တရုတ်ဘဏ်က ချေးငွေကဏ္ဍသို့ ဒေါ်လာ ၅၈ ဘီလျံ စိုက်ထည့်

တရုတ်ဘဏ်က ချေးငွေကဏ္ဍသို့  ဒေါ်လာ ၅၈ ဘီလျံ စိုက်ထည့်

ငွေကြေးလည်ပတ်မှု ကြပ်တည်းခြင်းမရှိစေရန် တရုတ်နိုင်ငံတော်ဘဏ်က နှစ်ကူးအားလပ်ရပ်မတိုင်မီ ချေးငွေလုပ်ငန်းများ သို့ ဒေါ်လာ ၅၈ ဘီလျံကို ဇန်နဝါရီ ၁၅ ရက်က ထည့်သွင်းလိုက်ပါတယ်။  ချေးငွေများအပေါ် အတိုးနှုန်း တိုးမြှင့်မည် မဟုတ်ကြောင်းလည်း ကြေညာထားပါတယ်။

ကာလလတ်ချေးငွေကဏ္ဍသို့ ယွမ် ၃၀၀ ဘီလျံ (ဒေါ်လာ ၄၄ ဘီလျံ) ထည့်သွင်းကြောင်း ဇန်နဝါရီ ၁၅ ရက်မှ ကြေညာခဲ့ပြီး  ဈေးကွက်လည်ပတ်ရေးအတွက် လွန်ခဲ့သည့် ၁၅ ရက်မတိုင်မီက ယွမ် ၁၀၀ ဘီလျံ ထည့်ခဲ့ပါတယ်။

ကာလလတ် ချေးငွေအတွက် ၂၅၇ ဒသမ၅ ဘီလျံ ယွမ်တန်ဖိုးရှိ ချေးငွေများကို ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။ရက်သတ္တပတ် ၂ ပတ်ကြာမည့် အားလပ်ရက်မတိုင်မီ ကုမ္ပဏီများနှင့် တစ်ဦးချင်းစီက ငွေများ ထုတ်မည် ဖြစ်သောကြောင့် ဇန်နဝါရီလအတွင်း ယွမ် ၃ ဒသမ၈ ထရီလီယမ် လိုအပ်မည်ဟု ကျွမ်းကျင်သူများက သုံးသပ် ထားပါတယ်။

ဘဏ်များအနေဖြင့် အခွန်ပေးဆောင်မှုများနှင့် အရန်လိုအပ်ချက်များအတွက် ငွေများကို ပိုမိုပြင်ဆင် ထားကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာများ ရှိလာပြီဖြစ်သော်လည်း တည်ငြိမ်သည့် တိုးတက်မှု ရရှိစေရန် အစိုးရက ကုမ္ပဏီများ၏ ငွေချေးယူမှုအပေါ် ကုန်ကျစရိတ်များ လျော့ကျစေရန် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဘဏ်များတွင် အရန်ထားရှိရမည့် ငွေပမာဏ လျှော့ချရန် ဗဟိုဘဏ်က ယခုလအစောပိုင်းတွင် လုပ်ဆောင်ခဲ့ သောကြောင့် ငွေကြေးစနစ်အတွင်းသို့ ယွမ် ၈၀၀ ဘီလျံ ဝင်ရောက်လာခဲ့ပါတယ်။

တစ်နှစ်တာ ငွေချေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်ကိုလည်း ဗဟိုဘဏ်က နိုဝင်ဘာလအတွင်းမှ လျှော့ချပေးခဲ့ပါတယ်။ ယင်းသို့ လုပ်ဆောင်မှုများသည် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိက ထုတ်ပေးနေသည့် ဒေသဆိုင်ရာ အစိုးရများ၏ ကြွေးမြီများကို ပုံမှန်ထက် စောစီးစွာ ရောင်းချရာမှာ အထောက်အပံ့ပေးနိုင်ရန် ဖြစ်ပါတယ်။

ဘဏ်များသည် ချေးငွေစာချုပ်များကို အဓိက ဝယ်ယူသည့် အဖွဲ့အစည်းများ ဖြစ်ပါတယ်။

Linko
Ref : BNN Bloomberg
ဘေကျင်း၊ ဇန်နဝါရီ - ၁၅

( Zawgyi )

ေငြေၾကးလည္ပတ္မႈ ၾကပ္တည္းျခင္းမရွိေစရန္ တ႐ုတ္ႏိုင္ငံေတာ္ဘဏ္က ႏွစ္ကူးအားလပ္ရပ္မတိုင္မီ ေခ်းေငြလုပ္ငန္းမ်ား သို႔ ေဒၚလာ ၅၈ ဘီလ်ံကို ဇန္နဝါရီ ၁၅ ရက္က ထည့္သြင္းလိုက္ပါတယ္။  ေခ်းေငြမ်ားအေပၚ အတိုးႏႈန္း တိုးျမႇင့္မည္ မဟုတ္ေၾကာင္းလည္း ေၾကညာထားပါတယ္။

ကာလလတ္ေခ်းေငြက႑သို႔ ယြမ္ ၃၀၀ ဘီလ်ံ (ေဒၚလာ ၄၄ ဘီလ်ံ) ထည့္သြင္းေၾကာင္း ဇန္နဝါရီ ၁၅ ရက္မွ ေၾကညာခဲ့ၿပီး  ေဈးကြက္လည္ပတ္ေရးအတြက္ လြန္ခဲ့သည့္ ၁၅ ရက္မတိုင္မီက ယြမ္ ၁၀၀ ဘီလ်ံ ထည့္ခဲ့ပါတယ္။

ကာလလတ္ ေခ်းေငြအတြက္ ၂၅၇ ဒသမ၅ ဘီလ်ံ ယြမ္တန္ဖိုးရွိ ေခ်းေငြမ်ားကို ဇန္နဝါရီ ၂၃ ရက္တြင္ ထုတ္ေပး သြားမွာ ျဖစ္ပါတယ္။ရက္သတၱပတ္ ၂ ပတ္ၾကာမည့္ အားလပ္ရက္မတိုင္မီ ကုမၸဏီမ်ားႏွင့္ တစ္ဦးခ်င္းစီက ေငြမ်ား ထုတ္မည္ ျဖစ္ေသာေၾကာင့္ ဇန္နဝါရီလအတြင္း ယြမ္ ၃ ဒသမ၈ ထရီလီယမ္ လိုအပ္မည္ဟု ကြၽမ္းက်င္သူမ်ားက သုံးသပ္ ထားပါတယ္။

ဘဏ္မ်ားအေနျဖင့္ အခြန္ေပးေဆာင္မႈမ်ားႏွင့္ အရန္လိုအပ္ခ်က္မ်ားအတြက္ ေငြမ်ားကို ပိုမိုျပင္ဆင္ ထားၾကရမွာ ျဖစ္ပါတယ္။ စီးပြားေရးအေျခအေန ျပန္လည္ေကာင္းမြန္လာသည့္ လကၡဏာမ်ား ရွိလာၿပီျဖစ္ေသာ္လည္း တည္ၿငိမ္သည့္ တိုးတက္မႈ ရရွိေစရန္ အစိုးရက ကုမၸဏီမ်ား၏ ေငြေခ်းယူမႈအေပၚ ကုန္က်စရိတ္မ်ား ေလ်ာ့က်ေစရန္ ဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဘဏ္မ်ားတြင္ အရန္ထားရွိရမည့္ ေငြပမာဏ ေလွ်ာ့ခ်ရန္ ဗဟိုဘဏ္က ယခုလအေစာပိုင္းတြင္ လုပ္ေဆာင္ခဲ့ ေသာေၾကာင့္ ေငြေၾကးစနစ္အတြင္းသို႔ ယြမ္ ၈၀၀ ဘီလ်ံ ဝင္ေရာက္လာခဲ့ပါတယ္။

တစ္ႏွစ္တာ ေငြေခ်း လုပ္ငန္းမ်ားအတြက္ ကုန္က်စရိတ္ကိုလည္း ဗဟိုဘဏ္က ႏိုဝင္ဘာလအတြင္းမွ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။ ယင္းသို႔ လုပ္ေဆာင္မႈမ်ားသည္ အေျခခံအေဆာက္အဦ တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ အဓိက ထုတ္ေပးေနသည့္ ေဒသဆိုင္ရာ အစိုးရမ်ား၏ ေႂကြးၿမီမ်ားကို ပုံမွန္ထက္ ေစာစီးစြာ ေရာင္းခ်ရာမွာ အေထာက္အပံ့ေပးႏိုင္ရန္ ျဖစ္ပါတယ္။

ဘဏ္မ်ားသည္ ေခ်းေငြစာခ်ဳပ္မ်ားကို အဓိက ဝယ္ယူသည့္ အဖြဲ႕အစည္းမ်ား ျဖစ္ပါတယ္။

Linko
Ref : BNN Bloomberg
ေဘက်င္း၊ ဇန္နဝါရီ - ၁၅