ဆိုမာလီအလယ်ပိုင်း ရေကြီးမှုအတွင်း လှေတိမ်းမှောက်ကာ လူ ၁၀ ဦး သေဆုံး

ဆိုမာလီအလယ်ပိုင်း ရေကြီးမှုအတွင်း လှေတိမ်းမှောက်ကာ လူ ၁၀ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလွှမ်းမိုးနေစဉ် တနင်္လာနေ့က ခရီးသွားလှေတစ်စင်း တိမ်း မှောက်ခဲ့ရာမှာ အနည်းဆုံးလူ၁၀ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ရေကြီးမှုကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ဘီလီဒွိုက်မြို့မှာ လူ ၁၆ ဦးတင်ဆောင်လာတဲ့ လှေတစ်စင်း တိမ်းမှောက်ခဲ့တာလို့ မြို့တော်ဝန် ဆာဖီယာ ရှိတ်ကီဟာဆန်အယ်လီက သတင်းထောက်များကို ပြောကြား ခဲ့ပါတယ်။

" လှေပေါ်ကခရီးသည်တွေထဲမှာပါခဲ့ပေမဲ့ ကျွန်မလွတ်မြောက်ခဲ့တယ်။ ၁၀ ယောက်ကတော့ သေဆုံးခဲ့ တယ်" လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲ သူမရဲ့အတွင်းရေးမှူးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒေသခံများပြောစကားအရ သည်းထန်စွာရွာသွန်းခဲ့သည့် မိုးကြောင့် ရှိတ်ဘီလီမြစ်ရေ တိုးကာ မြို့ ကို ရေ ဖုံးလွှမ်းခဲ့သဖြင့် မြို့တွင်းနေထိုင်သူ ၉၀ ရာခိုင်နူန်း နေအိမ်ကို စွန့်ခွာခဲ့ရပါတယ်။အဆိုပါရေကြီးမှုကြောင့် လယ် ယာမြေ၊ အခြေခံအဆောက်အဦးနှင့် လမ်းများဆိုးဆိုးရွားရွားပျက်စီးခဲ့ကာ  အဆိုပါဒေသအတွင်း နေထိုငမှုအ သက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအေဂျင်စီ (OCHA ) ၏ အဆိုအရ ရေကြီး မှုကြောင့်  ဘီလီဒွိုက်မြို့၏ ၈၅ ရာခိုင်နှုန်းရေနစ်မြှုပ်ခဲ့ပြီး ဒေသခံ လူဦးရေ ၁၆၄၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေကြီး မှုကြောင့် ကျေးရွာဒေသများမှာ မြစ်များသဖွယ်ပြောင်း လဲလာခဲ့ပြီး ကလေးများကို တဲအိမ်အမိုးပေါ် တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ကျေးရွာများကိုမြစ်များအဖြစ်ပြောင်းလဲခဲ့ပြီးခေါင်မိုးပေါ်တွင်ကလေးများကိုတွေ့မြင်နိုင်သည်။

Linko
Ref:China.org
မိုဂါဒစ်ရှုး၊အောက်တိုဘာ ၃၀

(  Zawgyi  )

 ဆိုမာလီယာႏိုင္ငံအလယ္ပိုင္းမွာ ေရႀကီးေရလႊမ္းမိုးေနစဥ္ တနလၤာေန႔က ခရီးသြားေလွတစ္စင္း တိမ္း ေမွာက္ခဲ့ရာမွာ အနည္းဆုံးလူ၁၀ ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက အဂၤါေန႔က ထုတ္ျပန္ခဲ့ပါတယ္။ေရႀကီးမႈေၾကာင့္ အႀကီးအက်ယ္ပ်က္စီးခဲ့တဲ့ ဘီလီဒြိဳက္ၿမိဳ႕မွာ လူ ၁၆ ဦးတင္ေဆာင္လာတဲ့ ေလွတစ္စင္း တိမ္းေမွာက္ခဲ့တာလို႔ ၿမိဳ႕ေတာ္ဝန္ ဆာဖီယာ ရွိတ္ကီဟာဆန္အယ္လီက သတင္းေထာက္မ်ားကို ေျပာၾကား ခဲ့ပါတယ္။

" ေလွေပၚကခရီးသည္ေတြထဲမွာပါခဲ့ေပမဲ့ ကြၽန္မလြတ္ေျမာက္ခဲ့တယ္။ ၁၀ ေယာက္ကေတာ့ ေသဆုံးခဲ့ တယ္" လို႔ ဆိုပါတယ္။ ေသဆုံးသူေတြထဲ သူမရဲ႕အတြင္းေရးမႉးလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ ေဒသခံမ်ားေျပာစကားအရ သည္းထန္စြာ႐ြာသြန္းခဲ့သည့္ မိုးေၾကာင့္ ရွိတ္ဘီလီျမစ္ေရ တိုးကာ ၿမိဳ႕ ကို ေရ ဖုံးလႊမ္းခဲ့သျဖင့္ ၿမိဳ႕တြင္းေနထိုင္သူ ၉၀ ရာခိုင္ႏူန္း ေနအိမ္ကို စြန႔္ခြာခဲ့ရပါတယ္။အဆိုပါေရႀကီးမႈေၾကာင့္ လယ္ ယာေျမ၊ အေျခခံအေဆာက္အဦးႏွင့္ လမ္းမ်ားဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ကာ  အဆိုပါေဒသအတြင္း ေနထိုငမႈအ သက္ ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ပ်က္စီးခဲ့ရတယ္လို႔ ဆိုပါတယ္။

တနလၤာေန႔က ထုတ္ျပန္ခဲ့သည့္ ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈအကူအညီေပးေရးေအဂ်င္စီ (OCHA ) ၏ အဆိုအရ ေရႀကီး မႈေၾကာင့္  ဘီလီဒြိဳက္ၿမိဳ႕၏ ၈၅ ရာခိုင္ႏႈန္းေရနစ္ျမႇဳပ္ခဲ့ၿပီး ေဒသခံ လူဦးေရ ၁၆၄၀၀၀ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ေရႀကီး မႈေၾကာင့္ ေက်း႐ြာေဒသမ်ားမွာ ျမစ္မ်ားသဖြယ္ေျပာင္း လဲလာခဲ့ၿပီး ကေလးမ်ားကို တဲအိမ္အမိုးေပၚ ေတြ႕ျမင္ႏိုင္တယ္လို႔ ဆိုပါတယ္။ေက်း႐ြာမ်ားကိုျမစ္မ်ားအျဖစ္ေျပာင္းလဲခဲ့ၿပီးေခါင္မိုးေပၚတြင္ကေလးမ်ားကိုေတြ႕ျမင္ႏိုင္သည္။

Linko
Ref:China.org
မိုဂါဒစ္ရႈး၊ေအာက္တိုဘာ ၃၀