ဂျီဟတ်စစ်သွေးကြွများက အစ္စရေးကို တိုက်ခိုက်ရာတွင် ကီလိုဂရမ် ၃၀၀ ရှိ ဒုံးကျည်အမျိုးအစားသစ်များကို အသုံးပြုခဲ့

ဂျီဟတ်စစ်သွေးကြွများက အစ္စရေးကို တိုက်ခိုက်ရာတွင် ကီလိုဂရမ် ၃၀၀ ရှိ ဒုံးကျည်အမျိုးအစားသစ်များကို အသုံးပြုခဲ့

ပါလက်စတိုင်း အစ္စလာမစ်ဂျီဟတ်အဖွဲ့က အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာတွင် အလေးချိန် ပေါင် ၆၆၀ (ကီလိုဂရမ် ၃၀၀) ရှိ ဒုံးကျည်အမျိုးအစားသစ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒုံးကျည်ကျရာ နေရာတွင် ကြီးမားသည့်တွင်းကြီးများ ဖြစ်ပေါ်ခဲ့တယ်လို့ အစ္စရေးချန်နယ် ၁၂ ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။

ရှိရင်းစွဲ ဒုံးကျည်အများစုထက် ပေါက်ကွဲစေသည့် ဖောက်ခွဲရေးပစ္စည်းများ ပိုမိုတင်ဆောင်လာသည့် အဆိုပါဒုံးကျည်မှာ ဂါဇာနယ်မြေ ပြင်ပရှိ အစ္စရေးပိုင်နက်အတွင်း ကျရောက်ခဲ့ရာမှာ အချင်း ၁၆ မီတာ (၅၂ ပေ) နှင့် အနက် ၂ မီတာ (၆ ပေ) ရှိ ကျင်းချိုင့်ကြီးတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အစ္စရေးအာဏာပိုင်များအနေဖြင့် အံအားသင့်ခဲ့ရပြီး အဆိုပါဒုံးကျည်အမျိုးအစားသစ်မှာ အီရန်အင်ဂျင်နီယာများ အကူအညီဖြင့် ဒေသတွင်း ဖန်တီးထုတ်လုပ်မှု ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ချန်နယ် ၁၂ ရုပ်သံက ဆိုပါတယ်။

အစီရင်ခံစာများအဆိုအရ ဂျီဟတ်အဖွဲ့အနေဖြင့် ဒေသတွင်း အခြားအဖွဲ့ဖြစ်သည့် ဟားမစ်စ်အဖွဲ့ထက် နည်းပညာပိုင်းတွင် သာလွန်သည့်စွမ်းရည်ကို ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

သို့သော်လည်း လက်ဘနွန်ရှိ ဟဇ်ဘိုလာအုပ်စုအနေဖြင့် အစ္စရေးသို့ ရည်ရွယ်ပစ်လွှတ်သည့် ဒုံးကျည်များမှာ ယင်းဒုံးကျည်ထက် ပိုကြီးမားပြီး အချို့ဒုံးကျည်များမှာ တိကျတဲ့ လမ်းညွှန်စနစ်ပင် ပါဝင်တယ်ဆိုပါတယ်။

အစ္စလာမ်မစ် ဂျီဟတ်အနေဖြင့် အီရန်ထံမှ ဒေါ်လာသန်းရာနှင့်ချီသော အကူအညီများရရှိခဲ့ပြီး ၎င်းအနေဖြင့် အစ္စရေးနှင့်ပဋိပက္ခဖြစ်ပါက ဂါဇာနှင့် လက်ဘနွန်ရှိ နေရာများမှ အစ္စရေးသို့သို့ ဒုံးကျည်ထောင်ပေါင်းများစွာကို ပစ်ခတ်ရန် မျှော်လင့်ထားပါတယ်။

ပြီးခဲ့သည့် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ဂါဇာကနေ ဒုံးကျည် ၄၅၀ ကျော်ဖြင့် အစ္စရေးသို့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Linko
ဂျေရုဆလင်၊ နိုဝင်ဘာ - ၁၆
Ref : timesofisrael.com

( Zawgyi )

ပါလက္စတိုင္း အစၥလာမစ္ဂ်ီဟတ္အဖြဲ႕က အစၥေရးေတာင္ပိုင္းသို႔ ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခဲ့ရာတြင္ အေလးခ်ိန္ ေပါင္ ၆၆၀ (ကီလိုဂရမ္ ၃၀၀) ရွိ ဒုံးက်ည္အမ်ိဳးအစားသစ္ျဖင့္ တိုက္ခိုက္ခဲ့သျဖင့္ ဒုံးက်ည္က်ရာ ေနရာတြင္ ႀကီးမားသည့္တြင္းႀကီးမ်ား ျဖစ္ေပၚခဲ့တယ္လို႔ အစၥေရးခ်န္နယ္ ၁၂ ႐ုပ္သံလိုင္းက ေဖာ္ျပခဲ့ပါတယ္။

ရွိရင္းစြဲ ဒုံးက်ည္အမ်ားစုထက္ ေပါက္ကြဲေစသည့္ ေဖာက္ခြဲေရးပစၥည္းမ်ား ပိုမိုတင္ေဆာင္လာသည့္ အဆိုပါဒုံးက်ည္မွာ ဂါဇာနယ္ေျမ ျပင္ပရွိ အစၥေရးပိုင္နက္အတြင္း က်ေရာက္ခဲ့ရာမွာ အခ်င္း ၁၆ မီတာ (၅၂ ေပ) ႏွင့္ အနက္ ၂ မီတာ (၆ ေပ) ရွိ က်င္းခ်ိဳင့္ႀကီးတစ္ခု ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ ဒုံးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အစၥေရးအာဏာပိုင္မ်ားအေနျဖင့္ အံအားသင့္ခဲ့ရၿပီး အဆိုပါဒုံးက်ည္အမ်ိဳးအစားသစ္မွာ အီရန္အင္ဂ်င္နီယာမ်ား အကူအညီျဖင့္ ေဒသတြင္း ဖန္တီးထုတ္လုပ္မႈ ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ခ်န္နယ္ ၁၂ ႐ုပ္သံက ဆိုပါတယ္။

အစီရင္ခံစာမ်ားအဆိုအရ ဂ်ီဟတ္အဖြဲ႕အေနျဖင့္ ေဒသတြင္း အျခားအဖြဲ႕ျဖစ္သည့္ ဟားမစ္စ္အဖြဲ႕ထက္ နည္းပညာပိုင္းတြင္ သာလြန္သည့္စြမ္းရည္ကို ပိုင္ဆိုင္ေနၿပီလို႔ ဆိုပါတယ္။

သို႔ေသာ္လည္း လက္ဘႏြန္ရွိ ဟဇ္ဘိုလာအုပ္စုအေနျဖင့္ အစၥေရးသို႔ ရည္႐ြယ္ပစ္လႊတ္သည့္ ဒုံးက်ည္မ်ားမွာ ယင္းဒုံးက်ည္ထက္ ပိုႀကီးမားၿပီး အခ်ိဳ႕ဒုံးက်ည္မ်ားမွာ တိက်တဲ့ လမ္းၫႊန္စနစ္ပင္ ပါဝင္တယ္ဆိုပါတယ္။

အစၥလာမ္မစ္ ဂ်ီဟတ္အေနျဖင့္ အီရန္ထံမွ ေဒၚလာသန္းရာႏွင့္ခ်ီေသာ အကူအညီမ်ားရရွိခဲ့ၿပီး ၎အေနျဖင့္ အစၥေရးႏွင့္ပဋိပကၡျဖစ္ပါက ဂါဇာႏွင့္ လက္ဘႏြန္ရွိ ေနရာမ်ားမွ အစၥေရးသို႔သို႔ ဒုံးက်ည္ေထာင္ေပါင္းမ်ားစြာကို ပစ္ခတ္ရန္ ေမွ်ာ္လင့္ထားပါတယ္။

ၿပီးခဲ့သည့္ အဂၤါေန႔မွ ၾကာသပေတးေန႔အထိ ဂါဇာကေန ဒုံးက်ည္ ၄၅၀ ေက်ာ္ျဖင့္ အစၥေရးသို႔ အစၥလာမ္မစ္ ဂ်ီဟတ္အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

Linko
ေဂ်႐ုဆလင္၊ ႏိုဝင္ဘာ - ၁၆
Ref : timesofisrael.com