【 နိုင်ငံတကာဆောင်းပါး 】INF စာချုပ်အပေါ် ကုလမဲခွဲမှု နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်သောကကို ဖော်ပြနေ

 【 နိုင်ငံတကာဆောင်းပါး 】INF စာချုပ်အပေါ် ကုလမဲခွဲမှု နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်သောကကို ဖော်ပြနေ

ကုလသမဂ္ဂမှာ မဲခွဲကြရာမှာ တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ်ကို ပယ်ဖျက်တဲ့ဖက်က ထောက်ခံပြီး ဆုံးဖြတ်ချက်မူကြမ်းကို ချမှတ်လိုက်တဲ့အတွက် နိုင်ငံတကာလုံခြုံရေးနဲ့ တည်ငြိမ်မှုဟာ ပိုပိုပြီး ပျက်စီးသွားလိမ့်မယ်လို့ ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မျှော်လင့်ထားကြတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခြင်းတော့ မရှိခဲ့ပါဘူး။ မဲပေးခွင့်ရှိတဲ့ ၁၈၇နိုင်ငံထဲမှာ ၄၃နိုင်ငံက ထောက်ခံခဲ့ပေမယ့်လည်း ၄၆နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး ၇၈နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ပါတယ်။

နိုင်ငံအများစုက ရုရှနဲ့ အမေရိကန်ပြည်ထောင်စု ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင် မဖြစ် ချင်ကြတာကြောင့် မဲမပေးဘဲနေတဲ့ နိုင်ငံအရေအတွက် ဒီလောက်များရတာ အံ့သြစရာတော့ မဟုတ် ပါဘူး။ ဒီလိုစိုးရိမ်မှုတွေကြားမှာပဲ မော်စကိုက ထောက်ခံမဲ ၄၃မဲ ရတာကိုကြည့်ရင် နျူကလီးယား လက်နတ်တွေကို ထိန်းချုပ်ဖြုတ်သိမ်းဖို့ ကြိုးပမ်းမှုတွေကနေ ခြေတစ်လှမ်း နောက်ဆုတ် သွားခဲ့ အပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ကြတယ်ဆိုတာကို ဖော်ပြနေပါတယ်။

အမေရိကန်ပြည်ထောင်စုက နှစ်နိုင်ငံစာချုပ်က နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ရတဲ့ အဓိက အကြောင်းရင်းကလည်း တာလတ်ပစ်ဒုံးကျည်တွေ ပိုင်ဆိုင်ထားတဲ့ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယား လို တခြားနိုင်ငံတွေပါ အကြုံးဝင်ပတ်သက်လာစေချင်လို့ပဲ ဖြစ်ပါတယ်။

တရုတ်ရဲ့ တာလတ်ပစ်ဒုံးကျည်တွေဟာ အမေရိကန်ပြည်ထောင်စုကို မခြိမ်းခြောက်နိုင်ဘဲ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဒုံးကျည်တွေက လိုအပ်လာခဲ့ရင် တောင်တရုတ်ပင်လယ်ထဲမှာ လွတ်လပ်စွာသွားလာနေတဲ့ သူ့စစ်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်တဲ့အတွက် အမေရိကန်က ဒီဒုံးကျည်တွေကို မျက်စိစပါးမွေးစူးနေတာပဲ ဖြစ်ပါတယ်။

ကနေဒါ၊ ယူကရိန်းနဲ့ ဥရောပသမဂ္ဂဝင်နိုင်ငံတွေ အမေရိကန်နောက်မှာ ရပ်ခံပြီး ထောက်ခံမဲ ပေးကြ တာလည်း ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာ တူရကီ-ရုရှဆက်ဆံရေးက သိပ်မဆိုးရွားလှလို့ ဝါရှင်တန်ကို ထောက်ခံသူတွေထဲမှာ တူရကီပါဝင်နေတာတော့ မျှော်လင့်မထားတဲ့ ကိစ္စပဲဖြစ်ပါတယ်။

ဒါပေမယ့် တူရကီဆိုတာကလည်း နေတိုးအဖွဲ့ဝင်ဖြစ်လို့ နေတိုးခေါင်းဆောင်ကို ထောက်ခံတာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ ပြောရမှာပါ။ ပြီးတော့ တူရကီဟာ ပိတ်ပင်ထားတဲ့ တာလတ်ပစ် ဒုံးကျည်တွေရဲ့ လက်လှမ်းမီတဲ့ အကွာအဝေးအတွင်းမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

လက်ရှိအမေရိကန်အစိုးရရဲ့ အပြုအမူတွေအရ တာလတ်ပစ် နျူကလီးယားဒုံးကျည်လက်နက်ပြိုင်ပွဲကို မီးမွှေးလိုက်ပြီးတာနဲ့ ဝါရှင်တန်က အီးယူထံက ကာကွယ်ခ ကောက်ခံလာရင်လည်း အံ့သြစရာတော့ မဟုတ်ဘူးလို့ ပြောရမှာပါပဲ။

လုံးလုံး
 

(  Zawgyi  )

ကုလသမဂၢမွာ မဲခြဲၾကရာမွာ တာလတ္ပစ္ န်ဴကလီးယားလက္နက္စာခ်ဳပ္ကို ပယ္ဖ်က္တဲ့ဖက္က ေထာက္ခံၿပီး ဆုံးျဖတ္ခ်က္မူၾကမ္းကို ခ်မွတ္လိုက္တဲ့အတြက္ ႏိုင္ငံတကာလုံၿခဳံေရးနဲ႔ တည္ၿငိမ္မႈဟာ ပိုပိုၿပီး ပ်က္စီးသြားလိမ့္မယ္လို႔ ႐ုရွႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔က ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေမွ်ာ္လင့္ထားၾကတဲ့အတိုင္းပဲ ဆုံးျဖတ္ခ်က္မူၾကမ္းကို အတည္ျပဳျခင္းေတာ့ မရွိခဲ့ပါဘူး။ မဲေပးခြင့္ရွိတဲ့ ၁၈၇ႏိုင္ငံထဲမွာ ၄၃ႏိုင္ငံက ေထာက္ခံခဲ့ေပမယ့္လည္း ၄၆ႏိုင္ငံက ကန႔္ကြက္မဲေပးခဲ့ၿပီး ၇၈ႏိုင္ငံကေတာ့ မဲမေပးဘဲ ေနခဲ့ပါတယ္။

ႏိုင္ငံအမ်ားစုက ႐ုရွနဲ႔ အေမရိကန္ျပည္ေထာင္စု ကြၽဲႏွစ္ေကာင္ခတ္တဲ့ၾကား ေျမဇာပင္ မျဖစ္ ခ်င္ၾကတာေၾကာင့္ မဲမေပးဘဲေနတဲ့ ႏိုင္ငံအေရအတြက္ ဒီေလာက္မ်ားရတာ အံ့ၾသစရာေတာ့ မဟုတ္ ပါဘူး။ ဒီလိုစိုးရိမ္မႈေတြၾကားမွာပဲ ေမာ္စကိုက ေထာက္ခံမဲ ၄၃မဲ ရတာကိုၾကည့္ရင္ န်ဴကလီးယား လက္နတ္ေတြကို ထိန္းခ်ဳပ္ျဖဳတ္သိမ္းဖို႔ ႀကိဳးပမ္းမႈေတြကေန ေျခတစ္လွမ္း ေနာက္ဆုတ္ သြားခဲ့ အေပၚမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းက စိုးရိမ္ၾကတယ္ဆိုတာကို ေဖာ္ျပေနပါတယ္။

အေမရိကန္ျပည္ေထာင္စုက ႏွစ္ႏိုင္ငံစာခ်ဳပ္က ႏႈတ္ထြက္မယ္လို႔ ၿခိမ္းေျခာက္ရတဲ့ အဓိက အေၾကာင္းရင္းကလည္း တာလတ္ပစ္ဒုံးက်ည္ေတြ ပိုင္ဆိုင္ထားတဲ့ တ႐ုတ္၊ အီရန္နဲ႔ ေျမာက္ကိုရီးယား လို တျခားႏိုင္ငံေတြပါ အႀကဳံးဝင္ပတ္သက္လာေစခ်င္လို႔ပဲ ျဖစ္ပါတယ္။

တ႐ုတ္ရဲ႕ တာလတ္ပစ္ဒုံးက်ည္ေတြဟာ အေမရိကန္ျပည္ေထာင္စုကို မၿခိမ္းေျခာက္ႏိုင္ဘဲ ကိုယ့္ကိုယ္ ကိုယ္ ကာကြယ္ဖို႔အတြက္သာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဒုံးက်ည္ေတြက လိုအပ္လာခဲ့ရင္ ေတာင္တ႐ုတ္ပင္လယ္ထဲမွာ လြတ္လပ္စြာသြားလာေနတဲ့ သူ႔စစ္သေဘၤာေတြကို ပစ္မွတ္ထား တိုက္ခိုက္ လာႏိုင္တဲ့အတြက္ အေမရိကန္က ဒီဒုံးက်ည္ေတြကို မ်က္စိစပါးေမြးစူးေနတာပဲ ျဖစ္ပါတယ္။

ကေနဒါ၊ ယူကရိန္းနဲ႔ ဥေရာပသမဂၢဝင္ႏိုင္ငံေတြ အေမရိကန္ေနာက္မွာ ရပ္ခံၿပီး ေထာက္ခံမဲ ေပးၾက တာလည္း ထူးဆန္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လည္း လက္ရွိအေျခအေနမွာ တူရကီ-႐ုရွဆက္ဆံေရးက သိပ္မဆိုး႐ြားလွလို႔ ဝါရွင္တန္ကို ေထာက္ခံသူေတြထဲမွာ တူရကီပါဝင္ေနတာေတာ့ ေမွ်ာ္လင့္မထားတဲ့ ကိစၥပဲျဖစ္ပါတယ္။

ဒါေပမယ့္ တူရကီဆိုတာကလည္း ေနတိုးအဖြဲ႕ဝင္ျဖစ္လို႔ ေနတိုးေခါင္းေဆာင္ကို ေထာက္ခံတာ ႏိုင္ငံေရးအရ မွန္ကန္တယ္လို႔ ေျပာရမွာပါ။ ၿပီးေတာ့ တူရကီဟာ ပိတ္ပင္ထားတဲ့ တာလတ္ပစ္ ဒုံးက်ည္ေတြရဲ႕ လက္လွမ္းမီတဲ့ အကြာအေဝးအတြင္းမွာ ရွိေနတာပဲ ျဖစ္ပါတယ္။

လက္ရွိအေမရိကန္အစိုးရရဲ႕ အျပဳအမူေတြအရ တာလတ္ပစ္ န်ဴကလီးယားဒုံးက်ည္လက္နက္ၿပိဳင္ပြဲကို မီးေမႊးလိုက္ၿပီးတာနဲ႔ ဝါရွင္တန္က အီးယူထံက ကာကြယ္ခ ေကာက္ခံလာရင္လည္း အံ့ၾသစရာေတာ့ မဟုတ္ဘူးလို႔ ေျပာရမွာပါပဲ။

လံုးလံုး