ဒီမိုကေရစီအ႐ုဏ္ဦးကို ခံစားေနႏိုင္ပါၿပီ။ေက်းဇူးရွင္ ဗိုလ္ခ်ဳပ္ကိုလည္း ရဲရဲဝံ့ဝံ့အေလးျပဳႏိုင္ၿပီ။“ဒါ ျမန္မာျပည္ရဲ႕ သူရဲေကာင္းမ်ားစြာထဲက အေတာ္ဆုံး၊ အထက္ျမက္ဆုံး၊ တန္ဖိုးအရွိဆုံး၊  ေက်းဇူးအႀကီးဆုံး၊ ႏွစ္ေယာက္မရွိတဲ့ စံျပသူရဲေကာင္းပဲကြ” လို႔ ပိုင္ပိုင္ႏိုင္ႏိုင္ ပြင့္ပြင့္လင္းလင္း ေျပာဆိုခ်ီးက်ဴးခြင့္ရေနပါၿပီ။  

ကြၽန္ေတာ္တို႔ အခုလိုရင္ထဲမွာခံစားရသမွ်ေတြ၊ မွ်ေဝေပးခ်င္တာေတြကို အတိုင္းအတာတစ္ခုအထိ ဖြင့္ဟေရးခ်ခြင့္ရတဲ့အတြက္လည္း ဒီမိုကေရစီလူ႔အခြင့္အေရးတိုက္ပြဲအတြက္ အသက္ေပးျခင္းမွစ၍ အစစအရာရာ ႁခြင္းခ်က္မရွိ အနစ္နာခံႀကိဳးစားခဲ့ေသာ ႀကိဳးစားေနေသာ ႀကိဳးစားဦးမည္ျဖစ္ေသာ ေခါင္းေဆာင္အေပါင္း၊ ျပည္သူအေပါင္း၊ လူတန္းစားေပါင္းစုံတို႔အား ေလးေလးစားစား ေက်းဇူးတင္ရမည္ျဖစ္ပါသည္။

႐ိုက္ေမာင္း
ေမ - ၇