ဆော်ဒီ၏ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အပေါ်ထောက်ခံကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြော

ဆော်ဒီ၏ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အပေါ်ထောက်ခံကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြော

ဆော်ဒီအာရေဗျအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အပေါ် ထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ၎င်း၏ တရားဝင် တွစ်တာမှာ စက်တင်ဘာ ၁၉ ရက်က ရေးသားလိုက်ပါတယ်။

ဆော်ဒီရေနံတွင်းများ တိုက်ခိုက်ခံရမှုကို ပွန်ပီယိုက ထပ်မံ ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းကိစ္စရပ်အပေါ် လာရောက်စုံစမ်း စစ်ဆေးရန် ဆော်ဒီအစိုးရက နိုင်ငံတကာကျွမ်းကျင်သူများအား ဖိတ်ခေါ်ထားခြင်းကို လည်း ထောက်ခံလိုက်သည်ဟု ဆော်ဒီသတင်းအေဂျင်စီ SPA က  ဖော်ပြထားပါတယ်။

နိုင်ငံပိုင် Saudi Aramco ရေနံတွင်းအား တိုက်ခိုက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေရန်နှင့် ကမ္ဘာ့ရေနံဈေးကွက်ကို ထိခိုက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပွန်ပီယိုနှင့် တွေ့ဆုံရာတွင် ဆော်ဒီ အိမ်ရှေ့ မင်းသားက ပြောကြားခဲ့ပါတယ်။
ဂျက်ဒါသို့ လာသည့် ခရီးစဉ်တွင် ပွန်ပီယိုက သတင်းထောက်များကို ပြောကြားရာ၌ ဆော်ဒီရေနံတွင်းများကို တိုက်ခိုက်ခြင်းသည် စစ်ပွဲကို ဖန်တီးခြင်းဖြစ်ပြီး အီရန်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထပ်မံပြောကြား လိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ပါဝင်မှု မရှိကြောင်း အီရန်က ထပ်ခါထပ်ခါ ငြင်းဆိုထားပါတယ်။

ဆော်ဒီ-ယူအေအီး ညွန့်ပေါင်းတပ်ဖွဲ့နှင့် ၂၀၁၅ ခုနှစ်မှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံမှ ဟူသီ သူပုန်များက ရေနံတွင်းများကို ၎င်းတို့ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် အခြားပစ်မှတ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောကြားထားပါတယ်။ သို့သော် အထောက် အထား များတွင် အီရန်ပါဝင်မှုကို တွေ့ရှိထားကြောင်း ဆော်ဒီနှင့် အမေရိကန် တာဝန်ရှိသူများက ပြောကြားပါတယ်။

ပွန်ပီယို၏ မှတ်ချက်များ ပေါ်ထွက်မလာမီ ဆော်ဒီ စစ်ဘက်အရာရှိများက သတင်းစာရှင်းလင်း ပွဲတစ်ရပ် ပြုလုပ်ခဲ့ရာတွင် ရေနံတွင်းများကို ပစ်ခတ်ခဲ့သည့် လက်နက်အပိုင်းအစမှ ရရှိသည့် အထောက်အထားများအရ အီရန်၏ ကျူးကျော်ရန်စမှုကို ငြင်းဆိုမရကြောင်း ပြောကြား ခဲ့ပါတယ်။

ပစ်ခတ်မှုကို ယီမင်နိုင်ငံဘက်မှ ပြုလုပ်၍ မရနိုင်ကြောင်း ဆော်ဒီကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။“ပစ်ခတ်မှု ကို မြောက်ဘက်မှ လုပ်ဆောင်ခြင်း ဖြစ်တာကြောင့် အီရန်က ပံ့ပိုးပေးတာဖြစ်ကြောင်း မေးစရာ မလိုပါဘူး။ ပစ်ခတ်တဲ့ နေရာအတိအကျကို သိအောင် လုပ်ဆောင်နေပါတယ်” ဟု ဆော်ဒီဗိုလ်မှူးကြီး တာကီ အယ်လ်မယ်လ်ကီက ပြောကြားပါတယ်။

အမည်မဖော်လိုသူ အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများ၏ စက်တင်ဘာ ၁၇ ရက် ဖော်ပြချက်တွင် ဆော်ဒီရေနံတွင်း တိုက်ခိုက်မှုကို အီရန်အနောက်တောင်အရပ်မှ လုပ် ဆောင်ခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။သမ္မတဒေါ်နယ်ထရမ့် က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် အမိန့် ထုတ်ပြန်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားလိုက်သော်လည်း အသေးစိတ်ကို မဖော်ပြခဲ့ပေ။

Linko
Ref: aljazeera.com
ရီယာဒ်၊စက်တင်ဘာ ၁၉

(  Zawgyi  )

 ေဆာ္ဒီအာေရဗ်အေနျဖင့္ မိမိကိုယ္ကို ခုခံကာကြယ္ခြင့္အေပၚ ေထာက္ခံေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ ႀကီး မိုက္ပြန္ပီယိုႏွင့္ ေတြ႕ဆုံရာတြင္ ေျပာၾကားခဲ့သည္ဟု ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္မန္က ၎၏ တရားဝင္ တြစ္တာမွာ စက္တင္ဘာ ၁၉ ရက္က ေရးသားလိုက္ပါတယ္။

ေဆာ္ဒီေရနံတြင္းမ်ား တိုက္ခိုက္ခံရမႈကို ပြန္ပီယိုက ထပ္မံ ျပစ္တင္ရႈတ္ခ်လိုက္ၿပီး ယင္းကိစၥရပ္အေပၚ လာေရာက္စုံစမ္း စစ္ေဆးရန္ ေဆာ္ဒီအစိုးရက ႏိုင္ငံတကာကြၽမ္းက်င္သူမ်ားအား ဖိတ္ေခၚထားျခင္းကို လည္း ေထာက္ခံလိုက္သည္ဟု ေဆာ္ဒီသတင္းေအဂ်င္စီ SPA က  ေဖာ္ျပထားပါတယ္။

ႏိုင္ငံပိုင္ Saudi Aramco ေရနံတြင္းအား တိုက္ခိုက္ျခင္းသည္ ေဒသတြင္း တည္ၿငိမ္ေရးကို ထိခိုက္ေစရန္ႏွင့္ ကမာၻ႔ေရနံေဈးကြက္ကို ထိခိုက္ေစရန္ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ပြန္ပီယိုႏွင့္ ေတြ႕ဆုံရာတြင္ ေဆာ္ဒီ အိမ္ေရွ႕ မင္းသားက ေျပာၾကားခဲ့ပါတယ္။
ဂ်က္ဒါသို႔ လာသည့္ ခရီးစဥ္တြင္ ပြန္ပီယိုက သတင္းေထာက္မ်ားကို ေျပာၾကားရာ၌ ေဆာ္ဒီေရနံတြင္းမ်ားကို တိုက္ခိုက္ျခင္းသည္ စစ္ပြဲကို ဖန္တီးျခင္းျဖစ္ၿပီး အီရန္က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထပ္မံေျပာၾကား လိုက္ပါတယ္။ အဆိုပါ တိုက္ခိုက္မႈ၏ ေနာက္ကြယ္တြင္ ပါဝင္မႈ မရွိေၾကာင္း အီရန္က ထပ္ခါထပ္ခါ ျငင္းဆိုထားပါတယ္။

ေဆာ္ဒီ-ယူေအအီး ၫြန႔္ေပါင္းတပ္ဖြဲ႕ႏွင့္ ၂၀၁၅ ခုႏွစ္မွစ၍ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနသည့္ ယီမင္ႏိုင္ငံမွ ဟူသီ သူပုန္မ်ားက ေရနံတြင္းမ်ားကို ၎တို႔ တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္းႏွင့္ အျခားပစ္မွတ္မ်ားကို ဆက္လက္ တိုက္ခိုက္သြားမည္ဟု ေျပာၾကားထားပါတယ္။ သို႔ေသာ္ အေထာက္ အထား မ်ားတြင္ အီရန္ပါဝင္မႈကို ေတြ႕ရွိထားေၾကာင္း ေဆာ္ဒီႏွင့္ အေမရိကန္ တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

ပြန္ပီယို၏ မွတ္ခ်က္မ်ား ေပၚထြက္မလာမီ ေဆာ္ဒီ စစ္ဘက္အရာရွိမ်ားက သတင္းစာရွင္းလင္း ပြဲတစ္ရပ္ ျပဳလုပ္ခဲ့ရာတြင္ ေရနံတြင္းမ်ားကို ပစ္ခတ္ခဲ့သည့္ လက္နက္အပိုင္းအစမွ ရရွိသည့္ အေထာက္အထားမ်ားအရ အီရန္၏ က်ဴးေက်ာ္ရန္စမႈကို ျငင္းဆိုမရေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

ပစ္ခတ္မႈကို ယီမင္ႏိုင္ငံဘက္မွ ျပဳလုပ္၍ မရႏိုင္ေၾကာင္း ေဆာ္ဒီကာကြယ္ေရး ဝန္ႀကီးဌာန အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။“ပစ္ခတ္မႈ ကို ေျမာက္ဘက္မွ လုပ္ေဆာင္ျခင္း ျဖစ္တာေၾကာင့္ အီရန္က ပံ့ပိုးေပးတာျဖစ္ေၾကာင္း ေမးစရာ မလိုပါဘူး။ ပစ္ခတ္တဲ့ ေနရာအတိအက်ကို သိေအာင္ လုပ္ေဆာင္ေနပါတယ္” ဟု ေဆာ္ဒီဗိုလ္မႉးႀကီး တာကီ အယ္လ္မယ္လ္ကီက ေျပာၾကားပါတယ္။

အမည္မေဖာ္လိုသူ အေမရိကန္အရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ အေမရိကန္မီဒီယာမ်ား၏ စက္တင္ဘာ ၁၇ ရက္ ေဖာ္ျပခ်က္တြင္ ေဆာ္ဒီေရနံတြင္း တိုက္ခိုက္မႈကို အီရန္အေနာက္ေတာင္အရပ္မွ လုပ္ ေဆာင္ျခင္းျဖစ္ေၾကာင္း ေရးသားထားပါတယ္။သမၼတေဒၚနယ္ထရမ့္ က အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ရန္ အမိန႔္ ထုတ္ျပန္ေၾကာင္း စက္တင္ဘာ ၁၈ ရက္က ေျပာၾကားလိုက္ေသာ္လည္း အေသးစိတ္ကို မေဖာ္ျပခဲ့ေပ။

Linko
Ref: aljazeera.com
ရီယာဒ္၊စက္တင္ဘာ ၁၉