နန်စီပယ်လိုစီ၏ ဆီးရီးယားအရေး စိတ်လိုက်မာန်ပါ ပြောဆိုမှု တွစ်တာတွင် ထရမ့်ဖော်ပြ

နန်စီပယ်လိုစီ၏ ဆီးရီးယားအရေး စိတ်လိုက်မာန်ပါ ပြောဆိုမှု တွစ်တာတွင် ထရမ့်ဖော်ပြ

အိမ်ဖြူတော်တွင် ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက စိတ်လိုက်မာန်ပါ ပြောဆိုမှုကို သမ္မတထရမ့်က အောက်တိုဘာ ၁၆ ရက်တွင် သူ့ရဲ့ တွစ်တာပို့စ်များမှာ ဖော်ပြခဲ့ပါတယ်။ ပယ်လိုစီနှင့် အထက် လွှတ်တော်အမတ် ချက်ရှက်မာတို့က အစည်းအဝေးအတွင်း ဒေါသတကြီးဖြင့် ပြောဆိုခဲ့သည့် ပုံများကို တွစ်တာပို့စ် ၃ ခုတွင် တင်ခဲ့ပြီး ပယ်လိုစီ သည် တတိယအဆင့်သာရှိသည့် နိုင်ငံရေး သမားအဖြစ် ထရမ့်က သုံးစွဲခဲ့ပါတယ်။

၎င်းတို့ ၂ ဦးကို အဓိကဖော်ပြသည့် ပထမဆုံးဓာတ်ပုံတွင် ထရမ့်က ‘သုံးစားမရသည့် ဒီမိုကရက်များ၊ ပယ်လိုစီနဲ့ရှက်မာတို့ အစိုးရအဖွဲ့ အစည်းဝေးခန်းထဲကနေ ဒေါသတကြီး ထွက်သွားခဲ့ကြတယ်’ ဟု ရေးသားခဲ့ပါ တယ်။နောက်  ၆ မိနစ်အကြာ တင်လိုက်သည့် ပုံတွင် ပယ်လိုစီက မတ်တပ်ရပ်ကာ ထရမ့်ကို လက်ညှိုးထိုးပြီး အပြန်အလှန်ငြင်းခုန်နေသည့်ဓာတ်ပုံကို တင်ခဲ့ပါတယ်။ အဆိုပါပုံတွင် ‘စိတ်လှုပ်ရှားနေသည့် နန်စီ၏ စိတ်လိုက်မာန်ပါ ဖြစ်နေပုံ’ ဟု ဖော်ပြခဲ့ပါတယ်။

တတိယပုံတွင် ပယ်လိုစီနှင့် ရှက်မာတို့ ၎င်းတို့နေရာတွင် မရှိတော့သည့် ပုံကို တင်ထားပြီး ‘သုံးစားမရသည့် ဒီမိုကရက်များ၊ ပယ်လိုစီနဲ့ရှက်မာတို့ အစိုးရအဖွဲ့ အစည်းဝေးခန်းထဲကနေ ဒေါသတကြီး ထွက်သွားခဲ့ကြတယ်’ ဟုပင် ရေးသားခဲ့ပါတယ်။ ပယ်လိုစီကလည်း အစည်းအဝေးတွင် ထရမ့်၏ ပြုမူပုံများနှင့် ပတ်သက်၍ အလားတူစကားလုံးများကို သုံးစွဲခဲ့ပါတယ်။ ယင်းအစည်းအဝေးသို့ အစိုးရထိပ်တန်းအရာရှိများနှင့် လွှတ်တော် အမတ်ခေါင်း ဆောင်များ လည်း တက်ရောက်ခဲ့ကြပါတယ်။

“စိတ်လိုက်မာန်ပါဖြစ်နေတာ သူလေ” ဟု ပယ်လိုစီက သတင်းထောက်များကို ပြောပါတယ်။ “သမ္မတအတွက် အချိန်တိုင်း ဆုတောင်းပေးနေ တယ်။ သူအန္တရာယ်ကင်းဖို့နဲ့ သူရဲ့ မိသားစုအန္တရာယ်ကင်းဖို့ ဆုတောင်းပေးနေတယ်ဆိုတာ သူ့ကို ပြောလိုက်ပါတယ်။ အခုတော့ သူက အရမ်းပေါက်ကွဲနေတော့ သူ့ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးပါတယ်” ဟု နန်စီပယ်လို့စ်က ပြောပါတယ်။

ရှက်မာက ထရမ့်နှင့် ပက်လိုစီတို့အကြား ဖြစ်ပျက်မှုသည် စော်ကားမှုတစ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။“ပက်လိုစီက အေးအေးဆေးဆေးပြော တာပါ။ ဒါပေမယ့် ထရမ့်က သူမကို တတိယတန်းစား နိုင်ငံရေးသမားလို့ သုံးနှုန်းပါတယ်။ ကွန်မြူနစ် ပယောဂမကင်းတာတွေကလေးအထာတွေ လုပ်တယ်လို့လည်း သူက ပြောပါသေးတယ်” ဟု ရှက်မာက ပြောပါတယ်။

ထရမ့်က သူရဲ့တွစ်တာတွင် အဆိုပါပုံများကို တင်ပြီးနောက် ပယ်လိုစီက သမ္မတအားသူမက လက်ညှိုးထိုး စကားပြောဆိုနေသည့်ပုံကို သူမရဲ့ တွစ်တာမှာ ပြန်တင်လိုက်ပါတယ်။

Linko
Ref:NYpost
ဝါရှင်တန်၊အောက်တိုဘာ ၁၇

(  Zawgyi   )

 အိမ္ျဖဴေတာ္တြင္ ဆီးရီးယားအေရးကိစၥႏွင့္ ပတ္သက္၍ ျပဳလုပ္ခဲ့သည့္ အစည္းအေဝးတစ္ခု၌ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပယ္လိုစီက စိတ္လိုက္မာန္ပါ ေျပာဆိုမႈကို သမၼတထရမ့္က ေအာက္တိုဘာ ၁၆ ရက္တြင္ သူ႔ရဲ႕ တြစ္တာပို႔စ္မ်ားမွာ ေဖာ္ျပခဲ့ပါတယ္။ ပယ္လိုစီႏွင့္ အထက္ လႊတ္ေတာ္အမတ္ ခ်က္ရွက္မာတို႔က အစည္းအေဝးအတြင္း ေဒါသတႀကီးျဖင့္ ေျပာဆိုခဲ့သည့္ ပုံမ်ားကို တြစ္တာပို႔စ္ ၃ ခုတြင္ တင္ခဲ့ၿပီး ပယ္လိုစီ သည္ တတိယအဆင့္သာရွိသည့္ ႏိုင္ငံေရး သမားအျဖစ္ ထရမ့္က သုံးစြဲခဲ့ပါတယ္။

၎တို႔ ၂ ဦးကို အဓိကေဖာ္ျပသည့္ ပထမဆုံးဓာတ္ပုံတြင္ ထရမ့္က ‘သုံးစားမရသည့္ ဒီမိုကရက္မ်ား၊ ပယ္လိုစီနဲ႔ရွက္မာတို႔ အစိုးရအဖြဲ႕ အစည္းေဝးခန္းထဲကေန ေဒါသတႀကီး ထြက္သြားခဲ့ၾကတယ္’ ဟု ေရးသားခဲ့ပါ တယ္။ေနာက္  ၆ မိနစ္အၾကာ တင္လိုက္သည့္ ပုံတြင္ ပယ္လိုစီက မတ္တပ္ရပ္ကာ ထရမ့္ကို လက္ညႇိဳးထိုးၿပီး အျပန္အလွန္ျငင္းခုန္ေနသည့္ဓာတ္ပုံကို တင္ခဲ့ပါတယ္။ အဆိုပါပုံတြင္ ‘စိတ္လႈပ္ရွားေနသည့္ နန္စီ၏ စိတ္လိုက္မာန္ပါ ျဖစ္ေနပုံ’ ဟု ေဖာ္ျပခဲ့ပါတယ္။

တတိယပုံတြင္ ပယ္လိုစီႏွင့္ ရွက္မာတို႔ ၎တို႔ေနရာတြင္ မရွိေတာ့သည့္ ပုံကို တင္ထားၿပီး ‘သုံးစားမရသည့္ ဒီမိုကရက္မ်ား၊ ပယ္လိုစီနဲ႔ရွက္မာတို႔ အစိုးရအဖြဲ႕ အစည္းေဝးခန္းထဲကေန ေဒါသတႀကီး ထြက္သြားခဲ့ၾကတယ္’ ဟုပင္ ေရးသားခဲ့ပါတယ္။ ပယ္လိုစီကလည္း အစည္းအေဝးတြင္ ထရမ့္၏ ျပဳမူပုံမ်ားႏွင့္ ပတ္သက္၍ အလားတူစကားလုံးမ်ားကို သုံးစြဲခဲ့ပါတယ္။ ယင္းအစည္းအေဝးသို႔ အစိုးရထိပ္တန္းအရာရွိမ်ားႏွင့္ လႊတ္ေတာ္ အမတ္ေခါင္း ေဆာင္မ်ား လည္း တက္ေရာက္ခဲ့ၾကပါတယ္။

“စိတ္လိုက္မာန္ပါျဖစ္ေနတာ သူေလ” ဟု ပယ္လိုစီက သတင္းေထာက္မ်ားကို ေျပာပါတယ္။ “သမၼတအတြက္ အခ်ိန္တိုင္း ဆုေတာင္းေပးေန တယ္။ သူအႏၲရာယ္ကင္းဖို႔နဲ႔ သူရဲ႕ မိသားစုအႏၲရာယ္ကင္းဖို႔ ဆုေတာင္းေပးေနတယ္ဆိုတာ သူ႔ကို ေျပာလိုက္ပါတယ္။ အခုေတာ့ သူက အရမ္းေပါက္ကြဲေနေတာ့ သူ႔ရဲ႕ က်န္းမာေရးအတြက္ ဆုေတာင္းေပးပါတယ္” ဟု နန္စီပယ္လို႔စ္က ေျပာပါတယ္။

ရွက္မာက ထရမ့္ႏွင့္ ပက္လိုစီတို႔အၾကား ျဖစ္ပ်က္မႈသည္ ေစာ္ကားမႈတစ္ရပ္ျဖစ္ေၾကာင္း ေျပာပါတယ္။“ပက္လိုစီက ေအးေအးေဆးေဆးေျပာ တာပါ။ ဒါေပမယ့္ ထရမ့္က သူမကို တတိယတန္းစား ႏိုင္ငံေရးသမားလို႔ သုံးႏႈန္းပါတယ္။ ကြန္ျမဴနစ္ ပေယာဂမကင္းတာေတြကေလးအထာေတြ လုပ္တယ္လို႔လည္း သူက ေျပာပါေသးတယ္” ဟု ရွက္မာက ေျပာပါတယ္။

ထရမ့္က သူရဲ႕တြစ္တာတြင္ အဆိုပါပုံမ်ားကို တင္ၿပီးေနာက္ ပယ္လိုစီက သမၼတအားသူမက လက္ညႇိဳးထိုး စကားေျပာဆိုေနသည့္ပုံကို သူမရဲ႕ တြစ္တာမွာ ျပန္တင္လိုက္ပါတယ္။

Linko
Ref:NYpost
ဝါရွင္တန္၊ေအာက္တိုဘာ ၁၇