ခေါင်းဆောင် သေဆုံးသွားပြီး အိုက်စစ်တို့ အင်အားပြန်လည်ဖွဲ့စည်းနိုင်ဟု အမေရိကန် သံတမန်ဟောင်း ပြောကြား

ခေါင်းဆောင် သေဆုံးသွားပြီး အိုက်စစ်တို့ အင်အားပြန်လည်ဖွဲ့စည်းနိုင်ဟု အမေရိကန် သံတမန်ဟောင်း ပြောကြား

အိုက်စစ်အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘက်ဒါဒီ သေဆုံးသွားသောကြောင့် အိုက်စစ်အဖွဲ့အနေဖြင့်  အင်အား ပြန်လည်စု ဖွဲ့နိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဟောင်း ချက်စ်ဖရီးမန်းက ပြောကြားလိုက်ပါတယ်။ဆီးရီးယားနိုင်ငံ အက်ဒ်လစ်ခရိုင်တွင် အယ်ဘက်ဒါဒီအား အမေရိကန်တပ်ဖွဲ့များက ချေမှုန်းခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၇ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။

ဥမင်လိုဏ်ခေါင်းတစ်ခု တစ်ခုအဆုံးဘက်တွင် ပိတ်မိပြီးနောက် အယ်ဘက်ဒါဒီသည် ကလေး ၃ ဦးနှင့် အတူ မိမိကိုယ်ကို အသေခံ ဖောက်ခွဲ အဆုံးစီရင်သွားခဲ့ပါတယ်။ “အယ်ဘက်ဒါဒီ သေဆုံးသွားခြင်းကြောင့် အဖွဲ့ကို သိပ်ပြီး သိုသိုဝှက်ဝှက် မနေတဲ့ ခေါင်းဆောင် တစ်ဦးဦးက အင်အားပြန်လည်စုစည်း နိုင်ပါတယ်။ သူ့နေရာကို ဘယ်သူက ဆက်ခံမယ်ဆိုတာ မသိသလို နောက်တက်မယ့် သူဟာ အခုသေသွားတဲ့ သူထက်အစွမ်းထက်မယ်၊ မထက်မယ်ဆိုတာ မသိရသေးပါဘူး” ဟု နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အမေရိကန် လက် ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖရီးမန်းက ပြောကြားပါတယ်။

 အယ်ဘက်ဒါဒီအနေဖြင့် အိုက်စစ်အဖွဲ့ကို ထူထောင်ခဲ့သူဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းအနေ ဖြင့် တိမ်မြုပ်ပျေုာက် ကွယ်နေခဲ့ပါတယ်။“သူ့အနေနဲ့ အိုက်စစ်အဖွဲ့ဝင်တွေအပေါ်မှာ ထိန်းချုပ်နိုင်မှု သိပ်ပြီး ရှိပုံမပေါ်ပါဘူး။ အဖွဲ့ရဲ့ နယ်မြေတိုးချဲ့မှုတွေ၊ ပြိုကွဲသွားတာတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ အခန်းကဏ္ဍကို မသိရပါဘူး” ဟု ပြောပါတယ်။

အယ်ဘက်ဒါဒီ သေဆုံးသွားခြင်းသည် အမေရိကန်နိုင်ငံရေးအပေါ် သက်ရောက်မှု ရှိနိုင်သည့်အပြင်  သမ္မတ ထရမ့်အား စွပ်စွဲပြစ် တင်ဖြုတ်ချရေး အတွက် ဆက်တိုက်ကြိုးပမ်းနေမှုများအပေါ် မဲဆန္ဒရှင်များက စိတ်ပျက်မှုကို လျော့ကျသွားစေကြောင်း ဖရီးမန်းက ပြောပါတယ်။ ထို့ပြင် ဆီးရီးယားအခြေအနေသည် ပြောင်းလဲမှုအနည်း ငယ်သာရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ချက်စ်ဖရီးမန်းသည် အတ္တလတိတ်ကောင်စီ၏ ရာသက်ပန် ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သည့်အပြင် ပေကျင်းနှင့် ဘန်ကောက်တို့ရှိ အမေရိကန်သံရုံးများတွင် လက်ထောက်အကြီးအကဲနှင့် သံရုံးယာယီ တာဝန်ခံ ရာထူးတို့ကို ထိမ်းဆောင်ခဲ့သလို ကာကွယ်ရေးဝန်ကြီး ဌာန အကြီးအကဲတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

Linko
Ref: sputniknews.com
ဝါရှင်တန်၊ အောက်တိုဘာ ၃၀

(  Zawgyi  )

 အိုက္စစ္အဖြဲ႕ေခါင္းေဆာင္ အဘူဘာကာအယ္ဘက္ဒါဒီ ေသဆုံးသြားေသာေၾကာင့္ အိုက္စစ္အဖြဲ႕အေနျဖင့္  အင္အား ျပန္လည္စု ဖြဲ႕ႏိုင္ေၾကာင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး ေဟာင္း ခ်က္စ္ဖရီးမန္းက ေျပာၾကားလိုက္ပါတယ္။ဆီးရီးယားႏိုင္ငံ အက္ဒ္လစ္ခ႐ိုင္တြင္ အယ္ဘက္ဒါဒီအား အေမရိကန္တပ္ဖြဲ႕မ်ားက ေခ်မႈန္းခဲ့ေၾကာင္း သမၼတေဒၚနယ္ထရမ့္က ေအာက္တိုဘာ ၂၇ ရက္မွာ  ထုတ္ျပန္ခဲ့ပါတယ္။

ဥမင္လိုဏ္ေခါင္းတစ္ခု တစ္ခုအဆုံးဘက္တြင္ ပိတ္မိၿပီးေနာက္ အယ္ဘက္ဒါဒီသည္ ကေလး ၃ ဦးႏွင့္ အတူ မိမိကိုယ္ကို အေသခံ ေဖာက္ခြဲ အဆုံးစီရင္သြားခဲ့ပါတယ္။ “အယ္ဘက္ဒါဒီ ေသဆုံးသြားျခင္းေၾကာင့္ အဖြဲ႕ကို သိပ္ၿပီး သိုသိုဝွက္ဝွက္ မေနတဲ့ ေခါင္းေဆာင္ တစ္ဦးဦးက အင္အားျပန္လည္စုစည္း ႏိုင္ပါတယ္။ သူ႔ေနရာကို ဘယ္သူက ဆက္ခံမယ္ဆိုတာ မသိသလို ေနာက္တက္မယ့္ သူဟာ အခုေသသြားတဲ့ သူထက္အစြမ္းထက္မယ္၊ မထက္မယ္ဆိုတာ မသိရေသးပါဘူး” ဟု ႏိုင္ငံတကာ လုံၿခဳံေရးဆိုင္ရာ အေမရိကန္ လက္ ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္လည္း တာဝန္ထမ္းေဆာင္ဖူးသူ ဖရီးမန္းက ေျပာၾကားပါတယ္။

 အယ္ဘက္ဒါဒီအေနျဖင့္ အိုက္စစ္အဖြဲ႕ကို ထူေထာင္ခဲ့သူျဖစ္ေသာ္လည္း လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း ၎အေန ျဖင့္ တိမ္ျမဳပ္ေပ်ဳာက္ ကြယ္ေနခဲ့ပါတယ္။“သူ႔အေနနဲ႔ အိုက္စစ္အဖြဲ႕ဝင္ေတြအေပၚမွာ ထိန္းခ်ဳပ္ႏိုင္မႈ သိပ္ၿပီး ရွိပုံမေပၚပါဘူး။ အဖြဲ႕ရဲ႕ နယ္ေျမတိုးခ်ဲ႕မႈေတြ၊ ၿပိဳကြဲသြားတာေတြနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ အခန္းက႑ကို မသိရပါဘူး” ဟု ေျပာပါတယ္။

အယ္ဘက္ဒါဒီ ေသဆုံးသြားျခင္းသည္ အေမရိကန္ႏိုင္ငံေရးအေပၚ သက္ေရာက္မႈ ရွိႏိုင္သည့္အျပင္  သမၼတ ထရမ့္အား စြပ္စြဲျပစ္ တင္ျဖဳတ္ခ်ေရး အတြက္ ဆက္တိုက္ႀကိဳးပမ္းေနမႈမ်ားအေပၚ မဲဆႏၵရွင္မ်ားက စိတ္ပ်က္မႈကို ေလ်ာ့က်သြားေစေၾကာင္း ဖရီးမန္းက ေျပာပါတယ္။ ထို႔ျပင္ ဆီးရီးယားအေျခအေနသည္ ေျပာင္းလဲမႈအနည္း ငယ္သာရွိႏိုင္ေၾကာင္း ၎က ေျပာပါတယ္။

ခ်က္စ္ဖရီးမန္းသည္ အတၱလတိတ္ေကာင္စီ၏ ရာသက္ပန္ ၫႊန္ၾကားေရးမႉးတစ္ဦး ျဖစ္သည့္အျပင္ ေပက်င္းႏွင့္ ဘန္ေကာက္တို႔ရွိ အေမရိကန္သံ႐ုံးမ်ားတြင္ လက္ေထာက္အႀကီးအကဲႏွင့္ သံ႐ုံးယာယီ တာဝန္ခံ ရာထူးတို႔ကို ထိမ္းေဆာင္ခဲ့သလို ကာကြယ္ေရးဝန္ႀကီး ဌာန အႀကီးအကဲတာဝန္မ်ားကိုလည္း ထမ္းေဆာင္ခဲ့ပါတယ္။

Linko
Ref: sputniknews.com
ဝါရွင္တန္၊ ေအာက္တိုဘာ ၃၀