【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၅)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၅)

အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ အဓိကအခန်းကဏ္ဍကနေပါဝင်တဲ့သူတွေကို ထောက်ပံ့မှု ပိုမိုပေးလျက်ရှိပါတယ်။

အခုအခါမှာတော့ အဓိကလုပ်ငန်းဇုန်များအတွက် နစ်နာကြေးနဲ့ ငွေကြေးထောက်ပံ့မှုတွေကို နိုင်ငံတစ်ဝှမ်း ကောင်တီ ၈၀၀ မှာ လွှမ်းခြုံနိုင်ပြီဖြစ်ပါတယ်။

ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်ကမ်းများတစ်လျှောက် နယ်မြေဖြတ်ကျော် နစ်နာကြေး ယန္တရားများကို ထောက်ပံ့နိုင်မည့် မူဝါဒများကို မိတ်ဆက်ပေးခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ ဒေသများနဲ့ ဒီလုပ်ဆောင်ချက်တွေကနေ အကျိုးအမြတ်ရတဲ့ ဒေသများ၊ မြစ်အထက်နဲ့ မြစ်အောက်မှာ တည်ရှိတဲ့ ဒေသများကြား အချင်းချင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် ညစ်ညမ်းမှုထိန်းချုပ်ရေးနဲ့ စက်မှုစီမံကိန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နစ်နာကြေး ဆက်ဆံရေးစနစ်တစ်ရပ်ကိုလည်း တည်ထောင်ခဲ့ပါတယ်။  

အစိုးရနဲ့ ဈေးကွက်တို့ရဲ့ကဏ္ဍကို မြှင့်တင်ရန် တရုတ်ဟာ သက်ဆိုင်သူအားလုံးအနေဖြင့် နစ်နာကြေးစနစ်များတွင် ပါဝင်လာရေးနှင့် ဘဏ္ဍာရေးလမ်းကြောင်းများ ပိုမိုမြှင့်တင်ရေး လုပ်ဆောင်ခဲ့ပါတယ်။ စုစုပေါင်းသုံးစွဲမှုအတွက် အမြင့်ဆုံးကန့်သတ်ချက်အတွက် အကျိုးအကြောင်းသင့်လျော်မှုရှိစေရန် ရေ၊ စွမ်းအင်၊ ညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လွှတ်မှု ကန့်သတ်ချက်များအတွက် နေရာလွှဲပြောင်းသုံးစွဲမှုနှင့် ဖလှယ်မှုကို ဖွင့်လှစ်ပေးခဲ့ပြီး ဈေးကွက်အတွင်းမှာ သဘာဝအရင်းအမြစ်တွေကို မျှတစွာ ခွဲဝေသုံးစွဲရေးအတွက် အခြေခံကဏ္ဍတစ်ခုကို ဖန်တီးခဲ့ပါတယ်။သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဘဏ္ဍာရေးကဏ္ဍကို မြှင့်တင်ရန် တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုပြီး ထုတ်လုပ်ထားသော ကုန်ပစ္စည်းများအတွက် အလွှာပေါင်းစုံပါဝင်တဲ့ ဈေးကွက်ကို ဖန်တီးခဲ့ပါတယ်။  

           အပိုင်း ၇ ။      ။ ကမ္ဘာမြေကြီးအား လှပသော အိမ်တစ်လုံးအဖြစ် တည်ဆောက်ခြင်း

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုတာဟာ လူသားမျိုးနွယ်အားလုံးရဲ့ တာဝန်ဖြစ်ပြီး တရုတ်ဟာလည်း အဓိကနေရာကနေ ပါဝင်လျက်ရှိပါတယ်။တရုတ်ဟာ ဘက်ပေါင်းစုံပါဝင်မှုကို သေချာစေပြီး နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုပုံစံကို ပုံဖော်လျက်ရှိပါတယ်။  

           ၁။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအုပ်ချုပ်ရေးမှာ ပါဝင်ခြင်း

တရုတ်နိုင်ငံဟာ မျှတရေးနဲ့ ဘုံဖြစ်တည်ရေး တာဝန်များနဲ့ သက်ဆိုင်ရာစွမ်းရည်များကို ခွဲခြမ်းခြင်း မူဝါဒတွေကို လိုက်နာပြီး ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ပဋိဉာဉ်နဲ့အညီ ဆောင်ရွက်လျက်ရှိပြီး ပဲရစ်သဘောတူညီချက်အတွက်လည်း အပြုသဘောဆောင်တဲ့ သမိုင်းဝင်ပါဝင်အားထုတ်မှုများကို ပြုလုပ်လျက်ရှိပါတယ်။  

တရုတ်ဟာ တစ်နိုင်ငံလုံးဆိုင်ရာ ဆုံးဖြတ်ထားသော ပါဝင်အားဖြည့်မှုများကို ရရှိအောင် စွမ်းရည်မြှင့်တင်လျက်ရှိပြီး ကာဗွန်ထုတ်လွှတ်ခြင်းကို သိသိသာသာလျှော့ချနိုင်ရေးနဲ့ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးသတ်မှတ်ရေးအား အချိန်တိုအတွင်း လုပ်ဆောင်နိုင်ရေးကို စဉ်ဆက်မပြတ် အားထုတ်လျက်ရှိပါတယ်။ဒါဟာ နိုင်ငံ ကြီးတစ်ခုရဲ့ အဓိကတာဝန်ကို ယူတတ်မှုကို ဖော်ပြနေတာပဲဖြစ်ပါတယ်။  

ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း တက်ကြွစွာပါဝင်ပြီး ၂၀၁၆ ခုနှစ်ကနေ စတင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကာဗွန်နည်းပါးသော သရုပ်ပြဇုန် ၁၀ ခု၊ ရာသီဥတုပြောင်းလဲခြင်းလျှော့ချရေး စီမံကိန်း ၁၀၀ နဲ့ ရာသီဥတုပြောင်းလဲခြင်း တုံ့ပြန်မှုသင်တန်းများ၊ နိုင်ငံခြားအကူအညီအစီအစဉ်များကို ထောက်ပံ့ပေးခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာ အခက်အခဲများစွာရှိသော်လည်း တရုတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအုပ်ချုပ်မှု တိုးတက်ရေးအတွက် ဆက်လက်ပါဝင်လျက်ရှိပါတယ်။  

           ၂။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ခါးပတ်နှင့် လမ်း တည်ဆောက်ခြင်း

တရုတ်နိုင်ငံဟာ ခါးပတ်နှင့် လမ်း အစီအစဉ်အောက်ကနေ အခြားနိုင်ငံများအတွက် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်ရေးရရှိစေရန် ကြိုးပမ်းလျက်ရှိပါတယ်။

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ခါးပတ်နှင့် လမ်း တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်နှင့် နားလည်မှုသဝဏ်လွှာ ရေးထိုးခဲ့ပြီး အခြားနိုင်ငံများနှင့်လည်း ဂေဟသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက်ပေါင်း ၅၀ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဥပမာအားဖြင့် ခါးပတ်နှင့် လမ်း စွမ်းအင်မဟာမိတ်စာချုပ်ကို နိုင်ငံပေါင်း ၃၂ နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားပြီး ခါးပတ်နှင့် လမ်းအစီအစဉ် နိုင်ငံတကာသဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှု ညွန့်ပေါင်းအဖွဲ့နှင့် ခါးပတ်နှင့် လမ်း အစီအစဉ် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကြီးမားသောဒေတာများ ပလက်ဖောင်းတို့ကို တည်ဆောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ခါးပတ်နှင့် လမ်းအစီအစဉ်မှာ ပါဝင်တဲ့ နိုင်ငံများအတွက် ကိုယ်ပိုင် သဘာဝပတ်ဝန်းကျင်အုပ်ချုပ်မှု စွမ်းရည်များနဲ့ ပြည်သူများ ဘဝတိုးတက်ရေးအတွက်လည်း ကူညီလျက်ရှိပါတယ်။လက်ရှိမှာ တရုတ်ကုမ္ပဏီတွေဟာ ခါးပတ်နှင့် လမ်းအစီအစဉ်မှာ ပါဝင်တဲ့ နိုင်ငံတွေမှာ ပြန်လည်ဖြည့်တင်းမြဲစွမ်းအင် စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ထားပြီး သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်မှုတွေရရှိအောင် ကူညီပေးနေပါတယ်။  

နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်တဲ့ ခါးပတ်နှင့် လမ်း စွမ်းအင်မဟာမိတ်စာချုပ်ဟာဆိုရင် တရုတ်က အစပျိုးလိုက်တဲ့ ပထမဆုံး စွမ်းအင်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဖြစ်ပါတယ်။ပါဝင်တဲ့ နိုင်ငံတွေဟာ အပြန်အလှန်ဆွေးနွေး ပေါင်းစည်းကာ စီမံကိန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာများ ဖလှယ်ခြင်းနဲ့ ပြဿနာများ ဖြေရှင်းခြင်းတို့ ပြုလုပ်ကြပြီး မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် အရေးပါတဲ့ စာရွက်စာတမ်းတွေလည်း ပြုစုထုတ်ဝေနိုင်ခဲ့ပါတယ်။လက်တွေ့မှာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စွမ်းအင်အဆင့်မြှင့်တင်ဖို့အတွက် အစိုးရအဖွဲ့များ၊ စွမ်းအင်စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်အကြံပေးအဖွဲ့များနဲ့ ဘဏ္ဍာရေးအဖွဲ့များပါဝင်တဲ့ ကွန်ရက်ကို တည်ဆောက်ခဲ့ပြီး အတွေ့အကြုံများ မျှဝေခြင်း လုပ်ငန်းများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စွမ်းအင်တိုးတက်မှုကို အဆင့်မြှင့်တင်နိုင်အောင် ဆောင်ရွက်နေကြပါတယ်။

           ၃။ နှစ်ဦးနှစ်ဖက်နှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်လုပ်ဆောင်ခြင်း  

တရုတ်နိုင်ငံဟာ အရင်းအမြစ်များ ထိန်းသိမ်းခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့မှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။ ဂျီ ၂၀၊ တရုတ်-အာဆီယံ မိတ်ဖက်၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ BRICS ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေရဲ့ မူဘောင်တွေအောက်မှာ စွမ်းအင်ကူးပြောင်းရေးနဲ့ စွမ်းအင်အကျိုးသက်ရောက်မှုရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ထို့အပြင် ဂျီ ၂၀ အတွက် အဓိကအစီအစဉ်ဖြစ်တဲ့ စွမ်းအင်အကျိုးသက်ရောက်ရေး ဦးဆောင်အစီအစဉ်ကိုလည်း ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ပါတယ်။  

တရုတ်ဟာ နိုင်ငံဒေသများစွာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စွမ်းအင်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ သန့်ရှင်းသောစွမ်းအင်ရရှိရေး၊ ရာသီဥတုပြောင်းလဲမှုကိုတုံ့ပြန်ရေး၊ ဇီဝမျိုးကွဲများကာကွယ်ရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းချုပ်ရေးနဲ့ အဏ္ဏဝါနဲ့ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး နယ်ပယ်များမှာ လုပ်ဆောင်နေပါတယ်။

ထို့အပြင် ကုလသမဂ္ဂအေဂျင်စီများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် အဆောက်အအုံ၊ စိမ်းလန်းသော ရာသီဥတုရန်ပုံငွေ၊ နိုင်ငံတကာစွမ်းအင်အေဂျင်စီနဲ့ နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အေဂျင်စီတို့ကိုလည်း နည်းပညာ၊ စွမ်းရည်မြှင့်တင်ခြင်းနဲ့ စမ်းသပ်မှုအစီအစဉ်များအတွက် ထောက်ပံ့ကူညီပေးလျက်ရှိပါတယ်။ဒီလိုအားထုတ်မှုတွေကြောင့် တရုတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအဆင့်မြှင့်တင်ရေးအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတာပဲဖြစ်ပါတယ်။

           နိဂုံး

တရုတ်ဟာ ဘက်ပေါင်းစုံမှာ တိုးတက်တဲ့ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးနဲ့ နိုင်ငံတော်ပြန်လည်နုပျိုစေရေးလုပ်ငန်းတွေမှာ ခရီးလမ်းသစ်ကို ဖောက်နိုင်ခဲ့ပြီဖြစ်ပြီး တရုတ်ရဲ့ ခေတ်မီတိုးတက်ရေးမှာ လူသားနဲ့ သဘာဝအကြား ဟန်ချက်ညီစွာ နေထိုင်ရေးဟာလည်း အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အကြိမ် ၂၀ မြောက် ပြည်လုံးကျွတ် ကွန်ဂရက်မှာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာများကိုလည်း ချမှတ်ပေးခဲ့ပြီး ဒီလမ်းကြောင်းကနေတစ်ဆင့် ဂေဟယဉ်ကျေးမှုကို တည်ဆောက်ကာ အရည်အသွေး၊ ထိရောက်မှု၊ မျှတမှု၊ ရေရှည်တည်တံ့မှုနှင့် လုံခြုံမှု မြင့်မားသော တိုးတက်မှုများကို ပုံဖော်သွားမှာဖြစ်ပါတယ်။  

ကမ္ဘာမြေကြီးဟာ မိမိတို့ရဲ့ တစ်ခုတည်းသော အိမ်ဖြစ်ပြီး လူသားမျိုးနွယ်နဲ့ သဘာဝတရားတို့ ပေါင်းစပ်မှာသာ ဘဝတစ်ခုပေါ်ပေါက်မှာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ရေရှည်တည်တံ့တဲ့ တိုးတက်မှု တည်ဆောက်ရေးဟာ နိုင်ငံအားလုံးရဲ့ ဘုံတာဝန်ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုများ ဖြစ်တည်ရေး၊ စိမ်းလန်းသော ကမ္ဘာမြေကြီးအား ကာကွယ်ရေးနှင့် သန့်ရှင်းလှပသော ကမ္ဘာမြေကြီး တည်ဆောက်ရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
 
စိုးနိုင်ထွန်း
Ref - China's Green Development in the New Era | Global-chinadaily