ဂျီဘရော်မှာဖမ်းထားတဲ့ အီရန်ရေနံတင်သင်္ဘော ပြန်လွတ်လာ

ဂျီဘရော်မှာဖမ်းထားတဲ့ အီရန်ရေနံတင်သင်္ဘော ပြန်လွတ်လာ

ဂျီဘရော်တာမှာ ဗြိတိန်ဘုရင့်ရေတပ်ဖမ်းဆီးထားတဲ့ အီရန်ရေနံတင်သင်္ဘောကို မနေ့ကပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Hamid Baeidinejadက လူမှုကွန်ရက်ကတစ်ဆင့် အတည်ပြုပြောပါတယ်။

ဂျီဘရော်တာကျွန်းအာဏာပိုင်တွေနဲ့ တရားရုံးဆုံးချက်ဖြတ်အရ၊ အီရန်ရေနံတင်သင်္ဘော တရားမဝင်ထိန်းသိမ်းခဲ့မှုကို ဖယ်ရှားပေးခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။

ရေနံတင်သင်္ဘောဖမ်းဆီးထားစဉ် ရက်ပေါင်း ၄၀ကျော်အတွင်းမှာ ဗြိတိန်-အီရန်နှစ်ဖက်အာဏာပိုင်တွေ တွေ့ဆုံပြီး၊ သင်္ဘောပြန်လွှတ်ပေးရေး အတွက် နိုင်ငံရေး၊ တရားဥပဒေလမ်းကြောင်းအရ နဲ့ နည်းပညာပိုင်းစေ့စပ်ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်လို့လည်း မစ္စတာ Hamid Baeidinejadက ဆိုပါတယ်။

အီရန်သင်္ဘော မကြာခင်ဂျီဘရော်တာက ထွက်ခွာနိုင်ဖို့အတွက် သူသွားမယ့် ရေကြောင်းလမ်းအတွက်လည်း ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ် တယ် လို့လည်း သူက ပြောပါတယ်။

အီးယူရဲ့တားမြစ်ချက်ကိုချိုးဖောက်ပြီး ဆီးရီးယားကိုရေနံတင်ပို့မှုသံသယနဲ့ ပြီးခဲ့တဲ့လကဖမ်းဆီးခဲ့တဲ့ အီရန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးဖို့ သြဂုတ်လ ၁၅ ရက် (မနေ့)အစောပိုင်းမှာ ဂျီဘရော်တာတရားရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဖမ်းထားတဲ့အီရန်သင်္ဘောကို ပြန်လွှတ်မပေးဖို့ အမေရိကန်တားဆီးနေတဲ့ကြားက ဂျီဘရော်တာက အခုလိုပြန်လွှတ်ပေးခဲ့တာပါ။ ‘ရေနံတင် သင်္ဘောပြန်လွှတ်ပေးရေးကိစ္စမှာ အမေရိကန်က နောက်ဆုံးအချိန်ထိ တားဆီးပိတ်ပင်ဖို့လုပ်နေတာဟာ အရှက်ရစရာကောင်းတယ်’လို့လည်း အီရန်သံအမတ်ကြီးက ပြောဆိုထားပါတယ်။

Grace 1အမည်ရှိတဲ့ အီရန်ရေနံတင်သင်္ဘောကို ဆက်လက်ထိန်းသိမ်းထားလိုစိတ်မရှိတော့ကြောင်း အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပြီး နောက်ပိုင်း ဂျီဘရော်တာတရားရုံးချုပ်က အခုလိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။

ရည်မွန်
Ref: china.org.cn
တီရန်၊ သြဂုတ် ၁၆

(  Zawgyi  )

ဂ်ီဘေရာ္တာမွာ ၿဗိတိန္ဘုရင့္ေရတပ္ဖမ္းဆီးထားတဲ့ အီရန္ေရနံတင္သေဘၤာကို မေန႔ကပဲ ျပန္လႊတ္ေပးခဲ့တယ္လို႔ ၿဗိတိန္ႏိုင္ငံဆိုင္ရာ အီရန္သံအမတ္ႀကီး Hamid Baeidinejadက လူမႈကြန္ရက္ကတစ္ဆင့္ အတည္ျပဳေျပာပါတယ္။

ဂ်ီဘေရာ္တာကြၽန္းအာဏာပိုင္ေတြနဲ႔ တရား႐ုံးဆုံးခ်က္ျဖတ္အရ၊ အီရန္ေရနံတင္သေဘၤာ တရားမဝင္ထိန္းသိမ္းခဲ့မႈကို ဖယ္ရွားေပးခဲ့ တာျဖစ္ တယ္လို႔ ဆိုပါတယ္။

ေရနံတင္သေဘၤာဖမ္းဆီးထားစဥ္ ရက္ေပါင္း ၄၀ေက်ာ္အတြင္းမွာ ၿဗိတိန္-အီရန္ႏွစ္ဖက္အာဏာပိုင္ေတြ ေတြ႕ဆုံၿပီး၊ သေဘၤာျပန္လႊတ္ေပးေရး အတြက္ ႏိုင္ငံေရး၊ တရားဥပေဒလမ္းေၾကာင္းအရ နဲ႔ နည္းပညာပိုင္းေစ့စပ္ညႇိႏႈိင္းတာေတြ လုပ္ခဲ့တယ္လို႔လည္း မစၥတာ Hamid Baeidinejadက ဆိုပါတယ္။

အီရန္သေဘၤာ မၾကာခင္ဂ်ီဘေရာ္တာက ထြက္ခြာႏိုင္ဖို႔အတြက္ သူသြားမယ့္ ေရေၾကာင္းလမ္းအတြက္လည္း ျပင္ဆင္မႈေတြ လုပ္ထားၿပီးျဖစ္ တယ္ လို႔လည္း သူက ေျပာပါတယ္။

အီးယူရဲ႕တားျမစ္ခ်က္ကိုခ်ိဳးေဖာက္ၿပီး ဆီးရီးယားကိုေရနံတင္ပို႔မႈသံသယနဲ႔ ၿပီးခဲ့တဲ့လကဖမ္းဆီးခဲ့တဲ့ အီရန္ေရနံတင္သေဘၤာကို ျပန္လႊတ္ေပးဖို႔ ၾသဂုတ္လ ၁၅ ရက္ (မေန႔)အေစာပိုင္းမွာ ဂ်ီဘေရာ္တာတရား႐ုံးက ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဖမ္းထားတဲ့အီရန္သေဘၤာကို ျပန္လႊတ္မေပးဖို႔ အေမရိကန္တားဆီးေနတဲ့ၾကားက ဂ်ီဘေရာ္တာက အခုလိုျပန္လႊတ္ေပးခဲ့တာပါ။ ‘ေရနံတင္ သေဘၤာျပန္လႊတ္ေပးေရးကိစၥမွာ အေမရိကန္က ေနာက္ဆုံးအခ်ိန္ထိ တားဆီးပိတ္ပင္ဖို႔လုပ္ေနတာဟာ အရွက္ရစရာေကာင္းတယ္’လို႔လည္း အီရန္သံအမတ္ႀကီးက ေျပာဆိုထားပါတယ္။

Grace 1အမည္ရွိတဲ့ အီရန္ေရနံတင္သေဘၤာကို ဆက္လက္ထိန္းသိမ္းထားလိုစိတ္မရွိေတာ့ေၾကာင္း အာဏာပိုင္ေတြဘက္က ေျပာဆိုခဲ့ၿပီး ေနာက္ပိုင္း ဂ်ီဘေရာ္တာတရား႐ုံးခ်ဳပ္က အခုလိုျပန္လႊတ္ေပးဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ေၾကာင္း သိရပါတယ္။

ရည္မြန္
Ref: china.org.cn
တီရန္၊ ၾသဂုတ္ ၁၆